မအိုဆေး ( Forever Young )
ငယ်ရွယ်နုပျိုတဲ့အချိန်တွေကို
ပြန်လည်ရယူပေးနိုင်တဲ့ဆေးရည်ပါ တစ်ခါတုန်းကတော့ မဖြစ်နိုင်သလိုပါပဲ
နှစ်ပေါင်းများစွာကြာအောင်
လူအများကြီးက အဲဒီလို ဆေးရည်မျိုးရှာတွေ့ဖို့ တောင်းဆိုနေကြတာပါ။ ဘယ်သူမှ ရှာမတွေ့ပါဘူး။
အခုချိန် အထိပါပဲ။
၂၁ရာစုနှစ်ရဲ့အစမှာ
နောက်ဆုံးတော့ ကျွန်တော်တို့ဟာ လူသားခန္ဓာကိုယ်တွေကို ကြာရှည်စွာ နေရအောင် ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့
လျှို့ဝှက်ချက်ကို လေ့လာနေကြပါပြီ။
ငယ်ရွယ်နုပျိုစေမယ့်ဆေးကို ရှာဖွေမှုက ဆဲလ်အတွင်းမှာ
စ ပါတယ်။ ဒီမှာ ဆိုးသွမ်း တဲ့ဒြပ်စင်တွေက ကလာပ်စည်းမှာ အများဆုံး ဖြစ်စေပါတယ်။ အဲဒီလို
ဖြစ်လာတာကို အသက်ကြီးလာခြင်းလို့ ခေါ်ပါတယ်။ အပျက်အစီးတွေကို လျော့ချနိုင်ရင် သိသာထင်ရှားပြီး ငြင်းပယ်လို့မရတဲ့ အိုမင်းလာခြင်း ဆိုတဲ့ အရာကို နှေးကွေးအောင် လုပ်လို့ ရပါတယ်။
သိပ္ပံပညာရှင်တွေဟာ တိရိစ္ဆာန်တစ်ကောင်က အသက်ရှင်နိုင်တဲ့သက်တမ်းကို
နှစ်ဆ တိုးနိုင်တယ်ဆိုတာ ကို မကြာသေးခင်က သက်သေပြခဲ့ကြပါတယ်။
ဒီနေရာမှာရှိတာက သူ့ရဲ့ ဗီဇမျိုးစိတ်ပုံတူတွေနဲ့ နှစ်ဆ
ပိုပြီး အသက်ရှင်နိုင်တဲ့ သာမန် တိရိစ္ဆာန် တစ်ကောင်ပါ။ အိုမင်းလာခြင်းကို လေ့လာတဲ့
ကျွမ်းကျင်ပညာရှင်တွေကလည်း လူတွေရဲ့ သက်တမ်းကို နှစ်ဆတိုးလို့ ရတယ်ဆိုတာ အခုကစလို့ ယုံကြည်လာကြပါတယ်။
နှစ်ပေါင်း (၁၅၀)ကျော်တဲ့ အထိပေါ့။ နှစ်ပေါင်း တစ်ရာ့ငါးဆယ်ဆိုတာ တကယ်ပဲ အငြင်းပွားစရာ
ခန့်မှန်းမှုပါ။ အဲဒီလောက် အသက် မရှည်ရင်လဲ အံ့သြစရာ မရှိပါဘူး။
ပြီးခဲ့တဲ့ရာစုနှစ်တုန်းက ဘဝရဲ့ မျှော်လင့်ချက်က နှစ်ဆဖြစ်တော့မလို့ပါပဲ။
ကျွန်တော်တို့ ဘိုးဘေးတွေ ထက် နှစ်ပေါင်း(၃၀)ကျော်ကြာအောင် ကြာရှည်နေရမယ်လို့ မျှော်လင့်ပါတယ်။
ကျွန်တော်တို့ရဲ့ လက်ရှိသက်တမ်းကို နှစ်ဆတိုးဖို့ မော်လီကျူးဆိုင်ရာ ဇီဝဗေဒပညာရှင်တွေဟာ
ကျွန်တော်တို့ရဲ့ ဆဲလ်တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နေကြပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့
အသက်ကြီး လာခြင်းကို နှေးကွေးအောင် လုပ်ခြင်းက ဖြစ်နိုင်တယ်လို့ သူတို့က ပြောပါတယ်။
ဒါပေမယ့် အောင်မြင်မယ် လို့ ဘယ်သူမှ မထင်ပါဘူး။ ဒီနေ့ခေတ်မှာ ဘယ်လိုမော်လီကျူးဆိုင်ရာ
ပညာရှင်မဆို စကားအဖြစ် ကြည့်မယ်ဆိုရင် ဒါက ဖြစ်နိုင်တယ်ဆိုတာ ခင်ဗျားကို ဝန်ခံကြလိမ့်မယ်။
သူတို့ အဲဒါကို မုန်းနိုင်တယ်။ သူတို့ အူထဲ အသည်းထဲက အဲဒါကို မုန်းနိုင်တယ်။ ဒါပေမဲ့
ဒါက ဖြစ်ဖို့အတွက် နည်းပညာ ရှိတယ်ဆိုတာ သူတို့ ဝန်ခံလိမ့်မယ်။
တိရိစ္ဆာန်တွေရဲ့ သက်တမ်းကို နှစ်ဆတိုးပေးတဲ့ ဆေးဝါးကို
မကြာခင်မှာ လူတွေကိုစမ်းသပ်တော့မှာပါ။ ဒါပေမဲ့ စစ်မှန်တဲ့ ငယ်ရွယ်နုပျိုဆေးကို သယ်လာဖို့
ကျွန်တော်တို့ အဆင်သင့် ဖြစ်ပြီလား..?။
ဟိုးရှေးရှေးတုန်းက တိရိစ္ဆာန်တချို့ဟာ အချိန်အကြာကြီးရှင်သန်ဖို့
နည်းလမ်းကို လေ့လာခဲ့တယ်။ ဥပမာအားဖြင့် ပင်လယ်နဂါးလို အကောင်ပေါ့။ မိုက်ခရိုစကုပ်နဲ့
ကြည့်ထားတဲ့ ရေသတ္တဝါတွေက ထူးခြားတဲ့ပုံ မပေါ်ပါဘူး။ ဒါပေမဲ့ ပင်လယ်နဂါးမှာ အထင်ကြီးစရာအရည်အသွေးတွေ
တိုက်ဆိုင်ပါတယ်။ အချိန်တွေ ကုန်ဆုံးသွားပေမယ့် သူ့ရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ အားမန်ကတော့
မကုန်ဆုံးပါဘူး။ အထူးဆန်းဆုံးကတော့ သုတေသနပညာရှင်တွေဟာ သူတို့ရဲ့ ဆဲလ်တွေကို ဖျက်ဆီးပစ်လိုက်တဲ့အခါ
ထူးဆန်းတဲ့အရာ ဖြစ်လာပါတယ်။ နာရီပိုင်းအတွင်းမှာပဲ ဆဲလ်အများကြီးက ပြည့်စုံတဲ့ ပင်လယ်နဂါးလို
ထွက်လာပါတယ်။ ရေနဂါးလေးတွေက အရမ်းကို ရိုးရှင်းပါတယ်။ လူသားတွေကတော့ မရိုးရှင်းပါဘူး။
လူသားခန္ဓာကိုယ်ကို မတူညီတဲ့ ဆဲလ်ပေါင်း (၁၀၀)မီလျံနဲ့
တည်ဆောက်ထားပါတယ်။ တချို့တွေက အစဉ်မပြတ် ထုတ်လုပ်နေတယ်။ အောက်ဆီဂျင် သယ်ဆောင်ဖို့အတွက်
သန်းပေါင်း(၁၇၀)လောက်ရှိတဲ့ ဆဲလ်နီတွေကို တည်ဆောက်ထားပါတယ်။ ရောဂါတွေကို တိုက်ခိုက်ဖို့အတွက်
(၁၀)သန်းလောက်ရှိတဲ့ ဆဲလ်ဖြူတွေနဲ့ ဖွဲ့စည်းထားပါတယ်။ နှာခေါင်းအနားမှာရှိတဲ့ ဆဲလ်တွေလိုအရာတွေဟာ
သူတို့ဘာသာ သန်မာစွာ အသစ် ပြန်ဖြစ်ပါတယ်။ သူတို့က ဘဝတစ်လျှောက်လုံး ဆက်လက်ဖွံ့ဖြိုးနေတာပါ။
ဒါပေမဲ့ နောက်ဆုံးမှာ တစ်ခုခုက အမှားအယွင်း ဖြစ်သွားပါတယ်။ ကျွန်တော်တို့ရဲ့ ဆဲလ်တွေကစပြီး
ယိုယွင်းနေပါပြီ။ ကျွန်တော်တို့ရဲ့ အရေပြားတွေက အတွန့်ကြောင်းတွေ ဖြစ်လာတယ်။ ကျွန်တော်တို့ရဲ့
ဆံပင်တွေက မီးခိုးရောင်ဖြစ်လာတယ်။ ကျွန်တော်တို့ရဲ့ မျက်လုံးတွေ ဖျော့တော့တော့ ဖြစ်လာတယ်။
အချိန်တွေကို နောက်ပြန်ဆုတ်ဖို့ ကျွန်တော်တို့ လုပ်နိုင်တဲ့အရာ ရှိပါသလား…?
အကပွဲ ဦးဆောင်သူကတော့ ဂျီလီရန်လီနီပါ။ လူငယ်လိုနေပြီး
အထင်ကြီးစရာ အလုပ်တွေကို လုပ်ပါတယ်။ သူက အလွန်ပင်ပန်းတဲ့ အလုပ်ကိုလုပ်ပြီး အသက်အရွယ်ကို
ထိန်းနေတာပါ။ သူက နေ့တိုင်း (၃)နာရီခန့် လေ့ကျင့်ခန်းလုပ်ပါတယ်။ သူ့အသက် (၇၅)နှစ်ရှိနေပြီဆိုတာ
ယုံဖို့ခက်ပါတယ်။ ပြီးတော့ အသက်(၂၀)အရွယ် ကလေးမလေးတွေနဲ့ ရင်ပေါင်တန်းလုပ်နိုင်တယ်။
သူပြောတာက…
အသက်ကြီး
အိုမင်းလာတဲ့ဖြစ်စဉ်ကို တိုက်ခိုက်ရာမှာ အခက်အခဲကတော့ ကျွန်မတို့ အသက်(၂၅)နှစ် အရွယ်မှာ
ခန္ဓာကိုယ်က စပြီး ယိုယွင်းလာတယ်လို့ အပြောခံရတာပါပဲ။ အဲဒါက လွယ်ကူတယ်လို့ ကျွန်မ မပြောနိုင်ပါဘူး။
များသောအားဖြင့် နာကျင်ပါတယ်။ ရှင်တို့ ငယ်ရွယ်နုပျိုချင်တယ် ဆိုရင်တော့ ဖြတ်လမ်း မရှိပါဘူး။
ကောင်ြး့ပီ..
