မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Thursday, August 27, 2020
ပြောကြားခဲ့သည်။
ဟု ပြောကြားခဲ့သည်။ 
ပြောကြားခဲ့သည်။
links -
==========================
ဆရာဝန်များရှေ့တွင် ဥ ဥခဲ့သည့်
ဆယ်ကျော်သက် လူငယ်တစ်ဦး
----------------------------------------
လွန်ခဲ့သော နှစ်နှစ်မှစပြီး ဥပေါင်း အနည်ဆုံး၂၀ ကျော် ဥခဲ့သည့်
ဆယ်ကျော်သက်ကောင် လေးတစ်ဦး၏ အဖြစ်သည် ဆရာဝန်များကို 
ဦးနှောက်ခြောက်လျက် ရှိသည်။ အင်ဒိုနီးရှားနိုင်ငံ ၊ ဂိုဝါမှ အသက် 
၁၄ နှစ်အရွယ် Akmal အမည်ရှိ ကောင်လေး သည် ၂၀၁၆ ခုနှစ်မှစပြီး
ပုံမှန် ဥ ဥနေခဲ့သည်။ Akmal ဥသည့် ဥများကိုခွဲကြည့် သောအခါ 
အချို့သောဥများအတွင်း၌ အဖြူရောင် အနှစ်များ တွေ့ရပြီး အချို့သော
ဥများအတွင်း၌မူ အဝါရောင်အနှစ်များ တွေ့ရကြောင်း သူ၏ဖခင်က 
ပြောကြားခဲ့သည်။
အဆိုပါ ကောင်လေးသည် သူ၏အခြေအနေကြောင့် ဆေးရုံ မကြာခဏ
တက်ရောက်နေရပြီး မကြာသေးမီက ဆရာဝန်များ၏ ရှေ့မှောက်တွင် 
ဥနှစ်လုံး ဥခဲ့ ကြောင်း သိရသည်။ သူ၏ဖခင် Rusli က 
“ ကျွန်တော့်သားဟာ နှစ်နှစ်အတွင်း ဥပေါင်း ၁၈ ဥနှင့် ဒီနေ့ နှစ်ဥ 
ဒါကြောင့် ဥစုစုပေါင်း ၂၀ ဥခဲ့တယ်။ ကျွန်တော် ပထမ ဆုံး ဥကို 
ခွဲကြည့်တော့ အတွင်းထဲမှာ အဝါရောင်အနှစ်တွေချည်း တွေ့ရတယ်” 
ဟု ပြောကြားခဲ့ သည်။ 
ဆရာဝန်များက အဆိုပါ လူငယ်၏ အခြေအနေကြောင့် ဦးနှောက်ခြောက်
လျက်ရှိပြီး လူ ၏ခန္ဓာကိုယ်အတွင်း ဥများဖြစ်ပွားရန် မှာ မဖြစ်နိုင်ကြောင်း 
ပြောကြားခဲ့သည်။
ဆေးရုံမှ ပြောရေးဆိုခွင့်ရှိ သူက...
“ ကျွန်တော်တို့ရဲ့ သုံးသပ် ချက်ကတော့ တစ်စုံတစ်ယောက် က
Akmal ကို နောက်ပြောင်ချင် လို့ သူ့ရဲ့ စအိုထဲကို ဥတွေထည့် 
ထားတာဖြစ်လိမ့်မယ်” ဟု ပြော ကြားခဲ့သည်။
သို့သော် Akmal ၏ဖခင်ကမူ အဆိုပါသုံးသပ်ချက် ကို လက်မခံပေ။ 
လက်ရှိအချိန် တွင် ဆရာဝန်များသည် Akmal ကို Syekh Yusuf
ဆေးရုံရှိ သီးသန့်အဆောင်တွင် တစ်ယောက်တည်းထားပြီး 
စောင့်ကြည့်လေ့လာလျက် ရှိသည်။
Credit*-Tomorrow News Journal
Category: Extra Ordinary
links -
No comments:
Post a Comment