မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, August 30, 2020

မိုးကုတ္ၿမိဳ႕ေလးရဲ႕စီးပြားေရးနဲ႔ ထာပြဲေလး

ကမၻာေက်ာ္ ျပည္တန္ပတၱျမား ထြက္႐ွိရာ
မိုးကုတ္ၿမိဳ႕ေလးနဲ႔ ျပန္လည္အသက္ဝင္လာေစခ်င္တဲ့ 
မိုးကုတ္ၿမိဳ႕ေလးရဲ႕စီးပြားေရးနဲ႔ ထာပြဲေလး ...
--------------------------------------------------------------

မိုးကုတ္ၿမိဳ႕ဆိုတာ ကမၻာေပၚမွာ အရည္အေသြးအေကာင္းဆံုးေသာ
ပတၱျမားထြက္႐ွိရာေဒသ မ်ားစြာေသာ အႏုပညာ႐ွင္မ်ားကို 
ေမြးထုတ္ေပးေနတဲ့ ေဒသေလးတစ္ခုျဖစ္တာေၾကာင့္ ျမန္မာကသာမက 
ကမၻာကပါ စိတ္ဝင္စားေနတဲ့ ေနရာေဒသေလးတစ္ခုျဖစ္ေနေလရဲ႕…။

တစ္ခ်ိန္က လူႀကီးေတြရဲ႕ေျပာစကားေတြၾကားမွာ အထင္ႀကီးမိတဲ့ 
စကားလံုးေလးေတြက လမ္းေလ်ွာက္ရင္း ခလုတ္တိုက္မိခ့ဲရင္ေတာင္ 
အဖိုးတန္ေက်ာက္ေတြ ရတတ္တယ္ဆိုပဲ….။ ဒါေၾကာင့္ မိုးကုတ္ျမိဳ့
ေလးကို ေျခခ်ပီး ခလုတ္ေလးမ်ားတိုက္မိရင္ အဖိုးတန္ေက်ာက္
ေလးမ်ား ရလိုရညားေပါ့ စိတ္ကူးမိေနပါေသးတယ္။ 
ဒါေပမဲ့ ခုေတာ့ အဲ့စိတ္ကူးေလး လံုးပါးပါးေနၿပီထင္ပါရဲ႕….။
အေၾကာင္းအရင္းေတြက…….?…..?……?

ပတၱျမားေျမရဲ႕ သမိုင္းေၾကာင္းအစ

မိုးကုတ္သမိုင္းမွတ္တမ္းအေၾကာင္းအရာအရ…
ျမန္မာသကၠရာဇ္ (၅၇၉) ခုႏွစ္တြင္ မိုးမိတ္ေစာ္ပြားႀကီး 
သိုဟန္ဖက္ လက္ထက္ ယခု မိုးကုတ္ျဖစ္လာမည့္ေနရာသို႔ 
႐ွမ္းမုဆိုး (၃) ဦးတို႕ ေတာလည္ထြက္ရင္း မ်က္စိလည္ 
လမ္းမွားကာ ေရာက္႐ွိလာခ့ဲသည္။


မိုးခ်ဳပ္သြား၍ လမ္းစ႐ွာမရေတာ့တဲ့အတြက္ေၾကာင့္ 
ေတာင္ေစာင္း႐ွိ သဖန္းပင္ေအာက္မွာပဲ အိပ္စက္လိုက္ၾကပါတယ္။
မနက္မိုးေသာက္ယံ ေရာက္တဲ့အခ်ိန္မွာ အနီးမွာ႐ွိတဲ့ ၿပိဳက်ေနတဲ့ 
ေတာင္ကမ္းပါးယံေစာင္းမွာ က်ီးေတြ၊ စြန္ေတြ ရစ္ဝဲေအာ္ဟစ္ေနၾကလို႔ 
ထူးဆန္းတယ္ဆိုျပီး သြားေရာက္ၾကည့္႐ွႉၾကရာ အသားတစ္ပမာ 
နီျမန္းေနတဲ့ ပတၱျမားေက်ာက္အနီေတြကို ေတြ႔႐ွိခ့ဲၾကပါတယ္။

