မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Monday, August 21, 2017

"နတ်သကြား" ပေးတဲ့ကျောက်


"နတ်သကြား" ပေးတဲ့ကျောက်
---------------------------------------

>:<   ဇွန်လ ၂၈ ရက်နေ့  နေခင်းပိုင်းအချိန်မှာ ထိုင်းနိုင်ငံ ဖိစနုလို့ ခရိုင်အတွင်း က အိမ်တလုံးပေါ်ကို
ကျယ်လောင်တဲ့ပေါက်ကွဲသံနဲ့ အတူ အိမ်ခေါင်မိုး ကို ဖေါက်ပြီး ထူးဆန်းတဲ့ လက်သီးဆုတ်အရွယ် ကျောက်တုံး
ကျလာခဲ့ချိန်မှာ အိမ်ရှင်အမျိုးသမီးကြီး Mrs Bualom ဘိုဝလွန် ဟာ ထမင်းစားနေချိန်ဖြစ် ပါတယ်။


"ခေါင်းမိုးပေါ်ကကျယ်လောင်တဲ့အသံ ကျမကြားလိုက်တယ် မိုကြိုးပစ်တာ မှတ်ပြီး
ခဏငြိမ်နေလိုက်တယ် နောက်မှ အိမ်ရှေ့ခန်းမှာ မီးခိုးတွေထွက်နေတဲ့ ကျောက်တုံးကို တွေ့ ခဲ့တာပါ " လို့ 
အမျိုးသမီးကြီးကပြောပါတယ်။

ထိုင်းသတင်းမီးဒီယာတွေမှာ ထူးဆန်းတဲ့ ကျောက်တုံးသတင်းကြောင့် သက်ဆိုင်ရာတွေ သိသွားပြီး
လာရောက်စစ်ဆေးခဲ့ရပါတယ်။ သိပ္ပံနဲ့  အာကာသ လေ့လာရေး ဆိုင်ရာ ပညာရှင်ဒေါက်တာ စရဝု ကတော့
အာကာသတွင်းက လွှင့်မျောနေတဲ့ ဥက္ကာကျောက်တုံးတွေရဲ့  အပိုင်းအစတခု ဖြစ်နိုင်ကြောင်း၊ ကောင်းကင်က
နေ ကျလာချိန်မှာ ကမ္ဘာ လေထုတွင်း ဖိအားနဲ့  အစိတ်စိတ်ကွဲသွားပြီး မြေပြင်ပေါ်ကျလာခဲ့တာလို့ 
သုံးသပ်ပါတယ်၊ ယခုကျောင်တုံးကို နာဆာ (NASA ) အမေရိကန်အခြေစိုက် အာကာသ စူးစမ်းလေ့ လာရေး
အဖွဲ့ ကြီးကို စစ်ဆေးပေးဖို့ ပေးပို့ မှာကို ကျောက်တုံးပိုင်ရှင်က ထူးဆန်းတဲ့ကျောက်ဟာ ရခဲတာဖြစ်လို့ 
တပိုင်းသာ ဖဲ့ပေးပြီး ကျန်အပိုင်းကို အိမ်တွင်းမှာ ကိုးကွယ်ဘို့ ပြန်ပေး ပါလို့  တောင်ဆိုခဲ့ပါတယ်။

posted by (SAW)
(မှတ်ချက် ကမ္ဘာဥက္ကာပျံ အစစ် အရောင်းအဝယ် ဈေးကွက်မှာ တစ်ဂရမ်အလေးချိန်ကို ဒေါ်လာ(၃၀၀)
ကျပ်သုံးသိန်းဈေးပေါက်ပါတယ်၊ ဈေးအကြီးဆုံးဥက္ကာခဲကို ဒေါ်လာ ၅၀၀၀၀ (ငါးသောင်း) အထိ
ပေးဝယ်ဘူးကြောင်း သိရပါတယ်။)
link -
http://www.bangkokpost.com/news/general/1022213/meteorite-crashes-through-phitsanulok-house
facebook link :
https://web.facebook.com/permalink.php?story_fbid=1770645379883756&id=100008149329661

No comments:

Post a Comment