-----------------------------------------------
ဆင်သက်လာခဲ့ပါသည်။
စကားပြောခဲ့ပါသည်။
ခေါ်ဆောင်လာခဲ့ပါသည်။
၆ အောင်စ ဘဲရှိပါတယ်။
ပြောဆိုခဲ့ပါသည်။
ပြောလာတာ တွေ့ရပါသည်။
♦ ၄င်း အဖွဲ့အစည်းက ဂြိုလ် ကမ္ဘာ ပေါ်မှာ နောက်ထပ်
စပ်လျဉ်းပါသည်။
♦ ၄င်းတွေ့ဆုံ ပွဲ မှာ ဓာတ်ပုံ ဆရာ တော်တော်များများ
အမျိုးသမီးဖြစ်ပါသည်။ ၄င်း အမျိုးသမီး သည် ပင်တဂွန် မှ
ကိုးကားထားသည့် လင့်
သံဇဉ်မိုးဇတ်
source:mymedia
see more:
===========================================
ပင်တဂွန်မှ လူထူးလူဆန်း (Alien Tale )
-----------------------------------------------
အမေရိကန် မှာ အရမ်းနံမည် ကြီးခဲ့တဲ့ အကြောင်းလေး
ပြောပြပါမယ်။ သူ့ကို ပင်တဂွန် မှာ ရောက်ရှိခဲ့ ဖူး သည့်
ဗီးနပ်စ် ဂြိုလ် ပေါ်က ဂြိုလ်သား လို့ ဆိုရိုးရှိခဲ့တယ်။ (ယုံချင်မှယုံပါ)
♦ 1957 ခုနှစ်တွင် ကမ္ဘာ ပေါ်မှ လူတွေ ဆီကို ရောက်လာသည့်
ဂြိုလ်သား အကြောင်းက အထောက်အထား ရှိခဲ့ပါသည်။
♦ သူ့နာမည်က Valiant Thor ဖြစ်ပါသည်။
သူသည် အမေရိကန်နိုင်ငံ ဗာဂျီးနီယားပြည်နယ် က
လယ်ကွင်းတစ်ခု ထဲကို ဂြိုလ်ဆင်း ယာဉ်ငယ်လေးဖြင့်
ဆင်သက်လာခဲ့ပါသည်။
♦ Val (ဗလ် ) နှင့် သူ၏ အကူ ယာဉ်မောင်း အဖွဲ့ သည်
အလက်ဇန်းနား မှာ ရဲနှစ်ယောက်နှင့် တွေ့ဆုံ ခဲ့၍
ရဲက သေနတ် နှင့် ပြစ်ဖို့ ပြင်ဆင် ခဲ့ပါတယ်။
Val (ဗလ်)က ရန်ပွဲကို မဖြစ်ဖို့တားမြစ်ပြီး သူတို့ရဲ့
ရည်ရွယ်ချက် အမှန်ကို ဘာသာ စကားနှင့် မပြောဘဲ
"တယ်လီပက်သီ" နည်း အရ စိတ်ခြင်း ဆက်သွယ်
စကားပြောခဲ့ပါသည်။
♦ Val က လွတ်လပ်သည့် ကမ္ဘာ့ ခေါင်းဆောင်လည်းဖြစ်သလို
ဒုတိယ ကမ္ဘာစစ်၏ ဟီးရိုး လည်းဖြစ်သည့် သမ္မတ
Dwight D.Eisenhower နှင့် တွေ့လိုကြောင်း တောင်းဆိုခဲ့ပါသည်။
♦ သို့သော် ကာကွယ်ရေးတပ် မှ စစ်ဆေးရန် အတွက်
အာကာသ အဖွဲ့ကိုယ်စားလှယ်မှ သူတို့ကို ပန်တဂွန် သို့
ခေါ်ဆောင်လာခဲ့ပါသည်။
♦ သူ့ ယူနီဖောင်း က တစ်ဆက်တည်းဖြစ်နေပြီး
၎င်း ယူနီဖောင်းကိုလည်း သိမ်းဆည်းခဲ့ ပြီး
အမေရိကန် ထုတ် အင်္ကျီ ကို ဝတ်ဆင်စေခဲ့ပါသည်။
♦ တောက်ပနေတဲ့ အာကာသဝတ်စုံကို
တစ် နေရာခြင်းစီ စမ်းသပ်မှု ပြုလုပ်ခဲ့ပါသည်။
♦ သို့သော်လည်း ဖိနပ်က ဝတ် စုံနှင့် တစ်ဆက်တည်း
