မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...

Tuesday, August 22, 2017

ရှီးပဒီး ခေါ် ပိုးဆေးနွယ်ရှင် (cordyceps)


ရှီးပဒီး ခေါ် ပိုးဆေးနွယ်ရှင် (cordyceps)
ရေခဲတောင်ပေါ်က ထူးဆန်းသော ပိုးကောင်တစ်ဖြစ်လဲ အပင်ငယ်ကလေးများ
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

⇒   ဒီတစ်ပတ် စိတ်ဝင်စားမိတဲ့ အကြောင်းအရာလေးတစ်ခုကို ရေးချင်ပါတယ်။
အဲဒါကတော့ ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့
ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်
ထားတာလေး ဖော်ပြချင်ပါတယ်။


ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို
တွေ့ရှိရပါတယ်။ ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ကြတဲ့  ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာတဲ့ ဒီ
ရှီးပဒီးဟာ အလွန်မြင့်မားတဲ့ ရေခဲတောင်တွေမှာသာ တွေ့ရှိရပါတယ်။ ပေပေါင်းများစွာ မြင့်မားတဲ့ ရေခဲတောင်
တွေ ရှိရာ ဒေသဖြစ်တဲ့ ဟိမဝန္တာ တောင်တန်း ဖြာဆင်းရာ တရုတ်၊ တိဘက်၊ နီပေါ၊ ဘူတန်နဲ့ မြန်မာပြည်
မြောက်ဖျား ရေခဲတောင်တန်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ တရုတ် တိုင်းရင်း ဆေးဝါးတွေမှာ ထည့်သွင်းဖော်စပ်
ကြပြီး ဈေးလည်း အလွန်ကြီးတဲ့ ဆေးဘက်ဝင် အမျိုးအစား ဖြစ်ပါတယ်။

⇒ ပိုးနွယ်ရှင်ခေါ် ရှီးပဒီးဖြစ်ပေါ်လာပုံက ထူးထူးဆန်းဆန်းလို့ ပြောရမှာပါဘဲ။ အကောင်မဖြစ်ခင်
သန္ဓေ သားလောင်း ဖြစ်တဲ့ ပိုးဥကောင်လေးတွေဟာ ဆောင်းရာသီအချိန်မှာ အလွန် အေးလွန်းတာကြောင့်
မြေကြီးထဲမှာ ဆေးဘက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ် တို့ကိုစားသုံးပြီး ဆောင်းခိုနေခဲ့ပါတယ်။ အဲဒီလို
ဆောင်းခိုနေတဲ့ အချိန်မှာ ပိုးလောင်းကောင်လေးတွေဟာ မြေကြီးအောက်မှာ ငြိမ်သက်နေသော်လည်း ကပ်ပါး
မှိုတစ်မျိုးရဲ့ တွယ်ကပ်ငြိတွယ်ခြင်းခံရပြီး ၄င်း ကပ်ပါးမှိုဟာ ပိုးလောင်းကောင်လေးတွေကို ဖုံးလွှမ်း သွားခဲ့ပြီး
နွေရာသီရောက်ချိန်မှာ ပိုးလောင်းကောင်လေးများရဲ့ ဦးခေါင်းပေါ်ကနေ မြက်ပင်နဲ့ ဆင်တဲ့ ဦးချိုသဖွယ်
အညှောင့်ကလေး ထွက်လာခဲ့ပါတယ်။ အဲဒီအညှောင့်ကလေးတွေဟာ ၅စင်တီမီတာကနေ ၁၅စင်တီမီတာအထိ
ရှည်လျားစွာ ထွက်ပေါ်လာတတ်ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရတော့ အဲဒီအချိန်ဟာ ပိုးကောင်ဘဝကနေ
နွယ်ပင်အဖြစ် ရှင်သန်ချိန်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒါကြောင့်လည်း ရေခဲချိန်မှာ ပိုးကောင်၊ ရေခဲတွေ
အရည်ပျော်ပြီး မြေကြီးတွေ မြင်ရချိန်မှာတော့ အပင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

⇒ ၄င်းရေခဲများ အရည်ပျော်ချိန်မှာ မြေအောက်က ပိုးလောင်းကောင်လေးတွေရဲ့ ဦးခေါင်းကနေ အပင်လေး
ထွက်လာတဲ့အခါ ဒေသခံ တောင်ပေါ်သားများက ရှာဖွေစုဆောင်း ကောက်ယူ ကြပါတယ်။ တောင်ပေါ်ဒေသ
တွေမှာ ရှေးယခင်ကတည်းက ဆေးဘက်ဝင်တယ်လို့ သိခဲ့ကြတာကြောင့်လည်း ၄င်း ပိုးကောင်လေးများကို
ရှာဖွေ စုဆောင်းသူ များပြားလှပါတယ်။ ကျန်းမာရေး အတွက် အလွန် အကျိုးပြုပြီး ဆေးဘက်ဝင်လှတဲ့
ရှီးပဒီး ပိုးကောင်လေးတွေဟာ ဈေးကောင်းလည်း အလွန် ရပါတယ်လို့ သိရပါတယ် ။ ကျွန်မဖတ်မိတဲ့ စာလေး
တစ်ခုမှာဆိုရင် အဲဒီ အကောင်လေး တစ်ကောင်ကို မြန်မာငွေ တစ်သောင်းခွဲခန့် ပေးရပြီး တစ်ပိသာကို
အမေရိကန် ဒေါ်လာ ၃ဝဝဝဝ လောက် တန်ဖိုး ရှိတယ်လို့ ဆိုပါတယ်။ ပေ တစ်သောင်းကျော်မှာတွေ့ရတဲ့
ပိုးကောင်လေးတွေက ပိုပြီး ဈေးကောင်းရတယ်လို့သိရပါတယ်။

