ဇနီး ၃၉ ယောက်၊ သားသမီး ၉၄ ယောက်နဲ့ 
မြေး ၃၃ ယောက်ရှိတဲ့ ကမ္ဘာ့ အကြီးဆုံးမိသားစု...
==================================
>< သူကတော့ ဘုရားသခင်ကချီးမြှင့် တော်မူတဲ့ ဇနီးမယား ၃၉ ယောက်နဲ့ 
ကမ္ဘာ့ အကြီးဆုံးမိသားစုကြီးရဲ့ ဦးစီးဦးဆောင်၊ အိမ်ထောင်ဦးစီးဖြစ်ပါတယ်....
ဇျိုနာချန မှာသားသမီးက ၉၄ ယောက်၊ ချွေးမ ၁၄ ယောက်နဲ့ မြေးက ၃၃ ယောက် ရှိနေပါပြီ....
>< သူတို့ မိသားစုဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ဘက်တွမ်း တောင်ပေါ်ရွာကလေးမှာရှိတဲ့ 
အခန်းပေါင်း ၁၀၀ ပါတဲ့ လေးထပ်အိမ် အဆောက်အဦးမှာ နေကြပါတယ်....သူ့ ဇနီးများကတော့ စုပေါင်း
အိမ်ခန်းဆောင်ကျယ်ကြီးမှာ နေကြတာဖြစ်ပါတယ်...
" ကျူပ်ကတော့ ကိုယ့်ကိုယ်ကို ဘုရားသခင်ရဲ့ အထူးအခွင့် အရေးပေးခံရတဲ့ သားတစ်ပါးလို့ ကို ထင်မိပါတယ်၊
သူကကျူပ်ကို လူတွေအများကြီးကို ကြည့်ရှုစောင့်ရှောက်နိုင်ဖို့ အခွင့်ပေးခဲ့ပါတယ်... ဇနီးမယား ၃၉ ယောက်
တို့ ရဲ့ခင်ပွန်းအဖြစ်နဲ့ ကမ္ဘာ့ အကြီးဆုံးမိသားစုကြီးရဲ့ အိမ်ထောင်ဦးစီးဖြစ်ခွင့် ရတဲ့ အတွက် ကံကောင်းတယ်
လို့ကို ထင်မိပါတယ်..." လို့ သူက သူရိယသတင်းစာကြီးကို ပြောပြခဲ့ ပါတယ်...
>< သူတို့ မိသားစုကို စစ်စည်းကမ်းပုံစံမျိုးနဲ့ အကြီးဆုံးဇနီးသည် ဇသီယန်ဂီ က သူမခင်ပွန်းရဲ့ အတူနေ
ဇနီးမယားများကို အိမ်သန့် ရှင်းရေးအလုပ်၊ အဝတ်အစားများ လျှော်ဖွတ်ခြင်းနဲ့ ချက်ပြုတ်ဖို့ တာဝန်များခွဲဝေကာ
စီမံခန့် ခွဲ ကြီးကြပ်ပါတယ်...
>< သူတို့ မိသားစုကြီးရဲ့ ညနေစာအတွက်တင် ကြက် ၃၃ ကောင်ကို အမွေးနှုတ်၊ ခုတ်ထစ်ရတာရယ်၊
အာလူး ၁၃၂ ပေါင်ကို အခွံခွာရတာရယ်၊ ဆန်က ပေါင် ၂၂၀ ချက်ရပါတယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ
မစ္စတာချန က အလိုရှိသလောက် မိန်းမအများအပြားယူခွင့်ရှိတဲ့ ဂိုဏ်းတစ်ခုရဲ့ ဦးစီးခေါင်းဆောင်
ဖြစ်နေခဲ့တာပါပဲ...
>< သူဟာတစ်နှစ်တည်းကို မိန်းမဆယ်ယောက် လက်ထပ်ယူခဲ့ တာဖြစ်ပြီး သူ့ မိန်းမတွေက စုပေါင်း
အဆောင်ကြီးအတွက် အတူတူလုပ်ကိုင်နေထိုင်နေချိန်မှာ သူကတော့ နှစ်ယောက်အိပ်ကုတင်ကြီးနဲ့ ဇိမ်ကျကျ
နေနိုင်ပါတယ်... သူက အငယ်ဆုံးဇနီးမယားလေးတွေကို သူ့ အိပ်ခန်းနဲ့ အနီးဆုံးမှာထားပြီး အသက်အကြီးဆုံး
တွေကိုတော့ အစွန်ဆုံး၊ အဝေးဆုံးမှာထားကာ ဇနီးမယားများအနေနှင့် သူနဲ့ အလှည့်ကျစနစ်နဲ့ လာရောက်
အိပ်စက်ကြရပါတယ်...
