မှော်ဆန်တဲ့ သလဲသီးရဲ့ လျှို့ဝှက်ချက်များ
----------------------------------------------------
>< တရုတ်လူမျိုးတွေက ကံကောင်းစေတဲ့ အသီးလို့ ပြောကြတဲ့ ရှေးခေတ် အီဂျစ်လူမျိုးတွေ ကလည်း
ထာဝရ ရှင်သန်မှု အတွက် အထောက်အပံ့လို့ မှတ်ယူခဲ့ကြဖူးတဲ့ သလဲသီး (pomegranate) ဟာ ရှေးခေတ်
ကတည်းကနေ ယခုထက်တိုင် ကမ္ဘာတဝှမ်းလုံးမှာ အနှံ့အပြား စိုက်ပျိုးစားသုံးလျက် ရှိကြပါတယ်။
ဒါဆို သလဲသီးရဲ့ လျှို့ဝှက်ချက်တွေဖြစ်တဲ့ အလှအပနဲ့ ကျန်းမာရေး ဆိုင်ရာ ကောင်းကျိုးလေးတွေကို
လေ့လာ ကြည့်လိုက်ရအောင်.
၁။ တစ်နေ့လျှင် သလဲသီး တစ်လုံး စားပေးလျှင် သင့်ရဲ့တစ်နေ့တာ လိုအပ်တဲ့ Vitamin-C ရဲ့
(၁၇) ရာခိုင်နှုန်းကို ဖြည့်တင်းပေးပါတယ်။ Vitamin-C ဓာတ် ပြည့်ဝခြင်းဖြင့် သာမန်ချောင်းဆိုး
အအေးမိတာလောက်ကို ကာကွယ်ပေးပါတယ်။
၂။ သလဲသီး ဖျော်ရည်က အသားအရေကို အားဖြည့်ပေးပြီးတော့ အရေးအကြောင်းတွေ ဖြစ်ပေါ်လာမှုကို
လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် သလဲသီးဖျော်ရည် သောက်သုံးပေးခြင်းဖြင့် သင့်ကိုနုပျိုနေစေမှာပါ။
၃။ ပညာရှင်များရဲ့ လေ့လာ စမ်းသပ်ချက်များအရ သလဲသီးဖျော်ရည်က တချို့သော ကင်ဆာဆဲလ်များကို
ဖျက်ဆီး ပစ်နိုင်ပါတယ်တဲ့။ အထူးသဖြင့် ဆီးကျိတ် ကင်ဆာကို ပိုပြီး ထိရောက်စေပါတယ်။
၎။ သလဲသီး ဖျော်ရည်က ဆီးချိုရောဂါကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သလဲသီးမှာ သဘာဝ သကြားဓာတ်တွေ
ပါဝင်တာကြောင့် ဆီးချိုရောဂါ ဝေဒနာ ခံစားနေရတဲ့ လူနာတွေအတွက် သွေးတွင်း လိုအပ်တဲ့ သကြားဓာတ်ကို
အန္တရာယ် ကင်းကင်းနဲ့ ထိန်းပေးနိုင်ပါတယ်။
၅။ သလဲသီးတွေက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေ ကို ဖယ်ရှားပေးပြီး
ကောင်းတဲ့ ကိုလက်စထရောတွေကို အားဖြည့်ပေးပါတယ်။ ဒီနည်းဖြင့် သွေးတိုးခြင်း၊
လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။
၆။ သလဲသီးက နှလုံးကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။ သလဲသီးမှာ ပါဝင်တဲ့ ဓာတ်တွေက
သွေးကြောပိတ်ဆို့ခြင်း၊ သွေးခဲခြင်းများကို တားဆီးပေးတာကြောင့် နှလုံးရောဂါကို အထိုက်အလျောက်
တားဆီးပေးပါတယ်။
၇။ အချို့သော ဝက်ခြံ ပြဿနာတွေ က အစာချေ စနစ်ကြောင့်လည်း ဖြစ်တတ်ပါတယ်။
အဲဒီအခါ သလဲသီး ဖျော်ရည် သောက်ပေးခြင်းက အစာချေစနစ်ကို ကောင်းမွန်စေပြီး
ခန္ဓာကိုယ်ထဲက ဝက်ခြံဖြစ်ပေါ်စေတဲ့ အဆီတွေကို ဖယ်ရှားပစ်ပါတယ်။
၈။ အသားအရေ အစိုဓာတ်ရရှိဖို့ဆိုရင် လက်ဖက်ရည်ကြမ်းထက်တောင် သလဲသီးဖျော်ရည်က
ပိုပြီးသာပါတယ်။ သလဲသီးဖျော်ရည် သောက်ခြင်း (သို့) သလဲသီးအစေ့ အဆီကို အရေပြားပေါ်
လိမ်းပေးခြင်းက အသားအရေကို ချက်ချင်း စိုပြည်သွားစေပြီး ခြောက်သွေ့ ကြမ်းတမ်းမှုကိုလည်း
ကုသပေးပါတယ်။
၉။ သလဲသီးက အယ်ဇိုင်းမား ရောဂါကိုလည်း ကာကွယ် ပေးပါတယ်။
သလဲသီး ဖျော်ရည်ကို နေ့စဉ် သောက်သုံးပေးပါက အယ်ဇိုင်းမား ရောဂါ အခြေအနေ
ဆိုးဝါးလာတာကို တားဆီး ပေးနိုင်တယ်လို့ ပညာရှင်များက အကြံပေးထားပါတယ်။
၁၀။ သလဲသီးက ဆံပင်ကျွတ်ခြင်းကို ကုသဖို့လည်း အသုံးပြုနိုင်ပါတယ်။ သလဲသီးမှာ ပါဝင်တဲ့
ဓာတ်တွေက ဆံပင်ကို ထူထဲသန်စွမ်းစေပါတယ်။ ၄င်းက ဦးရေပြားမှာရှိတဲ့ သွေးကြောလေးတွေ
လှည့်ပတ်မှုကို ကောင်းမွန် စေတာကြောင့် ဆံပင်ပေါက်ဖို့ ကူညီပေးပါတယ်။
Ref: www.beautyandtips.com
source:The Messenger
facebook link :
https://www.facebook.com/photo.php?fbid=1671044926510469&set=a.1388738114741153.1073741827.100008149329661&type=3
No comments:
Post a Comment