မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, August 31, 2020

Bubble Tea ကိုေန႔တိုင္းေသာက္ျခင္းအားျဖင့္

Bubble Tea ကိုေန႔တိုင္းေသာက္ျခင္းအားျဖင့္ 
သင့္ခႏၶာကိုယ္မွာ ဘာေတြျဖစ္လာႏိုင္သလဲ
----------------------------------------------------

တိုးတက္ လာတဲ့ေခတ္ႀကီးထဲမွာ လူငယ္ေတြသာမက ေတာ္ေတာ္မ်ားမ်ား
ေသာလူေတြဟာ Bubble Tea ကို ႏွစ္ၿခိဳက္စြာ ေသာက္သုံးလာၾကပါတယ္။
Gong Cha တို႔ Cha Thai တို႔ကို နာမည္ႀကီးဆိုင္ေတြ သာမက ေရွာ့ပင္း
ေမာလ္ေတြရဲ႕ အေအးဆိုင္ေတြမွာ Bubble Tea ကို မွာယူ ႏိုင္ပါတယ္။

🚩 Bubble Tea ဆိုတာဘာလဲ ?

Bubble Tea ကို ၁၉၈၀ ေလာက္မွာ ထိုင္ဝမ္မွာ စတင္ေဖ်ာ္စပ္ခဲ့တာပါ။ 
လက္ဖက္ရည္၊ ႏို႔နဲ႔ သၾကားကို ေရာစပ္ေဖ်ာ္ထားတဲ့ ေဖ်ာ္ရည္ပါ။ 
အျမင္ဆန္းၿပီး ေသာက္ခ်င္စရာျဖစ္ေနေအာင္ ပုလဲလုံး အမည္း 
(ပီေလာ ပီနံကို ဂ်ယ္လီသဖြယ္ ျပဳလုပ္ထားတဲ့) အလုံးေလးေတြက 
ေအာက္ေျခမွာ နစ္ျမဳပ္ေနပါတယ္။ ဒါဟာ လူငယ္ေတြလက္မွာ မခ်တမ္း
ေသာက္သုံးေနၾကတဲ့ Bubble Tea လို႔ေခၚတဲ့ လက္ဖက္ ရည္ပါပဲ။

Bubble Tea ကို ႀကိဳက္လြန္းလို႔ေနတိုင္း ေသာက္မယ္ ဆိုရင္ 
သင့္ခႏၶာကိုယ္မွာ ဘာေတြျဖစ္လာႏိုင္ပါ သလဲ ?

(၁) ေရဓာတ္ျပည့္ဝႏိုင္ပါတယ္
လက္ဖက္ရည္ေသာက္လို႔ ဆီးမ်ားမ်ားေပါက္တဲ့အခါ ေရဓာတ္ေတြ 
ဆုံးရႈံးပါၿပီ လို႔ သင္ထင္ေကာင္းထင္ႏိုင္ပါတယ္။ ဒါေပမယ့္ မဟုတ္ပါဘူး။ 
ေလ့လာခ်က္တစ္ခု အရ Bubble Tea ေသာက္သုံးျခင္းဟာ သင့္ကို
ေရဓာတ္မဆုံးရႈံး ေစႏိုင္တဲ့အျပင္ အပိုေရဓာတ္ကို ေတာင္ ျဖည့္စြမ္းေပး
ႏိုင္ပါေသးတယ္။ ေရဓာတ္ေၾကာင့္ သင့္ခႏၶာကိုယ္ဟာ ေအးျမလာမယ္၊
ႂကြက္သားေတြနဲ႔ အ႐ိုးအဆစ္ ေတြရဲ႕ လုပ္ငန္းေဆာင္တာေတြ ပိုမိုေကာင္း
မြန္လာမယ္၊ သင့္ရဲ႕ေက်ာက္ကပ္ထဲမွာရွိတဲ့ အညစ္အေၾကးေတြလည္း
စင္ၾကယ္လာမွာပါ။ Bubble Tea ခ်ည္းပဲေသာက္မေနဘဲ ေရကိုလည္း
သင့္တင့္ မွ်တစြာ ေသာက္ဖို႔လိုအပ္ပါတယ္ေနာ္။