ရှင်တို့မြင်သလိုပဲ
ကျွန်မက လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့် အသက်အရွယ် အိုမင်းမှုကိုထိန်းသိမ်းတယ်။ ဒါပေမဲ့
ကျွန်မ မထိန်းချုပ်နိုင်တဲ့ ကြောက်နေတဲ့အရာ တစ်ခုရှိတယ်။ ဒါကိုကြည့်ပါ ဆိုပြီး သူ့လက်က
အရေပြားကို ဆွဲဆန့်ပြီး ပြန်လွှတ်ပြတယ်။ အရေပြားက ချက်ခြင်း နဂိုနေ ပြန်မရောက်သွားပါဘူး။
နဂိုနေပြန်ရောက်ဖို့ လိပ်လိုပဲ နှေးကွေးတယ်။
အသက်အရွယ် အိုမင်းမှုသက်ရောက်ခြင်းဟာ
အပေါ်ယံလောက်ပဲ မဟုတ်ပါဘူး။ဒီနေ့ခေတ်မှာ ဂျီလီယန် ဟာ ကြာပြီဖြစ်တဲ့ တင်ပါးဆုံအရိုးဆစ်တွေနဲ့
ကနိုင်ပါသေးတယ်။ ပုံမှန်လေ့ကျင့်ခန်းက ခင်ဗျားကို နည်းနည်း ပိုကြာအောင် အသက်ရှည်ဖို့
ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ထာဝရ ငယ်ရွယ်နေစေဖို့ကတော့ ဒီ့ထက်ပိုပြီး လိုပါတယ်။ အဲဒီ
လိုအပ်တဲ့ အရာတစ်ခုကို ပိုင်ဆိုင်တယ်ဆိုတဲ့ လူတစ်ယောက်ကတော့..
ဒေါက်တာ
ရွန်လိဆီပါ။ သူက အသက်မကြီးတဲ့ဆေးကို ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။ သူ့ရဲ့ ကုသမှု အစီအစဉ်က
နှေးကွေးစေမယ်လို့ သူ ယုံကြည်နေပါတယ်။ အသက်ကြီးတဲ့ဖြစ်စဉ် ဖြစ်တာတောင်မှ သူ့အသက်က
(၅၀)အထက် ရှိနေပါပြီ။ သူက သူ့ဘာသာ ရပ်တည်နေတာပါ။ သူပြောတာက...
" လွန်ခဲ့တဲ့ ငါးနှစ်လောက်ကစပြီး
အကျိုးရလဒ်အများကြီးကို သတိထားမိတယ်။ ကျွန်တော့်မှာ ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို ပြန်ရတယ်။
သာမန်မဟုတ်တဲ့ ဝတာကနေ ပေါင်(၆၀)လောက် ကျသွားတယ်။ ကျွန်တော့်ရဲ့ ခုခံစွမ်းအားစနစ်က ပိုကောင်းမွန်စွာ
အလုပ်လုပ်လာတာ ထင်ရှားပါတယ်။ အလုပ် ပျက်ဖို့ နေမကောင်းတဲ့ နေ့တွေအတွက် စိတ်ပူစရာမလိုတော့ဘူးလေ၊
ကျွန်တော့်ရဲ့ ဆိုးရွားတဲ့ ကိုလက်စထရော ဓာတ်တွေဟာ အခု ပုံမှန်ဖြစ်နေပါပြီ။ ကျွန်တော့်ရဲ့
ကောင်းမွန်တဲ့ ကိုလက်စထရော ဓာတ်ဟာ ကျဆင်းရာကနေ ကောင်းမွန်တဲ့ ကျန်းမာရေးပုံစံကို ရနေပါပြီ။
" လို့ ဆိုပါတယ်။
ဒိုင်ယန်ဟာ
ဒေါက်တာလိဆီရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်ပါတယ်။ သူ့အသက်(၅၆)နှစ်မှာ သူမဟာ အသက်ကြီးမှုကို
ဆန့်ကျင်ဖို့ လက်မလျှော့ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမပြောတာက...
" ကျွန်မရော ရှင်တို့အားလုံး
သဘာဝတရားကြီးကို တိုက်ခိုက်သင့်တယ် " လို့ ယုံကြည်တဲ့သူပါပဲ။ " မှန်ကန်စွာ
စားသုံးမယ်ဆိုရင်၊ နောက်ပြီး မှန်ကန်စွာ လေ့ကျင့်ခန်းလုပ်မယ် ဆိုရင် အသက်(၅၀)အရွယ်မှာ
ကျွန်မ အုတ်နံရံကိုတောင် ဝင်ဆောင့်ရဲတယ် " တဲ့။ သဘာဝတရားကြီးကတော့ ပြောတယ်။ အဲဒါတွေက
မင်းအတွက် ငါ စီစဉ်ထားတဲ့ အစီအစဉ်တွေ မဟုတ်ဘူးတဲ့။
"
ကျွန်မဆီမှာ ကျရောက်ဖြစ်ပျက်နေတဲ့ အရာအားလုံးကို မတွန်းလှန် မတိုက်ခိုက် နိုင်ပါဘူး။
ကျွန်မ နားမလည်နိုင်တဲ့ အရာအများစုက အသက်အရွယ် အိုမင်းခြင်းနဲ့ ပတ်သက်ပါတယ်။ ဆိုးဆိုးရွားရွား
ကျောကုန်းမှာ နာကျင်တာ၊ ပြင်းပြင်းထန်ထန် နာကျင်တာ။ ခြေထောက်တွေမှာ ကြွက်တက်တာတွေပေါ့။"
အသက်အရွယ် အိုမင်းခြင်းကို
တိုက်ခိုက်တဲ့စစ်ပွဲမှာ ဒိုင်ယန်ရဲ့ အဓိက လက်နက်ကတော့ လူသားဖွံ့ဖြိုးရေး ဟော်မုန်းလို့
ခေါ်တဲ့အရာပဲ ဖြစ်ပါတယ်။ လူသားတွေ အနည်းငယ် ကြီးကောင်ဝင်လာစ အချိန်မှာ ခန္ဓာကိုယ်တွေဟာ
ကြီးထွားရေးဟော်မုန်းတွေကို အများကြီး လှုပ်ရှားထကြွစေပါတယ်။ အဲဒါက ထူးခြား ဆန်းကြယ်စွာ
တည်ဆောက်မှုတွေနဲ့ တစ်သျှူးတွေ ပြုပြင်ရာမှာ ကူညီပေးပါတယ်။ အသက် (၂၅)နှစ်အရွယ်မှာ အထွတ်အထိပ်ကိုရောက်ပြီး
ပြန်လည်ကျဆင်းလာပါတယ်။ ကျွန်တော်တို့ အသက် ကြီးတဲ့အချိန် ရောက်တဲ့အခါ ကျွန်တော်တို့
ခန္ဓာကိုယ်က နည်းနည်းပဲ အလုပ် လုပ်နိုင်ပါတော့တယ်။
ဒိုင်ယန်က
သူမရဲ့အသက် (၂၅)နှစ်အထိ ရောက်တဲ့ပုံစံဖြစ်အောင် ကြီးထွားရေးဟော်မုန်းတွေ ထိုးသွင်းပါတယ်။
အဲဒါကို တစ်နေ့မှာ နှစ်ကြိမ်ထိုးရပါတယ်။ အဲဒါက သူမကို တစ်လ ဒေါ်လာ (၁၀၀၀)ကျော် ကုန်ကျစေပါတယ်…
" ကျွန်မကိုယ် ကျွန်မ
လူသား ကြီးထွားရေး ဟော်မုန်းထိုးသွင်းတဲ့ ပထမနေ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ကျွန်မက
နာရီတစ်လုံးလို ခံစားရတယ်။ ရှင်တို့မှာ နာရီရှိရင် ခွေးသွားစိတ်တွေနဲ့ အနောက်ဖက်မှာ
အလုပ်လုပ်နေတဲ့ စက်ယန္တရားတွေကို တွေ့နိုင်တယ်။ အဲဒီအရာအားလုံးဟာ လားရာ တစ်ခုတည်းကို
ဦးတည်နေသလို အရာအားလုံးဟာ အတူတူ ရပ်နေတယ်။ ပြီးတော့ တခြား လားရာဘက်ကို အတူတူသွားတယ်။
အဲဒါက ငယ်ရွယ်စဉ်အချိန်ကို ပြန်ရောက်တယ် "
ဒိုင်ယန်ရဲ့ နေ့စဉ် ဆေးထိုးမှုက အသက်ကြီး ရင့်လာတဲ့ ရောဂါလက္ခဏာကို ပြောင်းလဲရာမှာ
ကူညီပေး ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က ပိုနေတဲ့ အလေးချိန်တွေကို လျှော့ပေးပြီးတော့ပေါ့။
ကြီးထွားရေးဟော်မုန်းတွေရဲ့ ပိန်သွယ်စေတဲ့ ရေတို့သယ်ဆောင်မှုဟာ ဆရာဝန်တွေအတွက် နာမည်ကြီး ပါတယ်။
လူနာကတစ်ဦး ဦးနှောက်အမြှေးရောင် ရောဂါရှိပါတယ်။ အဲဒါက
သူ့ကိုယ်မှာ ကြီးထွားရေးဟော်မုန်းတွေ ထုတ်လုပ်ပေးတာကို ရပ်တန့်စေပါတယ်။ အဲဒီလူနာကို