>< မစ္စတာ ချန ရဲ့ ဇနီးမယားတစ်ဦးဖြစ်တဲ့ ၃၅ နှစ်ရှိ ရင့် မီနီ ကတော့  သူဟာဒီအိမ်ကြီးမှာ အရေးပါဆုံးသူ
ဆိုတော့ ကျွန်မတို့ က သူ့ ကို ဝန်းရံခယပြီး နေကြပါတယ် လို့ ဆိုပါတယ်... သူက ကျွန်မတို့ တစ်ရွာလုံးမှာ
ရုပ်အဖြောင့်ဆုံးလည်း ဖြစ်ပါတယ်...မစ္စတာချန ကသူမကိုလွန်ခဲ့ တဲ့ ၁၈နှစ်က နံနက်ခင်းတစ်ခုမှာ ရွာထဲ
လမ်းလျှောက်ထွက်ရင်း တွေ့ ခဲ့ တာဖြစ်ပြီး အဲဒီကတည်းက သူမကို လက်ထပ်ခွင် ပြုဖို့ စာရေးခဲ့ တာဖြစ်ပါတယ်
လို့  သူမက ပြောပြခဲ့ ပါတယ်...
>< နောက်ထပ်ဇနီးတစ်ဦးဖြစ်သည့် ဟွန်သန်ဂမ်ကီ ကလည်း သူမတို့ မိသားစုတစ်ခုလုံးဟာ အားလုံးသင့်မြတ်
ကြပါတယ်လို့ ဆိုပါတယ်... မိသားစုအနေနဲ့ တစ်ဦးကိုတစ်ဦး မေတ္တာအရင်းခံပြီး လေးလေးစားစား ဆက်ဆံမှုကို
အခြေခံတဲ့ စနစ် ဖြစ်ပါတယ်....
>< မစ္စတာချန ရဲ့ ဘာသာရေးဂိုဏ်းကလည်း အဖွဲ့ ဝင် ၄၀၀ ရှိနေပြီး ၎င်းအနေနှင့် 
နောက်ထပ် မိန်းမထပ်ယူဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်...
" ကျုပ်ရဲ့ဂိုဏ်း တိုးတက်စည်ပင်ဖို့ ဆိုရင် အမေရိကန်သွားပြီး လက်ထပ်ရမယ်ဆိုလည်းလုပ်မှာပါပဲ..." လို့ 
သူကဆိုခဲ့ ပါတယ်...
သူ့ရဲ့သားတစ်ဦးကတော့ အဖိုးဖြစ်သူကလည်း မိန်းမအများအပြားယူခဲ့ပြီး ဖခင်ဖြစ်သူကလည်း
ရွာထဲက ဆင်းရဲတဲ့ မိန်းမတွေကိုသာ စောင့်ရှောက်ဖို့ ယူခဲ့ တာဖြစ်တယ်လို့ ပြောကြားခဲ့ ပါတယ်....
>< သူများတွေ တစ်ယောက်တောင် မသေ့တစ်သေ လုပ်ကိုင်ရှာကျွေးနေရတဲ့ အချိန်မှာ ဒီဆရာကြီးကတော့
၃၉ ယောက်နဲ့ တောင် မတင်းတိမ်သေးပဲ ထပ်ယူဦးမယ်တဲ့ ဗျာ... ဒီလောက်မိန်းမတွေအများကြီးယူပြီး တစ်စု
တစ်ဝေးတည်းထားနိုင်တဲ့ သူ့ ရဲ့ စည်းရုံးရေး စွမ်းရည်ကတော့ လေးစားလောက်ပါပေတယ်...
( ဘာသာရေးနဲ့ ဘန်းပြတယ်ဆိုဦးတော့ ...)
ကိုပီတာရဲ့အတွေးပုံရိပ်များ
http://kopeter.blogspot.com/2011/02/worlds-biggest-family-man-with-39-wives.html
https://www.thesun.co.uk/archives/reallife/381956/man-with-39-wives/
(ဒီသတင်းလေးက လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်ကဆိုတော့ ခုချိန်မှာ
သူ့မိသားစုတွေ ဘယ်လောက် များပြားနေမယ်ဆိုတာ မပြောတတ်ပါဘူး။
သူ့ကုသိုလ်နဲ့ သူပေါ့နော်.. သစ်တပင်ကောင်း ငှက်တစ်သောင်း ဆိုသလိုပေါ့လေ ...
facebook link :
https://www.facebook.com/permalink.php?story_fbid=1676437912637837&id=100008149329661
No comments:
Post a Comment