(၂) သင့္စြမ္းအားကိုျမႇင့္တင္ေပးပါတယ္
Bubble Tea ထဲမွာပါဝင္တဲ့ ကဖင္းဓာတ္က သင့္ကို လန္းဆန္းေစပါတယ္။ 
သင့္ခႏၶာကိုယ္ထဲမွာရွိတဲ့ အဒီႏိုဆင္းဆိုတဲ့ ဓာတ္ဟာ အျခားဓာတ္တစ္ခုနဲ႔ 
သြားေပါင္းၿပီး သင့္ကို အိပ္ငိုက္ေစျခင္း၊ အနားယူေစလိုျခင္းဆိုတဲ့ ဆႏၵကို
ျဖစ္ေစႏိုင္ပါတယ္။ ကဖင္းကေတာ့ အဒီႏို ဆင္းရဲ႕ေပါင္းစပ္မႈကို ပယ္ဖ်က္
ေစလို႔ ေျပာင္းျပန္သက္ေရာက္ေစပါတယ္။ အပင္ပန္းခံလာႏိုင္မယ္။
ႏိုးၾကားတက္ႂကြလာေစပါမယ္၊ Bubble Tea ထဲမွာ ထပ္မံပါဝင္ေနတဲ့ 
သၾကားဓာတ္ကလည္း သင့္ခႏၶာကိုယ္အတြက္ စြမ္းအင္ထုတ္လုပ္ရာမွာ 
အေရးႀကီးပါေသးတယ္။

(၃) ဓာတ္တိုးဆန႔္က်င္ပစၥည္းေတြကို ထြက္ေစပါတယ္
Bubble Tea ထဲမွာ Green Tea ဆိုတဲ့ လက္ဖက္စိမ္းပါ ပါခဲ့မယ္
ဆုိရင္ေတာ့ သင့္အတြက္ အလြန္အက်ိဳးရွိပါၿပီ။ Green Tea ဟာ 
ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ပယ္ဖ်က္ေပးတဲ့ ဓာတ္တိုး
ဆန႔္က်င္ပစၥည္းေတြ ထုတ္လုပ္ေပးႏိုင္ပါ တယ္။ Antioxidant ဆိုတဲ့ 
ဓာတ္တိုးဆန႔္က်င္ပစၥည္းဟာ သင့္ဗိုက္မွာရွိတဲ့မလိုလားအပ္တဲ့ အဆီပို
ေတြကို ပယ္ဖ်က္ေပးပါတယ္။ ကင္ဆာေရာဂါ၊ ေလျဖတ္ျခင္းနဲ႔ 
ႏွလုံးေသြးေၾကာက်ဥ္း ေရာဂါကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

(၄) အစာေျခလမ္းေၾကာင္းကို ထိန္းညႇိေပးတယ္ Green Tea ထဲက 
ပီေလာပီနံဂ်ယ္လီေစ့ မည္းမည္းေတြမွာ ကစီဓာတ္အေျမာက္အမ်ား 
ပါဝင္ပါတယ္။ ကစီဓာတ္ဟာ သင့္ရဲ႕အစာေျခစနစ္ ကို ေကာင္းမြန္ေစၿပီး
အစာအိမ္အတြက္အက်ိဳးျပဳတဲ့ ဘတ္တီရီယားေတြ အတြက္လည္း 
ရွင္သန္ေနထိုင္ဖို႔ အေထာက္အကူျပဳေစေပးပါတယ္။ ပုလဲေစ့ေလးေတြမွာ
ဗီတာမင္နဲ႔ အာဟာရ ဓာတ္ေတြလည္း ျပည့္ဝစြာ ပါဝင္ပါတယ္။

Bubble Tea ေသာက္ျခင္းဟာ အထက္မွာေျပာျပခဲ့သလို ေကာင္းတဲ့
အက်ိဳးေတြခ်ည္းရမွာ လား ဆက္ၾကည့္ရေအာင္ေနာ္ !!!

(၅) ကိုယ္အေလးခ်ိန္တက္လာႏိုင္ပါတယ္ေနာ္။ ။ ၃၂ ေအာင္စပါဝင္တဲ့ 
Bubble Tea တစ္ခြက္မွာ (၄၄၈) ကယ္လိုရီနဲ႔ (၅၇) ဂရမ္ သၾကားပါဝင္
ပါတယ္။ သုေတသနတစ္ခုအရ ခႏၶာကိုယ္ဟာ ေဖ်ာ္ရည္၊ လက္ဖက္ရည္
ေသာက္ျခင္းေၾကာင့္ သင့္ရဲ႕ ဗိုက္ဆာမႈကို မတင္းတိမ္ မေရာင့္ရဲေစႏိုင္ပါဘူး၊
ဒါေၾကာင့္ ဗိုက္မဝမခ်င္း ဒီလို Bubble Tea ေတြ ထပ္ထပ္ေသာက္ေနျခင္း
ျဖင့္ ကယ္လိုရီေတြ ပိုပိုတက္လာမွာပါ။

