မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Wednesday, August 23, 2017

Dr. Pornthip Rojanasunand (Thai)


လိပ်ကျွန်း အမှုနဲ့လည်း ရာဇဝင်မှာ စာတင်ကျန်ဦးမည့်
Dr. Pornthip Rojanasunand (သို့မဟုတ်) Dr. Death (Forensic Expert)
------------------------------------------------------------------------------------

⇒    မနက်ဖန် လိပ်ကျွန်း အမှု အတွက် DNA နဲ့ ပက်သက်ပြီး ထွက်ဆိုမည့် ဒေါက်တာ ဖွန်ထစ် အကြောင်းကို အသေးစိတ် သိချင်လို့ ရှာဖတ်နေခဲ့ပါတယ်။ စိတ်ဝင်စားစရာများ ရှိသောကြောင့် ကျနော့်လို သိချင်မည့် သူများအတွက် ပြန်လည် ဝေငှ ပေးလိုက်ပါတယ်။ ဒေါက်တာ ဖွန်ထစ်ကို ၁၉၅၅ ဒီဇင်ဘာ ၂၁ မှာ မွေးဖွားခဲ့ပါတယ်။ မဟီဒေါ တက္ကသိုလ်မှ ဒေါက်တာဘွဲ့ကို ရရှိသူလည်းဖြစ်ပါတယ်။



⇒ သူမရဲ့ နှစ် ၃၀ အတွင်း အလောင်းပေါင်း တသောင်းကို စစ်ဆေး ခဲ့ရတဲ့ သူမကို သေသူတွေရဲ့ ဝိညာဉ် က ကာကွယ် စောင့်ရှောက်နေကြတယ် လို့ ယုံကြည်မိပါတယ်။ လှပတဲ့နှုတ်ခမ်းနီ ၊ ရောင်စုံ လက်နေတဲ့ ဆံပင်အလှကို ကြိုက်နှစ်သက်သူ သူမဟာ ထိုင်းရဲတို့ ဗိုလ်ကျ နှိပ်ကွပ်တဲ့ သူတွေ ဘက်ကနေ ရပ်တည်ပေး ခဲ့ပါတယ်။

⇒ သေသူတွေရဲ့ဝိညာဉ်တွေက ကျမကို ၂ ခု လုပ်စေချင်တယ် .. တခုက ထိုင်းနိုင်ငံမှာ
မှု ခင်း ဆေးပညာရပ်ကို တိုးတက်စေချင်တယ်။ နောက်တခုက ပျောက်ဆုံးနေသူတွေ အတွက် လှုပ်ရှားပေးမယ့် အဖွဲ့စည်းတခု တည်ထောင်စေချင်ပါတယ်။

⇒ ဆူနာမီ မှာ သေဆုံးသူ အတုံးအရုံး ကို စစ်ဆေးပေးခဲ့သူ။ ကျော်ကြားတဲ့ အမှုတွေကို ထိုင်းရဲတွေ
 ချုပ်ကိုင်မှု ကြားက လှုပ်ရှားဆောင်ရွက်သူ အဖြစ် ကျော်ကြားလာပြီးနောက် မှာတော့ မီဒီယာတွေမှာ
သူမဟာ ခေတ်စား လာပါတယ်။

⇒ က တာကို ကြိုက်နှစ်သက်ပြီး ခေတ်မှီစွာ ဝတ်ဆင်တတ်တဲ့ သူမဟာ အရက်သေစာ သောက်ခြင်း ၊
ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်သူဖြစ်ပေမယ့်လည်း၊ သူမကြောင့် မျက်နှာပျက်ခဲ့ရတဲ့ ထိုင်းရဲတွေ ကတော့ သူမ ကို အမျိုးမျိုး အပုပ်ချ ခဲ့ပါတယ်။ ငယ်ရွယ်စဉ်အချိန်က ဖက်ရှင်နဲ့ အိမ်တွင်း အလှဆင် ဒီဇိုင်းနာ ဖြစ်ချင်ခဲ့သူဟာ လူသေတွေနဲ့ နပမ်းလုံး နေရတဲ့ အလုပ်ကိုလည်း ပျော်ရွင်စွာ လုပ်နေရပေမယ့် သူစိတ်အပျက်ဆုံး အရာကတော့ ထိုင်းရဲ တွေ နဲ့ လက်တွဲ လုပ်ရတဲ့ အရာပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
မှုခင်း သိပ္ပံဌာနရဲ့ ဒါရိုက်တာတဦးအဖြစ် လုပ်ဆောင်နေတဲ့ သူမက ဒီလိုပြောပါတယ် ထိုင်းရဲတွေက သိပ္ပံနည်းပညာအားဖြင့် ရတဲ့သက်သေ အထောက်ထားထက် လူသက်သေကို ပိုအားစိုက်ပါတယ်။ ရဲအရာရှိတွေ က ဒီနေ့ထိ ကျမကို ဥပက္ခာပြု ကြပါတယ်။

