မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Sunday, August 20, 2017

ကလေးဘဝတစ်လျှောက် ကံကောင်း၊ ကျန်းမာစေဖို့  ကလေးငယ် တွေကို နွားချေးပုံထဲနှစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ထူးဆန်းတဲ့ဓလေ့


ကလေးဘဝတစ်လျှောက် ကံကောင်း၊ ကျန်းမာစေဖို့ 
ကလေးငယ်တွေကို နွားချေးပုံထဲနှစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ထူးဆန်းတဲ့ဓလေ့
-------------------------------------------------------------------------------------

>:<   အိန္ဒိယနိုင်ငံရဲ့ ရွာသိမ်တစ်ခုမှာ နေထိုင်ကြတဲ့ ရွာသားတွေဟာ သူတို့ ရဲ့
သားသမီးတွေကို ကံကောင်းခြင်းတွေ ယူဆောင်လာပေးဖို့ နွားချေးထဲမှာ နှစ်လေ့
ရှိပါတယ်။ ဒီထူးဆန်းတဲ့ဓလေ့ဟာ အိန္ဒိယအလယ်ပိုင်း၊ Madhya Paradesh ပြည်နယ်
က Betul ဆိုတဲ့ရွာငယ်လေးမှာ လွန်ခဲ့တဲ့ရာစုနှစ်များစွာကတည်းက တည်ရှိခဲ့တာ
ဖြစ်ပါတယ်။ ကလေးငယ်တွေကို နွားချေးနဲ့ ပေကျံအောင်လူးပေးခြင်းက ကလေးငယ်
တွေရဲ့ ရှေ့ အနာဂတ်မှာ နာမကျန်း၊ ဖျားနာမှုတွေက ကင်းဝေးပြီး သက်ရှည်ကျန်းမာ
တဲ့ဘဝကို ပိုင်ဆိုင်နိုင်တယ်လို့ မိဘတွေက ယုံကြည်ထားကြပါတယ်။


>:<   ဒီ့အပြင် နွားချေးရဲ့ သန့်စင်မွန်မြတ်မှုဟာ ကလေးငယ်တွေကို ကံကောင်းခြင်းတွေ
ယူဆောင်ပေးနိုင်တယ်လို့ ယုံကြည်ကြတယ်လို့ သိရပါတယ်။ ဒီ ဓလေ့ထုံးတမ်းကို
အိန္ဒိယပွဲတော်တွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဒေဝါလီပွဲတော်အပြီး နောက်တစ်ရက်မှာ
ကျင်းပကြတာဖြစ်ပါတယ်။ ရွာသားတွေဟာ ရက်သတ္တပတ်ကြာ နွားချေးတွေကို
လိုက်လံစုဆောင်းပြီး တစ်နေရာတည်းမှာ နွားချေးပုံကြီး တစ်ပုံအဖြစ် ပုံထားကြပါတယ်။
ဒီဝါလီအပြီး နောက်တစ်နေ့ မနက်ရောက်တဲ့အခါ၊ ဟိန္ဒူ နတ်ဘုရားတွေကို ဆုတောင်း
ထောပနာပြုပြီး အသက်တစ်နှစ်လောက် ကလေးငယ်တွေကစ ကလေးငယ်တွေ ကို
နွားချေးပုံကြီးထဲ စတင် နှစ်ကြတာဖြစ်ပါတယ်။ ရွာသားတစ်အုပ်ကြီးဟာ သူတို့ ကလေး
ငယ်တွေကို သန့် စင်တဲ့နွားချေးပုံထဲ နှစ်ခွင့်ရတဲ့ အလှည့်ရောက်ဖို့ အတွက် နွားချေးပုံ
ဘေးမှာ စုပြုံစောင့်ဆိုင်းနေရပါတယ်။ သန့် စင်မွန်မြတ်တဲ့နွားချေးနဲ့ ရွာက ကလေးငယ်
တိုင်း မနှစ်ရမချင်း ဒီနွားချေးနှစ်ပွဲဟာ မနက် မိုးသောက်ကနေ နေဝင်ရီတရောအချိန်ထိ
ကြာမြင့်တတ်ပါတယ်။ နွားဟာ ဟိန္ဒူဘာသာမှာ အထွတ်အမြတ်ထားတဲ့ တိရိစ္ဆာန်ဖြစ်ပြီး၊
ဟိန္ဒူတရားပြဆရာ အများအပြားက လည်း နွားချေးနဲ့ နွားသေးတို့ ဟာ ဆေးဘက်ဝင်
ဂုဏ်သတ္တိတွေရှိတယ်လို့ ယုံကြည်ထားကြပါတယ်။

source:TrendMyanmar
Ref: Mirror
see more:
http://www.dailymail.co.uk/news/article-3344099/It-s-never-dung-harm-Parents-roll-children-babies-COW-MANURE-Indian-village-locals-believe-protects-disease.html
facebook link :
https://www.facebook.com/permalink.php?story_fbid=1684968041784824&id=100008149329661

No comments:

Post a Comment