သင့္ရဲ႕အသည္းနဲ႔ႂကြက္သား ေတြက သိုေလွာင္သိမ္းဆည္းထားႏိုင္တဲ့ 
သၾကားပမာဏထက္ ပိုလွ်ံစြာ သင္စားေနမိမွာပါ။ ပိုလွ်ံလာတဲ့ 
သၾကားဓာတ္ဟာ အဆီပို ေတြ ပုံလာေစမွာပါ။

(၆) ဆီးခ်ိဳေရာဂါျဖစ္ပြားႏိုင္ႏႈန္းျမင့္ပါတယ္
တစ္ေန႔ကို စားသုံးသင့္တဲ့သၾကားပမာဏဟာ လက္ဖက္ရည္ဇြန္း 
(၈)ဇြန္းအထိပါ။ ဒီထက္နည္းႏိုင္ရင္ နည္းႏိုင္သမွ်ေကာင္းပါတယ္။
Bubble Tea လိုမ်ိဳး ေဖ်ာ္ရည္ေတြမွာ သၾကားပမာဏ ပိုလွ်ံစြာပါဝင္
ေနတာကို သတိခ်ပ္ေစခ်င္ပါတယ္။ Bubble Tea ဟာ သင့္ကို 
ဆီးခ်ိဳျဖစ္ပြားေစနိင္တဲ့ အဓိကတရားခံ ျဖစ္လာႏိုင္ပါတယ္။

(၇) ဝမ္းခ်ဳပ္ေစသလား
အျပည့္အဝေတာ့မမွန္ပါဘူး။ Bubble Tea ကိုအျမာက္အမ်ားေသာက္တဲ့
အခါ ေရမဆာေတာ့တာေၾကာင့္ သင္ဟာ ေရကိုပုံမွန္ေလာက္မေသာက္ႏိုင္
ေတာ့ပါဘူး။ ဒါေၾကာင့္ ဝမ္းခ်ဳပ္ျခင္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

(၈) သြားနဲ႔ခံတြင္းကိုထိခိုက္ေစပါတယ္
Bubble Tea တဲမွာပါဝင္တဲ့ ပုလဲလုံးေတြလို သင့္ရဲ႕ သြားဟာညီၿပီး 
လွပေတာက္ေျပာင္ေနမယ္လို႔ေတာ့ ေယာင္လိုေတာင္မထင္ပါနဲ႔။ 
မ်ားျပားလွတဲ့ သၾကားဓာတ္ဟာ သင့္ရဲ႕သြားေတြကို တိုက္စားေစၿပီး 
ေႂကြလႊာေတြပ်က္စီးေစမွာပါ။ ၾကာလာတဲ့အခါမွာ သင့္သြားေတြဟာ 
အထိမခံႏိုင္ေအာင္ နာက်င္လာမွာပါ။ သြားနဲ႔ခံတြင္းဆရာဝန္ေတြရဲ႕ 
ၫြန္ၾကားခ်က္အရ Bubble Tea ကိုမွာၿပီးရင္ ျမန္သမွ်ျမန္ေအာင္ေသာက္ပါ။
ပထမတစ္ငုံနဲ႔ ကုန္တဲ့အထိၾကားမွာ နာရီဝက္ပဲ အမ်ားဆုံးၾကာပါေစ။ 
သင့္သြားေတြနဲ႔ ထိေတြ႕မႈကို တတ္ႏိုင္သမွ်နည္း ေစခ်င္တာပါ။ 
ၿပီးရင္လည္း ပလုတ္က်င္းပါ။

(၉) သင့္အသားအေရအတြက္ေရာ 
ဘယ္လိုအက်ိဳးသက္ေရာက္ေစႏိုင္သလဲ
Bubble Tea မွာပါဝင္တဲ့ သၾကားဓာတ္နဲ႔ ကစီဓာတ္ေတြဟာ 
သင့္အေရျပားကို အဆီျပန္မႈေတြျဖစ္ေစ ႏိုင္ပါတယ္။ အဆီ ေတြဟာ 
သင့္မ်က္ႏွာေခြၽးေပါက္ေတြကို ပိတ္လာရင္ေတာ့ ဝက္ၿခံ။ အဆီဖု၊ 
အဆီခဲေတြ ျဖစ္လာမွာပါ။