⇒ ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင်မှုတွေက တော်တော်ကို များပြားပါတယ်။ အရသာမှာ
ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။ ၄င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ကာ
ရောင်းချတတ်ကြပါတယ်။

⇒ အဟာရဓာတ် ပါဝင်မှု များပြားတဲ့အတွက် ဖျားနာပြီး နလံထစလူနာတွေ

❖ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း
❖ ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့
❖ လုပ်ငန်းဆောင်တာများ ချောမွေ့စေခြင်း
❖ ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း၊
❖ ချောင်းဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်း
❖ ကင်ဆာဖြစ်ပွားခြင်းကို လျော့နည်းစေခြင်း
❖ သွေးဥများကို တိုးပွားစေခြင်း သွေးရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊
သွေးဖိအား များခြင်း၊ နည်းခြင်းကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ခြင်း
❖ အမျိုးသားများအတွက် ခွန်အားတိုးပွားစေခြင်း
❖ ကိုယ်ခံအားကို မြင့်မားစေခြင်း၊
❖ အဆုပ်ရဲ့လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေခြင်း
❖ အမျိုးသမီးများ ဓမ္မတာကောင်းမွန်စေခြင်း ၊ နုပျိုစေခြင်း၊
❖ အရေးအကြောင်းများကို ပျောက်ကင်း သက်သာစေခြင်း
စသဖြင့် အကျိုးများလှတယ်လို့ သိရပါတယ်။

⇒ ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှပါတယ်။
နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါတယ်။ ၄င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို
တရုတ်၊ ဂျပန်၊ ကိုးရီးယားစသည့်နိုင်ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။ အချို့သော အားကစားသမား
တွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန်အတွက် ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ
စားသုံးကြတယ်လို့ ဆိုပါတယ်။ အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၄င်း ရှီးပဒီး သက်သက်
ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။ တိဘက်ဒေသတွေမှာ ၄င်းဆေးပိုးနွယ်ကို အမြောက်အမြား
ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက်လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

⇒ မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှတဲ့ ရေခဲတောင်တွေထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့
အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်
ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ် မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်မယ် ဆိုရင်တော့
ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင်
ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိတိုးပွားလာစရာ ရှိကြောင်း စိတ်ကူးယဉ်
အိပ်မက်မိပါတော့တယ်ရှင်။

ချော (အစိမ်းရောင်လွင်ပြင်)
http://www.missgreenlady.com/2012/09/blog-post_12.html
++++++++++++++++++++++++++++++++++++++++++++++++++++++

ရှီးပဒီး သို့မဟုတ် ရုပ်ပျိုကိုယ်နုဆေး
--------------------------------------

“ နွယ်မြက်သစ်ပင် ဆေးဖက်ဝင် မသိသူကျော်လွှား
သိသူဖေါ်စား ရုပ်ကလေးရယ်တဲ့ ပျိုစေလို မနောမြေကိုခို ”

⇒ မြန်မာပြည်မြောက်ပိုင်းတွင် အစွမ်းထက်သော တိုင်းရင်း ဆေးဝါးကောင်းများ လွန်စွာပေါများပါသည်။
ယနေ့ ကမ္ဘာ့တလွှားမှာ ခေတ်စားလာတဲ့ ရှီးပဒီး အကြောင်း အနည်းငယ် ပြောလိုပါသည်။

