မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, May 14, 2014

လေဖြတ်ခြင်း မဖြစ်စေရန် ငှက်ပျောသီး စားပါ


ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။
သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ်ဖို့ အဓိက အချက်ကြီးပါ။ ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစာ စားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ ပိုတက် စီယမ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးတွေဟာ ကြွပ်ကြွတဲ့ အဆာပြေ အစာတွေကို ရှောင်တာကြောင့် ဆားရရှိမှု နည်းသလိုမျိုး သွေးဖိအားကို ကျဆင်းစေနိုင် တယ်လို့ သိရပါတယ်။

Thursday, May 8, 2014

လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်


၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

ကျန်းမာရေးအတွက် ဆီးသွားခြင်း၏ သိကောင်းစရာများ


မကြာခဏ ဆီးမသွားပါနှင့်
မကြာခဏ ဆီးသွားလွန်းတာကြောင့် ဆီးအိမ်ကြွက်သားတွေ ပင်ပန်းပြီး ဆီးအိမ် အားနည်းတတ်ပါတယ်။ ဆီးမကြာခဏ သွားတတ်တဲ့ အမျိုးသမီး တွေဟာ ဆီးကုန်စင်အောင် မစွန့်ထုတ်နိုင်တာကြောင့် ရောဂါပိုး ဝင်ရောက်နိုင် ခြေ မြင့်မားပါတယ်။

လက်ဖျက်ရည်ကြမ်း သောက်ပါ
ဘရက်ဘယ်ရီ အရွက်နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို သောက်သုံး ရင် ဆီးလမ်းကြောင်း ရောဂါပိုးဝင်တာကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုနဲ့ ဝေဒနာကြာချိန်ကို လျော့ကျသွားနိုင် ပါတယ်။ ပြဿနာ စဖြစ်ဖြစ်ချင်း ပုံမှန်သောက်သွားရင် အကျိုးသက်ရောက်မှု ကောင်းမွန်တယ်လို့ ဆိုပါတယ်။

ဒါတွေလုပ်ရင် ကျောက်ကပ်ပျက်စီးမယ်။ ဒါကြောင့် ရှောင်ပါ။


၁။ ရေကို လုံလောက်စွာ မသောက်တဲ့အခါ၊ ရေသောက်နဲတဲ့အခါ
၂။ အငံအများကြီးစားတဲ့အခါ

ခံတွင်းနံ့ နံခြင်း (Halitosis) ...



ပါးစပ်နံတာပာာ လူအများနဲ့ထိတွေ့ဆက်ဆံနေရတဲ့အလုပ်ကို လုပ်နေတဲ့သူတွေအတွက်တော့ တကယ့်ကိုစိတ်ညစ်စရာပါ။ ပါးစပ်နံ့ နံတတ်တဲ့သူတွေမှာ သွားဘယ်လောက်တိုက်တိုက်၊ Mouthwash ဘယ်လောက်သုံးသုံး၊ အဲဒါတွေအနံ့ပြယ်သွားတဲ့ အချိန်မှာ ပြန်ပြီးနံလာ တတ်ပါတယ်။ အများအားဖြင့် ပါးစပ်နံခြင်းရဲ့ အဓိကတရားခံကတော့ ပါးစပ်ထဲမှာခိုအောင်းနေတဲ့ ဘက်တီးရီးယားပိုးတွေက အစားစားလိုက်တဲ့ အခါမှာ ပါလာတဲ့ ပရိုတင်းဓါတ်တွေကိုဖြိုခွဲပစ်တာကြောင့်ပါ။

စပါးလင်အကြောင်းသိကောင်းစရာ( Lemon Grass )


စပါးလင်ကို ရုက္ခဗေဒအမည်အရ Cymbopogon လို.ခေါ်တွင်ပြီးအင်္ဂလိပ်လိုတော့..lemon grass , citronella grass , barbed wire grass လို.လဲ ခေါ်တွင်ကြပါတယ်...။ စပါးလင်ကိုစတင်တွေ.ရှိရာ မူရင်းဒေသက အိန္ဒိယဖြစ်ပြီး.. ယခုအခါ မြန်မာ ၊ထိုင်း၊ ဗီယက်နမ်အပြင်..အာရှတိုက်အပြင် အခြားနိုင်ငံ များမှာလည်း တွေ.ရှိနေရပြီဖြစ်ပါတယ်..။ စပါးလင်ဟာ ရနံ.ရှိတဲ့ မြက်( ၄၅) မျိုးစာရင်းမှာပါဝင်ပြီး.. အမြင့်ပေ (၅-၆) ပေ (သို.) ၂ မီတာအထိရှည်လျားတတ်ကြပါတယ်..။ ပင်စည်ကအပြင်မှာ အနီရောင် သန်းပေမယ့် အပေါ်ယံအခွံမာများ ဖယ်ရှားလိုက်တဲ့အခါ ..ဆင်စွယ်ရောင်ကဲ့သို့ ရှိတတ်ပါတယ်... အရွက်တွေကတော့.. သေးသွယ်ရှည်လျားပြီး အသွားထက်တဲ့ဓါးသွားကဲ့သို.ရှတတ်ပါတယ်...။

သွေးလေလည်ပတ်မှုမှန်ကန်စေပြီး ခြေထောက်ကို အညောင်းအညာပြေစေနိုင်သော ခြေမစွတ်လေး


ယခု အဆီကျ သွေးလေလည်ပတ်မှုမှန်စေတဲ့ ခြေစွတ်ကွင်းလေးက အတော်ကို Feedback များပါတယ်။ ဒီထဲက လက်တွေ့သုံးကြည့်ပြီးတော့ တကယ်အကျိုးခံစားလိုက်ရတဲ့သူတွေဆီက ပြန်လာတဲ့ Feedback လေးတွေကိုဖော်ပြလိုက်ပါတယ်။

အမျိုးသမီးများ ရင်သား တွဲကျခြင်း မဖြစ်စေချင်ရင်


ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။သင့်ကောက်ကြောင်းလေး အထင်သား ပေါ်လွင်စေဖို့ ရင်သားကလည်း ပံ့ပိုးပေးပါတယ်။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအလှတရား ဆုံးရှုံးသွားမှာကို သင်စိုးရိမ် နေပါသလား။ အဆီတွေ၊ ဂလင်းတွေ၊ တွယ်ဆက် တစ်သျှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ရင်သားဟာ တစ်သျှူးတွေ လျော့ရဲ လာတဲ့အခါ၊ တစ်သျှူးရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ စွမ်းအား လျော့နည်း လာတဲ့အခါ မျိုးတွေမှာ တွဲကျလာ တတ်ပါတယ်။

