--------------------------------------------------------
ရှာဖွေတာ ဖြစ်ပါတယ်။
credit:myanbnews
links -
========================================
သန်းနဲ့ချီတဲ့ ဂဏာန်းတွေပေါက်ဖွားရာ ကျွန်း
--------------------------------------------------------
❒ ပင်လယ်ဂဏန်းပေါက်တွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းစွာထဲက
ရှိခဲ့တဲ့သတ္တဝါတွေ ဖြစ်ပြီး သူတို့ဟာ ဂဏန်းကြီးတွေ ဖြစ်မှ ပင်လယ်ထဲ
ဆင်းသွားတာ ဖြစ်ပါတယ်။ တချို့ကလည်း ကမ်းပေါ်တက်ပြီး ကျွန်းတွေ
ပေါ်မှာ အသက်ရှင်နေထိုင်ကြတာ ဖြစ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာထဲက
သြစတြေးလျနိုင်ငံပိုင်နက် Christmas ကျွန်းရဲ့ နေရာတော်တော်များများ
မှာက ပင်လယ်တွေမှာ ဂဏန်းနီတွေ ပြွတ်သိပ်နေအောင် ရှိပြီး ဒီနေရာ
တွေဟာ ခရီးသွားတွေကို အလွန်အမင်း ဆွဲဆောင်နိုင်တဲ့နေရာအဖြစ်
နာမည်ကြီးတာဖြစ်ပါတယ်။ Christmas ကျွန်းမှာဆိုရင် အနီရောင်
သွေးစက်တွေလို ပုရွက်ဆိတ်အုံကြီးတွေလို နှစ်တစ်နှစ်ရဲ့ အစတွေမှာ
ဂဏန်းပေါက်တွေ ရောက်ရှိနေကြပြီဖြစ်ပါတယ်။
အောက်တိုဘာနဲ့ နိုဝင်ဘာလို စိုစွတ်တဲ့ ရာသီဥတုတွေမှာ
ဂဏန်းပေါက်တွေ အရွယ်ရောက်ကုန်ကြပြီး သူတို့ဟာ တောထဲကို
ဝင်သွားသလို တချို့လည်း ပင်လယ်ထဲ ဆင်းကုန်ကြတာ ဖြစ်ပါတယ်။
ဂဏန်းထီးတွေက သဲတွင်းတူးပေးပြီး ဂဏန်းမတွေက ဥ ဥတဲ့
တာဝန်ယူရတာ ဖြစ်ပါတယ်။ ပြီးရင်သူတို့ဟာ တောဘက်ကို
ထွက်ခွာသွားတတ်ပါတယ်။ များသောအားဖြင့် ဂဏန်းထီးတွေက
ဥတွေကို စောင့်ရှောက်ရပြီး ပေါက်ခါနီး သုံးပတ်လောက်အလိုမှာတော့
သူဟာ သားလောင်း ဥငယ်တွေကို ထားခဲ့တာဖြစ်ပါတယ်။
တချို့ဥတွေလဲ ပင်လယ်သမုဒ္ဒရာထဲ မြောသွားတတ်ပြီး
အကောင်ဖြစ်လာလဲ ရေလှိုင်းထဲ ပါသွားတတ်တာမျိုးတွေ ရှိပါတယ်။
တခါသားပေါက်ရာသီဆို သန်းနဲ့ ချီတဲ့ အကောင်တွေအတွက် ဒါဟာ
ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
ဒီလို များပြလှတဲ့အကောင်တွေဟာ ကျောက်ဆောင် ကျောက်တုံးတွေမှာ
တွယ်ကပ်နေတတ်ပြီး လမ်းကောင်းစွာ လျှောက်နိုင်တဲ့ အထိအနေအထား
အထိ အားယူဖို့ ငြိမ်သက်နေတတ်ပါတယ်။
သူတို့သာ ရှိနေတယ်ဆိုရင် ကျောက်တုံးတွေဟာ ပန်းရောင်နဲ့
အနီရောင် ပြောင်းလဲကုန်တာဖြစ်ပါတယ်။
သူတို့က ကျောက်ဆောင်တွေပေါ်တက်ပြီး တောရှိတဲ့ အရပ်ကို
ရှာဖွေတာ ဖြစ်ပါတယ်။
အပြာရောင် ဂဏန်းတွေကတော့ လှိုဏ်တွေနဲ့
ကျောက်ဆောင်တွေမှာသာ အနေများတာဖြစ်ပါတယ်။
သူတို့က ပုရွက်ဆိတ်နီတွေလိုပဲ
တကောင်နဲ့ တကောင် တွန်းတိုက်နေတာဖြစ်ပါတယ်။
အမြန်ဆုံးသွားလာလှုပ်ရှားနိုင်တဲ့ ဂဏန်းတွေက
တောရှာဖွေရေးမှာ အလိုလို ခေါင်းဆောင်ဖြစ်သွားပါတယ်။
ဒီကျွန်းကို သွားတဲ့လမ်းမှာလဲ အစိုးရက ဂဏန်းတွေ အတွက်
ကာကွယ်မှု ပေးထားတာဖြစ်ပါတယ်။
ဂဏန်းတွေ ရှိတဲံနေရာမှာ အရှိန်လျှော့မောင်းဖို့ တားမြစ်ထားပြီး
ဂဏန်းတွေဖြတ်ရင် ရပ်ပေးရတာဖြစ်ပါတယ်။
ဂဏန်းပေါက်တွေ အုံလိုက်ကျင်းလိုက်ရှိတဲ့အထဲ လက်ထည့်နိုင်ပြီး
သူတို့က မကိုက်တတ်ပါဘူး။
ဒီဂဏန်းပေါက်တွေဟာ နှစ်စဉ်နှစ်တိုင်း ဒီနှုန်းနဲ့
ပေါက်ဖွားနေတာဖြစ်ပါတယ်။
credit:myanbnews
links -
No comments:
Post a Comment