မုဆိုးေတြကလည္း ပတၱျမားေက်ာက္ေတြကို ယူေဆာင္လာပီးေတာ့ 
မိမိတို႔ေစာ္ဘြားကို ဆက္သခ့ဲၾကပါတယ္။ ေစာ္ဘြားႀကီး သိုဟန္ဖက္
ကလည္း ဆက္သလာတဲ့ ပတၱျမားေတြက အဖိုးထိုက္တန္မွန္း
သိတာေၾကာင့္ ထိုေနရာကို လိုက္လံျပသခိုင္းျပီး ေစာင့္ေ႐ွာက္ေစ
ခ့ဲပါတယ္။ ေစာက္ေ႐ွာက္ဖို႔တာဝန္က်သူေတြဟာ သဖန္းပင္ႀကီးအနီး
ရြာတည္ျပီးေနခ့ဲၾကၿပီး ေတာင္ယာလုပ္ငန္းေတြ လုပ္ကိုင္ၾကကာ 
တျဖည္းျဖည္း မိုးကုတ္ခ်ိဳင့္ဝွမ္းအတြင္း တိုးခ်ဲ့ေနထိုင္လာတာေၾကာင့္
ေနာင္တခ်ိန္မွာ မိုးကုတ္ၿမိဳ႕ရယ္လို႔ ျဖစ္တည္လာခ့ဲတာပါ…။
ခုဆိုရင္ မိုးကုတ္ၿမိဳ႕ႀကီးတည္႐ွိေနတာဟာ ႏွစ္ (၈၀၀) ေက်ာ္ ……
တိုင္ခ့ဲပါပီ။

ပတၱျမားေျမကို ကမၻာကသိလာခ့ဲပီ

ျမန္မာမင္းအဆက္ဆက္မွာ ပတၱျမားေျမ ေက်ာက္တူးလုပ္ငန္းနွင့္ 
အေရာင္းအဝယ္လုပ္ငန္းကို လုပ္ကိုင္ခ့ဲၾကၿပီး ပတၱျမားဟာ ပဓာန 
အက်ဆံုး ထြက္ကုန္တစ္ခု ျဖစ္တယ္လို႔ သတ္မွတ္လာၾကပါတယ္။
မင္းတုန္းမင္းတရားႀကီးလက္ထက္ ေရာက္တဲ့အခါမွာ ေနျပည္ေတာ္ 
ေက်ာက္ျမက္႐ံုးမ်ားဖြင့္လွစ္ၿပီး ႏိုင္ငံျခားသားမ်ားနဲ႔ တိုက္႐ိုက္ေရာင္း
ဝယ္ခ့ဲတဲ့အတြက္ေၾကာင့္ မိုးကုတ္ပတၱျမားရဲ႕ အရည္အေသြးကို 
ကမၻာက သိလာတာပါ…။


ေနာက္ပိုင္းမွာ အဂၤလိပ္ေတြ ျမန္မာျပည္ကို သိမ္းရတဲ့အေၾကာင္း
အရင္းကလည္း ပတၱျမားေျမဟာ တစ္ခုအပါအဝင္ျဖစ္ခ့ဲတယ္ေလ…။
အဂၤလိပ္ေတြက ျမန္မာျပည္ကိုသိမ္း ပတၱျမားေျမကိုအပိုင္စီးၿပီး 
ဘာမား႐ူဘီမိုင္း ကုမၸဏီကိုတည္ေထာင္ ပတၱျမားေတြကို 
လက္ဝါးႀကီးအုပ္ခ့ဲၾကတယ္…။ ဒါေပမဲ့… မၾကာပါဘူး..
အ႐ွံုးေပၚပီး ျပန္ေျပးၾကေလရဲ႕။