လည်ချောင်းနာခြင်း များအတွက် အိမ်တွင်း ကုထုံးများ


ယခုလို ဆောင်းရာသီသည် လည်ချောင်းနာခြင်း အဖြစ်များတဲ့ ရာသီ ဖြစ်ပါတယ်။ လည်ချောင်း နာပြီဆိုရင် အစားစားရတာ အဆင်မပြေ ဖြစ်တတ် ပါတယ်။ ထို့ပြင် လည်ချောင်းက ခဏခဏ ယားယံကာ ချောင်းလည်း ဆိုးပါတယ်။ ထိုရောဂါများကို သက်သာစေမည့် အိမ်တွင်းနည်းဖြင့် ရောဂါ ကုထုံးများကို ရေးသားလိုက်ရပါတယ်။

အမျိုးသမီးတိုင်း သိသင့်သော ကင်ဆာလက္ခဏာ (၁၀) မျိုး


အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေ အတွက် သတိပေး လက္ခဏာတွေကို လျစ်လျူရှု မထားသင့်ပါဘူး။ ဒီလက္ခဏာတွေကို အစောပိုင်း အဆင့်ကတည်းက သိနားလည်မှသာ ကုသမှုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ခြေတစ်ပေါင်ကျိုး ရပ်ပြီး သွားတိုက်ပေး

သွားတိုက်တဲ့အခါ ခြေထောက် တစ်ချောင်းတည်း ထောက်ကာ ခြေတစ်ပေါင်ကျိုးရပ်ပြီး တိုက်ပေးခြင်းက ခါးကို ကာကွယ်ပေးနိုင်တဲ့ ဝမ်းဗိုက်အတွင်းရှိ ကြွက်သားတွေကို အကျိုးရှိစေပါတယ်။
လူအများစုက အတွင်းပိုင်း ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်လေ့မရှိတာကြောင့် သွားတိုက်တုန်း ဒီလို လုပ်ပေးခြင်းက အချိန်တိုပေမယ့် ထိရောက်မှုရှိပါတယ်။ ညာဘက်နဲ့ သွားတိုက်တဲ့အခါ ဘယ်ခြေပေါ်ရပ်ပြီး တစ်မိနစ်လောက် တိုက်ပေးကာ နောက်တစ်ခေါက် ဘက်ပြောင်းပြီး တိုက်ပေးလိုက်ပါ။

အခုလို ဖတ်လို့ သိသွားပြီးနော် နောက်နေ့ကစပြီး ဖော်ပြပါ နည်းအတိုင်း တိုက်ပေးပါ ။

ရင်သားကင်ဆာ အတွက် ဆောင်ရန် ရှောင်ရန် နည်းလမ်းများ


အမျိုးသမီးများတိုင်း အသက်အရွယ်မရွေး ရင်သား ကင်ဆာကို ကြိုတင်သိရှိကာကွယ်နိုင်မည့် နည်းလမ်းတချို့ကို ဖော်ပြလိုက်ရပါတယ်။

ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်


ဟန်းဖုန်း ခေါင်းအုံး မအိပ်ပါနှင့်

ခေါင်းမအုံးဘူး။ ဘေးမှာပဲ ထားအိပ်တယ် ဆိုလည်း မရပါဘူး။
အနည်းဆုံး လေးပေ၊ ငါးပေလောက်တော့ ခွာပြီးထားရမယ့် ပစ္စည်း ဖြစ်ပါတယ်။
သူ့ဆီကနေ ထွက်တဲ့ ရေဒီယိုဓာတ်ကြွ ရောင်ခြည်က ရောဂါ အမျိုးမျိုး ဖြစ်ပေါ်စေပါတယ်။ ခန္ဓာကိုယ်ပြင်ပ အရေပြားကစလို့ အတွင်းအထိကို ထိပါတယ်။ အနီးစပ်ဆုံးကတော့ ဦးနှောက်ကိုထိပြီး အသက်ကြီးလာတဲ့အခါ ပိုမိုခံရပါတယ်။ ဦးနှောက် အတွင်းမှာရှိတဲ့ အရေအပြားနဲ့ ဆဲလ်များဟာ အင်မတန် နူးညံ့ပြီး နေ့စဉ် ထိတွေ့နေတဲ့ ဓာတ်ရောင်ခြည်ကြောင့် သေဖို့ပိုများပါတယ်။ ရှင်သန်မယ့် ဆဲလ်အရေအတွက်ထက် သေတဲ့ ဆဲလ်ပိုများတဲ့အခါ ရေရှည်မှာ ဦးနှောက်သေတာတို့၊ ဦးနှောက်ကင်ဆာ တို့ကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။

ယနေ့ ကမ္ဘာရဲ့ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်မှုမှာ လူတိုင်းဟာ ဓာတ်ရောင်ခြည် အမျိုးမျိုးနဲ့ ထိတွေ့ နေရပြီး ဒါတွေကို သိရှိ နားလည်လို့ အတတ်နိုင်ဆုံး ရှောင်ကြဉ်တတ်ရန် လိုအပ်တယ်လို့ တိုက်တွန်း ထားကြောင်း သိရ ပါတယ်။

Ref: medic-facts
ရိုးရာလေး ကျန်းမာရေး

ဆေးဝါးမကူဘဲ ဖြေရှင်းနိုင်သော ဝေဒနာများ


ကျန်းမာရေး ပြဿနာ တချို့က ဆေးဝါး မလိုဘဲ မိမိဘာသာ အလွယ်တကူ ဖြေရှင်းနိုင်ပါ တယ်။ အောက်ပါ ဝေဒနာ တချို့ကို ဆေးဝါး မကူဘဲ အလွယ် တကူဖြေ ရှင်းနိုင်တဲ့ နည်းလမ်း တွေကို ဖော်ပြ လိုက်ပါတယ်။

မကြာခဏ နုံးချည့်ညောင်းညာ တတ်သူတို့ စွမ်းအင်တိုးစေမည့် နည်းများ


မကြာခဏ နုံးချည့် ညောင်းညာပြီး ပင်ပန်း သလိုလို စွမ်းအင် မရှိသလိုလို ဖြစ်နေ ပါသလား။ ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ သင့်ဘဝမှာ စွမ်းအင်တွေ ပြန်ရှိ လာပါလိမ့်မယ်။

ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ သင်္ဘောရွက်


သင်္ဘောသီး အစွမ်းတွေကို သိရှိပြီးတဲ့နောက် ယခုသင်္ဘောရွက်ရဲ့ အာနိသင် ဆေးစွမ်းပကားတွေကို
ပြန်လည်မျှဝေပေး လိုက်ရပါတယ်။
သင်္ဘောရွက်ဟာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ စွမ်းပကားတွေ များစွာပါဝင်ကြောင်း သိရပါတယ်။
ဒါကြောင့် ကင်ဆာရောဂါ ရှိသူများ ဖြစ်ဖြစ် မရှိအောင် ကြိုတင်ကာကွယ်ချင်တဲ့ သူတွေဖြစ်ဖြစ် သင်္ဘောရွက်ကို မှီဝဲနိုင် ပါတယ်။ ဒါကြောင့် ကင်ဆာအတွက်ဆိုရင်သင်္ဘောရွက်ကိုသာ ပြေးပြီး မြင်လိုက်ပါ။

ကျန်းမာရေးနှင့် အလှအပ သတင်းများ

သွေးလှူခြင်းဥပဒေသများ


ဆရာ နှလုံးသွေးကြောကျဉ်း အသက် ၆ဝ အရွယ် သွေးလှူရင် ဆိုးကျိုးဖြစ်စေနိုင်ပါသလား။

သွေးလှူခြင်းဥပဒေသတွေဟာ သွေးလှူဘဏ်တခုနဲ့တခု မတူပါ။

အသည်းကို သန့်ရှင်းဖို့တွက် Detox Water


ကျွန်မတို့ တွေဟာ တချိန်လုံး စားချင်တာတွေ စားကြ သောက်ချင်တာတွေ သောက်ကြနဲ့ ကိုယ်တွင်းမှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ဖြစ်နေမယ်ဆိုတာ သတိမထား မိကြပါဘူး။ စားသောက်သမျှ တွေဟာ အသည်းတို့ ကျောက်ကပ်တို့မှာ စစ်ထုတ်ရင်းနဲ့ သူတို့ဟာ အဆိပ်အတောက် တွေကို ခံစားရပါတယ်။
အဲ့ဒီတော့ မျက်နှာတို့ ခန္ဓာကိုယ်တို့ကို သန့်ရှင်းရုံတင် မကပဲ ကိုယ်တွင်းက ကလီဆာ တွေကိုပါ သန့်ရှင်း ပေးသင့် ပါတယ်။ လောလောဆယ်တော့ အသည်းကို သန့်ရှင်းနိုင်တဲ့ နည်းတွေကို ရေးပြပါမယ်။
ဒီနည်းတွေဟာ ပိုက်ဆံလဲ အကုန်သက်သာပြီး အိမ်မှာတင် ကိုယ်တိုင် ပြုလုပ်နိုင်တာမို့ ဈေးကြီးပေးပြီး Detox တွေ ၀ယ်သောက်ရတာထက် အများကြီး သက်သာပါတယ်။

မိမိပတ်ဝန်းကျင်မှ ရောဂါဖြစ်စေနိုင်သော အစားအစာများ


ပတ်ဝန်းကျင်မှာ ဘယ်လိုမျိုး အစားအစာတွေဟာ မိမိအတွက်ရောဂါကို ဖြစ်စေနိုင်သလဲ ဆိုတာကို ဗဟုသုတ အနေနဲ့ ရေးသားလိုက်ရပါတယ်။

(၁) အကင်များ။
(၂) မသန့်မရှင်းဘဲ ပြုလုပ်ထားသော မုန့်များ။
(၃) သန့်ရှင်းအောင် ဆေးကြောထားခြင်း မရှိတဲ့ ပန်းကန်များ။
(၄) လတ်လတ်ဆတ်ဆတ် မရှိသော အသီးအရွက်များ။
(၅) ဆေးဝါးများဖြင့် ပြုလုပ်ထားသော အသီးအရွက်များ။
(၆) မသန့်ရှင်းသော ရေများကို သောက်သုံးမှုများ။
(၇) လတ်လတ်ဆတ်ဆတ် မရှိသည့် အသား ငါးများ။
စတာတွေ အပြင် အခြားသော အရာတွေလည်း ရှိပါသေးတယ်။

ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဆီးအိမ်၊ ရင်သား ကင်ဆာနှင့် တစ်ခြားသော ရောဂါများ အတွက် ကောင်းမွန်တဲ့ ဂေါ်ဇီထုပ်


အစိမ်းစားနိုင်ရင် ပိုမိုကောင်း မွန်ပါတယ်။ ဂေါ်ဖီထုပ်ဟာ ဟင်းချက်ရာမှာ အသုံးဝင်လှတဲ့ အသီးအနှံ့ဖြစ်ပါတယ်။ အသုပ်ထဲမှာလည်း ထည့်ပြီးစားနိုင်တဲ့ အပြင် ဟင်းချိုများနှင့် အခြားသော နေရာတွေမှာပါ
သုံးလို့ရတဲ့ စားသုံး အသီးအနှံ တစ်မျိုးဖြစ်လို့ မျှဝေလိုက်ရပါတယ်။
ဂေါ်ဖီထုပ်ဟာ အမျိုးသမီးများ အတွက် အထူးပင် ကောင်းမွန်ပါတယ်။ ဂေါ်ဖီထုပ်ဟာဆီးအိမ် ၊ ရင်သားကင်ဆာနှင့် တစ်ခြားသော ရောဂါများ အတွက် ကောင်းမွန်ပါတယ်။
ဒါ့အပြင် အစာအိမ်ရောဂါ များအတွက် ကောင်းမွန်တာကြောင့် အစာမမှန်လို့ အစာအိမ်ဖြစ်မှာကိုစိုးရိမ်သူများ စားသင့်ပါတယ်။ ကိုလက်စရော ဓာတ်များကို
လျော့ကျပေးနိုင်စွမ်းလည်း အပြည့်အဝ ရှိပါတယ်။
ဒါကြောင့် ဂေါ်ဖီထုပ်ဟာ စားသုံးသင့်တဲ့ အသီးအနှံ့ တစ်မျိုး ဖြစ်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဖားဥကဲ့သို့ အစက်အပြောက် များနှင့် ငှက်ပျော်သီးကို စားသင့်သည့် အကြောင်းများ






ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိမှု အသစ်များအရ ဖားဥကဲ့သို့ အစက်အပြောက် များနှင့် ငှက်ပျော်သီးဟာ သာမန်အသးတွေကိုပိုမိုပြီး ဆေးဘက်ဝင်ကြောင်း သိရပါတယ်။
၎င်းအသီးတွေဟာ ခန္ဓာကိုယ်အတွင်း ကင်ဆာဖြစ်နိုင်သည့် ဆဲလ်များကို ပိုမိုပြီး တိုက်ခိုက်ပေးနိုင်တဲ့ ဂုဏ်သတ္တိများများစွာ ပါရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ထိုအသီးများကို တစ်နေ့ ၁ လုံးမှ ၂ လုံး စားသူတွေဟာ ကင်ဆာရောဂါကို ကာကွယ်နိုင်မှာ
ဖြစ်ပါတယ်။
ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

သင့်ကျန်းမာရေး (ပါးချိတ်ရောင် ရောဂါ)


ပါးချိတ်ရောင် ရောဂါသည် မန့် (Mumps) ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရတဲ့ ရောဂါဖြစ်ပါတယ်။ အဲဒီရောဂါဟာ ဆောင်းတွင်း ကာလနဲ့ မိုးဦးကျ ကာလတွေမှာ အဓိကကူးစက် ဖြစ်ပွား တတ်ပါတယ်။

ဂျင်းရဲ့ ကောင်းခြင်း ၁၀ မျိုး


ဟင်းချက်ရာတွင် အသုံးပြုလေ့ရှိသော ဂျင်းသည် ဟင်းချက်ရာတွင် သာမက အခြားသော နေရာများတွင်လည်း ဆေးဖက်ဝင်ပုံများကို ရေးသားလိုက်ရပါတယ်။

(၁) သားအိမ် ကင်ဆာကို ကာကွယ်နိုင်ပါသည်။
(၂) အူမကြီး ကင်ဆာကို ကာကွယ်နိုင်ပါသည်။
(၃) ကိုယ်ဝန်ဆောင် မိခင်တွေ အတွက်လည်း ကောင်းမွန်ပါသည်။
(၄) ကိုယ်လက် ကိုက်ခဲမှုကိုလည်း ကောင်းမွန်းစေပါသည်။
(၅) ရင်ပှုခြင်းကိုလည်း သက်သာစေပါသည်။
(၆) ဆီချိုရောဂါ အတွက်လည်း အထူးပင် ကောင်းမွန်ပါသည်။
(၇) ခေါင်းကိုက်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။
(၈) အမျိုးသမီးများ ဗိုက်အောင့်ခြင်းကိုလည်း သက်သာစေနိုင်ပါသည်။
(၉) တုပ်ကွေးရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
(၁၀) မျိုးအောင်နှုန်းကို ကောင်းစေပါသည်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

အသည်း ရောဂါများ အတွက် အသုံးပြုသင့်သော ဆေးပင်များ (မုန်လာဥပင်)


အသည်း ရောဂါများ အတွက် အသုံးပြုသင့်သော ဆေးပင်များ (မုန်လာဥပင်)

ယခုတစ်ပတ်တွင် အသည်းနှင့် ပတ်သက်၍ အသုံးပြုရန် ရေးသား တင်ပြလိုသော အပင်မှာ မုန်လာဥပင် ဖြစ်၏။ မုန်လာဥပင် ဆိုလျှင် တိုင်းရင်း ဆေးပညာရှင်များ သာမက တစ်နိုင်ငံလုံးရှိ မိဘပြည်သူများ သိနိုင်မည်ဖြစ်၏။

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါ အမျိုးလေးဆယ်


ပင်စိမ်းပင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်ပြီး အပူပိုင်းဒေသတွင် ပိုမို၍ ပေါက်တတ်ကြသည်။ ပင်စိမ်းပင်သည် သဘာဝအလျောက် ပေါက်ရောက်သော အပင်ဖြစ်သည်။
စိုက်ပျိုး၍လည်း ရသည်။ မျိုးစေ့မှတဆင့် အပင်စိုက်ရန် လွယ်ကူသော အပင်ဖြစ်သည်။ မြေသြဇာ အထူး မလိုအပ်လှပေ။ တနှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် အရွက်ကို ရယူနိုင်၏။ နောက်ကျလျှင် အလိုလို ကြွေကျသွားသဖြင့် ဂရုပြုဖို့ လိုအပ်လှပေသည်။ အရွက်နှင့် အစေ့ကို ဆေးအဖြစ် အများဆုံး အသုံးပြုကြသည်။

ကျန်းမာရေးအသိဖြင့် နေထိုင် စားသောက်နည်းများ

ကျန်းမာရေးအသိဖြင့် နေထိုင် စားသောက်နည်းများ


ပိုမိုကျန်းမာတဲ့ ဘဝနေထိုင်မှု ရရှိအောင် တွေ့ရှိချက် အသစ်တွေနဲ့ ကျန်းမာရေး အမြင်သစ်များကို စာဖတ်သူဂျာနယ် အောက်တိုဘာ(၂ဝ၁၃)မှ ထုတ်နုတ် ဖော်ပြလိုက်ပါတယ်။

*ကော်ဖီသောက်ပါ
ကော်ဖီတစ်ခွက် နေ့တိုင်းသောက်ရင် ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ မဖြစ်နိုင်ပါ။ လေ့လာမှု ၁ဝ ခုမှာ ကော်ဖီ၊ လက်ဖက်ရည် မသောက်သူထက် သောက်တဲ့သူက ဘဝနေထိုင်မှု စနစ်မြင့်စေပါတယ်။

နှလုံး သွေးကြောကျဉ်း ရောဂါအတွက် အစာအာဟာရ လမ်းညွှန်


ကစီဓာတ်
-ခရမ်းချဉ်သီး အမှည့် ဆန်ပြုတ် သောက်ပေးပါ။
-ကန်စွန်းဥ ဆန်ပြုတ် သောက်ပေးပါ။
-ကြက်သွန်မြိတ် (အဖြူပိုင်း) ဆန်ပြုတ် သောက်ပေးပါ။
-တရုတ်နံနံ ဆန်ပြုတ် သောက်ပေးပါ။

အဆီဓာတ်
-ဝက်ဆီ၊ စားအုန်းဆီ ရှောင်ပါ။
-မြေပဲဆီ၊ ပဲပိစပ်ဆီသာ သုံးပါ။
-အဆီ လျှော့စားပါ။
-သုံးပြီးဆီကို နှစ်ခါပြန် မသုံးပါနှင့်။

အသားဓာတ်
-အဆီနည်းသော ငါး ချက်စားပါ။
-အသားများကို ပြုတ်စား၊ ပေါင်းစားပါ။
-ဆီကြော်သား၊ ငါးများ ရှောင်ပါ။
-ပဲပုပ်၊ ပဲပြား၊ တို့ဟူး များများ စားပေးပါ။