ဒိုင်ယန်က သူလုပ်ထားတဲ့ ကြီးထွားရေးဟော်မုန်းတွေ ပေးပါတယ်။ အဲဒီလူနာဟာ ဒိုင်ယန်နဲ့တူညီတဲ့
ပမာဏအထိ အဆီတွေ လျှော့ချနေပါတယ်။ သူဟာ ဟော်မုန်းကျွမ်းကျင်သူ ပါမောက္ခ စတီဖန်ရှလက် ရဲ့
လက်ထဲမှာပါ။ အဲဒီဟော်မုန်းပေးပြီးနောက် စတီဖန်ရှလက် ပြောတာက... " သူ့ ခန္ဓာကိုယ်မှာရှိတဲ့
အဆီတွေက အလွန်များပြားစွာ လျော့ကျသွားပါတယ်။ ပြီးတော့ ကြွက်သားတွေရဲ့ ပမာဏကလည်း သိသာ
ထင်ရှားစွာ တိုးလာပါတယ်။" ကြီးထွားရေးဟော်မုန်းတွေကို ထိုးသွင်းပြီး (၆)လကြာတဲ့အခါ
အဆီတွေအများကြီး ကြီးထွားလာပါတယ်။ အဲဒီ ကြီးထွားရေးဟော်မုန်းက အံ့သြစရာကောင်းတဲ့ ဆေးဖြစ်မလား။
သက်တမ်းကြာရှည်တဲ့ လူသားကို တည်ဆောက်ရာမှာ အဓိကသော့ချက်ပေါ့။ ကြီးထွားရေး ဟော်မုန်းတွေ ကို
ပေးထားတဲ့နာမည်တစ်ခုက နုပျိုဆေးလို့ အမည်ပေး ထားတာဟာ ကံဆိုးရှာလို့ပဲထင်ပါတယ်။
ဒေါက်တာစတီဖန်ရှလက်က " ကြီးထွားရေးဟော်မုန်းက
ကြာရှည်တဲ့ဘဝအတွက် ကုသ ပေးနိုင်တယ် ဆိုတာ ဓမ္မဓိဌာန်ကျတဲ့ သက်သေမရှိပါဘူး။ ခင်ဗျား အထက်တန်းအရွယ်မှာ
ကြီးထွားရေးဟော်မုန်းကို သုံးရတာ အန္တရာယ်တစ်ခုရှိပါတယ်။ အဲဒါက ကင်ဆာရောဂါပါ။ ကြီးထွားရေး
ဟော်မုန်းတွေက ကင်ဆာဆဲလ်တွေကို လျင်မြန်စွာ ပျံ့နှံ့စေဖို့ အားပေးပါတယ်။ တစ်ဦး တစ်ယောက်ချင်း
ကင်ဆာရောဂါ ဖြစ်နိုင်ချေဟာ ကောင်းကျိုး ရရှိနိုင်တဲ့ အလားအလာဘက် ပိုများနေပါတယ်။ ဒါကြောင့်
ဒါဟာ လုံးဝ မသင့်တော်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ မသွားသင့်တဲ့ လမ်းတစ်ခုပေါ့
" ဟု ဆိုပါသည်။ ဒိုင်ယန်ကတော့…
"
ကျွန်မ စဉ်းစားပြီးပြီ ရလာတဲ့အကျိုးရလဒ်ကတော့ ရှင်တို့သိလား၊ ကျွန်မ ဘာမှ မဆုံးရှုံးဘူး၊
အရာအားလုံး ရရှိပါတယ်၊ အရမ်းကိုကောင်းတယ်။ နောက် အနှစ်(၁၀၀)က ကျွန်မအတွက် ဘာတွေ ယူလာမလဲဆိုတာ
ကြည့်ချင်ပါတယ် " ဟု ဆိုသည်။
ဒိုင်ယန်အသက်(၁၅၀)နေရမယ်ဆိုတာ
မဖြစ်နိုင်ချိန်မှာ ဖြစ်နိုင်တဲ့ တိရိစ္ဆာန်တချို့တော့ ရှိနေပါတယ်။
ဟားဒီးရက်လို့ခေါ်တဲ့ ကမ္ဘာလိပ်ကြီးလို
သတ္တဝါမျိုးပေါ့။ သူ့အသက်က နှစ်(၁၇၀) ကျော်သွားပါပြီ။ အဲဒါက သူ့ကို ကမ္ဘာပေါ်မှာ အသက်အကြီးဆုံး
သတ္တဝါဖြစ်စေပါတယ်။ သူက ဗစ်တိုးရီးယား ဘုရင်မကြီး မဖြစ်ခင် မွေးဖွားခဲ့တာပါ။ ချာရာဝင်ဟာ
ရေကြောင်းခရီးကနေ ဂါလာပါကျွန်းကို ရောက်လာတဲ့အခါမှာ သူ့အသက်က (၅)နှစ် ရှိနေပါပြီ။ ဟားရစ်က
နတ်ဘုရား ဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ သူ့ရဲ့အသက်ရှင်မှုဟာ အဲဒီ တိရိစ္ဆာန်တွေဟာ အိုမင်းမှုကို
ကာကွယ်ရာမှာ ကျွန်တော်တို့ထက် အောင်မြင်ကြောင်း သိသာပါ တယ်။ မေးခွန်းကတော့ အိုမင်း ရင့်ရော်မှုကို
ဘယ်လိုမျိုး ကာကွယ်တာပါလဲ...?
သဲလွန်စတွေကတော့
ဝေငှခဲ့တဲ့ ဘိုးဘေးတွေထဲမှာ ပါဝင်ပါတယ်။ ဟိုအရင်တုန်းက ရှိခဲ့တဲ့ တစ်ကောင်ကြောင့်ပေါ့။
လွန်ခဲ့တဲ့နှစ်ပေါင်း
(၂၀၀၄၀၀၀)ခန့်က ကမ္ဘာပေါ်မှာ သက်ရှိတွေဖြစ်လာတဲ့အခါ ကမ္ဘာကြီးက ထူးခြား ပျော့ပျောင်းသွားပါတယ်။
မီးတောင်တွေဟာ အသက်ဝင်နေတယ်။ လေထုထဲကို ကာဗွန် ဒိုင်အောက်ဆိုဒ်နဲ့ ဆာလ်ဖာဘရောနစ်တွေကို
မှုတ်ထုတ်နေတယ်။ အဲဒီ ဓာတ်ငွေ့တွေက ကောင်းကင်ကို အနီရောင် ပြောင်းစေ မှာပါ။ အဲဒီအချိန်
စိမ်းပြာရောင်ရေညှိက ကမ္ဘာပေါ်မှာ စိုးမိုးခြယ်လှယ်နေပါတယ်။ သူတို့ဟာ နေဆီကနေ စွမ်းအင်ကို
အသုံးပြုပြီး အစားအစာတွေ ပြုလုပ်ဖို့ လေထုထဲက ဓာတ်ငွေ့တွေ နဲ့ ပေါင်းစပ်ပါတယ်။ ဒါပေမဲ့
သူတို့ ကမ္ဘာပေါ်ပျံ့နှံ့တဲ့အခါ ဒီရေညှိတွေက ဓာတ်ငွေ့အသစ်ကို ထုတ်လွှတ် ပေးပါတယ်။ အဲဒါကတော့
အောက်ဆီဂျင် ပါပဲ။ ပမာဏ ဘာမှ မရှိရာကနေ လေထုထဲမှာ တဖြည်းဖြည်း (၂၀)ရာခိုင်နှုန်းအထိ
မြင့်တက်လာပါတယ်။ ပြီးတော့ ကောင်းကင်ကြီးက အပြာရောင် ပြောင်းသွားပါတယ်။ ဒါပေမဲ့ အစောပိုင်းက
သက်ရှိတွေအတွက်ကတော့ အောက်ဆီဂျင်က အန္တရာယ်ပါပဲ။ ဘာလို့လဲဆိုတော့ အောက်ဆီဂျင်က ပေါက်ကွဲပြီး တုန့်ပြန်မှုဖြစ်တဲ့ ဓာတ်ငွေ့ပါ။
အဲဒါက
ဘယ်လောက် အန္တရာယ်များတယ်ဆိုတာ သိတဲ့ သူတစ်ယောက်ကတော့ မီးရှူးမီးပန်းပညာရှင် မယ်ကွန်အန်းစတောင်း
ပါ။ အောက်ဆီဂျင်က ကမ္ဘာပေါ်မှာ တုန့်ပြန်မှု အပြင်းထန်ဆုံး ဓာတ်ငွေ့ပါ။
ဓာတုပေါက်ကွဲမှုတွေက ပစ္စည်း(၂)ခုဖြစ်တဲ့
အောက်ဆီဂျင်နဲ့ လောင်စာဆီ ပေါင်းစပ်ပါတယ်။ ဒီနေရာမှာ မယ်ကွန်ဟာ ပြွန်တစ်ခုကို လောင်စာဆီ
နည်းနည်းဖြည့်ထားပါတယ်။ ပြီးတော့ မီးရှို့စမ်းသပ်ကြည့်တော့ အနည်းငယ်သာ ပေါက်ကွဲပါတယ်။
နောက်တစ်ကြိမ်မှာတော့တူညီတဲ့ လောင်စာဆီကိုသုံးပြီး အောက်ဆီဂျင်
ကို အဆ(၃၀၀)ထည့်ပြီး
စမ်းသပ်ကြည့်တဲ့အခါမှာတော့ ပြင်းထန်စွာ ပေါက်ကွဲခဲ့ပါတယ်။ အောက်ဆီဂျင်က အန္တရယ် များပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်း(၂၀၀၀)လောက်တုန်းက အောက်ဆီဂျင်ဟာ
လူနဲ့ ထိမိတဲ့သက်ရှိ အများစုကို သတ်ပစ်ပါတယ်။ ဒါပေမဲ့ ပိုးမွှားတစ်ကောင်ကတော့ ဒီပေါက်ကွဲမှုကကျတဲ့
ဓာတ်ငွေ့ရဲ့စွမ်းအားကို အသုံးချနိုင်ခဲ့တယ်။ အဲဒီအကောင်ကို Mitochondria လို့ ခေါ်ပါတယ်။