ဖြစ်နေသောကြောင့် အလေးချိန်ကို ချိန် ကြည့်ရာ
၆ အောင်စ ဘဲရှိပါတယ်။
♦ နောက်ပြီး ဘယ်လို အမြှင်တွေနဲ့
တည်ဆောက်ထား လည်း မသိရပါဘူး။
♦ ထိုးဖောက်ခြင်း၊ ဒါးနှင့် ဖြတ်တောက်ခြင်း
လုပ်ကြည့် သော်လည်း မရပါဘူး ။ ဘာလို့လဲဆိုတော့
တစ်ခုနှင့် တစ်ခု သိပ်သည်းစွာ ယက်လုပ် ထားလို့ ဖြစ်ပါတယ်။
♦ စစ်တပ်မှ ဝတ်စုံကို အက်စစ်ဖြင့် စိမ်ခြင်း၊ မီးဖြင့်တိုက်ခြင်း
လုပ် ခဲ့ပါသေးတယ် သို့သော် အဆင်မပြေ သောကြောင့်
စိန်သွား ဖြင့် ဖောက် ကြည့်ရာ အသံသာ မြည်ပြီး ဖောက်လို့
မရပါဘူး ဒါနဲ့ အရမ်းပြင်းသည့် သေနတ် "ရိုင်ဖယ်" ဖြင့်
ပစ်ခတ် ကြည့်ပါသည် သို့သော် ကျည်ဆံသာ ကြေမွ သွားသည်
အာကာသဝတ်စုံ က မပေါက်ပါဘူး။
♦ Val က ၆ ပေမြင့် ပြီး ၊ ၁၈၅ ပေါင်ရှိ ကာ လူသားနှင့်တူပါသည်။
♦ သူ ၏ လက် တစ်ဖက်စီမှာ လက်ချောင်း ၆ ချောင်းပါ ပါသည်။
သူ၏ နှလုံးသည် ကမ္ဘာပေါ်မှ လူသားများ၏ နှလုံး ထက် ၂ ဆ
ပိုကြီးပါသည်။ သူ့သွေးတွေ ဟာ သံဓာတ်ကို အခြေ မခံဘဲ
ကြေးနီ ဓာတ်ကို အခြေခံထားပါသည်။
♦ အဆုတ် တစ်ဖက်က အခြားအဆုတ် ထက်
အရမ်း ကြီးနေတာ တွေ့ရပါသည်။
♦ Scopalamine ဆေးရေထိုးထည့်ပြီး စမ်းသပ် ဖို့
ကြံစည်သော် လည်း ဆေးထိုးအပ်ကျိုးသွား ခဲ့ပါသည်။
♦ အာကာသ စူးစမ်းလေ့လာရေး သမားများ က
သူ၏အသက်သည် နှစ်ပေါင်း ၅၀၀ လောက်ရှည်သည်ဟု
ပြောဆိုခဲ့ပါသည်။
♦ Val သည် ဘာသာစကားပေါင်း ၁၀၀ လောက်ကို
သွက်လက်စွာ ပြောနိုင်ပြီး ဂြိုလ်သား စကားလည်း
ပြောလာတာ တွေ့ရပါသည်။
♦ စစ်တပ်၏ စစ်ဆေးချက် အရ သူ၏ IQ သည်
1200 ရှိနေတာ တွေ့ပါသည်။
သိပ္ပံပညာရှင် အိုင်းစတိုင်းသည် IQ 160 သာရှိပါသည်။
♦ လူတွေ အရှေ့ မှာ သူ၏ အကြောင်းအရာတွေ
အချက် အလက်တွေ ကို ထုတ်ဖေါ် မပြောဘဲ သမ္မတ နှင့်
တွေ့မှသာ အကြောင်းအရာ အချက် အလက်တွေကို ပြောပါသည်။
♦ ဒုသမ္မတ နှင့် ရုံး အရာရှိတွေ ဖွဲ့ စည်းပြီး
အာကာသ ဆိုင်ရာ ဆက်သွယ်ရေး အတွက် Val က
အထူးကိုယ်စားလှယ် တာဝန်ပေးခံရပါသည်။
♦ ၎င်း အဖွဲ့အစည်းက ဂြိုလ် ကမ္ဘာ ပေါ်မှာ နောက်ထပ်
ဖြစ်လာမည့် စစ်ပွဲ မှာ အသုံးပြု ကြမည့် ကမ္ဘာဖျက်
နူကလီးယား လက်နှက်တွေကို ဖျက်စီးရန် အတွက် နှင့် လည်း
စပ်လျဉ်းပါသည်။
♦ သူက အမေရိကန် ၏ အာကာသ စီမံကိန်းတွေကို
ကူညီဖို့ သဘောတူခဲ့ပါသည်။