ဟင်းသီးဟင်းရွက်
-ခရမ်းချဉ်သီး အမှည့်တစ်လုံး မီးဖုတ်၍ နေ့စဉ် စားပေးပါ။
-ဂျူးမြစ်သုပ် စားပေးပါ။
-တရုတ်နံနံနှင့် ကြက်သွန်ဖြူ ထောင်းစား ပေးပါ။
-ကြက်သွန်မြိတ် (အဖြူပိုင်း) ငါးပိုင်း နေ့စဉ် တို့မြှုပ် စားပေးပါ။

သစ်သီးဝလံ
-ပန်းသီးတစ်လုံး နေ့စဉ် စားပေးပါ။
-ပြောင်းဖူးပြုတ် စားပေးပါ။
-ကန်စွန်းဥပြုတ် စားပေးပါ။
-မြေပဲပြုတ် စားပေးပါ။

အစေ့အဆန်
-သစ်ကြားသီးစေ့ စားပေးပါ။
-သံပရာစေ့ ငါးစေ့ခန့် နေ့စဉ် စားပေးပါ။
-နေကြာစေ့၊ ဖရုံစေ့၊ ကွာစေ့ ၂ဝ ခန့် စားပေးပါ။
-နေ့စဉ် တစ်မျိုးမျိုး စားပေးပါ။

ဖျော်ရည်
-သံပရာရည် တစ်ဇွန်းစာကို ရေနွေးနှင့် စပ်သောက်ပါ။
-ပန်းခါးခြောက် အနည်းငယ်ကို လက်ဖက်ရည်ကြမ်းတွင် ခပ် သောက်ပါ။
-ခရေခေါက် အတွင်းသားကို ပြုတ် သောက်ပါ။
-ချင်း၊ ထန်းလျက်ပြုတ်ရည် တစ်ခွက် မှန်မှန် သောက်ပါ။
 
အကြံပြုချက်
-ခရေပွင့်ခြောက် ခေါင်းအုန်း ပြုလုပ်၍ အိပ်ပါ။
-ဝိုင်အနီ နှစ်ပတ်ခန့် ညစဉ် သောက် အိပ်ပါ။
-ကွမ်းရွက် တစ်ရွက်ကို ဘယ်ဘက် နို့အုံနေရာ ကပ်ထား ပေးပါ။
-ချင်းသုပ် မကြာခဏ စားပါ။

ဆရာကြွယ် (ဦးပိုင်)

ဆေးလိပ်နှင့်သကြား အန္တရာယ်များမှုသုံးသပ်ချက်


အမေရိကန်ပြည်ထောင်စု နှလုံးသုတေသနအဖွဲ့ (HRA) ၏ ထုတ်ပြန်ချက်အရ အရွယ်ရောက်ပြီးသူ လူပေါင်း ၁၀၀၀ ကို လေ့လာဆန်းစစ်ရာတွင် ဆေးလိပ်၊ အရက်၊ ဆေးခြောက်များကဲ့သို့ သကြား စားသုံးခြင်းကလည်း ကျန်းမာရေးအတွက် အလားတူ အန္တရာယ်ရှိကြောင်း Yahoo သတင်းတွင် ရေးသားထားသည်။ ဆေးလိပ် သောက်သုံးခြင်းကြောင့် ရောဂါဝေဒနာ ဖြစ်မှုသည် ၄၉ ရာခိုင်နှုန်း၊ အရက် သောက်သုံးခြင်းကြောင့် ၂၄ ရာခိုင်နှုန်း၊ ဆေးခြောက် ရှူခြင်းကြောင့် ၈ ရာခိုင်နှုန်း၊ အချိုဓာတ်နှင့် သကြား စားသုံးခြင်းကြောင့် ၁၅ ရာခိုင်နှုန်း ရောဂါဝေဒနာ ဖြစ်ကြရသည် ဆိုသဖြင့် အချိုနှင့်သကြား စားသုံးမှုများကို သတိထားကြရန် လိုကြောင်း HRA အဖွဲ့က ဆိုသည်။
သကြားဓာတ်ကို လိုသည်ထက်ပိုပြီး စားသုံးခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှု ပိုများကြောင်း၊ ဆီးချိုနှင့် အဝလွန် ရောဂါများ ဖြစ်ပွားခြင်းသည် အချိုဓာတ် လွန်ကဲစွာ စားသုံးခြင်းနှင့် ဆက်စပ်နေပြီး ယင်းဝေဒနာများကြောင့် စိတ်ကျရောဂါ၊ ကင်ဆာ၊ နှလုံးရောဂါများပါ နောက်ဆက်တွဲအနေဖြင့် ခံစားလာရဖွယ် ရှိသောကြောင့် အချိုစားသုံးခြင်းကို လျှော့သင့်ကြောင်း Yahoo သတင်းတွင် ဖော်ပြထားသည်။

လူအများကြောက်သည့် ကင်ဆာရောဂါများကို ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများ


ကင်ဆာရောဂါဖြစ်ပြီဆိုလျှင် ပျောက်ကင်းအောင် မကုသနိုင်၍ သေရတော့မည်ဟု ဆိုကာ လူအများစုမှာ စိုးရွံ့နေကြသည်။ ထိုသို့ကြောက်နေရသော ကင်ဆာရောဂါမှာ ကြိုတင် ကာကွယ်၍ ရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ပြောကြားသည်။CNN သတင်းဌာနမှ conditions expert ဒေါက်တာအောတစ် ဘရော်လေသည် အမေရိကန် ကင်ဆာအသင်း၏ ဆေးမှူးချုပ်ဖြစ်သလို ကမ္ဘာသိ ကင်ဆာကျွမ်းကျင်သူဖြစ်ပြီး oncologist ကင်ဆာရောဂါ ကုသပေးနေသူလည်း ဖြစ်သည်။