Mitochondria တစ်ခုချင်းစီက စွမ်းအင် ဌာနတွေကို သေးစေတဲ့အရာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်လာတဲ့
အရာကတော့ ကမ္ဘာပေါ်မှာ သက်ရှိ သမိုင်းအတွက် အရေးအကြီးဆုံး အဆင့်တွေပါပဲ။ အဲဒါက ကျွန်တော်တို့
ဘာ့ကြောင့် အသက်ကြီးရတယ် ဆိုတဲ့ အရေးကြီးဆုံး သဲလွန်စတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဆယ်စုနှစ်မှာ ဆဲလ် အများကြီးက တပ်ဖွဲ့တွေ တည်ဆောက်ထားပါတယ်။ အလွန်သေးငယ်တဲ့ စွမ်းအားအပင်
Mitrochondria တစ်ခုက တခြား ရှေးကျတဲ့ ဆဲလ်တွေရဲ့ စုပ်ယူခြင်းကို ခံရပါတယ်။ ကမ္ဘာလောက
သက်ရှိဘဝဟာ ထာဝရ ပြောင်းလဲသွားပါတယ်။ ဒီနေ့ခေတ်မှာတော့ Mitochondria ဟာ သက်ရှိသတ္တဝါတွေရဲ့
ဆဲလ်တိုင်းမှာ နေထိုင်ပါတယ်။
မော်လီကျူးဆိုင်ရာ
ဇီဝဗေဒကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်က…
" ကျွန်တော်တို့နဲ့
ဒီ သက်ရှိသတ္တဝါတွေနဲ့ အစောပိုင်းဆက်ဆံရေးကို သဘောကျပါတယ်။ လူအများစုက Mitochondria
ဆိုတဲ့ စကားလုံးကို မကြားဖူးကြပါဘူး။ အခုချိန်အထိ ဒီစကားလုံးတွေကို စဉ်းစားနေတဲ့ ကျွန်တော့်ဦးနှောက်ထဲက
ဆဲလ်တွေနဲ့ အဲဒါတွေကို ဖွဲ့စည်းရမှာက ကူညီနေတဲ့ ကျွန်တော် တစ်ယောက်ထဲကသာ သူတို့ရဲ့စွမ်းအင်တွေကို
Mitochondria ကနေ ရပါတယ်။"
ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိ သတ္တဝါတိုင်းမှာ သူတို့ရဲ့ဆဲလ်တွေထဲမှာ
Mitochondria ရှိလာပါတယ်။ အဲဒါဟာ ကျွန်တော်တို့က သဘာဝဘဝကို အားဖြည့်ပေးတဲ့ စွမ်းအား
အပင်တွေပါပဲ။ ဒီရှေးကျတဲ့ ဗက်တီးရီးယားတွေက နေရာအနှံ့ ရှိလာပါတယ်။ လေဆာရောင်ခြည်နဲ့
ကြည့်ရှုတဲ့ အနုကြည့်မှန်ပြောင်း ဟာ ကျွန်တော်တို့ သုတ်ကောင်တွေကို Mitochondria တွေက
ဘယ်လို တစ်ကောင်ချင်း စွမ်းအားပေးလဲဆိုတာ ပထမဆုံးအကြိမ် သိစေပါတယ်။ သူတို့ရဲ့အမြီးလေးတွေက
ပိုပြီးကောက်လာ ပါတယ်။ အဲဒီမှာ သားဥဆီ သွားဖို့နေရာမှာ တွန်းပို့နေပါတယ်။ အဲဒါဟာ ဥတွေနဲ့
ဇာတ်လမ်းက အတူတူပါပဲ။ သားဥအိမ်ဆိုတဲ့ မမျိုးဥတွေ ကလဲ Mitochondria တွေနဲ့ ဖွဲ့စည်းထားပါတယ်။
အဲဒါဟာ လေဆာရောင်ခြည်အောက်မှာ နေရောင်လို တောက်ပနေပါတယ်။
Mitochondria ဟာ လူသားတစ်ဦး တည်ဆောက်ပေးနိုင်ဖို့အတွက်
အဓိက အားပေးတဲ့ စွမ်းအား အရင်းအမြစ်ကြီးပါ။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုတိုင်းကို သူတို့က
စွမ်းအား ပေးပါတယ်။ အသက်ရှူ လိုက်တိုင်းမှာ လိုအပ်တဲ့အောက်ဆီဂျင်ကို သယ်ဆောင်ပေးတယ်။
ဒါပေမဲ့ ကြီးမားတဲ့ ကုန်ကျမှုတော့ ရှိတယ်။ ကျွန်တော်တို့ ရှူလိုက်တဲ့ လေထုနဲ့အတူ ကျွန်တော်တို့ကို
အသက်ပေးတဲ့ အောက်ဆီဂျင်က တဖြည်းဖြည်း သတ်နေပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အောက်ဆီဂျင်က
ပေါက်ကွဲရုံတင်မဟုတ်ပါဘူး အဲဒါက ကပ်ငြိ နေပါတယ်။ အောက်ဆီဂျင်က ခန္ဓာကိုယ်ထဲကအရာနဲ့ ထိတွေ့
ဓာတ်ပြုပြီးနောက် ချေး (ဂျီး)အဖြစ် ပြောင်းလဲသွားပါတယ်။ ဥပမာ သံချောင်းဟာ အောက်ဆီဂျင်ကြောင့်
သံချေး တက်ပြီး ပျက်စီး သွားတာပါ။ ပြီးတော့ အောက်ဆီဂျင်က သတ္တုတွေကို ဒီလိုဖြစ်အောင်
လုပ်နိုင်ရင် ခင်ဗျားကိုယ်ထဲမှာရော ဘာဖြစ်နိုင်လဲဆိုတာ တွေးကြည့်စမ်းပါ။
ကျွန်တော်တို့က
အောက်ဆီဂျင် (၂၀)ရာခိုင်နှုန်းနဲ့ ရှင်သန်နေတယ်ဆိုတာ မယုံနိုင်စရာ ပါပဲ။ ကျွန်တော်တို့
အသက်ရှူတယ်၊ အောက်ဆီဂျင်ကို မှီခိုနေရတယ်။ ပြီးတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက အောက်ဆီဂျင်ဟာ
ခန္ဓာကိုယ်ကို ပျက်စီးစေတယ်။ သူကအတွင်းမှာ လှိုက်ပြီး စားနေတာပါ။ ဒါက ကျန်းမာရေးအတွက်
အရမ်း သတိထားရမဲ့ အရာပါပဲ။ အဲဒါ အောက်ဆီဂျင်ကပ်ငြိမှု တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။
ဒါတွေက ဘေးထွက် ပစ္စည်းတွေပါ။
Mitochondria က ခန္ဓာကိုယ်အတွင်းမှာ
ကျွန်တော်တို့ ရှူလိုက်တဲ့အောက်ဆီဂျင်ကို အသက်ရှင်သန်ဖို့ အတွက် စွမ်းအင်အဖြစ် ပြောင်းလဲသွားစေတယ်။
ဒါပေမဲ့ အားလုံးကိုတော့ မဟုတ်ပါဘူး။ တချို့အောက်ဆီဂျင် တွေက ဖရီးရယ်ဒီကယ်အဖြစ် အဆင့်နိမ့်သွားပါတယ်။
အဲဒါတွေက ပေါင်းစပ်မှု မရှိတော့သလို စွမ်းအားပြင်းပြီး အန္တရယ်များပါတယ်။ Mitochondria
တွေက ဂြိုလ်သားတွေလို မကောင်းဆိုးဝါးပါပဲ။ ကျွန်တော်တို့ Mitochondria တွေဆီကနေ စွမ်းအားရတယ်၊
ပြီးတော့ ကျွန်တော်တို့ အသက်တွေကြီးလာတယ်။
Mitochondria
တွေဟာ နျူကလီးယား စက်ရုံတွေလိုပါပဲ။ စွမ်းအင်တွေ အရမ်းပေါများတယ်။ ဒါပေမဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း
များပါတယ်။ ဖရီးရယ်ဒီကယ်တစ်ခုဟာ ခန္ဓာကိုယ်အနှံ့က ဘယ်ဆဲလ်ကိုမဆို ထိခိုက်စေနိုင်ပါတယ်။
အဆိုးဆုံးကတော့ သူကဆဲလ်တိုင်းရဲ့ အလည်ဗဟိုမှာရှိနေပြီး မျိုးရိုးဗီဇကို တိုက်ခိုက်နေပါတယ်။
ဒါဆို
ကျွန်တော်တို့ အသက်ကြီးလာတယ်လို့ သိထားတဲ့ အတွင်းပိုင်းတိုက်ပွဲတွေကြောင့် ဆွေးမြည့်
ပျက်စီးလာခြင်းကို ဘယ်လို သက်သေပြမလဲ..?