♦ ဂြိုလ်သား ဧည့်သည်တွေ အတွက် "ပင်တဂွန်" မှာ ရှိတဲ့
သူ့ အခန်းထဲက ပရိဘောဂတွေ စီမံပေးထားခဲ့ရပါတယ်။
၎င်းနေရာမှာ ၃ နှစ်ကြာနေထိုင်ခဲ့ပါတယ်။
♦ သူအခန်း အရှေ့မှာ လေတပ်က အစောင့် ၂ ယောက်
ထားထားပါသည်။ သို့သော် Val နဲ့ သူ့ အကူ ယာဉ်မောင်း
အဖွဲ့သည် နံရံတွေ ကို ဖြတ်သန်းနိုင်စွမ်းရှိပြီး မျက်စိတစ်မှိတ်
အတွင်းမှာ အကွာအဝေး တော်တော်များ အထိ ရောက်ရှိနိုင်စွမ်း
ရှိပါသည်။ နောက်ပြီး တစ်နေရာ မှပျောက်ပြီး နောက်တစ်နေရာမှာ
ပြန်ပေါ် လာနိုင်စွမ်း ရှိပါသည်။
♦ 1958 ခုနှစ်တွင် Val နှင့် အာကာသအကူ ယာဉ်မောင်း
ဗီးနပ်စ် ဂြိုလ်သားတွေ ဖြစ်ကြသည့် Jill, Donn, Tanya တို့ ဟာ
ဂြိုလ်သား အကြောင်း TV အစီ အစဉ်မှာ ထုတ်လွင့်သူ Howard
Menger ဖွဲ့ စည်းထားသည့် အဖွဲ့ နှင့် နယူးဂျာစီ မှာ ခေတ်သစ်
အမည်မသိယာဉ်ပျံ တွေ့ဆုံပွဲ အခန်းအနားသို့ တက်ရောက်ခဲ့ပါသည်။
♦ ၎င်းတွေ့ဆုံ ပွဲ မှာ ဓာတ်ပုံ ဆရာ တော်တော်များများ
တက်ရောက် ခဲ့ပြီး သူတို့ကို အဖြူ၊အမဲ ဓာတ်ပုံ များ
ကာလာ ဓာတ်ပုံများ ရိုက်ကူး ခဲ့ ကာ လူထု ထံသို့ ချပြခဲ့ပါသည်။
တွေ့ဆုံ ပွဲ မှာ လူသား တွေ ဝတ်သည့်အဝတ် အစားကို
ကြိုးစားပန်းစား ဝတ်ဆင်ထားသည့် အချိန် ဖြစ်ပါသည်။
♦ လူသိရှင်ကြား တွေ့ဆုံခဲ့သည့် ဤတွေ့ဆုံ ပွဲကို စီစဉ်သူမှာ
ပင်တဂွန် တွင် အလုပ်လုပ်နေသည့် Warren Preacher ဆိုသူ
အမျိုးသမီးဖြစ်ပါသည်။ ၎င်း အမျိုးသမီး သည် ပင်တဂွန် မှ
"လူထူးလူဆန်း ဆိုပြီး" ခေါင်းစဉ်ဖြင့် သတင်းအချက် အလက်များ
ကို စုဆောင်းပြီး စာအုပ်တစ်ခုကို လူသိရှင်ကြား ချပြ လိုက်ပါသည်။
အချုပ် အားဖြင့် ပြော ရလျင်
1945 ခုနှစ်တွင် ကမ္ဘာမြေပေါ်မှာ နူကလီးယား ဗုံး ပေါက်ခဲ့ ပြီး
လူသားတွေ အခြင်းခြင်း သတ်ဖြတ် နေသည့် စစ်အေး ကာလမှာ
ကမ္ဘာမြေပေါ် Valient Thor တို့ ရောက်ရှိခဲ့ကာ နူကလီးယား စစ်
ထပ်မဖြစ်အောင် အမေရိကန် နှင့် ညှိနှိင်း ခြင်းမျိုး ပြုလုပ် ခဲ့သလို
Area 51 နှင့် ပင်တဂွန် မှာ ၃ နှစ်လောက် ပူးတွဲ အတူတူ
အလုပ်တွဲလုပ် ခဲ့ပြီး အာကာသ ယာဉ်ဖြင့် ဗီးနပ် ဂြိုလ် သို့
ပြန် သွားခဲ့ သည် ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
ကိုးကားထားသည့် လင့်
သံဇဉ်မိုးဇတ်
source:mymedia
see more:
No comments:
Post a Comment