ကျွဲကောသီးအကြောင်းသိကောင်းစရာ


ကျွဲကောသီးတို့သည် အချဉ်ဓာတ် အက်ဆစ်ပါရှိသော အသီးမျိုးနွယ်ဝင်ဖြစ်ပြီး၊ ကမ္ဘာပေါ်ရှိ အချဉ်သီးမျိုးနွယ်ထဲတွင် အကြီးဆုံးအမျိုးအစား ဖြစ်ပါသည်။ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိနယ်စပ်တို့တွင် စတင် ပေါက်ရောက်ကြပြီး ဂျပန်၊ ကာရေဘီယန် နှင့် အမေရိကန်ပြည်ထောင်စုတို့တွင်လည်း ကျယ်ကျယ်ပြန့်ပြန့်တွေ့ မြင်ရပါသည်။ “တရုပ်ပြည်၏ဂရိတ်ဖရုသီး” အဖြစ် ခေါ်ဝေါ်လေ့ရှိပြီး၊ တရုတ်ရိုးရာများတွင် “ နမိတ်ကောင်းတဲ့ မင်္ဂလာရှိသောအသီး” အဖြစ် အခမ်းအနားများတွင် အသုံးပြုလေ့ရှိကြပါသည်။ အသီး၏ ပုံသဏ္ဍာန်မှာ လုံးဝန်းပြီး၊ အချင်းမှာ၃၀-စင်တီမီတာလောက် ရှိတတ်ပါသည်။ ရေမြေသဘာဝနှင့် အမျိုးအစားပေါ်လိုက်၍ အသီး၏ အရွယ်သည် ပေါင် ၂၀ ကျော် အလေးချိန် ရှိတတ်ပါသည်။

ကျန်းမာရေးအတွက်ဒီလောက်ကောင်းတဲ့ ကြံရည်တစ်ခွက်




  1. ကျောက်ကပ်ကျန်းမာရေးနှင့်တကွ ကျောက်ကပ်နှင့်ဆိုင်တဲ့ ရောဂါများကိုကာကွယ်နိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်းမှလဲ ကာကွယ်ပေးခြင်း 
  2. လည်းချောင်းနှင့်ဆိုင်သောရောဂါနှင့်တုပ်ကွေးဖြစ်ခြင်းမှလည်း သက်သာစေခြင်း
  3. ကင်ဆာရောဂါ ကာကွယ်မှုနှင့် အထူးသဖြင့် ရင်သားကင်ဆာသမားများအတွက် ကောင်းမွန်ခြင်း
  4. ကိုယ်တွင်းအပုပ်အညစ်များကိုကျစေခြင်း
  5. ဖျားနာ နေမကောင်းဖြစ်ပြီးလျှင် ကြံရည်သောက်သင့်တဲ့ အဓိကအချက်ကတော့ နေမကောင်းဖြစ်ချိန်တွင် ပျောက်ဆုံးသွားသော ပရိုတိန်းဓါတ်နှင့် သကြားဓါတ်များကို ပြန်လည်ဖြည့်တင်းပေးခြင်း
  6. အသားအရည်တွင် မရှိမဖြစ်လိုအပ်တဲ့ ရေဓါတ်ကို ဖြည့်တင်းပေးပြီး ဝက်ခြံများထွက်ခြင်းမှ သက်သာစေခြင်းနှင့် ကြံရည်ကို သင့်မျက်နှာပေါ်မှာလိမ်းပြီး မိနစ်ပိုင်းထားပေးခြင်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းမှ ကင်းဝေးစေခြင်း
  7. ကယ်လ်စီယမ်၊ကိုဗော့၊ကြေး၊မဂ္ဂနီဆီယမ်၊ဖော့စဖောရပ်၊ပိုတက်ဆီယမ်နှင့်သံဓါတ်တို့ ပါဝင်ပါတယ်။
  8. ဗီတာမင်များအနေဖြင့်လည်း ဗီတာမင် B1,B2,B3,B5 တို့ ပါဝင်ပြီး အမျှင်ဓါတ်နှင့် ပရိုတိန်းတို့လည်း ပါဝင်ပါတယ်။
  9. သင့်လက်သည်းမှာ အဖြူအစက်ကလေးတွေရှိရင် သင့်အစားအစာထဲမှာ သကြားဓါတ်အလွန်နည်းနေတာကြောင့် သကြားပြည့်ဝစွာပါဝင်တဲ့ ကြံရည်ကိုသောက်ပေးခြင်းဖြင့် သင့်လက်သည်းခြေသည်းတွေကိုပိုမို တောက်ပြောင်လာစေမှာပါ။
  10. ကြံရည်ဟာ သင့်သွားအလှနှင့်ကျန်းမာရေးကိုပါ ထိန်းသိမ်းပေးပြီး သင့်သွားတွေတောက်ပြောင်စေဖို့နဲ့ ပိုးစားခြင်းမှ ကာကွယ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးပါတယ်။
  11. အသားဝါရောဂါ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးတာကြောင့် ယခုပဲ လတ်ဆတ်တဲ့ကြံရည်တစ်ခွက် အမြန်သောက်လိုက်ပါ။

Ref: ZK(ကနောင်)

Tuesday, May 6, 2014

လူဖြစ်ရှုံးရသည့်လေဖြတ်ရောဂါ ကြိုတင်ကာကွယ်ပါ

လူဖြစ်ရှုံးရသည့်လေဖြတ်ရောဂါ ကြိုတင်ကာကွယ်ပါ


လူသားတိုင်း ကြီးပွားချမ်းသာ တိုးတက်မှု ရရှိနိုင်ရေးအတွက် ကျန်းမာရေး ကောင်းမွန်ရန် အဓိက လိုအပ်လှပေသည်။ ကျန်းမာရေး ပြည့်စုံပါမှ ကြီးပွားရာကြီးပွားကြောင်း၊ ချမ်းသာရာ ချမ်းသာကြောင်းအတွက် အလုပ်လုပ်နိုင် ကြမည်သာဖြစ်သည်။ ကျန်းမာရေး ချို့တဲ့ပါက စိတ်သွားတိုင်း ကိုယ်မပါ လိုရာဆန္ဒ မပြည့်ဝ ဖြစ်ကြရပေတော့မည်။ ထိုသို့ အဓိက အရေးပါလှသည့် ကျန်းမာရေး နယ်ပယ်တွင် လူသားအတော် များများကို ဒုက္ခပေးနေသည့် ရောဂါဆိုး တစ်မျိုးမှာ လေဖြတ်ခြင်းပင် ဖြစ်လေသည်။ လေဖြတ်ခံရပြီ ဆိုပါက မိမိကိုယ်တိုင် စိတ်ဆင်း ရဲရမည်သာမက မိမိပတ်ဝန်းကျင်ရှိ ဆွေမျိုး ညီအစ်ကို မောင်နှမများပါ စိတ်ဒုက္ခ အမျိုးမျိုးနှင့် ရင်ဆိုင် ကြုံတွေ့ကြရပေလိမ့်မည်။