Bubble Tea ခ်စ္သူေလးမ်ားက Bubble Tea ေသာက္ျခင္းေၾကာင့္
ရႏိုင္တဲ့ ေကာင္းက်ိဳး ဆိုးက်ိဳးေတြကို သိသြားၿပီးဆိုရင္ေတာ့ တန္ေဆး
လြန္ေဘး ဆုိတဲ့အတိုင္း သင့္တင့္မွ်တစြာ ေသာက္ သုံးတတ္ဖို႔ေတာ့ 
လိုအပ္ပါတယ္ေနာ္။

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
|
ေရးသားသူ Dr. Thiha Phyo Myint
Crd;Hello ဆရာဝန္

==================================================

Bubble Tea ကိုနေ့တိုင်းသောက်ခြင်းအားဖြင့် 
သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်သလဲ
----------------------------------------------------

တိုးတက် လာတဲ့ခေတ်ကြီးထဲမှာ လူငယ်တွေသာမက တော်တော်များများ
သောလူတွေဟာ Bubble Tea ကို နှစ်ခြိုက်စွာ သောက်သုံးလာကြပါတယ်။
Gong Cha တို့ Cha Thai တို့ကို နာမည်ကြီးဆိုင်တွေ သာမက ရှော့ပင်း
မောလ်တွေရဲ့ အအေးဆိုင်တွေမှာ Bubble Tea ကို မှာယူ နိုင်ပါတယ်။

🚩 Bubble Tea ဆိုတာဘာလဲ ?

Bubble Tea ကို ၁၉၈၀ လောက်မှာ ထိုင်ဝမ်မှာ စတင်ဖျော်စပ်ခဲ့တာပါ။ 
လက်ဖက်ရည်၊ နို့နဲ့ သကြားကို ရောစပ်ဖျော်ထားတဲ့ ဖျော်ရည်ပါ။ 
အမြင်ဆန်းပြီး သောက်ချင်စရာဖြစ်နေအောင် ပုလဲလုံး အမည်း 
(ပီလော ပီနံကို ဂျယ်လီသဖွယ် ပြုလုပ်ထားတဲ့) အလုံးလေးတွေက 
အောက်ခြေမှာ နစ်မြုပ်နေပါတယ်။ ဒါဟာ လူငယ်တွေလက်မှာ မချတမ်း
သောက်သုံးနေကြတဲ့ Bubble Tea လို့ခေါ်တဲ့ လက်ဖက် ရည်ပါပဲ။

Bubble Tea ကို ကြိုက်လွန်းလို့နေတိုင်း သောက်မယ် ဆိုရင် 
သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်ပါ သလဲ ?

(၁) ရေဓာတ်ပြည့်ဝနိုင်ပါတယ်
လက်ဖက်ရည်သောက်လို့ ဆီးများများပေါက်တဲ့အခါ ရေဓာတ်တွေ 
ဆုံးရှုံးပါပြီ လို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ 
လေ့လာချက်တစ်ခု အရ Bubble Tea သောက်သုံးခြင်းဟာ သင့်ကို
ရေဓာတ်မဆုံးရှုံး စေနိုင်တဲ့အပြင် အပိုရေဓာတ်ကို တောင် ဖြည့်စွမ်းပေး
နိုင်ပါသေးတယ်။ ရေဓာတ်ကြောင့် သင့်ခန္ဓာကိုယ်ဟာ အေးမြလာမယ်၊
ကြွက်သားတွေနဲ့ အရိုးအဆစ် တွေရဲ့ လုပ်ငန်းဆောင်တာတွေ ပိုမိုကောင်း
မွန်လာမယ်၊ သင့်ရဲ့ကျောက်ကပ်ထဲမှာရှိတဲ့ အညစ်အကြေးတွေလည်း
စင်ကြယ်လာမှာပါ။ Bubble Tea ချည်းပဲသောက်မနေဘဲ ရေကိုလည်း
သင့်တင့် မျှတစွာ သောက်ဖို့လိုအပ်ပါတယ်နော်။