ေခတ္အဆက္ဆက္ ပတၱျမားေျမကို ေမာင္ပိုင္စီးခ့ဲၾကလိုက္တာ 
ခုခ်ိန္ထိ ဦးပိုင္လုပ္ကြက္ေတြ က်န္ေနပါေသးရဲ႕…။ သူတို႔ႀကီးစိုး
ထားတုန္းေပါ့……ဟူး……ေဒသခံေတြအတြက္ ရင္ေလးမိေနတယ္.။

ဘယ္လိုေတြမ်ား အသက္႐ွင္ဖို႔ လုပ္ကိုင္႐ွာေဖြေနရတာလဲကြယ္…..။
မိုးကုတ္ေျမမွာ လယ္ယာစိုက္မရ ၊ စီးပြားေရးေစ်းကြက္ကမ႐ွိ၊ 
ခရီးသြား ၿမိဳ႕ေတာ္လည္းမဟုတ္ျပန္ ၊ ေက်ာက္တြင္းကလည္း 
ေဒသခံေတြအတြက္ တစ္ႏိုင္တစ္ပိုင္ လုပ္ကြက္က အဆင္မေျပ။
ေအာ္….အခက္သားေပပဲ…။

ဘိုးဘြားေတြ ေပးခ့ဲေလေသာ ရတနာေျမ

ဘိုးဘြားေတြ ေပးခဲ့တာတဲ့…. ရတနာေျမကို….။ ျမန္မာျပည္ကို
အတင္းသိမ္းပိုက္ ရတနာေျမကို လက္ဝါးႀကီးအုပ္ ပတၱျမားေတြကို 
သိမ္းက်ံဳးယူခ့ဲတဲ့ အဂၤလိပ္ေတြဘယ္မွာလဲ….။ ဘိုးဘြားေတြက ေပးခဲ့
တဲ့ေျမကို အပိုင္ယူခ်င္လို႔ မၾကာပါဘူး အ႐ွံုးေပၚပီးေျပးၾကတယ္ေလ…။
အဂၤလိပ္ေတြေျပးပီေလ…ဘိုးဘြားေတြအေမြေပးခ့ဲတဲ့ ရတနာေျမ 
မိုးကုတ္သူ/သား ေဒသခံေတြ ဘာေၾကာင့္မပိုင္ရတာလဲ။ 
မိုးကုတ္ေျမမွာ ရတနာေျမေပၚမွာေန ရတနာေရေတြေသာက္ေနပီး 
ေဒသခံေတြအတြက္ ဘယ္မွာလဲရတနာေတြ….?။ ဘယ္သူ႔ဆီမွာလဲ….?။
ဘယ္ေတြေရာက္သြားလဲ…..? ။ ေမးခြန္းမ်ားစြာေမးေနမိေပမဲ့ 
အေျဖဟာမရလာခ့ဲဘူး ။ ဘိုးဘြားေတြေပးခ့ဲတဲ့ ရတနာေျမ 
ပိုင္ဆိုင္ပါရေစ။ ရတနာေတြနဲ႔ အသက္ေမြးမႈေတြ ေခ်ာင္လည္ပါရေစ…။
သို႔ေပမဲ့…ကင္းမဲ့ေနဆဲ အလွမ္းကြာေနဆဲ ေမ်ွာ္လင့္ခ်က္ကေလးေတြက…
ဟိုး…အေဝးဆီမွာ ။

♦ ျပန္လည္အသက္ဝင္ စည္းကားလာဖို႔ 
ေမ်ွာ္လင့္ေနမိဆဲပါ ထာပြဲေလး

ထာပြဲဆိုတာ တန္ဖိုးႀကီးေက်ာက္ေတြေရာင္းဝယ္ရာ ေနရာတစ္ခုပါ။
တန္ဖိုးႀကီးေက်ာက္ေတြေရာင္းဝယ္တဲ့ ထာပြဲဆိုတာ ဆိုင္ႀကီး၊
ဆိုင္ေကာင္းေတြနဲ႔ သားနားစြာေရာင္းတဲ့ ထင္မိေနလိမ့္မယ္။ 
စာပြဲခံု တစ္ခုရယ္ ထီးတစ္ေခ်ာင္းရယ္နဲ႔ ေက်ာက္ေလးေတြကို 
`ထာ´ေလးေတြထဲထည့္ပီး ေရာင္းဝယ္ၾကတာပါ ။