ဂျူးဖူး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


ဂျူးဖူး၏ ကျန်းမာရေး အကျိုးကျေးဇူးများ
ချိုမြပြီး ကြက်သွန်နီလို အနံ့မျိုးရှိတဲ့ ဂျူးဖူးကို အသားတွေ ကြော်ရာမှာ ရောထည့်လေ့ ရှိကြပါတယ်။
ဂျူးဖူးအရသာကို ကြိုက်နှစ်သက် သူတို့ အတွက် ဂျူးဖူးမှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို
ရေးသား ဖော်ပြလိုက်ရပါတယ်။

ရေမှာပျော်ဝင်သော သက်စောင့်ဓာတ်များ


ဗီတာမင်ဘီဝမ်းဓာတ်
ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်စဉ်များအတွက် လိုအပ်တဲ့ဓာတ်ဖြစ်တယ်။ ထို့ပြင်အစာကြေဖို့နဲ့ နှလုံးသားအကြောများ သန်မာကောင်းမွန်စေဖို့ အားပေးတယ်။ ဘီဝမ်းချို့ယွင်းရင် ဆုံနာစို၊ ဆုံနာခြောက် ဖြစ်ခြင်း၊ အကြောများ အင်အားလျော့၍ ခြေ၊လက် မသယ်ချင်ဖြစ်ခြင်း၊ နှလုံးတုန်မောပန်းခြင်း၊ အစာမကြေခြင်း၊ ဖောရောင်ခြင်း၊ ကလေးများ တက်ခြင်းတို့ဖြစ်ပြီး အတက်ကြမ်းပါက ရုတ်တရက် သေဆုံးတတ်သည်။ ဘီဝမ်းဓာတ်ဟာ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ ကလေးသူငယ်များအတွက် လိုအပ်တဲ့ ဓာတ်ဖြစ်တယ်။ ဗီတာမင်ဘီဝမ်း ကြွယ်ဝတဲ့ အစာတွေက မောင်းထောင်း ဆန်၊ ပြုတ်ဆန်၊ ဆန်လုံးညို၊ပဲ၊ အသား၊ အသည်းနဲ့ ဥတို့ဖြစ်တယ်။

ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်မည့် လွယ်ကူသော နည်းလမ်းငါးသွယ်


ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်မည့် လွယ်ကူသော နည်းလမ်းငါးသွယ်

၁။ Multi-Vitamins အားဖြည့်ဆေး မှီဝဲပါ
ဗီတာမင်မျိုးစုံ ပါဝင်သော အားဖြည့်ဆေးကို မှီဝဲခြင်းကြောင့် အအေးမိနဲ့ တုပ်ကွေးရောဂါ အပါအဝင်
ရောဂါပိုး ဝင်ရောက်နိုင်ခြေ ၇၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

ဓာတ်ငွေ့များအကြောင်း


ဂတ်(စ်)နဲ့ချက်ရင် ဘယ်လိုဆိုးကျိုးတွေရှိပါသလဲ ဆရာ။

ဓါတ်ငွေ့ဆိုတာက အမျိုးမျိုးရှိတယ်။
• Natural gas သဘာဝဓါတ်ငွေ့မှာ methane နဲ့ ethane တွေပါတယ်။ ပိုပေါ့တယ်။
• Liquefied petroleum gas (LPG) အပြင် GPL, LP Gas လို့လဲခေါ်တယ်။ propane or butane ဓါတ်ငွေ့တွေ ဖြစ်တယ်။

ဝမ်းဗိုက်မှ အဆီလျှော့ချပြီး နှလုံးရောဂါကို ကာကွယ်ပါ


ခါးအတိုင်းအတာကို လျှော့ချနိုင်တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၇၂ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး
လေဖြတ်နိုင်ခြေနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ထက်ဝက် လျှော့ချနိုင်ပါတယ်။ တခြား အဆီအမျိုးအစားတွေဖြစ်တဲ့ ပေါင်နဲ့ တင်ပါးမှာ အဆီရှိတာဟာ ခန္ဓာကိုယ် ဝစေသလိုသာ ဖြစ်တတ်ပေမယ့် ဝမ်းဗိုက်မှ အဆီတွေဟာ ရောင်ရမ်းမှုဖြစ်စေတဲ့ ပစ္စည်းတွေ ထုတ်လုပ်တတ်လို့ပါလို့ သုတေသီတွေက ဆိုပါတယ်။ ဝမ်းဗိုက်မှအဆီတွေ အမြန်ဆုံး ပျော်ဝင်သွားအောင် အောက်ပါတို့ကို ပြုလုပ်ပါလို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

ဒူးမှအရွတ်များကို အားဖြည့်သည့် အစားအစာများ


ဒူးနာနေသူများ၊ အဆစ်နာသူများ၊ အရိုးပွသူများ၊ လေးဖက်နာသမားတို့အတွက် အရွတ်များ အားကောင်းစေရန် အရွတ်များ ပျော့ပြောင်းစေဖို့ စားသုံးသင့်သည့် အစားအစာများကို ဖော်ပြရလျှင်

လက်မကို နေ့တိုင်းနှိပ်ပေးပါ


လက်ချောင်းတိုင်းဟာ ခန္ဓာကိုယ်တွင်းရှိ အကြောတွေနဲ့ ဆက်စပ်နေတာကို စာဖတ်သူလည်း အသိဖြစ်ပါတယ်။
အဲဒီအထဲကမှ အကောင်းဆုံး တစ်နည်းကို ထုတ်ဖော်ပြောပြလိုက်ပါမယ်။ အဲဒါကတော့ လက်မကို နေ့တိုင်းနှိပ်နယ်ပေးပါ။
အချိန်အားဖြင့် ကတော့ ၂ မိနစ် ၃ မိနစ်လောက်ဆိုရင်ကို အတော်လေး ထိရောက်ပါပြီ။ ၅ ရက်နဲ့ ၁၀ရက် အတွင်းမှာ သိသိသာသာ ပျော်ရွှင်တဲ့ စိတ်ခံစားမူကို ပိုင်ဆိုင်နိုင် ပါလိမ့်မယ်။
အထူးသဖြင့် စိတ်ပူပင်သောက ရောက်နေတယ်ဆိုရင် ဖော်ပြပါ နည်းလမ်းလေးကို ပြုလုပ်စေချင်ပါတယ်။ အားလုံးကျန်းမာ ပျော်ရွှင်ကြပါစေ...
ရှဲလုပ်ဖို့ မမေ့ပါနဲ့