⇒ ရုပ်ပျိုကိုယ်နုဆေး သို့မဟုတ် ရှီးပဒီး ခေါ် အပင်တမျိုးသည် ပိုးဆေးနွယ်ရှင် (cordyceps) အပင်တမျိုး
ဖြစ်ပါသည်။ ရုပ်ပျို ကိုယ်နု ဆေးအဖြစ် ဈေးကောင်းပေး ဝယ်ယူလျက်ရှိရာ ကချင်ပြည်နယ်ထွက် ရှီးပဒီး (ခေါ်)
ပိုးဆေးနွယ်ရှင် (cordyceps)များကို ရုပ်ပျိုကိုယ်နုဆေးအဖြစ် ပြည်တွင်းပြည်ပ ကုန်သည်များ၊ ဆေးပညာရှင်များ
က ဈေးကောင်းပေး ဝယ်ယူလျက်ရှိသည်၊ ရှီးပဒီး တစ်ကောင်လျှင် ကျပ်ငွေ တစ်သောင်းခွဲခန့်နှင့်
တစ်ပိဿာလျှင် အမေရိ ကန်ဒေါ်လာ ၃၀၀၀၀ ခန့်အထိ ဈေးနှုန်း ရရှိနေကြောင်း ဒေသခံများ၏ ပြောကြား
ချက်အရ သိရသည်။ ရှီးပဒီးများသည် မြန်မာနိုင်ငံမြောက်ဖျား၊ ကချင်ပြည်နယ်ရှိ ခါကာဘို ရာဇီတောင်ထိပ်၊
ဂမ်လန်ရာဇီ တောင်ထိပ်နှင့် တိဘက်-မြန်မာနယ်စပ်၊ ဆီးနှင်းထူထပ်သော ရေခဲထု အောက်တွင် တွေ့ရလေ့
ရှိ ကြောင်း၊ အသက်ရှည်ဆေးခေါ် မချစ်ဥ များနှင့် ခမ်းတောက်မြစ် များကိုစား၍ အသက်ရှင်ကြကြောင်း၊
ပိုးကောင်ဘ၀ဖြင့် ၆.လ၊ နွယ်ပင်အဖြစ် ၆.လ ပြောင်းလဲ ရှင်သန်ကြသောကြောင့် ပိုးဆေးနွယ်ရှင်ဟု လည်း
ခေါ်ဝေါ်ကြကြောင်း သိရသည်။

⇒ ကချင်ပြည်နယ်ထွက် ရှီးပဒီးသုံးမျိုး သုံးစားရှိပြီး၊ ပေပေါင်း ၁၀၀၀၀ ကျော်၊  ပေပေါင်း ၆၀၀၀ ကျော်နှင့်
ပေ ၆၀၀၀ အောက်မှ ထွက်ရှိသော ရှီးပဒီးဟူ၍ ခွဲခြားထားရာ ပေ ၁၀၀၀၀ ကျော်မှ ရှီးပဒီးဆေး မြစ်များသည်
ဆေးစွမ်းအာနိသင် ပိုမိုထက်မြက်ကြောင်း၊ ပေ ၆၀၀၀ ၀န်းကျင်နှင့် ၆၀၀၀ အောက်တို့တွင် ရေခဲဆီးနှင်းနည်းပါး
သည့်အတွက် မချစ်ဥနှင့် ခန်းတောက်မြစ် မထွက်သော တောင်များတွင် ရှီးပဒီး တို့သည် တောင်ဇလပ်ကဲ့သို့
သော ဆေးဖက်ဝင်အပင်များကို တွယ်ကပ် စားသောက်ကြကြောင်း၊ ကချင်တိုင်းရင်းသား တို့သည် သစ်ပင်တွင်
တွယ်ကပ်နေသော ရှီးပဒီးဆေးမြစ်များအား ရယူလေ့ရှိကြောင်း သိရသည်။

⇒ အလွန်အေးသော ဆီးနှင်းဖုံးဒေသ များဖြစ်သည့် ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီ တောင်မြင့်များမှ ရှီးပဒီး
ဆေးမြစ်များကိုမူ ရေခဲအအေးဒဏ် ခံနိုင်ရည်ရှိသော ထရုံ လူပုလေးများက ကောက်ယူ စုဆောင်းကာ
အလွန်အေးသော ဒီဇင်ဘာ၊ ဇန်န၀ါရီလများတွင် နောင်ခွန်းအထိ လာရောက်ရောင်း ချလေ့ရှိကြောင်း၊
ယင်းလူ မျိုးများသည် ရှီးပဒီးဆေးမြစ်များအား ဆားအိတ်များ၊ ကလေးအဝတ်အစားများ နှင့် လဲလှယ်လေ့
ရှိကြောင်း တစ်နှစ် တစ်ကြိမ်သာ လာရောက်လေ့ရှိကြောင်း သိရသည်။

⇒ ရှီးပဒီးများသည် ဟိမဝန္တာတောင်စွယ်နှင့် ဆက်စပ်နေသော နီပေါ၊ တရုတ်၊ တိဘက်၊ မြန်မာနိုင်ငံတို့မှ
ထွက်ရှိပြီး ကချင် ပြည်နယ်မြောက်စွန်းမှ ထုတ်လုပ်သော ရှီးပဒီးသည် အစွမ်းအာနိသင် အရှိဆုံးဖြစ်သဖြင့်
တရုတ် (တိုင်ပေ)၊ ကိုရီးယား၊ ဂျပန် နိုင်ငံများက ဝယ်ယူသုံးစွဲ နေကြကြောင်း သိရသည်။

from:
http://www.shannilay.com/
(ဒီအကြောင်း စိတ်ဝင်စားတာတွေ့ရလို့ မဖတ်ရသေးသူတွေလဲ ဖတ်နိုင်အောင် ထပ်ပြီးတင်ပေးလိုက်ရပါတယ်)
facebook link :
https://web.facebook.com/permalink.php?story_fbid=1631076257174003&id=100008149329661

No comments:

Post a Comment