ချိစ် (ခေါ်) ဒိန်ခဲ လေးများအကြောင်း (အပိုင်း ၂)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
✰ ချိစ်နှင့်အာရှ
အာရှနိုင်ငံများတွင်တော့ ချိစ်ကို ရံဖန်ရံခါမှသာ မုန့် ပဲသွားရည်စာအဖြစ် စားသုံးလေ့ရှိပါသည်။
အကြောင်းရင်းကတော့ အနောက်နိုင်ငံ များကဲ့သို့ ရေမြေတောတောင် သဘာဝ မတူညီခြင်း၊ ချိစ်လုပ်ရန်
ကုန်ကြမ်းနို့ ရှားပါးခြင်း နှင့် နည်းပညာ အားနည်းခြင်းတို့ ကြောင့် ပြည်တွင်းတွင် ချိစ်ထုတ်လုပ်နိုင်မှုပမာဏ
လွန်စွာ နည်းပါး ပါသည်။ ထို့ ပြင် နိုင်ငံခြားမှ တင်သွင်းလာသောချိစ်များသည် သယ်ယူပို့ ဆောင်စရိတ် နှင့်
အခွန်အခများ ကြီးလေးခြင်းတို့ကြောင့်လဲ စားသုံးသူလက်ထဲရောက်သောအခါ ဈေးကြီးသော စားသောက်ကုန်
ပစ္စည်းဖြစ်သောကြောင့် လူတန်းစေ့ မစားသောက်နိုင်ကြခြင်း ဖြစ်ပါသည်။ ယနေ့ အာရှတိုက် တစ်တိုက်လုံးတွင်
နိုင်ငံအနည်းစုလောက်သာ ကိုယ်ပိုင်စတိုင်ဖြင့် ချိစ် ထုတ်လုပ်နိုင်ကြပါသည်။ ၄င်းတို့ အနက် အိန္ဒိ ယ၊ နီပေါ၊
တိဗက်၊ ဂျပန် နှင့် ဖိလစ်ပိုင် နိုင်ငံတို့ မှ ချိစ်များသည် ထူးခြားကောင်းမွန်သော အရသာတို့ ဖြင့် လူသိများ
ကြပါသည်။
✰ အိန္ဒိယချိစ်များ
အာရှတိုက် တစ်ခွင်၌ ချိစ်အများဆုံးထုတ်လုပ်သော နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပါသည်။
အိန္ဒိယနိုင်ငံထဲသို့ ပေါ်တူဂီတို့ လာရောက်ကာ ကိုလိုနီနယ်ချဲ့ ခဲ့ရာမှစ၍ ချိစ်စားသုံးသောဓလေ့ ဖြစ်ပေါ်လာခဲ့
ပါသည်။ အိန္ဒိယဖြစ် ချိစ်များအနက် Bandel နှင့် Paneer ချိစ်တို့ မှာ ရေပန်းစားကြပါသည်။
(၁) Bandel Chseese ကို နွားနို့ မှပြုလုပ်ကြပြီး၊ သံပုရာရည်ကို အသုံးပြု၍ ဒိန်ရည်(ခေါ်) နို့ ဓမ်းရည်
ဖောက်ကြရပါသည်။ ချိစ် သည် အဝိုင်းပုံသဏ္ဍာန်ဖြစ်ပြီး၊ အနံ့ အရသာနှင့် ပြည့်စုံကောင်းမွန်ပါသည်။
(၂) Paneer Cheese ကို အာရှတိုက်၏ ချိစ်အဖြစ် လူသိများကြပါသည်။ နွားနို့ မှပြုလုပ်ပါသည်။
ချိစ်အသားပုံစံသည် တို့ ဟူးနှင့် ခပ်ဆင်ဆင်တူပါသည်။ ထိုချိစ်ကို အိန္ဒိနိုင်ငံသာမက၊ အရှေ့ တောင်အာရှ
