မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Sunday, August 20, 2017

ထူးဆန်းသော ရှေးဟောင်း မင်္ဂလာဆောင်ဓလေ့များ

Crying Ritual of the Tujia People, China


တရုတ် - တရုတ်နိုင်ငံက တူဂျီယာ လူမျိုးတွေဟာ မင်္ဂလာဆောင်မဲ့ နေ့မတိုင်ခင် ရက် ၃၀ လုံးလုံး ငိုကြွေးလေ့ရှိပါသတဲ့။ သတို့သမီးဟာ တစ်ရက်ကို တစ်နာရီလောက် ငိုရပါတယ်။ ၁၀ ရက်လောက်ကြာတော့ အမေဖြစ်သူလည်း ပါဝင် ငိုကြွေးပြီး နောက်ထပ် ၁၀ ရက်လောက်ကြာတဲ့ အခါ အဘွား ဖြစ်သူကလည်း လိုက်ပါ ငိုကြွေးပါတယ်။ သတို့သမီးရဲ့ မိသားစုဝင် အမျိုးသမီးတွေ အားလုံး ပုံမှန် တစ်နေ့ တစ်နာရီ ငိုကြရပါတယ်။ ဒီလိုငိုရတာဟာ ပျော်ရွှင်မှုနဲ့ ချစ်မြတ်နိုးမှု ကို ဖော်ထုတ်ပြသတာ ဖြစ်တယ် လို့ ယူဆကြပါတယ်။

Traditional Wedding Kiss in Sweden


ဆွီဒင် - ဆွီဒင်လူမျိုးတို့ရဲ့ ဓလေ့မှာဆိုရင် မင်္ဂလာဆောင်ပွဲတက်ရောက်တဲ့ လူပျို၊ အပျို ဧည့်သည်တွေဟာ သတို့သားနဲ့ သတို့သမီးကို နမ်းရပါတယ်။ သတို့သားကို ဧည့်သည် အဖြစ်လာရောက်တဲ့ အပျိုတွေက နမ်းကြရပြီး သတို့သမီးကိုတော့ လူပျိုတွေတိုင်း နမ်းခွင့်ရှိပါတယ်။

Beating the Groom’s Feet - South Korea


တောင်ကိုရီးယား - လက်ထပ်မင်္ဂလာပွဲပြီးတဲ့ အချိန်မှာ သတို့သားခြေထောက်ကို ကြိုးချည်ပြီး ရိုက်နှက်တဲ့ ပွဲကို ဆက်လက်ကျင်းပလေ့ ရှိပါသတဲ့။ သတို့သားကို သူ့သူငယ်ချင်းတွေက ကြိုးချည်လိုက်ပြီးတဲ့ နောက် အသင့်ပြင်ဆင်ထားတဲ့ တုတ်နဲ့ ရိုက်ပါတယ်။ ရိုက်နေရင်းနဲ့ သတို့သားကို ဗဟုသုတစမ်းတဲ့ မေးခွန်းတွေ ကိုလည်း မေးမြန်းပါတယ်။ ဒီလိုရိုက်ခြင်းအားဖြင့် သတို့သားရဲ့ ကြံ့ခိုင်သန်စွမ်းမှု နဲ့ ဥာဏ်အမြော်အမြင်ရှိမှု ကို သိရှိနိုင်တယ် လို့ ယူဆကြပါတယ်။

Bride Kidnapping in Kyrgyzstan


အနောက်အာရှဒေသ - မင်္ဂလာပွဲ မတိုင်ခင်မှာ အမျိုးသားက မိမိလက်ထပ်မဲ့ အမျိုးသမီးကို ပြန်ပေးဆွဲတဲ့ ဓလေ့ကို ရှေးရှေးတုန်းက အနောက်အာရှ နိုင်ငံတချို့မှာပြုလုပ်လေ့ရှိပါတယ်။ အမျိုးသားဟာ မိတ်ဆွေ သူငယ်ချင်းတွေ ရဲ့ အကူအညီ နဲ့ အမျိုးသမီးကို ပြန်ပေးဆွဲပြီး အိမ်မှာ ဝှက်ထားပါတယ်။ အမျိုးသမီးရဲ့ မိဘဆွေမျိုးတွေက မင်္ဂလာပွဲကို လက်ခံတဲ့ အကြောင်းပြန်ကြားတော့မှ ပြန်လွှတ်ပေးပါတယ်။ ဒီဓလေ့ကို ဂျစ်ပစီလူမျိုးတွေနဲ့ ကာဂျစ်စတန် လူမျိုးတွေက အခုထိ ကျင့်သုံးလေ့ရှိနေဆဲ ဖြစ်ပါတယ်။
(ဒီဓလေ့ဟာ ရိုမေးနီးယားနိုင်ငံမှာလဲ ရှိနေပါတယ်။)