ပြစ်မှုဆိုင်ရာ
ရောဂါဗေဒပညာရှင် ဒစ်ရှက်ဟက် က ဖရီးရယ်ဒီကယ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အသက်ရှူတိုင်းမှာ
အောက်ဆီဂျင်ရဲ့ လက္ခဏာကို တွေ့ခဲ့ပါတယ်။
" ကျွန်တော်တို့ လေ့လာသမျှလူတိုင်း
အောက်ဆီဂျင်ကြောင့် ထိခိုက်မှုကို တွေ့ရတယ် အဲဒါက ဆဲလ်အဆင့်မှာရှိနေတယ်။ ဒါကို ကျွန်တော်တို့
ဦးနှောက်၊ နှလုံးနဲ့ အဆုတ်နေရာတွေမှာ သာမန်မျက်လုံးနဲ့ မြင်နိုင်တယ်။ " ဟု ပြောသည်။
အဆုတ်က
အောက်ဆီဂျင် ပထမဆုံး ရောက်လာတဲ့နေရာပါပဲ။ အောက်ဆီဂျင်က နေရာ ကျဉ်းကျဉ်းလေး တွေကို ဖြတ်သွားတယ်။
အဲဒီက သွေးစီးချောင်းထဲမှာ ဆဲလ်တစ်လွှာပဲရှိတယ်။ ဒါပေမဲ့ အဲဒီဆဲလ်တွေဟာ အောက်ဆီဂျင်ကို
သယ်ယူပို့ဆောင်ပေးတဲ့ အရာတွေပဲဖြစ်ပါတယ်။ သာမန် အဆုတ်တစ်ခုဟာ မျက်နှာပြင်က ချောမွေ့နေပြီး
သွေးကြောကြီးတွေက အလယ်မှာဆုံတယ်။ အပေါက်မရှိပဲ မျက်နှာပြင် ညီညာတယ်။ စီးကရက် သောက်ခြင်းက
အဆုတ်ထဲမှာရှိတဲ့ ဆဲလ်တွေကို ပျက်စီးစေသလို ဆိုးဝါးမှုကို ပြောင်းလဲစေပါတယ်း။ စီးကရက်မီးခိုးတွေက
များပြားလာပြီး ဖရီးရယ်ဒီကယ် ပမာဏကို တိုးပွားလာစေပါတယ်။ အဲဒါက ကင်ဆာနဲ့ အခြား အဆုတ်ရောဂါတွေကို
ဖြစ်စေနိုင်ပါတယ်။ ဖရီးရယ်ဒီကယ်တွေကြောင့်
အဆုတ်တစ်သျှူးတွေကို ပျက်စီးစေပြီး နှလုံးမှာဖြစ်တဲ့ နှလုံးသွေးကြော ကျဉ်း ရောဂါလိုမျိုးလည်း
ဖြစ်တတ်ပါတယ်။ သွေးကြောကျဉ်း ရောဂါတွေက ကမ္ဘာ့နံပါတ်တစ် လူသတ်သမားပါပဲ။
တွက်ချက်မှုအရ သွေးက အောက်ဆီဂျင်နဲ့
ဖရီးရယ်ဒီကယ်တွေကို ခန္ဓာကိုယ်အနှံ့ သယ်ဆောင်သွား ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးကြောနံရံလေးတွေကို
ထိခိုက်လာစေပါတယ်။ အဲဒါက ကိုလက်စထရောနဲ့ ပူးပေါင်းသွားပြီး အဓိက သွေးလွှတ်ကြောမှာ ဖြစ်တတ်ပါတယ်။
ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆီက ဓာတ်တိုးလာပြီး ထောပတ်လို အလွှာတွေ ဖြစ်လာတယ်။ အဲဒါတွေ
များလာတာနဲ့အမျှ သွေးကြော နံရံတွေကို အားနည်းလာ စေပါတယ်။
ကျွန်တော်တို့ အသက်(၂၀)လောက်မှာ အဆီတွေ စ စုတယ်။ ဒါက
အနှစ်(၄၀) ဒါမှမဟုတ် ဆိုးကျိုး မဖြစ်ခင်အထိ မြင်သာလာတယ်။ ဦးနှောက်က ခန္ဓာကိုယ်ရဲ့
(၂)ရာခိုင် နှုန်း အလေးချိန်ရှိပါတယ်။ အောက် ဆီဂျင် ကိုတော့ (၂၀)ရာခိုင်နှုန်းလောက် လိုအပ်တယ်။
ဒါကြောင့် အသက်ကြီးလာချိန်မှာ စိတ်ဖောက်ပြန်မှု ဖြစ်မှာ စိုးရိမ်ရတယ်။ ပြီးတော့ ဦးနှောက်ဆဲလ်တွေ ဟာ
အောက်ဆီဂျင်ရဲ့ ဘေး ထွက်ဆိုးကျိုးဒဏ်ကို မခံနိုင်ပါဘူး။ ဦးနှောက်သေးသေးလေးကလဲ
Mitochondria တွေနဲ့ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဦးနှောက်ရဲ့ စွမ်းအင်လိုအပ်မှုကြောင့်
ဖြစ်ပေါ်လာတဲ့ ဖရီးရယ်ဒီကယ်တွေက Mitochondria တွေကို သတ်ပစ်ပါတယ်။ အဲဒီတော့ အဲဒီ စွမ်းအင်စက်ရုံငယ်လေးတွေ
တစ်ခုချင်းစီက ဘက်ထရီအားနည်းလာသလို ဖြစ်ရပါတယ်။ အဲဒီအခါ မှတ်ဥာဏ်တွေ စတင် ချို့ယွင်းလာပါတယ်။
ပြီးတော့ အတွေးတွေ ရှုပ်ထွေးလာပါတယ်။ ဦးနှောက်ကို ခွဲခြင်းလေ့လာတဲ့အခါမှာ ပြောင်းလဲမှုကို
တွေ့နိုင်ပါတယ်။
ကျွန်တော်တို့ ဦးနှောက်မှာ ဖရီးရယ်ဒီကယ်ကြောင့်ဖြစ်တဲ့
ထိခိုက်မှုကို သေချာ မြင်နိုင်ပါတယ်။ တချို့ ဦးနှောက်တွေက လှုပ်ရှားမှုကို ထိန်းချုပ်တဲ့ဆဲလ်မှာ
အများဆုံးဖြစ်နေတာ တွေ့ရတယ်။ ပုံမှန်ဦးနှောက် မှာက အရမ်း မည်းနေတဲ့ လိုင်းတွေရှိပါတယ်။
ပုံမှန်မဟုတ်တာကတော့ အမည်းရောင်လိုင်းတွေ မထင်မရှား ဖြစ်သွားပါတယ်။ အဲဒါတွေက ဖရီးရယ်ဒီကယ်တွေကြောင့်
ပျက်စီးသွားရတာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် အောက်ဆီဂျင်ရဲ့ ဆိုးကျိုးတွေကို သိနိုင်ပါတယ်။
ကျွန်တော်တို့ အသက်ကြီးလာ တယ်ဆိုတာ အံ့သြစရာ မရှိတော့ပါဘူး။ ဒါဆိုရင် ဘယ်အရာက ကျွန်တော်တို့ကို
ကျန်းမာစွာနဲ့ အသက်ရှည်စေ နိုင်မှာပါလဲ...?
အောက်ဆီဂျင်နဲ့ အိုမင်းမှုက လွန်ခဲ့တဲ့နှစ်(၁၀၀)က ပြုလုပ်ခဲ့တဲ့
သက်ရှိ စူးစမ်းလေ့လာမှုတွေကို ရှင်းပြ နိုင်ပါတယ်။ လေ့လာမှုမှာ အထူးသဖြင့် တိရိစ္ဆာန်တွေပေါ့။
တချို့တိရိစ္ဆာန်တွေက သူတို့ သက်တမ်း တစ်လျှောက်မှာ နှလုံးခုန်နှုန်းက သိန်း(၁၀၀၀)လောက်
ရှိပါတယ်။ ကြွက်စုတ်က လျင်မြန်စွာနဲ့ အသက်ရှင်တယ်။ ဒါပေမဲ့ သူ့နှလုံးက တစ်မိနစ်ကို
အကြိမ်(၅၀၀)ခုန်တယ်။ ဒါကြောင့် သူတို့က (၄)နှစ်အတွင်းမှာ သေဆုံးပါတယ်။ နောက် တစ်နည်းအနေနဲ့ပြောရရင်
ဆင်တွေက တစ်မိနစ်မှာ အကြိမ်(၃၀)နှလုံးခုန်ပါတယ်။
ပြီးရင် နှစ်(၈၀) လောက် ရှင်သန်ကြတယ်။ ပြီးတော့ လိပ်တစ်ကောင်ကတော့ နှလုံးခုန်နှုန်း
အရမ်းနှေးပြီးတော့ တဖြည်းဖြည်း ချင်းပဲ သွာနေပါတယ်။ ရှင်းပါတယ် ခင်ဗျား အလျင်လိုလေ
အောက်ဆီဂျင် ပိုလိုလေပါပဲ။ အဲဒီတဆက်ထဲ ဖရီးရယ်ဒီကယ်တွေ ပိုထုတ်လေပါပဲ။ ဖရီးရယ်ဒီကယ်များလေ
ပိုပြီး ထိခိုက်လေပါပဲ။ ဖရီးရယ်ဒီကယ်က ကျွန်တော်တို့ကို အသက်ကြီးစေတဲ့ အဓိက တရားခံသာဖြစ်မယ်ဆိုရင်
ကျွန်တော်တို့ ဖရီးရယ်ဒီကယ်ပမာဏကို လျှော့ချဖို့ နည်းလမ်းရှာရတော့မှာပါ။
မိုက်ကယ်ရန်း...
သူက လေ့ကျင့်နေပါတယ်။ ဒီလေ့ကျင့်ခန်းက သူ့ကို အသက်ရှည်နိုင်စေတယ်လို့
သူယုံကြည်နေပါတယ်။ သူ့လို ရေကူးကျွမ်းကျင်သူမျိုး ဘယ်မှာမှ ရှာမတွေ့နိုင်ပါဘူး။ သူဘယ်လိုမျိုး
ရှုံးနိမ့်သွားခဲ့ပေမယ့်လည်း ဘဝပြိုင်ပွဲမှာတော့ အနိုင်လိုချင်နေပါတယ်။ သူ့အသက်က (၄၂)နှစ်
ရှိပါပြီ။ ပြီးတော့ သူက ကျန်းမာပြီး အသက်ရှည်ချင်ပါသေးတယ်။ သူ့အစီအစဉ်က ကိုယ်ကာယ လေ့ကျင့်ခန်း မဟုတ်ပါဘူး။
အစားအသောက်နဲ့ပါ။ အထူးသဖြင့် သင့်လျော်တဲ့ အစားအစာက အိုမင်းမှုကို လျော့ကျစေ ပါတယ်။ ပြီးတော့
ရောဂါဖြစ်ပွားနှုန်းကိုလည်း လျှော့ချပေးပါတယ်။ အသက်(၆၀)၊ (၇၀)လောက်မှာဖြစ် တတ်တဲ့ဆေးမတိုးတော့တဲ့
ရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒီတော့ နောက်ပိုင်းမှာ သူ အသက် ရှည်ရှည်နေနိုင်အောင်
အစားအသောက်ကို ဂရုစိုက်ပြီး စားသောက်ပါတယ်။
မိုက်ကယ်က အိုမင်းခြင်းအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်
လေ့လာနေသူပါ။ ပြီးတော့သူက လွန်ခဲ့တဲ့(၃)နှစ်မှာ သီအိုရီတစ်ခု ထည့်သွင်းခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက
သူဟာ အသီးအရွက်ပဲ စားပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ အသီးအရွက်တွေက ဗီတာမင် A, C, E
ရဲ့ အရင်းအမြစ်ဖြစ်လို့ပါ။ အဲဒါတွေကို တစ်နည်းအားဖြင့်တော့ အင်တီအောက်ဆီးဒင့်လို့ ခေါ်ပါတယ်။
သူတို့က ဖရီးရယ်ဒီကယ်တွေကို တိုက်ဖျက်နေတာပါ။
ဒါပေမဲ့ အသီးအရွက်တွေကိုပဲ ချဉ်းကပ်နေရုံနဲ့ အသက်မရှည်စေနိုင်ပါဘူး။
ဒါကြောင့် မိုက်ကယ်ဟာ သူ့ကိုယ်တွင်းက ဖရီးရယ်ဒီကယ်တွေလျှော့ချဖို့ တခြားနည်းလမ်း ထပ်ရှာခဲ့ပါတယ်။
သူက အစာကို နည်းနည်းပဲ စားတယ်။ သူ့အဆို သောကြာနေ့ က အစားလျှော့စားဖို့ အကောင်းဆုံးနေ့ဟုဆိုပါသည်။
ဘာလို့ဆိုတော့ အဲဒီနေ့မှာ သူက ကလပ်ကိုသွားပြီး ဂိမ်းဆော့တတ်လို့ပါ။ အဲဒီအခါ ဗိုက်ဆာလာရင်
သူ ပန်းသီးတစ်လုံးပဲ စားပါတယ်။ မိုက်ကယ်က စစ်ဗျူဟာ ကျွမ်းကျင်သူတစ်ယောက်ပါ။ တခြား အကြောင်းအရာတွေကိုလည်း
သူလေ့လာနေပါတယ်။ သူက တစ်နေ့ကို ကယ်လိုရီ (၁၅၀၀)အောက်ပဲ စားပါတယ်။ ပြီးတော့ အစားအစာကပဲ
နည်းဗျူဟာမဟုတ်ပါဘူး။ ဒါက တစ်ဘဝလုံး အတွက်ဟု ဆိုပါသည်။ သူက အသီးအရွက်ကနေပဲ အဟာရကို
ရယူပါတယ်။ ဒါကြောင့် အဆီနည်းပါး မှုက ရောဂါဖြစ်ပွားခြင်းကို လျှော့ချပေးပါတယ်။ ဒါပေမဲ့
အစားလျှော့စားခြင်း က သူ့ကို အသက်ရှည်စေနိုင်မှာလား...?