နိုင်ငံများ၏ ဟင်းလျာများထဲတွင်လည်း အသုံးပြုလေ့ ရှိပါသည်။ ပရိုတင်းဓာတ်လဲ ပါဝင်မှုမြင့်မားသောကြောင့်
အသား အစားထိုး သက်သတ်လွတ်ဟင်းလျာများထဲတွင် ချက်ပြုတ်လေ့ရှိပါသည်။
အိန္ဒိယရိုးရာ ချိစ်ဂျုံမုန့် လုံးကြော် အဖြစ် သွားရေစာ စားလေ့ရှိကြပါသည်။
✰ နီပေါလ်ချိစ်
နီပေါလ်၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံအနီးတစ်ဝိုက်တို့ တွင် တွေ့ ရပါသည်။
(၁) Chhena Cheese ကို နွားနို့ (သို့ မဟုတ်) ကျွဲနို့ တို့ မှ ပြုလုပ်ကြပါသည်။ ချိစ်ပြုလုပ်သည့်ပုံစံသည်
အီတလီနိုင်ငံ စတိုင်လ်နှင့် တူပါသည်။ အလွန်နူးညံ့လတ်ဆတ်သော ဒိန်ခဲဖြစ်ပြီး၊ rasqulla (ခေါ်) ရိုးရာမုန့် 
ချိုများပြုလုပ်ရာတွင် အသုံးပြုလေ့ရှိကြပါသည်။
(၂) Ragya Yak ကို တိဗက်နွားနို့ မှ ပြုလုပ်ပါသည်။ အရသာမှာ အလွန်ဆိမ့်ပြီး၊ စိမ်းဝါရောင် ဖြစ်ပါသည်။
ချိစ်အသားမှာ အနည်းငယ်ကြမ်းတမ်းပြီး၊ အနှစ်ပုံစံဖြစ်သောကြောင့် ဟင်းချက်စားလေ့ရှိပါသည်။
ချိစ်အရသာသည် စပိန်နိုင်ငံလုပ် ဆိတ်နို့ အရသာနှင့်လဲ ဆင်တူပါသည်။ ထိုချိစ်ကို နီပေါလ်တို့ ရိုးရာ
ဇွန်လကုန်မှ စက်တင်ဘာလဆန်း ထိ ပြုလုပ်လေ့ရှိကြပါသည်။
✰ တိဗက်ချိစ်
အာရှတိုက်အလယ်ပိုင်း ကုန်းပြင်မြင့်ဒေသရှိရာ၊ တိဗက်မှ ပြုလုပ်သောချိစ်ဖြစ်ပြီး ထိုဒေသကို အစွဲပြု၍
Tibet Cheese ဟုခေါ်ဆိုကြပါသည်။ တိဗက်နွားနို့ ကိုသုံးကာ သဘာဝ လေ၊ နေ ဓာတ်တို့ဖြင့် ပြုလုပ်ထား
သောကြောင့် ချိစ်အသားမှာ အတန်ငယ် မာပါသည်။ အရသာပြင်းသော ချိစ် အမျိုးအစားဖြစ်ပါသည်။
✰ ဂျပန်ချိစ်
ဂျပန်နိုင်ငံ Hokkaido ကျွန်းဆွယ်မှ ပြုလုပ်သော Sakura Cheese သည် ဆွစ်ဇာလန် နိုင်ငံတွင် ကျင်းပခဲ့သည့်
Mountain Cheese Olympics ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုအဖြစ် အောင်ပွဲဆွတ်ခူးနိုင်ခဲ့ပါသည်။ ထို့ ကြောင့်
နာမည်ကြီး အခြားပြိုင်ပွဲဝင်နိုင်ငံများ ဖြစ်ကြသော ဆွစ်ဇာလန်၊ အီတလီ နှင့် ပြင်သစ်နိုင်ငံကြီးများ အလယ်တွင်
Sakura ချိစ်သည် အာရှတိုက်၏ ရိုးရာ ချိစ်အဖြစ် ပွဲလယ်တင့်ခဲ့ရပါသည်။ ဂျပန်နိုင်ငံ အမှတ်အသားဖြစ်သော
