လျှောက်လဲချက်
----------------------
စကော့တလန်ပြည်နယ်တွင် အရက်မူးလွန်နေသူတစ်ဦးအား
ဖမ်းဆီး၍ ရုံးတင်ရာ စစ်ဆေးသည့် တရားသူကြီးမှ ...
"ကိုင်း မောင်ရင် အတော်လေး မူးနေတာကိုး... ဒီ့အတွက်
ဘာများ အကြောင်းပြပြီး ငြင်းချင်းပါသလဲ.." ဟု မေးမြန်းရာ
ထိုသူမှ အောက်ပါအတိုင်း ချေပလိုက်သည်။
" ဒီလိုရှိပါတယ် တရားသူကြီးမင်း ခင်ဗျာ... ကျွန်တော်မျိုး ...
ဘာသာရေးစာအုပ်ကို ဖတ်လိုက်တဲ့အခါ အရက်ဟာ ရန်သူလို့ဆိုထားပါတယ်..
ဆက်ပြီးလေ့လာဖတ်ရှုလိုက်တော့ ရန်သူကိုချစ်ရမယ်လို့လည်း ဆိုပါတယ် ...
အဲဒီအတိုင်း လိုက်နာဆောင်ရွက်မိလို့ ရန်သူက အထက်စီးရသွားတာပါ ခင်ဗျာ.."
No comments:
Post a Comment