⇒ သူမ ရင်ဆိုင်ခဲ့ရတဲ့ အခက်ဆုံး အမှု ကတော့ ၁၉၉၉ မှာ ဖြစ်ခဲ့တဲ့ လူသတ်မှု ပါ။
Mr Hangthong ဆိုသူဟာ သူ့ညီ အိပ်ခန်းမှာ သေနတ်ဒါဏ်ရာ နဲ့ သေဆုံး နေပါတယ်။
ထိုင်းရဲများက မိမိကိုယ်ကို သတ်သေမှုလို့ပြောပေမယ့် သူမကတော့ ခေါင်းပေါ်က ဖြတ်ရိုက်ခံရတဲ့
ဒါဏ်ရာကြောင့် ဒီအမှုဟာ လူသတ်မှု ဖြစ်ပါတယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ နောက်တနေ့မှာပဲ အမည်မဖော်သူ တဦးဟာ သူမကို ဖုန်းခေါ်ပြီး ဒီအမှု လိုက်တာကို ရပ်တန့်လိုက်ဘို့နဲ့ မရပ်ရင် အသတ်ခံရမည်ဟု ချိန်းခြောက်ပါတယ်။ သို့သော်လည်း ကိုယ် ကင်ဆာ ရောဂါကို ခံစားနေရသော သူမကတော့ ဘယ်တော့မှာ အလျှော့မပေးခဲ့ပါ။ (ဒေါက်တာဖွန်ထစ်က သိုင်းရွိုက် နဲ့ အူမကြီးကင်ဆာကို ခံစားနေရသူတဦးပါ။)

⇒ Mr.Hangthong's ရဲ့ညီဖြစ်သူ Mr. Noppadol Thammawattana ကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ပေမယ့်
တရားရုံးက ဂျူရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်အရ တရားသေ ပြန်လွှတ်ပေးခဲ့ကြောင်းကို ထိုင်းသတင်းစာ  တွေရဲ့ စာမျက်နှာမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ကြတယ်။ (Mr.Hangthong ဆိုသူမှာ အလွန်ချမ်းသာပြီး ကျော်ကြားတဲ့ ဥပဒေပြဋ္ဌာန်းသူဖြစ်ပါတယ်)။

⇒ သူမကို ပိုကျော်ကြား စေခဲ့တဲ့အမှုကတော့ မဟီဒေါ တက္ကသိုလ်က ဆေးကျောင်းသူလေး အသတ်ခံရမှု ပဲ ဖြစ်ပါတယ်။ အင်မတန်စာတော်ပြီး လိမ်မာတဲ့ သူ့တပည့်မလေး အမှုကို နောက်ဆုံး ဖော်ထုတ်ခဲ့ရာမှာ  တော့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း သဘောအရ ကျောင်းသူလေးရဲ့ ရည်းစားက မိန်းခလေးကိုယ်ကို ၁၆၈ ပိုင်း ပိုင်းပြီး အိမ်သာထဲ ထည့်ပစ်ခဲ့သလို ခေါင်းကိုတော့ မြစ်ထဲ မျှော ခဲ့ပါတယ်။

⇒ ဒီအမှု နဲ့ ပတ်သက်ပြီး တယောက်တည်း လုပ်နေရတဲ့ ဖွန်ထစ်ဟာ မှုခင်း ဆေးပညာကို ပိုပြီး အလေးနက်ထားဘို့ တိုက်တွန်းခဲ့ပြီး ၂၀၀၂ မှာ တော့ မှု ခင်း ဆေးပညာကို တရားမျှတရေး ဝန်ကြီးဌာန အောက်မှာ ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။