ဒါဆိုရင်
ကျွန်တော်တို့ ကြွက်နှစ်ကောင်ကို စပြီး စမ်းသပ်ကြည့်လိုက်ပါ့မယ်။ ကြွက်တွေအတွက် အရာအားလုံးက
လျင်မြန်ပါတယ်။ မွေးစကနေ လအနည်းငယ်အတွင်းမှာပဲ အရွယ်ရောက်ပြီး (၂)နှစ်အတွင်းမှာပဲ သေဆုံးပါတယ်။
ဒါပေမဲ့ အမြဲတန်း မှန်တာတော့ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ ကြွက်နှစ်ကောင်ကို စမ်းသပ်နေပါပြီ။
စမ်းသပ်ပုံကတော့ တစ်ကောင်ကို ကြိုက်သလောက် စားခိုင်းပြီး စောင့်ကြည့်တော့ အဲဒီကြွက်
(၂)နှစ်သားမှာပဲ သေပါတယ်။
နောက်တစ်ကောင်ကိုတော့
သူစားနိုင်တာရဲ့ ကယ်လိုရီ တစ်ဝက်ကိုပဲ ကြွေးထားပါတယ်။ အဲဒီကောင် ကတော့ တက်ကြွပြီး ဥာဏ်ထက်မြက်ပါတယ်။
သူ(၃)နှစ်သားမှာမှ သေဆုံးပါတယ်။ လူသားအနေနဲ့ တွက်ချက် ကြည့်မယ်ဆိုရင် အဲဒါ နှစ်ပေါင်း
(၁၂၀)ကျော်ပါ။ ဒါက သိပ္ပံပညာအတွက် အရမ်းကို စိတ်လှုပ်ရှားစရာ အခြေအနေပါပဲ။ လွန်ခဲ့တဲ့နှစ်(၃၀)
လောက်မှာ သူတို့ နားလည်လိုက်တာက အစားအသောက်ကို ဘယ်လို ပြောင်းလဲမလဲ၊ ဘယ်လို အသက်ရှည်အောင်
နေမလဲ.. ဒါက အားလုံးကို ဖြစ်ပွားနိုင်ပါတယ်။ အသက် ကြီးလာခြင်း ဆိုတာကိုလည်း နားလည်လာတယ်။
အသက်အရွယ် ကြီးလာတာကိုလည်း ထိန်းချုပ်လာနိုင်တယ်။
နုပျိုနေမယ်၊ သွယ်လျလှပနေမယ်.. ကြွက်တွေမှာတော့
အလုပ်ဖြစ်တယ်။ လူတွေမှာရော အလုပ်ဖြစ်မလား...?
အစားအစာကို ချင့်ချိန်စားပြီး (၃)နှစ် အကြာမှာ မိုက်ကယ်ဟာ
သူ့ရဲ့ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို စစ်ဆေးပါတယ်။ အသက်အရွယ်ကြီးလာခြင်းကို လည်ပင်းမှာရှိတဲ့
သွေးလွှတ်ကြောတွေရဲ့ အထူကို တိုင်းတာခြင်းဖြင့် သိရှိနိုင်ပါတယ်။ အဲဒါကို အယ်ထရာဆောင်းရိုက်ရင်
အသံလှိုင်းတွေက ပုံဖော်ပေးပါတယ်။ မိုက်ကယ်ရဲ့ သွေးလွှတ်ကြောအထူကို တိုင်းကြည့်တော့ သွေးလွှတ်ကြောမှာ
ထူနေတယ်ဆိုတဲ့ လက္ခဏာကို မတွေ့ရပါဘူး။ အဓိက ပိတ်ဆို့မှုတွေက လည်ပင်းသွေးလွှတ်ကြောနေရာ မှာ
ရှိတတ်တာပါ။ မိုက်ကယ့်ဆီမှာတော့ ပုံမှန်အထူပဲရှိတာကို တွေ့ရပါတယ်။ အယ်ထရာဆောင်းနဲ့
ရိုက်ကြည့်လို့ ရလာတဲ့အဖြေက ကောင်းပါတယ်။ ဒီတော့ အစားအစာ ထိန်းချုပ်စားသောက်မှုက အကျိုးရှိတယ်ဆိုတာ
ကျိန်းသေပါတယ်။ အစားအသောက်ကို ထိန်းချုပ်စားသောက်ခဲ့လို့ မိုက်ကယ်ရဲ့သွေးကြောတွေက အရမ်းကောင်းနေပါတယ်။
အဲဒီလို ရလဒ်မျိုးက သူ့ထက် အသက်(၁၀)နှစ်လောက် ပိုငယ်တဲ့လူတွေဆီမှာပဲ တွေ့ရတာမျိုးပါ။
ပြီးတော့ သူက ခန္ဓာကိုယ် အလေးချိန်ကျအောင်လည်း ကြိုးစားနေပါသေးတယ်။ သူ့အရပ်က ၆-ပေရှိပေမယ့်
အလေးချိန်ကတော့ (၅၀)ကီလိုပဲရှိနေပါတယ်။ ပြောရရင်တော့ ပေါင်(၁၃၀)လောက်ပဲ ရှိပါတယ်။ ဒါတွေက
သူ့အရပ် အမြင့်နဲ့ ခန္ဓာကိုယ်အလေးချိန်ကို အချိုးချပြီး ပထမဆုံးအကြိမ် တိုင်းတာကြည့်ထားတဲ့
ရလဒ်ပါ။ ဒီတော့ ဆရာဝန်က သူ့ရဲ့ ခန္ဓာကိုယ်အညွန်းကိန်း အတော့်ကို နည်းနေကြောင်းနဲ့ သူ့ရဲ့
အရပ်အမြင့်မှာ ရှိသင့်တဲ့ ခန္ဓာကိုယ်အလေးချိန်ထက် နည်းနေကြောင်း ပြောပါတယ်။ သူ့ရဲ့ အစားအစာ
ထိန်းချုပ်မှုက သွေး လွှတ်ကြော တွေကို ကောင်းမွန်စေပေမယ့် အရိုးတွေအတွက်တော့ မကောင်းပါဘူး။
သူ့မှာက ကယ်လ်ဆီယမ် လိုအပ်နေပြီး လေ့ကျင့်ခန်းလုပ်ဖို့လည်း လိုအပ်နေတာကို ဆရာဝန် က ထောက်ပြပါတယ်။
နောက်ပြီး သူ့ရဲ့ အရိုး သိပ်သည်းမှုကို တိုင်းဖို့ ရိုက်ထားတဲ့ ဓာတ်မှန်ရဲ့ရလဒ်တွေအရ
မိုက်ကယ့်ရဲ့ အရိုးတွေက တင်ပါးနဲ့ ကျောရိုးနေရာတွေမှာ အရမ်း အားနည်းနေတာကို ပြနေပါတယ်။
အရိုးမှာတော့ အားနည်းမှုရှိနေတာက သိသာပါတယ်။ ဆိုရရင် အသက် (၄၂)နှစ်အရွယ် လူတစ်ယောက်ဆီက
ပုံမှန်မဟုတ်တာတွေ တွေ့နေရသလို ဖြစ်နေပါတယ်။ ဒါက သူ့လုပ်ရပ်ရဲ့ တိုးတက်မှုအတွက် အဓိကနေရာ
ဖြစ်နေပါတယ်။ အဲဒီတော့ ဆရာဝန်က သူ့ရဲ့ အရိုးတွေသာ ခိုင်ခံ့နေမယ်ဆိုရင် အသက်ရှည်နိုင်ပါတယ်လို့
ပြောပါတယ်။ ဒီတော့ မိုက်ကယ်က သူ့အနေနဲ့ ပုံမှန်လေ့ကျင့်ခန်းတွေ လုပ်ရမှာ လားမေးတော့..ဆရာဝန်က
သဘောတူပါတယ်။
အမြဲတမ်း ပိန်သွယ်နေဖို့က အရမ်းခက်ခဲပါတယ်။ ဒါပေမဲ့
ဘယ်သူမှ မသိတာကမိုက်ကယ့်လို အစား လျှော့စားရင် တခြားသူတွေလိုပဲ အသက်ရှည်မလား ဆိုတာပါ..