(၂) သင့်စွမ်းအားကိုမြှင့်တင်ပေးပါတယ်
Bubble Tea ထဲမှာပါဝင်တဲ့ ကဖင်းဓာတ်က သင့်ကို လန်းဆန်းစေပါတယ်။ 
သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဒီနိုဆင်းဆိုတဲ့ ဓာတ်ဟာ အခြားဓာတ်တစ်ခုနဲ့ 
သွားပေါင်းပြီး သင့်ကို အိပ်ငိုက်စေခြင်း၊ အနားယူစေလိုခြင်းဆိုတဲ့ ဆန္ဒကို
ဖြစ်စေနိုင်ပါတယ်။ ကဖင်းကတော့ အဒီနို ဆင်းရဲ့ပေါင်းစပ်မှုကို ပယ်ဖျက်
စေလို့ ပြောင်းပြန်သက်ရောက်စေပါတယ်။ အပင်ပန်းခံလာနိုင်မယ်။
နိုးကြားတက်ကြွလာစေပါမယ်၊ Bubble Tea ထဲမှာ ထပ်မံပါဝင်နေတဲ့ 
သကြားဓာတ်ကလည်း သင့်ခန္ဓာကိုယ်အတွက် စွမ်းအင်ထုတ်လုပ်ရာမှာ 
အရေးကြီးပါသေးတယ်။

(၃) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကို ထွက်စေပါတယ်
Bubble Tea ထဲမှာ Green Tea ဆိုတဲ့ လက်ဖက်စိမ်းပါ ပါခဲ့မယ်
ဆိုရင်တော့ သင့်အတွက် အလွန်အကျိုးရှိပါပြီ။ Green Tea ဟာ 
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ပယ်ဖျက်ပေးတဲ့ ဓာတ်တိုး
ဆန့်ကျင်ပစ္စည်းတွေ ထုတ်လုပ်ပေးနိုင်ပါ တယ်။ Antioxidant ဆိုတဲ့ 
ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ သင့်ဗိုက်မှာရှိတဲ့မလိုလားအပ်တဲ့ အဆီပို
တွေကို ပယ်ဖျက်ပေးပါတယ်။ ကင်ဆာရောဂါ၊ လေဖြတ်ခြင်းနဲ့ 
နှလုံးသွေးကြောကျဉ်း ရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၄) အစာခြေလမ်းကြောင်းကို ထိန်းညှိပေးတယ် Green Tea ထဲက 
ပီလောပီနံဂျယ်လီစေ့ မည်းမည်းတွေမှာ ကစီဓာတ်အမြောက်အများ 
ပါဝင်ပါတယ်။ ကစီဓာတ်ဟာ သင့်ရဲ့အစာခြေစနစ် ကို ကောင်းမွန်စေပြီး
အစာအိမ်အတွက်အကျိုးပြုတဲ့ ဘတ်တီရီယားတွေ အတွက်လည်း 
ရှင်သန်နေထိုင်ဖို့ အထောက်အကူပြုစေပေးပါတယ်။ ပုလဲစေ့လေးတွေမှာ
ဗီတာမင်နဲ့ အာဟာရ ဓာတ်တွေလည်း ပြည့်ဝစွာ ပါဝင်ပါတယ်။

Bubble Tea သောက်ခြင်းဟာ အထက်မှာပြောပြခဲ့သလို ကောင်းတဲ့
အကျိုးတွေချည်းရမှာ လား ဆက်ကြည့်ရအောင်နော် !!!

(၅) ကိုယ်အလေးချိန်တက်လာနိုင်ပါတယ်နော်။ ။ ၃၂ အောင်စပါဝင်တဲ့ 
Bubble Tea တစ်ခွက်မှာ (၄၄၈) ကယ်လိုရီနဲ့ (၅၇) ဂရမ် သကြားပါဝင်
ပါတယ်။ သုတေသနတစ်ခုအရ ခန္ဓာကိုယ်ဟာ ဖျော်ရည်၊ လက်ဖက်ရည်
သောက်ခြင်းကြောင့် သင့်ရဲ့ ဗိုက်ဆာမှုကို မတင်းတိမ် မရောင့်ရဲစေနိုင်ပါဘူး၊
ဒါကြောင့် ဗိုက်မဝမချင်း ဒီလို Bubble Tea တွေ ထပ်ထပ်သောက်နေခြင်း
ဖြင့် ကယ်လိုရီတွေ ပိုပိုတက်လာမှာပါ။

