သီချင်းဆိုသော ကျောက်ရုပ်များ
---------------------------------------
>:< The Colossi of Memnon သို့မဟုတ် Colossus of Memnon ဆိုတဲ့ ဧရာမကျောက်ရုပ်ကြီး နှစ်ရုပ်ဟာ
အီဂျစ်နိုင်ငံ၊ နိုင်းမြစ်ရဲ့ အနောက်ဘက် မြစ်ကမ်းခြေမှာ တည်ရှိပါတယ်။ ဒီ ကျောက်ရုပ်နှစ်ရုပ်ဟာ ၁၈ မီတာ
လောက်မြင့်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၄၀၀ အကြာက အီဂျစ်ပြည်ကို အုပ်စိုးခဲ့တဲ့ ဖာရိုဘုရင် အမင်ဟိုတပ် ၃
( Amenhotep III ) ကို ရည်ညွှန်းပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ကျောက်ရုပ်နှစ်ရုပ်လုံးဟာ လက်နှစ်ဖက်ကို ဒူးပေါ်တင်ပြီး မြစ်အနားတစ်နေရာကို ငေးကြည့်နေတဲ့ ပုံစံနဲ့
တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ဒီကျောက်ရုပ်တွေဟာ ဘုရင် အမင်ဟို
တပ် ရဲ့ ဘုရားကျောင်းဂိတ်ရှေ့မှာ တည်ရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ဘုရားကျောင်းဟာ သူ့ခေတ်သူ့အခါတုန်း
ကတော့ အလွန်ခံ့ညားထည်ဝါတဲ့ ဘုရားကျောင်းကြီး ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ ဘုရားကျောင်းရှိခဲ့တယ်
ဆိုတဲ့ အပျက်အစီး အမှတ်အသား အနည်းငယ် မျှသာ ကျန်ခဲ့ပါတော့တယ်။ မကြာခဏ ဆိုသလို ဒီကျောက်ရုပ်
တွေကနေ ထူးခြားတဲ့ အသံတွေကို ကြားရလေ့ရှိပါတယ်။ အပူချိန် အလွန်မြင့်မားတဲ့ အချိန်မှာ ဒီကျောက်ရုပ်တွေ
အကြား ကပ်ငြိနေတဲ့ ရေစက်တွေ အငွေ့ပြန်ပြီး ကျောက်သားတွေကနေ ထွက်ပေါ်လာတဲ့ အသံဖြစ်တယ်လို့
စူးစမ်းလေ့လာသူတစ်ချို့ ဆိုပါတယ်။
ခရစ်တော်မပေါ်မီ ၂၇ ခုနှစ် တုန်းက အင်အားပြင်းထန်တဲ့ ငလျင်တစ်ခုကြောင့် မြောက်ဘက် Colossus
ရုပ်တုကြီးဟာ အလယ်ကနေ တစ်စိတ်တစ်ပိုင်း ကျိုးပျက်ပြိုကျခဲ့ပါတယ်။ အဲ့ဒီ အချိန်ကနေ စပြီး လေတိုးလိုက်
တိုင်း ကျိုးပျက် ပြိုကျသွားတဲ့ နေရာကနေ ထူးခြားတဲ့ အသံတွေ ထွက်နေခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ခရီးသွား
ဟန်လွဲ ဒီနေရာရောက်ခဲ့တဲ့ ရောမနဲ့ ဂရိ ခရီးသွားတွေက Memnon ဆိုပြီး အမည်ပေးခဲ့တာ ဖြစ်ပါတယ်။
Memnon ဆိုတာ ထရိုဂျန်စစ်ပွဲရဲ့ လူစွမ်းကောင်း အီသီယိုပီးယားနိုင်ငံရဲ့ ဘုရင်ကြီး ဖြစ်ပါတယ်။
source:ayesay
see more:https://en.wikipedia.org/wiki/Colossi_of_Memnon
facebook link :
https://www.facebook.com/permalink.php?story_fbid=1770685369879757&id=100008149329661
No comments:
Post a Comment