သို့သော်လည်း လူသားတွေက အစာကို အများကြီး စားကြတယ်။ လျင်မြန်စွာ လှုပ်ရှားကြတယ်။ ပြီးတော့
အချိန်ကြာကြာ ရှင်သန်ကြတယ်။ အသားတက်စေတဲ့အရာကတော့ တိရိစ္ဆာန်တွေလည်း ဒီလိုပဲ နေကြတယ်။
သတ္တဗေဒပညာရှင်
စတီဗင် အာစတပ် က တစ်ခုခုကို လိုက်ဖမ်းနေပါတယ်။ သူလိုက်ဖမ်းနေတဲ့ တိရိစ္ဆာန်ကတော့ ကြွက်လောက်ပဲရှိပါတယ်။
အဲဒါက နှစ်သုံးဆယ်လောက် အသက်ရှင်နိုင်ပါတယ်။ ပြီးတော့ သူတို့က အရမ်းမြန်တဲ့ သတ္တဝါတွေပါ။
အဲဒီသတ္တဝါတွေကတော့ လင်းနို့တွေပဲဖြစ်ပါတယ်။
ဘယ်အရာက လင်းနို့တွေကို
လျင်မြန်စေရတာလဲ...? အဲဒီလို လျင်မြန်စွာ သွားလာ လှုပ်ရှားဖို့အတွက် စွမ်းအင်တွေက အရမ်းကုန်ပါတယ်။
လင်းနို့တွေဟာ နားနေတဲ့အချိန်မှာတော့ ပုံမှန်စွမ်းအင်ကိုသုံးပြီး သူတို့ပျံတဲ့အခါမှာတော့
အားစိုက်ရလို့ ပိုအားကုန်ပါတယ်။ သူတို့က စွမ်းအင်များစွာ အသုံးပြုပြီး ပျံသန်း နေကြရတာပါ။
နောက်ပြီး သူတို့ရဲ့ တည်နေရာကို သိနိုင်ဖို့အတွက်လည်း အသံပေးလို့ အော်ကြရ ပါသေးတယ်။
အချိန်တိုင်းလိုလို သူတို့ အော်ဟစ်နေကြရပါတယ်။ လင်းနို့ဆိုတာ ကြွက်လိုပါပဲ။ ဒါမှမဟုတ်
အတောင်ပါတဲ့ ရှဥ့်ပါပဲ။ ဒါပေမဲ့ လင်းနို့တွေက ကြွက်တွေ၊ ရှဥ့်တွေထက် စွမ်းအင် ပိုသုံးရပါတယ်။
ပြီးတော့ သူတို့က အသက်လည်း ပိုရှည်ကြပါတယ်။ ယေဘုယျအားဖြင့် (၁၀)ဆကနေ အဆ(၅၀)လောက် ရှိပါတယ်။
စတီဗင် အာစတပ်က စွမ်းအင်ကို ပိုအသုံးပြုနေကြတဲ့ လင်းနို့တွေဟာ ဘာကြောင့် ကြွက်တွေ၊
ရှဥ့်တွေထက် အသက်ပိုရှည်ရတယ်ဆိုတာကို သိချင်နေတာပါ.. ဘာကြောင့်လဲဆိုတာတော့.. အဖြေ မရှိသေးပါဘူး..။
လင်းနို့တွေဟာ
ပျံသန်းနေတုန်းမှာ စွမ်းအင်တွေ အများကြီးသုံးရတယ်ဆိုရင် သူတို့လည်း အောက်ဆီဂျင် အများကြီးလိုပါတယ်။
ဒါဆိုရင် သူတို့ အောက်ဆီဂျင်ကြောင့်ဖြစ်တဲ့ ထိခိုက်မှုတွေကိုလည်း ခံစားရမှာပါပဲ။ လင်းနို့တွေပဲ
လျင်မြန်တာတော့ မဟုတ်ပါဘူး။ သူတို့လို ဖြစ်ရိုးဖြစ်စဉ် အိုမင်းမှုကိုလည်း ဆန့်ကျင်တဲ့၊
အတောင်ပါတဲ့ သတ္တဝါ တော်တော်များများ ဟာလည်း အသက်ရှည်ကြပြန်ပါတယ်။ တချို့ငှက်တွေ ဟာ နှစ်(၆၀)
လောက် အသက်ရှည်နိုင်ကြပါတယ်။ သူတို့ ဘယ်လိုများလုပ်ကြလဲ..?
တစ်ခုတည်းသော နည်းလမ်းကတော့
သူတို့ကို စမ်းသပ်ခန်းထဲမှာ စမ်းသပ်ကြည့်ဖို့ပါပဲ။ အိမ်မွေး ကြက်တူရွေးတွေက (၁၈)နှစ်ကျော်
အသက်ရှင်ပါတယ်။ ဒါက သုတေသနအတွက် အကောင်းဆုံး တိရိစ္ဆာန်ပါပဲ။ ကြက်တူရွေးတွေက အသက်ရှည်ကြပါတယ်။
ဒါကြောင့် ကျွန်တော်တို့က သူတို့ရဲ့ ဆဲလ်ဖွဲ့စည်းပုံကို လေ့လာကြည့်ပါမယ်။ သူတို့အနေနဲ့
အောက်ဆီဂျင်ကို ဘယ်လို တုန့်ပြန်သလဲဆိုတာကို စစ်ဆေးမှာပါ။
စတိဗ်နဲ့
သူ့ရဲ့ သုတေသနအဖွဲ့ဝင်တွေက ရိုးရှင်းတဲ့စမ်းသပ်မှုတွေကို ပြုလုပ်ပါတယ်။ အဲဒီအတွက် မတူညီတဲ့
အကောင်တွေဆီကနေ ဆဲလ်နမူနာတွေ ရယူပါတယ်။ ပထမဆုံး ဆဲလ်အုပ်စုဟာ ကြွက်တွေဆီကနေ ယူထားတာဖြစ်ပါတယ်။
စမ်းသပ်ကြည့်တဲ့အခါ ကြွက်တွေရဲ့ ဆဲလ်တွေက အောက် ဆီဂျင်ကြောင့် ပျက်စီးသွားပါတယ်။ ပြီးတော့
သုတေသနပညာရှင်တွေက ကြက်တူရွေးရဲ့ ဆဲလ်ထဲကို ပမာဏတူတဲ့ အောက်ဆီဂျင် ထည့်သွင်းပေးလိုက်တဲ့အခါ
ရလဒ်က အရမ်း ကွဲပြားနေပါတယ်။ ကြွက်ရဲ့ဆဲလ်တွေမှာ အရမ်း ထိခိုက်ပျက်စီးပေမယ့် အောက်ဆီဂျင်က
ကြက်တူရွေးရဲ့ ဆဲလ်တွေကိုတော့ မထိခိုက်စေနိုင်ပါဘူး။ ကြက်တူရွေးရဲ့ဆဲလ်တွေက ဘယ်လို
အလုပ် လုပ်လဲဆိုတာကို လေ့လာရမှာပါ။
သူတို့ရဲ့ဆဲလ်က အောက်ဆီဂျင်ကို
ကြံ့ကြံ့ခံနိုင်အောင် တောင့်တင်းခိုင်မာပါတယ်။ ပမာဏ အတူတူမှာ အောက်ဆီဂျင်က သူတို့ရဲ့ဆဲလ်တွေကို
မပျက်စီးစေနိုင်ပါဘူး။ သူတို့ ဆဲလ်တွေက အရမ်း သန်မာပါတယ်။ ကြွက်တွေထက်ရော လူတွေထက်ပါ
သန်မာပါတယ်။
စတိဗ် ယုံကြည်တာကတော့ ငှက်တွေဟာ အောက်ဆီဂျင်ရဲ့ ထိခိုက်မှုကို
ခံနိုင်ရည် ရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ် ရှိပါတယ်။
ဒီဆဲလ်တွေကို အရမ်းကောင်းတဲ့ အင်တီအောက်ဆီးဒင့်တွေနဲ့ ကာကွယ်ထားလို့ပါပဲ။ လူတွေ အစားအစာ မှန်မယ်ဆိုရင် အင်တီအောက်ဆီးဒင့်
တွေက ငယ်ရွယ်မှုအတွက် သက်စောင့်ဆေးပါပဲ။
ဒီနေရာကတော့
အင်တီအောက်ဆီးဒင့်တွေကို စမ်းသပ်တဲ့နေရာပါ။ ဒါက ကာလီဖိုးနီးယားမှာ တည်ရှိပါတယ်။ ဒေါ်လာသန်းပေါင်းများစွာ
အကုန်ကျခံတည်ဆောက်ထားပြီး ကမ္ဘာတစ်ဝှန်းက သိပ္ပံပညာရှင်တွေ ရှိနေကြပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က
ဘာကြောင့် အသက်ကြီးလာတာလဲဆိုတာကို စမ်းသပ်ဖို့ပါ။
ဒေါက်တာဆိုင်မွန် က ကိုယ်ခံအားကိုစမ်းသပ်ဖို့
အရမ်းစိတ်ဝင်စားနေပါတယ်။ ကျွန်တော်တို့ အသက်(၂၀) အရွယ်မှာ ရောဂါကြောင့်တော့ မသေပါဘူးဆိုတဲ့
သူကဖရီးရယ်ဒီကယ်တွေကို ခုခံဖို့ နည်းလမ်းရှာမှာပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့
အသက်မရှည်နိုင်ပါဘူးလို့ဆိုပါတယ်။
ကျွန်တော်တို့
ခန္ဓာကိုယ်က အင်တီအောက်ဆီးဒင့်ကို ထုတ်ပေးပါတယ်။ အဲဒီမော်လီကျူးတွေဟာ ဆဲလ်တွေအနားမှာ
မျောနေကြပါတယ်။ ပြီးရင် သူတို့တွေ့သမျှ ဖရီးရယ်ဒီကယ်တွေကို ဖျက်ဆီးပစ်ပါတယ်။ ဒါပေမဲ့
တချို့်သော ဖရီးရယ်ဒီကယ်တွေကတော့ လွတ်မြောက်သွားကြပါတယ်။ ကျွန်တော်တို့မှာ ဖရီးရယ်ဒီကယ်တွေကို
ခုခံတဲ့စနစ်ရှိတယ်.. ဒါပေမဲ့ မပြည့်စုံပါဘူး။ သေချာတာကတော့ ဒီ ခုခံစနစ်က အသက်အရွယ်ကြီးလာမှုနဲ့
အသက်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒါကြောင့်လဲ အသက် အရွယ် ကြီးလာမှုနဲ့
ပြောင်းလဲမှုတွေကို ကျွန်တော်တို့ မြင်နိုင်တယ်လို့ ဒေါက်တာ ဆိုင်မွန်က ဆိုပါတယ်။ တချို့နေရာတွေမှာတော့
ညီမျှမှုက တိမ်းစောင်းသွားပါတယ်။ အသက်ကြီးလာတာ နဲ့အမျှ လွတ်နေတဲ့ ဖရီးရယ်ဒီကယ်တွေက တဖြည်းဖြည်းနဲ့
ကျွန်တော်တို့ရဲ့ ဆဲလ်တွေကို ဖျက်ဆီးပစ်ပါတယ်။ ဖျက်ဆီးခံရလို့ ပျက်စီးသွားရတဲ့ ဆဲလ်တွေများလာတဲ့အခါမှာတော့
အသက်ကြီးတယ် ဆိုတာ ဖြစ်ပေါ်လာရပါတယ်။
ဒါကြောင့် ငယ်ရွယ်မှုရဲ့
သက်စောင့်ဆေးက ဖရီးရယ်ဒီကယ်တွေရဲ့ တိုက်ခုက်မှုကို ချေဖျက်ပေးတဲ့ အင်တီအောက်ဆီးဒင့်တွေကို
