မှန်တာပြောရင် ဆော်ခံထိမယ်
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
>:< ရှေးရှေးတုန်းက ပါဘဲ ။ ပထမ လယ်တီ ဆရာတော် ဘုရားကြီး
ကျောင်းတိုက် မှ ကျောင်းသား နှစ်ယောက် ဟာ သာသနာ ငါးထောင် နှင့်
လေးထောင် ငြင်းခုံကြယင်း ဖိုက်တင် ပလေးကြပါတော့တယ် ။
နောက်ဆုံး ဆရာတော်ကြီး ရှေ့မှောက် ရောက်ကရော ။ ဆရာတော်ကြီး က ...
“မင်းတို့ ဘာတွေ ငြင်းခုံနေကြတာလည်း” ဟု မေးပါ သတဲ့ ။
မောင် ကျောင်းသား တို့ကလည်း —-
“ဘုရားရှင် ထားခဲ့တဲ့ သာသနာ ငါးထောင် နှင့် လေးထောင်
ငြင်းနေကြတာပါ ဘုရား”ဟု လျှောက်ပါတယ် ။
ဆရာတော်ကြီး က – – -
“ဘယ်သူက ငါးထောင် – ဘယ်သူက လေးထောင် လည်းကွ” ဆိုတော့ ——
“တပည့်တော် က ငါးထောင် ။ သူက လေးထောင် ပါ ဘုရား”
ဟု လျှောက် ပါတယ် ။ ဆရာတော် ကြီးက – – -
“အေ့း့  အဲဒါဆိုရင် သာသနာ ငါးထောင် သမားနေခဲ့။ လေးထောင်သမား
သွားတော့ကွာ”ဆိုပြီး သာသနာ လေးထောင် သမားကို နှင် လိုက်ပါတော့တယ် ။
ဟိုကောင်လည်း သွားရော ... သာသနာ ငါးထောင် ဆိုတဲ့ ကျောင်းသား ကို
မှောက်ခိုင်းပြီး ကြိမ်နဲ့နှစ်ချက် နှက်ပါတော့သတဲ့ ။ အရိုက်ခံရတဲ့ ကျောင်းသား က
“ဆရာတော့့်  တပည့်တော် သာသနာ ငါးထောင် လို့ ပြောတာ မှားသလားဘုရား”
ဟု ဖင် ကိုပွတ်ရင်းလျှောက် ပါသတဲ့ ။ အဲ့ဒိ အခါ ဆရာတော်ကြီး က
“ မင်း မမှားဘူး။ မှန်တယ် ” ဟု တုံးတိတိ မိန့်ပါတယ် ။ မောင် ကျောင်းသား က
“ မှန် လည်း မှန် လျက် နဲ့ တပည့်တော် ကို ဘာလို့ ကြိမ်နဲ့နှက် ရတာပါလည်း
ဘုရား”ဟု အထွန့် တက် တာပေါ့ ။ အဲဒီ့ အခါ ဆရာတော်ကြီး က – – -
“အေ့း့  သာသနာ ငါးထောင် ဆိုတာအသိ ဥာဏ်ရှိတဲ့ ဗုဒ္ဓဘာသာ တိုင်းသိတယ်။
သာသနာ ငါးထောင် မှန်းတောင် မသိတဲ့ နလပိန်းတုန်း ကောင်နဲ့ ပြိုင်ပြီး
ငြင်းနေလို့ ဆော်တာကွ ဟု ဆိုကာ ကြက်သရေ ခန်းသို့ ဝင်ပါလေတော့တယ် ။ ။
ကျောင်းသား
Credit : Original Uploder
https://www.facebook.com/permalink.php?story_fbid=1990455934569365&id=100008149329661
No comments:
Post a Comment