မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Saturday, August 19, 2017


ကျိုင်းတုံက ကဗျာသင်္ချိုင်းတဲ့...
---------------------------------------

>:<  မင်္ဂလာပါရှင်~~~
ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကတဲက မြန်မာပြည်ပြန်ဖြစ်တာ မိတ်ဆွေများကို ဖောက်သည်ချဖို့
အာလူးပေးဖို့ သတိရနေပေမဲ့ စာမရေးဖြစ်တာပါ။ ခုလည်းမြန်မာပြည်သွားဖို့ လမ်းခုလပ်
ကြီးများတောင် ရောက်နေပြန်ပြီလေ..။
ကဲ..ကျိုင်းတုံက အကြောင်းအရာလေး နဲနဲလောက်ပြန်ပြီးအာလူးပေးအုံးမှ..း))))


>:<   ဒီတခါသွားတော့ ဝစီပိတ်ဆရာတော်မွေးနေ့နဲ့ကြုံတယ်... ကျမတော့ပထမဦးဆုံး
ကြားဖူးခြင်းပါ။ ဆရာတော်က နံမည်ကြီး ( အကောင်ကြီးများကိုးကွယ်ကြတယ်လို့
ဆိုပါတယ်)။ ဆရာတော်ရဲ့ ကျောင်းက မြို့ပြင်နားလောက် က တောင်ပေါ်မှာပါ။
တောင်စောင်းတောင်တန်းတွေကြားထဲမှာ ပန်းပင်တွေလက်ဖက်စိုက်ခင်းနဲ့ အထူးသဖြင့်
ကဗျာသင်င်္ချိုင်းဆိုတာ အရမ်းထင်ပေါ်ကျော်ကြားသတဲ့ရှင်။ ကဗျာတွေ စာတိုလေးတွေ
ဆုံးမစာတွေ အဲဒါတွေကို ကဗျည်းအက္ခရာတင်ပြီး အုတ်ဂူငယ်လေးတွေလို တန်းစီထား
တာပါ...။

>:<   ပေါ်မလာဆိုတာက ပျင်းနေတာရယ်...
ဘာတွေနဲ့ရူပ်မှန်းမသိရူပ်နေတာ အမှန်ပါဘဲရှင် တလလုံး တပုဒ်တလေလောက်တော့
ရေးသင့်တယ်လေ...ကြိုးစားပြီး ညနက်သန်းခေါင် ကမန်းကတန်း ဘလော့ကလေးကို
အသက်ဆက်ပေးလိုက်ပါတယ်...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး (ကျမရဲ့နေရာလေး)
Posted by မီးမီးငယ်
meemee-nage.blogspot.com
facebook link:
https://www.facebook.com/permalink.php?story_fbid=1686887531592875&id=100008149329661

No comments:

Post a Comment