ချယ်ရီပန်း (ခေါ်) sakura ပန်းရနံ့ ဖြင့် ပြုလုပ်ထားသော ထိုချိစ်သည် ကရင်မ် အဖြူရောင်ရှိကာ၊ အရသာမှာလဲ
အလွန်နူးညံ့ပါသည်။
✰ ဖိလစ်ပိုင်ချိစ်
Kesong Puti (ခေါ်) ဒိန်ခဲပျော့ကို ဖိလစ်ပိုင်နိုင်ငံတွင် ၁၂၁၇ ခုနှစ်ကတည်းက စားသုံးလာခဲ့ကြပါသည်။
ထိုလတ်ဆတ်သော ချိစ်ကို ဆား၊ မလိုင်ထုတ်ထားသော ကျွဲနို့နှင့် rennet (ခေါ်) နို့ကိုခဲစေသော ပစ္စည်းတစ်မျိုး
တို့ ဖြင့် ပြုလုပ်လေ့ရှိပါသည်။ အဖြူရောင်ဒိန်ခဲသည် နူးညံ့ပြီး၊ အငန်ကဲကာ အချဉ်ဓာတ်အရသာလဲ ပါရှိပါသည်။
ထိုချိစ်ကို ဖိလစ်ပိုင်ရိုးရာ ပေါင်မုန့် တစ်မျိုးဖြစ်သည့် Pen De Sal ဖြင့် နံက်စာအာဟာရအဖြစ် စားသုံးလေ့
ရှိကြပါသည်။
**********************************************************************
✰ ချိစ် နှင့် မြန်မာမြန်မာနိုင်ငံတွင် နို့ ဆီ၊ နို့ မှုန့် ၊ နွားနို့ ၊ ထောပတ် ၊ ဒိန်ချဉ်၊ နို့ မလိုင်၊ ဒိန်ခဲ…စသည့် နို့ ထွက်ပစ္စည်းတို့ ကို
စားသုံးလေ့ရှိကြသော်လဲပဲ၊ မြန်မာလူမျိုးတို့ သည် ချိစ်နှင့်အလှမ်းဝေးနေပါသေးသည်။ ချိစ် ၏ အရသာကို
နှစ်ခြိုက်ကြသော်လဲပဲ၊ ဈေးနှုန်းမြင့်မားခြင်း၊ လက်တကမ်းတွင် အလွယ်တကူ ဝယ်၍မရနိုင်ခြင်း… တို့ ကြောင့်
နိုင်ငံခြားဖြစ် ဇိမ်ခံ အစားအစာတစ်ခုအဖြစ်သာ ရှိနေသေးပြီး၊ နေ့စဉ်သုံး အစားအစာတစ်ခု မဖြစ်လာနိုင်သေးပါ။
ယနေ့ super market များတွင် အမေရိကန် အလံတံဆိပ်ဖြင့် ထုပ်ပိုးထားသည့် American Cheese တို့ ကို
တွေ့ မြင်ရပါသည်။ မြန်မာနိုင်ငံတွင် အနောက်နိုင်ငံများနည်းတူ ချိစ်နှင့်ပြုလုပ်ထားသော ကိတ်၊ ပေါင်မုန့် ၊
ဘီစကစ်၊ cracker ၊ hot dog ၊ ပူတင်း၊ ပီဇာ၊ ဘာဂါ စသည်တို့ ကို ၁၂-ရာသီ ပတ်လုံး ရရှိနိုင်ပါပြီ။ ထို့ ပြင်
ချိစ်နှင့် စီမံချက်ပြုတ်ထားသော အနောက်တိုင်းဟင်းလျာများကိုလဲ ဟိုတယ်နှင့် စားသောက်ဆိုင်ကြီးများတွင်
စားသောက်နိုင်ကြပါပြီ။
(ဆောင်းပါးရှင်…ပေါက်ပေါက်… ရေးသား မျှဝေသည်)
Posted in: ကျန်းမာရေးနှင့်အစားအစာ
facebook link :
https://www.facebook.com/permalink.php?story_fbid=1638166526464976&id=100008149329661
No comments:
Post a Comment