အထိရောက်ဆုံး ဝိတ်ချနည်းလေးများ



အထိရောက်ဆုံး ဝိတ်ချနည်းလေးများ

ကမ္ဘာနဲ့ အ၀ှမ်း အရွယ်ရောက်ပြီးဝိတ်တက်နေကြတဲ့ ကျား/မ များဟာ ကျန်းမာရေး (သို့ မဟုတ်)
လှပမှုအတွက် အစာ-ဆေး-လေ့ကျင်ခဏ်း စတဲ့နည်းမျိုးစုံတို့ ဖြင့် ၀ိတ် ချနေကြ ပါတယ်။ မည်သို့ ပင် နည်းမျိုးစုံနဲ့ ၀ိတ်ချနေကြပါစေ ၂၀၁၃ ခုနှစ် တနှစ်တာ ကာလပတ်လုံး လေ့လာစမ်းစစ်ချက်များအရ
အောက်ပါဝိတ်ချနည်း (၈)မျိုးက အထိရောက် ဆုံးဖြစ်စေ ခဲ့တယ်လို့  Beauty High (ခေါ်) ကျမ္မာလှပမှု ဆိုင်ရာ အင်တာနက်သတင်း လွှာ မှာဖော်ပြထားပါတယ်။

ကျောက်ကပ်ကိုထိခိုက်စေတဲ့ဆိုးကျိုး


ကျောက်ကပ်ကိုထိခိုက်စေတဲ့ဆိုးကျိုး

(၁) အပေါ့သွားချင်လျက်နှင့် ဆီးအောင့်ထားခြင်း
(၂) ရေကို လုံလောက်စွာမသောက်သုံးခြင်း၊ရေသောက်နည်းခြင်း
(၃) အငန် စားများခြင်း
(၄) ခန္ဓာကိုယ်အတွင်းမှာ ဖြစ်တတ်တဲ့ ကူးစပ်ရောဂါတွေကို မကုသပဲ ပေါ့လျော့စွာနေထိုင်ပြုမှုခြင်း
(၅) အစားအသောက်ကို တင့်သင့်မျှတစွာမစားသောက်ပဲ အသားဟင်းကိုသာ အလွန်အကျွံ့ စားသောက်ခြင်း
(၆) အစားကိုအချိန်မှန်မှန် မစားသုံးခြင်း
(၇) အကိုက်ခဲပျောက်စေး မှီဝဲသုံးဆောင်ခြင်း
(၈) အနာနဲ့ဆေး လွဲမှားစွာသောက်သုံးခြင်း
(၉) အရက်ကို အလွန်အကျွံ သောက်သုံးခြင်း
(၁၀) လုံလောက်စွာအနားမယူခြင်း စတဲ့ ဆယ်ချက်ဟာ ကျောက်ကပ်တွေကိုအဆိုးရွားဆုံး ထိခိုက်စေနိုင်ပါတယ်.......

Ref:knowledge
ခွန်နေ(Khun Nay Tun Media)

လူ့သွေးကြော အကြောင်း သိစရာအချို့

လူ့သွေးကြော အကြောင်း သိစရာအချို့
ပုံမှာ မြင်တွေ့နေရတာဟာ လူ့သွေးကြော စီးဆင်းနေမှုကို ပြသထားခြင်း ဖြစ်ပါတယ်။

 ၁။ ဒီတော့ လူ့ခန္ဓာကိုယ်တွင်းက သွေးကြောဟာ အကုန်ဆန့်လိုက်ရင် မိုင်ပေါင်း ၆၂၀၀၀ ရှည်ပြီး ကမ္ဘာကို ၂ကြိမ်ခွဲ ဆက်တိုက် ပတ်လို့ ရတယ်ဆိုတာ တကယ် ဖြစ်ပါတယ်။
၂။ အကျဉ်းဆုံး သွေးကြောအချင်းက ၈ကနေ ၉ မိုင်ခရွန်အထိ ရှိပါတယ်။
၃။ နှလုံး အရွယ်အစားက သာမန်လူ လက်သီးတစ်ဆုပ် အရွယ်သာ ရှိပေမယ့် သူ ညစ်ထုတ် လည်ပတ်နေစေတဲ့ သွေးပမာဏက တစ်ရက်ကို လီတာ ၉၅၀၀ ရှိပါတယ်။ ယင်းဟာ တစ်ရက်ကို ၁၀ တန် ပမာဏ အလေးချိန်ရှိ ပစ္စည်းကို ၃၃ ပေ အမြင့်အထိ ဆွဲတင် ပေးနေတာနဲ့ အား ညီမျှ ပါတယ်။
၎။ သွေးကြောကျဉ်း ရောဂါ၊ သွေးကြောပိတ် ရောဂါ ဖြစ်မှုဟာ ယနေ့မှာ ပိုမို များပြား လာပြီး ယင်းသို့ ဖြစ်ရတဲ့ အဓိက အကြောင်း အရင်း များ ကတော့ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ သွေးချိုရှိခြင်း၊ အဝလွန် စားသောက်နေထိုင်မှု ပုံစံ၊ သွေးပေါင်ချိန် အတက်များခြင်း၊ ဗိုက် အဆီပို ထွက်ခြင်း၊ အထိုင်များသော နေထိုင်မှု၊ မျိုးရိုးဗီဇ ပါဝင်ကူးဆက်လာမှု တို့ ကြောင့် ဖြစ်ပါတယ်။

Ref: medifacts
အောင်ခမ်း (ရိုးရာလေး)

Monday, May 5, 2014

ကျန်းမာစေဖို့ နှင်းသီးစားကြရအောင်...


ကျန်းမာစေဖို့ နှင်းသီးစားကြပါစို့ 

သူ့အမည်က နှင်းသီးဆိုပေမယ့် ဆောင်းတွင်းမှာ မသီးဘဲ အခုလို နွေနှောင်းမိုးဦးစမှာသီးတဲ့
ရာသီစာ သီးနှံတစ်မျိုးပါ။ ပူနွေးစိုစွတ်တဲ့ ရာသီကိုကြိုက်တဲ့ အပင်လို့ ဆိုနိုင်ပါတယ်။ သူ့ကို မြန်မာလို
“နှင်းသီး”၊ အင်္ဂလိပ်အခေါ်အဝေါ်အရ “Rose Apple or Plum Rose or Malaysia Apple” လို့
ခေါ်ဆိုကြပါတယ်။

Sunday, May 4, 2014

ဒိန်ချဉ် သောက်သင့်ရခြင်း အကြောင်းအရင်း


 Lactobacillus Acidophilus လိုမျိုး သက်ရှိပိုးမွှားတွေဟာ ခန္ဓာကိုယ်အတွက်
အကျိုးပြုဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင်
ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ကောင်းမွန်ပါတယ်။ Probiotic ခေါ်တဲ့ ခန္ဓာကိုယ်
အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချို သောက်ခြင်းဖြင့်
အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။