⇒ သိပံ္ပပညာရှင်များ ဖြစ်ကြတဲ့ သူမရဲ့ မိဘ ၂ပါးက အမြဲတမ်း အားတင်းထားဘို့ သွန်သင်ခံခဲ့ရတဲ့
ဖွန်ထစ် ရဲ့ လုပ်ဆောင်ချက်တွေကို ထိုင်းဘုရင်ကိုယ်တိုင် က အသိအမှတ် ပြုခဲ့ရပါတယ်။  တရားမျှတမှု အတွက်ဆို ပြည်တွင်းမှာမက ပြည်ပထိ ( မလေးရှား) ကူညီတတ်သူ တဦးလည်း ဖြစ်သူ ဒေါက်တာ ဖွန်ထစ်ဟာ ချိန်းခြောက်မှုနဲ့ စိမ်ခေါ်မှုရှိနေတဲ့ ကြားကပင် မလေးရှားနိုင်ငံရှိ တရုတ်လူငယ် ပညာတတ် ရှေ့နေ နိုင်ငံရေး ပါတီဝင်တဦး MACC ( အကျင့်ပျက် ခြစား တိုက်ဖျက်ရေးရုံး) ၁၄ ထပ်မှ ပြုတ်ကျ
သေဆုံးမှုကို ကူညီပေးခဲ့ပါတယ်။ သေဆုံးကို MACC က ခေါ်ယူစစ်ဆေးပြီး နောက်တနေ့ မှာ ထိုသူသည်
ထိုရုံးရှိ ၁၄ ထပ်မှ ပြုတ်ကျ သေဆုံး နေခဲ့ပါသည်။ MACC ကတော့ သေဆုံးသူသည် မိမိကိုယ်ကို သတ်သေ ခဲ့တာပါဟု ဆင်ခြင်ပေးပြီး သေဆုံးသူ မိသားစုဝင်ဖက်တွင် ပြည်တွင်း မှုခင်း ဆရာဝန်ကြီးကပင် မရပ်တည် ခဲ့လို့ ထိုင်းနိုင်ငံမှာ ဆူနာမီ အလောင်း စစ်ဆေးမှု နဲ့ စတင် နာမည်ကြီးနေတဲ့ ဒေါက်တာ ဖွန်ထစ်ထံ အကူညီတောင်းခဲ့ရာမှာ ဖွန်ထစ်မှ ငွေကြေးအဖိုးအခ မယူဘဲ သွားရောက် ကူညီပေးခဲ့ပြီး၊ သေဆုံးသူသည် ပြုတ်ကျပြီး မသေခင် ဒါဏ်ရာ များစွာရှိကြောင်း ဖော်ထုတ် စစ်ဆေး ပေးနိုင်ခဲ့ပါတယ်။

⇒ လူရှင်တွေနဲ့ အလုပ်လုပ်ရတာထက် လူသေတွေနဲ့ အလုပ်လုပ်ရတာကို ပိုနှစ်သက်ပါတယ်။ လူရှင်တွေကို ကိုင်တွယ်ရတာထက် လူသေတွေက ပိုလွယ်တယ်လေ။ သူတို့က ကျမကို တခွန်းမှ ပြန်မပြောဘူး။ ကျမ ရဲ့ ဆံပင်ပုံစံကိုလည်း မဝေဖန်ကြဘူး ရယ်စရာ အဖြစ်ပြောတဲ့ ဖွန်ထစ်ဟာ တနေ့ တနေ့ ထိုင်းမြန်မာ နယ်စပ်နဲ့ ထိုင်းတောင်ပိုင်းတွေမှာ လူသတ် တရားခံ မပေါ်ဘဲ သေနေတဲ့ ကိစ္စတွေကို အမြန်ရပ်တန့် စေချင်ပါပြီ လို့ ဆန္ဒရှိပြီး အမှန်တရားအတွက် အမြဲ ရပ်တည်နေမည့်သူ ဖြစ်ပါသည်။

လင်းယုန်မာန်
( ၂၀၀၉ ဆောင်းပါး၊ သတင်းများ ကို အမှီပြု ရေးသားပါသည်)
ဆက်လက်ဖော်ပြဦးမည်။
Pyi Moe Aung ၏ ဖေ့စ်ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
facebook link :
#MNM0008
https://www.facebook.com/permalink.php?story_fbid=1655557054725923&id=100008149329661

No comments:

Post a Comment