Exorcise Ghosts by Marrying Animals - India


အိန္ဒိယ - အိန္ဒိယနိုင်ငံရဲ့ တစ်ချို့ဒေသတွေမှာ အမျိုးသမီးတွေဟာ ချစ်သူအမျိုးသားနဲ့ လက်မထပ်သေးခင် တိရိစ္ဆာန်တွေ နဲ့ လက်ထပ်ကြရပါတယ်။ အထူးသဖြင့် ရုပ်ဆိုးတဲ့ အမျိုးသမီးတွေနဲ့ မျက်နှာမှာ အမှတ်အသားတွေ ပါဝင်တဲ့ အမျိုးသမီးတွေ က ဒီလို တိရိစ္ဆာန်လေးတွေ နဲ့ အရင်ဆုံး လက်ထပ်ကြရတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ အမျိုးသမီးတွေကို သရဲတစ္ဆေတွေက ပိုင်ဆိုင်တဲ့ အတွက် ဒီလို ရုပ်ဆိုးအောင် လုပ်ထားတာ ဖြစ်တယ် လို့ ယူဆကြလို့ ဖြစ်ပါတယ်။

Poland Money Dance - Guests Pay to Dance with the Bride


ပိုလန် - ပိုလန်တွေရဲ့ရိုးရာဓလေ့က မင်္ဂလာပွဲမှာ အခကြေးငွေပေးပြီး သတို့သမီးနဲ့ တွဲကလို့ ရပါတယ်။ အဲဒီလိုပဲ အမျိုးသမီတွေကလည်း အဖိုးအခပေးပြီး သတို့သားနဲ့ တွဲကလို့ရပါတယ်။

The wedding traditions of the Tidong community of Borneo, Indonesia.


အင်ဒိုနီးရှား - အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းမှာနေထိုင်ကြတဲ့ Tidong ဆိုတဲ့ လူမျိုးစုရဲ့ မင်္ဂလာပွဲဟာ ထူးခြားပါတယ်။ ဒီမင်္ဂလာ ပွဲ မှာ သတို့သားဟာ အချစ်သီချင်း အတော်များများ မဆိုပြီးသရွေ့ သတို့သမီးရဲ့ မျက်နှာကို ကြည့်ခွင့် မရှိပါဘူး။
သတို့သားနဲ့ သတို့သမီးတို့ အကြားက ကာထားတဲ့ ခန်းဆီးကို လိုအပ်တဲ့ ဂီတသံတွေရဲ့အပြီးမှာမှ တဖြည်းဖြည်းချင်း မြင့်တက်လာတာပါ။ ဒါပေမဲ့ လုံးဝ မြင်ရတာတော့ မဟုတ်သေးပါဘူး။ သီချင်းတွေ အကုန်ဆိုပြီးတော့ မှ မြင်နိုင်တာ ဖြစ်ပါတယ်။ ဒီ သီချင်းဆိုပွဲ ပြီးသွားတဲ့ အချိန်မှာ သတို့သားနဲ့ သတို့သမီး နှစ်ယောက်လုံးဟာ လက်ထပ်ပွဲပြီးတဲ့ အချိန်ကနေ ၃ ရက် ၃ ညဆက်တိုက် ရေချိုးခန်းကို အသုံးမပြုကြရပါဘူး။
Tidong လူမျိုးတွေဟာ ဒီလို ၃ ရက် ၃ ည ရေချိုးခန်းကို အသုံးမပြုတဲ့ အတွက် ဒီမင်္ဂလာ စုံတွဲအတွက် ကံဆိုးမိုးမှောင်ကျမှုတွေ ဖြစ်မလာနိုင်ဘူးလို့ ယူဆကြပါတယ်။ ဒီ ၃ ရက်ထဲမှာ အစားအသောက်ကိုလည်း နည်းနည်းပဲ စားကြရပါတယ်။ သူတို့ နှစ်ယောက်လုံးကို ၃ ရက်စလုံး လူတွေက မပြတ်တမ်းစောင့်ကြည့်နေ ကြပြီး ၃ ရက် ပြည့်တဲ့ အချိန်ကျမှ ပုံမှန် ဘဝကို ပြန်ရောက်ပါတယ်။
source:Ayesay
see more:
facebook link :


No comments:

Post a Comment