`ထာပြဲ´ ဆိုတာ ေက်ာက္ေတြကို ထာလို႔ေခၚတဲ့ ေၾကးလင္ပန္းႀကီး
ေတြထဲ ထည့္ပီး ျပသၾကတာေၾကာင့္ ထာပြဲလို႔ ေခၚၾကတာ။ 
ေက်ာက္မ်က္အေရာင္းအဝယ္လုပ္သူ ေဒသခံမ်ားဟာ 
ေက်ာက္အရည္အေသြး အမ်ိဳးအစားအလိုက္`ထာ´လို႔ေခၚတဲ့ 
လင္ပန္းႀကီးတစ္ခုထဲ ထည္ၿ့ပီး ျပသရာ ေစ်းတစ္ခုေပါ့ေနာ္။ 
ေက်ာက္ေရာင္းဝယ္သူ ျပသသူေတြနဲ႔ စည္ကားေနတဲ့ေနရာ တစ္ခုေပါ့။
မိုးကုတ္ၿမိဳ႕က ထြက္႐ွိတဲ့ မိုးကုတ္ေက်ာက္အမ်ိဳးအစား (၃၀) ေက်ာ္ကို
အေရာင္းအဝယ္ျပဳၾကပါတယ္။

လမ္းဆံုထာပြဲ ကေတာ့ မနက္အေစာပိုင္းမွာ စည္ပီးေတာ့ 
႐ွပ္႐ွင္ရံုထာပြဲကေတာ့ မနက္ပိုင္း (၁၀)နာရီ (၁၁) နာရီေလာက္မွာ
စည္တာပါ။ မိုးကုတ္အေ႐ွ႕ပိုင္းက ပန္းျခံထာပြဲကေတာ့ ေန႔လည္ခင္း
(၁) နာရီေလာက္ကေန (၃) နာရီေလာက္ထိ ႐ွိပီးေတာ့ 
ေဘာလံုးကြင္း အေသးေလာက္႐ွိတဲ့ ကြင္းထဲမွာ မိုးကာထီးျပာ
ကေလးေတြ ကိုယ္စီမိုးလို႔ စားပြဲခံု ကိုယ္စီေလးေတြခ်ကာ 
ေရာင္းသူ/ဝယ္သူေတြတဲ့ စည္ကားတဲ့ေနရာေလးပါ ။ အေနာက္ပိုင္း
ပန္းမထာပြဲကေတာ့ ညေန (၃)ခြဲ ၄နာနီေလာက္မွာစည္ပီး 
ထာပြဲထဲမွာ လွည့္လည္သြားလာရင္း ဝယ္မဲ့သူေတြ႔ပါက မိမိတို႔ပါလာတဲ့ 
ေက်ာက္ေတြကိုထုပ္ပီး ေစ်းေခၚ/ေစ်းျဖတ္ၾကတာေပါ့ေနာ္။ 
ယံုၾကည္မႈေတြနဲ႔ အလုပ္လုပ္ၾကတယ္ ယံုၾကည္မႈေတြကို 
အေလးထားတယ္ ေစ်းေခၚတဲ့သူက ေခၚတယ္ ေစ်းျဖတ္တဲ့သူက
ျဖတ္တယ္။ ရန္ျဖစ္တာမ႐ွ္ိဘူး စကားမ်ားၾကတာမ႐ွိဘူး ဝယ္သူ/
ေရာင္းသူေတြ တစ္ေယာက္ကိုတစ္ေယာက္ အေလးထားၾကတယ္။ 
သိပ္ခ်စ္ဖို႔ေကာင္းၾကတာပဲ……။ ျမန္မာျပည္မွာထြက္တဲ့ ပတၱျမားေတြ
အေၾကာင္း ျမန္မာျပည္သားတစ္ေယာက္အေနနဲ႔ သြားေရာက္ေလ့လာ
သင့္တယ္ ထင္မိပါတယ္…..။