ကူညီပေးမယ့် ဆေးဝါးဖြစ်လာနိုင်ပါတယ်။ ဘက်ကင်စတီကျူမှာ အဲဒီလို ဆေးဝါးမျိုးကို စမ်းသပ်နေပါတယ်။
အညိုရောင်အဆင်းရှိတဲ့ အမှုန့်လေးတွေက အင်တီအောက်ဆီးဒင့်ကို ကူညီပေးမယ့်အရာပါ။ အတိုကောက်အနေနဲ့
S C S လို့ ခေါ်ပါတယ်။ သူက ငယ်ရွယ်မှုရဲ့သက်စောင့်ဆေး ဖြစ်လာနိုင်ပါတယ်။ အဲဒါက အရမ်း
အစွမ်းထက်တဲ့ အင်တီအောက်ဆီးဒင့်ပါ။ S C S ဟာ သက်ရှိတွေဆီက ဖရီးရယ်ဒီကယ်တွေကို ဖျက်ဆီးပစ်နိုင်မလား ဆိုတာကို
ကျွန်တော်တို့ သိချင်နေပါတယ်။
ဒေါက်တာမက်လို က တီကောင်တွေကို အသုံးပြုပြီး စမ်းသပ်ခဲ့ပါတယ်။
သူက တီကောင်ကျွမ်းကျင် သူ ဒေါက်တာလစ်ဂို ကို ကူညီဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ကျွန်တော်တို့
စမ်းသပ်နေတဲ့ တီကောင်မှာ အိုမင်းခြင်းနဲ့ ပတ်သက်ပြီး အောင်မြင်ပြီလို့ ပြောလို့ရတယ်။
သူကရက်(၂၀)ပဲ ရှင်သန်နိုင်တာပါ။ ဒါပေမဲ့ စမ်းသပ်မှုတွေကိုတော့ အများကြီးလုပ်နိုင်ပါတယ်။
ရက် (၇၀)ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ကို ရှုပ်ထွေးတဲ့ဖြစ်စဉ်တွေကို အတိုချုပ်
ရှင်းပြသွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရက်(၂၀)သမိုင်းတစ်ခု ရစေခဲ့ပါတယ်။
စမ်းသပ်မှုက ရိုးရှင်းပါတယ်။ ကျွန်တော်တို့ တီတစ်အုပ်ကို ဆေးပေးထား ပါတယ်။ နောက် တစ်ဖွဲ့ကိုတော့
ဒီအတိုင်းထားပြီး စောင့်ကြည့်ကြပါတယ်။
ဒီစမ်းသပ်မှုကို တာဝန်ယူထားတဲ့ ကျွန်တော့်အဖွဲ့တွေက
စမ်းသပ်ခန်းကို နေ့တိုင်းလာပြီး အဏုကြည့် မှန်ပြောင်းနဲ့ တီကောင်တွေကို ကြည့်ကြပါတယ်။
ဆေးပေးထားတာက တစ်ဖက်နဲ့ ဆေး ပေးမထားတာက တစ်ဖက်ပေါ့။ တီကောင်လေးတွေက သေးငယ်ပြီး တက်ကြွပါတယ်။
အသက်ကြီးလာရင်တော့ ကြာပြီး နှေးကွေး လာပါတယ်။ မလှုပ်ရှားတော့တဲ့အခါကျရင်တော့ သူတို့
သေသွားပါပြီ။ ဆေးပေးထားတဲ့ တီကောင်တွေက အခြေအနေ ကောင်းနေပါတယ်။ သူတို့က မျိုးပွားနိုင်သလို
ပုံမှန်လဲ ရှိနေပါတယ်။ သူတို့က ငယ်ရွယ်တဲ့ အတိုင်းပါပဲ။ ဆေးပေးထားတာနဲ့ ပေးမထားတာ နှစ်ခုယှဉ်ကြည့်လိုက် ရင်
ဆေးပေးထားတဲ့ဖက်က တီကောင်တွေ ဟာ ပုံမှန်နုပျိုနေပြီး၊ ဆေးပေးမထားတဲ့ဖက်က တီကောင်တွေကတော့
အသက်ကြီးလာပြီး နှေးကွေးလာနေတာ တွေ့ရပါတယ်။ တီကောင်တွေဖက်က ကြည့်မယ်ဆိုရင် သူတို့က
နံရံထဲမှာပဲ အကောင်ပေါက်ကနေ သေတဲ့အထိ နေကြရပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ကို ဆေးမပေးလို့ပါ။
ဒါက အရမ်းကို ထူးခြားပါတယ်။ဆေးပေးထားတဲ့ တီကောင်တွေ ကတော့ သူတို့ရဲ့ ပုံမှန်သက်တမ်း
ရက်(၂၀)ထက် ပိုပြီး နေကြရပါတယ်။ တချို့တွေဆို ရက်ပေါင်း (၄၀)လောက်အထိ ရှင်ကြပါတယ်။
ကျွန်တော်တို့က
သူတို့ဘဝပုံစံကို နည်းနည်းပဲ ပြောင်းလိုက်တာပါ။ တခုခုတော့ ရှိနေပါတယ်။ ဒါက အရမ်းထူးခြားပြီး
ကြီးမားတဲ့စွမ်းအင်ရှိတယ်။ တိရိစ္ဆာန်တွေရဲ့ အသက်လမ်းကြောင်းကို ပြောင်းလဲပစ်နိုင် တယ်။
ဒါပေမဲ့ ရာခိုင်နှုန်းတော့ အရမ်းနည်းပါသေးတယ်။ ဒါက အင်တီအောက်ဆီးဒင့်ကို ပထမဆုံးအကြိမ်
တိရိစ္ဆာန်တွေဆီမှာ သက်သေပြချက်ပါ။ တီကောင်တွေရဲ့ ရှင်သန်နှုန်း တိုးမြင့်မှုကိုကြည့်ပြီး
ကျွန်တော်တို့တွေ အရမ်းကို အံအားသင့်သွားခဲ့ရပါတယ်လို့ ဒေါက်တာမက်လိုက ပြောပါတယ်။ ဒါက
ကျွန်တော်တို့ စမ်းသပ်ထားတဲ့ ဆေးတွေကြောင့် ဆဲလ်တွေရဲ့သက်တမ်းကို တိုးမြှင့်ပေးနိုင်တာ သေချာ ပါတယ်လို့လဲ ဆိုပါတယ်။
နောက်ပြီး တော့ ဒါက နို့တိုက်သတ္တဝါတွေမှာလည်း လုပ်နိုင်မလား ဆိုတာ ကျွန်တော်တို့ အရမ်းစိတ်ဝင်စားနေပါတယ်လို့
တဆက်တည်း ပြောသွားပါတယ်။
သူတို့က အခုဆို ကြွက်တွေမှာ
စမ်းသပ်နေကြပါတယ်။ အစောပိုင်း လက္ခဏာတွေ အရတော့ သက်ရောက်မှုရှိပါတယ်။ နောက်ပိုင်း ကျဆင်းလာမှုကြောင့်
သူတို့ဆေးကို လူတွေမှာ စမ်းသပ်နိုင် ဖို့ မျှော်လင့်နေကြပါတယ်။
ဒါပေမဲ့ တကယ်ပဲ ကျွန်တော်တို့ အသက်ရှည်ချင်သလား...? စိုးရိမ်စရာတစ်ခုက ကျွန်တော်တို့သာ အသက်ရှည်လာမယ်ဆိုရင်
နောင်မှာ လူဦးရေထူထပ်လာမှုက တော်တော်လေး စိုးရိမ်ရမယ့် အခြေအနေ ဖြစ်လာမှာပါ။ ချမ်းသာတဲ့တိုင်းပြည်တွေမှာ
မွေးဖွားနှုန်းက ကျနေပါတယ်။ တကယ်လို့ လွန်ခဲ့တဲ့
နှစ်(၁၀၀) လောက်ကသာ သက်တမ်းက(၂)ဆတိုးခဲ့ရင်ရော...? ဒါပေမဲ့ အဲဒါက လူတွေ စိတ်ဝင်စားတဲ့အရာ
မဟုတ်တော့ပါဘူး။ ကျွန်တော်တို့က အနာဂတ်မှာ နုပျိုနေဖို့အတွက်ပါပဲ။ လူတိုင်းက ကမ္ဘာကြီး
ဘယ်လိုအလုပ် လုပ်တယ်ဆိုတာ နားလည်နေကြပါပြီ။ ပြီးတော့ လူတွေကလဲ ပြောင်းလဲနေကြ ပါတယ်။
အဲဒီလိုသာမဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒီတော့ ကျွန်တော်တို့ အကြံဥာဏ် သုံးပြီး
နုပျိုနေအောင် လုပ်ကြမှာပါ။ အိုမင်းမစွမ်းနဲ့တော့ မရှင်သန်ချင်ကြပါဘူး။ အိုမင်းမှုကို
ဖြေရှင်းဖို့ အဖြေ တစ်ခုတော့ ရှိနေပါတယ်။
ဆေးးဝါးတွေကို
အသုံးပြုပြီး ဆဲလ်သေတွေကို အစားထိုးမယ်။ မျိုးရိုးဗီဇကို အစားထိုးခြင်းလည်း ပါဝင် စေနိုင်ပါတယ်။
ဒီနည်းပညာတွေက အစပဲရှိပါသေးတယ်။ ဒါပေမဲ့ နည်းပညာတွေက ထင်ထားတာထက် သာလွန်နေပါတယ်။
နောက်ထပ်
ဘာတွေဖြစ်လာနိုင်မလဲ...? ကျွန်တော်တို့ဖြစ်ချင်တာတွေက ကျွန်တော်တို့ကို အံ့အားသင့်
သွားစေနိုင်ရမယ်။ ပြီးတော့ မဖြစ်နိုင်ဘူးလို့ ထင်တားတဲ့အရာတွေ ရှိနေပေမယ့် အနာဂတ်မှာတော့
ကျွန်တော် မျှော်လင့်ထားတာက (၂၁)ရာစု အဆုံးပိုင်းမှာတော့ ကျွန်တော်တို့ လိုအပ်သလို
လုပ်ဆောင် နိုင်တော့မှာပါ။
မျိုးရိုးဗီဇရဲ့
နည်းပညာအသစ်က ကျွန်တော်တို့တွေးနိုင်တာထက်ကို ပိုပြီး လုပ်ဆောင်ဖို့ ကြိုးပမ်းနေ ပါတယ်။
ကောင်းကျိုးပဲဖြစ်ဖြစ် ဆိုးကျိုးပဲဖြစ်ဖြစ် ဒါဟာ သိပ္ပံပညာကဆုံးဖြတ်တာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းက
ဆုံးဖြတ်တာပါ။ လူသားဖွဲ့စည်းပုံကို သိဖို့ဆိုတာ အရေးကြီးပါတယ်။ ဒါကြောင့်လဲ ကျွန်တော်တို့
အဲဒါကို လေ့လာနေကြပါတယ်။
Source: How to build
a human (Forever Young)
Video Links