ကရင်ပြည်နယ် ဒေါနတောင်က တလာခုံး(တလာကူ) ရသေ့တွေ ဆိုတာ
------------------------------------------------------------------------------------
မိကသစ် ရွာနား ဗမာလို လိုင်သတ် ကရင် လို လိုက်အီသောင် နေရာမှာ တလာခုံး(တလာကူ)
ရသေ့ကျောင်း ရှိပါတယ်။ တလာကူ(တလာခုံး) ဘာသာဝင်တွေက ကရင်ပြည်တွင်းသာမက
ထိုင်းနိင်ငံ တွင်းမှာ လည်းနေထိုင်ကြတယ်။
( တလာခုံး )ရဲ့ အဓိပ္ဗါယ်က တလာ ဆိုတာ ဆရာသမား ခုံး ဆိုတာ ဂုဏ်
ဆရာသမားဂုဏ် အထူးအလေးထားကိုးကွယ် ကြသူတွေပါ။
ဂေါတမ မြတ်စွာဘုရား ကိုးကွယ်တာ မဟုတ်ပဲနောင်ပွင့်မယ့် အရိယာဘုရားကို
ကိုးကွယ်တဲ့ ရသေ့တွေကို ဆည်းကပ်ပူဇော်တဲ့ ဘာသာဝင်တွေပါ။
တလာခုံး ဘာသာဝင်တွေရဲ့ ကျုံဒိုး မြို့ရသေ့ကျောင်းမှာ နစ်တိုင်း မီးပုံပွဲ ကို
ခမ်းနားစွာ ကျင်းပလာတာ နစ်ပေါင်းရာချီရှီပြီလို့ ဆိုပါတယ်။
-
ကရင်ပြည်နယ် ဒေါန တောင်ပေါ်က တန်ခိုးကြီး မုလအစ်တောင် ဘုရားက
တလာခုံးရသေ့တွေ တည်ထားခဲ့တဲ့စေတီလို့ သိထားတယ်။
ရသေ့တွေက ရွာနဲ့ဝေးတဲ့နေရာမှာ ရသေ့ကျောင်းတွေ ဆောက်တယ်။
သီလ တရား မြဲရတယ် သက်သတ်လွတ်စားတယ်။ လောကီပညာတွေဖြစ်တဲ့
အင်းအိုင် လက်ဖွဲ့တွေကို ယုံကြည်ကြတယ်လို့ ဆိုပါတယ်။
ကျုံဒိုး မြို့နယ်ထဲမှာလဲ မြန်မာသက္ကရာဇ် ၁၂၆၀ လောက်ကစပြီး
လေးတိုင်ရွာ ဆိုတာတည်ရှိနေပြီး တရွာလုံး ရသေ့တွေ ကို ကိုးကွယ်ပါတယ်။
-
တစ်ရွာလုံးဥပုဒ်နေ့ဆို သီလစောင့် သက်သတ်လွတ်စားရပါတယ်။ ရသေ့တွေ
သီတင်းသုံးတဲ့အချို့ကျောင်းဆိုရင် သာမာန်လူ ဝတ်ကြောင်ဝတ်လူ ကျား/မ
ဘယ်သူမှ ဝင်ခွင့်မရှိဘူး လက်နက်ကိုင်တပ်တွေက ခေါ်ရင် အသက်သာ
အသေခံတယ် မဝင်ကြဘူးလို့ သိရပါတယ်။
ဗုဒ္ဓဘာသာနဲ့ အလွန်နီးစပ်ပြီး ပြင်းထန်ပါတယ် အစွန်းမရောက်ပါဘူး
သမာဓီ အားပေါ်မူတည်ပြီး အစွမ်းသတ္တိရှိကြတယ်လို့ ဆိုပါတယ်။
-
ဗုဒ္ဓဘာသာစစ်စစ်မဟုတ်သော်လည်း အလွန်နီးစပ်ပြီး
ကောင်းမှု များသာ လုပ်ဆောင်နေသူများဖြစ်ပါတယ်။
-
ဘိုတော် မယ်တော် နတ်ကိုးကွယ်သူ တွေလိုဖြစ်ပြီး ဘယ်သူ့ကိုမှ
အန္တရာယ် ပြုတာမရှိပါဘူး ။ အဲဒီဒေသမှာနေတဲ့ ကရင်တိုင်ရင်းသားတွေရဲ့
ယုံကြည်မှုဖြစ်သလို အနီးအနားက ကရင်ရွာ ဗုဒ္ဓ/ခရစ်ယာန်တွေကလဲ
ဘာမှဒုက္ခ မပေးပဲ အေးဆေးစွာ နေကြပါတယ်။
=================
Aung Myin Thu
source:myanmardailyposts
facebook link:
https://www.facebook.com/permalink.php?story_fbid=1985161701765455&id=100008149329661
No comments:
Post a Comment