စီးပြားေရးေတြနဲ႔ အစဥ္ႀကီးပြားေစခ်င္တာ

မိုးကုတ္ၿမိဳ႕မွာ ေက်ာက္မ်က္ေစ်းကြက္မ႐ွိဘူး…။ 
ဟိုတယ္နဲ႔ ခရီးသြားလာေရးေတြ ခုခ်ိန္ထိမဖြံ႕့ၿဖိဳးေသးဘူး။
မိုးကုတ္ၿမိဳ႕အေျခစိုက္ ေက်ာက္ျမတ္စင္တာေတြ မ႐ွိေသးပါဘူး 
ခုခ်ိန္ထိ။ ရတနာေျမေပၚမွာ ေနရေပမဲ့ ရတနာကို မပိုင္ဆိုင္ရဘူး။
ေက်ာက္ေစ်းေတြက သိပ္ေအးတယ္ ။ အလုပ္အဆင္မေျပၾကဘူး။
ဝမ္းစာဖူလံုဖို႔ အမိေျမကို ေခတၱစြန္႔ခြာလို႔ တစ္နယ္တျခားမွာ 
အလုပ္ႀကိဳးစား႐ွာေဖြေနၾကတယ္။


ရတနာေျမေပၚက မႈန္ျပျပ အညိဳေရာင္ အိမ္အိုေလးေတြက 
မိမိအ႐ွင္သခင္ေလးေတြကို ေစာင့္ေမ်ွာ္ရင္း ေနၾကေလရဲ႕။ 
ငိုသံေလးေတြ ၾကားေနသေယာင္ေယာင္။ မိုးကုတ္ၿမိဳ႕မွာ 
ေက်ာက္ျမတ္ေစ်းကြက္ ျမန္ျမန္ရပါေစ။ ေက်ာက္ျမတ္ျပပြဲေတြ 
လုပ္ႏိုင္ပါေစေပါ့။ ခုေတာ့ ေက်ာက္ျမတ္ျပပြဲေတြ ရန္ကုန္တို႔ 
ေနျပည္ေတာ္တို႔မွာပဲ လုပ္ေနၾကတယ္။ ေက်ာက္ျမတ္ေစ်းကြက္ 
အဲ့မွာတင္ပဲ တြင္က်ယ္ေနတယ္။ ကုန္သည္ႀကီးတို႔ သူေဌးႀကီးတို႔သာ
တက္ႏိုင္ၾကတယ္ေလ။ ေဒသခံေတြအတြက္ကေတာ့ မိုးကုတ္ၿမိဳ႕ရဲ႕ 
ေက်ာက္ျမက္ေစ်းကြက္ေလး ျပည္လည္အသက္ဝင္လာပါေစ ...
ၿမိဳ႕တြင္းေက်ာက္ေစ်းကြက္ေတြ ေကာင္းလာပါေစ ကိုယ္ပိုင္လုပ္ကြက္
ေတြ ျမန္ျမန္ရလာပါေစလို႔ ေမ်ွာ္လင့္ေနရံုမွအပ……….။
.

ျခယ္
MyanmarNote
(မိုးကုတ္သမိုင္းေၾကာင္းအား ဦးထြန္းဦး(မိုးကုတ္)စာအုပ္ မွ 
ကိုးကားမွီညမ္းထားပါသည္။)
Photo Credit – Mogok View’s Facebook Page

======================================

ကမ္ဘာကျော် ပြည်တန်ပတ္တမြား ထွက်ရှိရာ
မိုးကုတ်မြို့လေးနဲ့ ပြန်လည်အသက်ဝင်လာစေချင်တဲ့ 
မိုးကုတ်မြို့လေးရဲ့စီးပွားရေးနဲ့ ထာပွဲလေး ...
--------------------------------------------------------------

