မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Friday, August 18, 2017

နှင်းဖုံးမြို့တော် ပန်ဝါ ခရီးစဉ်


တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသော 
နှင်းဖုံးမြို့တော် ပန်ဝါ ခရီးစဉ် ပြည်တွင်း ခရီးသွားများကြား ရေပန်းစား
-------------------------------------------------------------------------------------

>:< ခရီးသွား လုပ်ငန်းများက မြန်မာနိုင်ငံ အရှေ့မြောက်ဖျားရှိ ပန်ဝါမြို့
အလည်အပတ် ခရီးစဉ်ကို ယခုနှစ် အတွင်း စတင် ရောင်းချ လာကြရာ ပြည်တွင်း
ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်နေကြောင်း သိရသည်။ ကချင်ပြည်နယ် အတွင်း
တည်ရှိပြီး ဆောင်းရာသီတွင် နှင်းများဖုံးနေတတ်သော ပန်ဝါမြို့ အလည်အပတ်
ခရီးစဉ်ကို နယ်မြေ အသစ်အဆန်းဖော်ထုတ် လိုသော ရည်ရွယ်ချက်ဖြင့်
လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ဒီဇင်ဘာလ မှ ဖေ ဖော်ဝါရီ အတွင်း သွားရောက်ပါက
နှင်းများ မြင်ရမည်ဖြစ်၍ ထိုလ အတွင်းခရီးစဉ်များ လုပ်ဆောင် သွားရန်ရှိကြောင်း
Tango ခရီးသွား လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ မခေါင်ခေါင်က ပြောသည်။


”ရောင်းရတာ မရောင်းရတာ ထက် မြန်မာပြည်မှာနှင်းတွေ ကျတဲ့မြို့ရှိတယ်၊
တကယ်ကို လှပပြီး နေလို့ ကောင်းတဲ့နေရာ ရှိတယ် ဆိုတာကို သိပြီး ရောက်စေချင်တဲ့
ရည်ရွယ်ချက်နဲ့လုပ်တာပါ။ ကျွန်မတို့ က ကြိုပြီးလည်း ကြေညာထားတော့ ပုံမှန်ခရီးစဉ်
ထက်ကို စိတ်ဝင်စားသူများတာ တွေ့ရပါတယ်” ဟု ၄င်းက ပြောသည်။
>:< Tango ခရီးသွား လုပ်ငန်းက မြစ်ကြီးနား-ပန်ဝါ ခရီးစဉ်ကို စီစဉ်ခြင်းဖြစ်ပြီး
မေခ -မလိခ မြစ်ဆုံဒေသ၊ ခရစ်ယာန် ဘာသာဝင်များ အတွက် ဂျော်ဘွမ်တောင်၊
ကန်ပိုက်တီ- ဂူရုံနယ်စပ်၊ ပန်ဝါမြို့ နှင့် ထိန်ချုံးမြို့ ရှေးဟောင်း သမိုင်းပြတိုက် စသည့်
နေရာများသို့ သွားရောက်ကြမည် ဖြစ်ကြောင်း၊ မြန်မာပြည်တွင်းမှ သွားမည်ဆိုပါ က
မြစ်ကြီးနား-ချီဖွေ-ပန်ဝါလမ်း အတိုင်း သွားနိုင်သော်လည်း လမ်း မကောင်းသည့်
အတွက် တရုတ် နိုင်ငံဘက်မှ ပတ်သွားမည်ဖြစ် ကြောင်း သိရသည်။
>:< တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသောကြောင့်  ခရီးသွားလုပ်ငန်းများ
က ပန်ဝါ ခရီးစဉ်ကို တရုတ်ခရီးစဉ် များနှင့်တွဲဖက် စီစဉ်ကြပြီး မြန်မာပြည် တွင်းမှ
မသွားဘဲ တရုတ်ဘက်မှသာ သွားရောက်ကြရန် စီစဉ်ထားသည် ဟု သုခ လမ်းညွှန်
ခရီးသွား လုပ်ငန်းမှ မန်နေဂျာ မမီမီဘုန်းနိုင်က ပြောသည်။
”ကျွန်မတို့ကတော့ တရုတ်က ခရီးသွားလုပ်ငန်းနဲ့ ချိတ်တာဆိုတော့ ကချင်ဘက်က
မသွားဘဲ မူဆယ် -ရွှေလီကနေ ပန်ဝါကို သွားမှာပါ။ ပန်ဝါက လှလည်းလှတယ်။
နှင်းလျှောလည်း စီးလို့ရတယ်။ လုံခြုံရေး အခြေအနေကလည်း စိတ်ချ ရပါတယ်” ဟု
၎င်းက ပြောသည်။
>:< ခရီးသွားလုပ်ငန်းများက ဒီဇင်ဘာလမှစ၍ အဆိုပါခရီးစဉ်ကို လုပ်ဆောင်သွားကြ
မည်ဖြစ်ပြီး ၇ ရက် ခရီးစဉ်၊ ၈ ရက် ခရီးစဉ် များဖြစ်ကြောင်း ဈေးနှုန်းမှာမူ တစ်ဦးလျှင်
ကျပ်လေးသိန်းခွဲမှ ငါး သိန်းခွဲအထိရှိကြောင်း သိရသည်။
>:< ပန်ဝါမြို့ သည် မြန်မာပြည် မြောက်ဖျားစွန်း ကချင်ပြည်နယ် အရှေ့မြောက်
ချီဖွေချောင်းဖျား နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိန်ချုန်း ခရိုင် တိန့်ထန်း နယ်စပ်
မြို့လေးနှင့် ထိစပ်လျက်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။
>:< နှစ်စဉ် နှင်းခဲတတ်သည့် တောင်တန်းရှည်ကြီးများ ဝန်းရံ ထားပြီး တရုတ်-မြန်မာ
နယ်စပ် မြောက်ဘက် မှတ်တိုင် အမှတ် ၄ ကျောက်တိုင်ရှိသည့် တောင်ကြား မြို့လည်း
ဖြစ်သည်။
>:< မြစ်ကြီးနား -ချီဖွေ- ပန်ဝါလမ်း အတိုင်းသွားပါက ၁၂၇ မိုင်ခန့် ရှိသည့် ခရီးသာ
ဖြစ်သော်လည်း လမ်းခရီး မကောင်းသည့် အတွက် ထိုလမ်း ကို အသုံးပြုသူနည်းပါးပြီး
မြစ်ကြီးနားမှ ကန်ပိုက်တီ ထိုမှ တစ်ဆင့် တရုတ်နိုင်ငံဘက်မှ တစ်ဆင့်သာ ပန်ဝါသို့
သွားသူများသည်ဟု သိရသည်။
မေဇင်ဝင်း
source:myanbnews
ဓာတ်ပုံအချို့ကို Q Khao Nao ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ ရယူပါသည်။
facebook link:
https://www.facebook.com/permalink.php?story_fbid=1689482141333414&id=100008149329661


No comments:

Post a Comment