သင့်ရဲ့အသည်းနဲ့ကြွက်သား တွေက သိုလှောင်သိမ်းဆည်းထားနိုင်တဲ့ 
သကြားပမာဏထက် ပိုလျှံစွာ သင်စားနေမိမှာပါ။ ပိုလျှံလာတဲ့ 
သကြားဓာတ်ဟာ အဆီပို တွေ ပုံလာစေမှာပါ။

(၆) ဆီးချိုရောဂါဖြစ်ပွားနိုင်နှုန်းမြင့်ပါတယ်
တစ်နေ့ကို စားသုံးသင့်တဲ့သကြားပမာဏဟာ လက်ဖက်ရည်ဇွန်း 
(၈)ဇွန်းအထိပါ။ ဒီထက်နည်းနိုင်ရင် နည်းနိုင်သမျှကောင်းပါတယ်။
Bubble Tea လိုမျိုး ဖျော်ရည်တွေမှာ သကြားပမာဏ ပိုလျှံစွာပါဝင်
နေတာကို သတိချပ်စေချင်ပါတယ်။ Bubble Tea ဟာ သင့်ကို 
ဆီးချိုဖြစ်ပွားစေနိင်တဲ့ အဓိကတရားခံ ဖြစ်လာနိုင်ပါတယ်။

(၇) ဝမ်းချုပ်စေသလား
အပြည့်အဝတော့မမှန်ပါဘူး။ Bubble Tea ကိုအမြာက်အများသောက်တဲ့
အခါ ရေမဆာတော့တာကြောင့် သင်ဟာ ရေကိုပုံမှန်လောက်မသောက်နိုင်
တော့ပါဘူး။ ဒါကြောင့် ဝမ်းချုပ်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

(၈) သွားနဲ့ခံတွင်းကိုထိခိုက်စေပါတယ်
Bubble Tea တဲမှာပါဝင်တဲ့ ပုလဲလုံးတွေလို သင့်ရဲ့ သွားဟာညီပြီး 
လှပတောက်ပြောင်နေမယ်လို့တော့ ယောင်လိုတောင်မထင်ပါနဲ့။ 
များပြားလှတဲ့ သကြားဓာတ်ဟာ သင့်ရဲ့သွားတွေကို တိုက်စားစေပြီး 
ကြွေလွှာတွေပျက်စီးစေမှာပါ။ ကြာလာတဲ့အခါမှာ သင့်သွားတွေဟာ 
အထိမခံနိုင်အောင် နာကျင်လာမှာပါ။ သွားနဲ့ခံတွင်းဆရာဝန်တွေရဲ့ 
ညွန်ကြားချက်အရ Bubble Tea ကိုမှာပြီးရင် မြန်သမျှမြန်အောင်သောက်ပါ။
ပထမတစ်ငုံနဲ့ ကုန်တဲ့အထိကြားမှာ နာရီဝက်ပဲ အများဆုံးကြာပါစေ။ 
သင့်သွားတွေနဲ့ ထိတွေ့မှုကို တတ်နိုင်သမျှနည်း စေချင်တာပါ။ 
ပြီးရင်လည်း ပလုတ်ကျင်းပါ။

(၉) သင့်အသားအရေအတွက်ရော 
ဘယ်လိုအကျိုးသက်ရောက်စေနိုင်သလဲ
Bubble Tea မှာပါဝင်တဲ့ သကြားဓာတ်နဲ့ ကစီဓာတ်တွေဟာ 
သင့်အရေပြားကို အဆီပြန်မှုတွေဖြစ်စေ နိုင်ပါတယ်။ အဆီ တွေဟာ 
သင့်မျက်နှာချွေးပေါက်တွေကို ပိတ်လာရင်တော့ ဝက်ခြံ။ အဆီဖု၊ 
အဆီခဲတွေ ဖြစ်လာမှာပါ။

Bubble Tea ချစ်သူလေးများက Bubble Tea သောက်ခြင်းကြောင့်
ရနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို သိသွားပြီးဆိုရင်တော့ တန်ဆေး
လွန်ဘေး ဆိုတဲ့အတိုင်း သင့်တင့်မျှတစွာ သောက် သုံးတတ်ဖို့တော့ 
လိုအပ်ပါတယ်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win|
ရေးသားသူ Dr. Thiha Phyo Myint
Crd;Hello ဆရာဝန်

No comments:

Post a Comment