မိုးကုတ်မြို့ဆိုတာ ကမ္ဘာပေါ်မှာ အရည်အသွေးအကောင်းဆုံးသော
ပတ္တမြားထွက်ရှိရာဒေသ များစွာသော အနုပညာရှင်များကို 
မွေးထုတ်ပေးနေတဲ့ ဒေသလေးတစ်ခုဖြစ်တာကြောင့် မြန်မာကသာမက 
ကမ္ဘာကပါ စိတ်ဝင်စားနေတဲ့ နေရာဒေသလေးတစ်ခုဖြစ်နေလေရဲ့…။

တစ်ချိန်က လူကြီးတွေရဲ့ပြောစကားတွေကြားမှာ အထင်ကြီးမိတဲ့ 
စကားလုံးလေးတွေက လမ်းလျှောက်ရင်း ခလုတ်တိုက်မိခဲ့ရင်တောင် 
အဖိုးတန်ကျောက်တွေ ရတတ်တယ်ဆိုပဲ….။ ဒါကြောင့် မိုးကုတ်မြို့
လေးကို ခြေချပီး ခလုတ်လေးများတိုက်မိရင် အဖိုးတန်ကျောက်
လေးများ ရလိုရညားပေါ့ စိတ်ကူးမိနေပါသေးတယ်။ 
ဒါပေမဲ့ ခုတော့ အဲ့စိတ်ကူးလေး လုံးပါးပါးနေပြီထင်ပါရဲ့….။
အကြောင်းအရင်းတွေက…….?…..?……?

ပတ္တမြားမြေရဲ့ သမိုင်းကြောင်းအစ

မိုးကုတ်သမိုင်းမှတ်တမ်းအကြောင်းအရာအရ…
မြန်မာသက္ကရာဇ် (၅၇၉) ခုနှစ်တွင် မိုးမိတ်စော်ပွားကြီး 
သိုဟန်ဖက် လက်ထက် ယခု မိုးကုတ်ဖြစ်လာမည့်နေရာသို့ 
ရှမ်းမုဆိုး (၃) ဦးတို့ တောလည်ထွက်ရင်း မျက်စိလည် 
လမ်းမှားကာ ရောက်ရှိလာခဲ့သည်။

မိုးချုပ်သွား၍ လမ်းစရှာမရတော့တဲ့အတွက်ကြောင့် 
တောင်စောင်းရှိ သဖန်းပင်အောက်မှာပဲ အိပ်စက်လိုက်ကြပါတယ်။
မနက်မိုးသောက်ယံ ရောက်တဲ့အချိန်မှာ အနီးမှာရှိတဲ့ ပြိုကျနေတဲ့ 
တောင်ကမ်းပါးယံစောင်းမှာ ကျီးတွေ၊ စွန်တွေ ရစ်ဝဲအော်ဟစ်နေကြလို့ 
ထူးဆန်းတယ်ဆိုပြီး သွားရောက်ကြည့်ရှှူကြရာ အသားတစ်ပမာ 
နီမြန်းနေတဲ့ ပတ္တမြားကျောက်အနီတွေကို တွေ့ရှိခဲ့ကြပါတယ်။

မုဆိုးတွေကလည်း ပတ္တမြားကျောက်တွေကို ယူဆောင်လာပီးတော့ 
မိမိတို့စော်ဘွားကို ဆက်သခဲ့ကြပါတယ်။ စော်ဘွားကြီး သိုဟန်ဖက်
ကလည်း ဆက်သလာတဲ့ ပတ္တမြားတွေက အဖိုးထိုက်တန်မှန်း
သိတာကြောင့် ထိုနေရာကို လိုက်လံပြသခိုင်းပြီး စောင့်ရှောက်စေ
ခဲ့ပါတယ်။ စောက်ရှောက်ဖို့တာဝန်ကျသူတွေဟာ သဖန်းပင်ကြီးအနီး
ရွာတည်ပြီးနေခဲ့ကြပြီး တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ကြကာ 
တဖြည်းဖြည်း မိုးကုတ်ချိုင့်ဝှမ်းအတွင်း တိုးချဲ့နေထိုင်လာတာကြောင့်
နောင်တချိန်မှာ မိုးကုတ်မြို့ရယ်လို့ ဖြစ်တည်လာခဲ့တာပါ…။
ခုဆိုရင် မိုးကုတ်မြို့ကြီးတည်ရှိနေတာဟာ နှစ် (၈၀၀) ကျော် ……
တိုင်ခဲ့ပါပီ။

♦ ပတ္တမြားမြေကို ကမ္ဘာကသိလာခဲ့ပီ 

မြန်မာမင်းအဆက်ဆက်မှာ ပတ္တမြားမြေ ကျောက်တူးလုပ်ငန်းနှင့် 
အရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြပြီး ပတ္တမြားဟာ ပဓာန 
အကျဆုံး ထွက်ကုန်တစ်ခု ဖြစ်တယ်လို့ သတ်မှတ်လာကြပါတယ်။
မင်းတုန်းမင်းတရားကြီးလက်ထက် ရောက်တဲ့အခါမှာ နေပြည်တော် 
ကျောက်မြက်ရုံးများဖွင့်လှစ်ပြီး နိုင်ငံခြားသားများနဲ့ တိုက်ရိုက်ရောင်း
ဝယ်ခဲ့တဲ့အတွက်ကြောင့် မိုးကုတ်ပတ္တမြားရဲ့ အရည်အသွေးကို 
ကမ္ဘာက သိလာတာပါ…။

နောက်ပိုင်းမှာ အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းရတဲ့အကြောင်း
အရင်းကလည်း ပတ္တမြားမြေဟာ တစ်ခုအပါအဝင်ဖြစ်ခဲ့တယ်လေ…။
အင်္ဂလိပ်တွေက မြန်မာပြည်ကိုသိမ်း ပတ္တမြားမြေကိုအပိုင်စီးပြီး 
ဘာမားရူဘီမိုင်း ကုမ္ပဏီကိုတည်ထောင် ပတ္တမြားတွေကို 
လက်ဝါးကြီးအုပ်ခဲ့ကြတယ်…။ ဒါပေမဲ့… မကြာပါဘူး..
အရှုံးပေါ်ပီး ပြန်ပြေးကြလေရဲ့။

ခေတ်အဆက်ဆက် ပတ္တမြားမြေကို မောင်ပိုင်စီးခဲ့ကြလိုက်တာ 
ခုချိန်ထိ ဦးပိုင်လုပ်ကွက်တွေ ကျန်နေပါသေးရဲ့…။ သူတို့ကြီးစိုး
ထားတုန်းပေါ့……ဟူး……ဒေသခံတွေအတွက် ရင်လေးမိနေတယ်.။

ဘယ်လိုတွေများ အသက်ရှင်ဖို့ လုပ်ကိုင်ရှာဖွေနေရတာလဲကွယ်…..။
မိုးကုတ်မြေမှာ လယ်ယာစိုက်မရ ၊ စီးပွားရေးဈေးကွက်ကမရှိ၊ 
ခရီးသွား မြို့တော်လည်းမဟုတ်ပြန် ၊ ကျောက်တွင်းကလည်း 
ဒေသခံတွေအတွက် တစ်နိုင်တစ်ပိုင် လုပ်ကွက်က အဆင်မပြေ။
အော်….အခက်သားပေပဲ…။

ဘိုးဘွားတွေ ပေးခဲ့လေသော ရတနာမြေ

ဘိုးဘွားတွေ ပေးခဲ့တာတဲ့…. ရတနာမြေကို….။ မြန်မာပြည်ကို
အတင်းသိမ်းပိုက် ရတနာမြေကို လက်ဝါးကြီးအုပ် ပတ္တမြားတွေကို 
သိမ်းကျုံးယူခဲ့တဲ့ အင်္ဂလိပ်တွေဘယ်မှာလဲ….။ ဘိုးဘွားတွေက ပေးခဲ့
တဲ့မြေကို အပိုင်ယူချင်လို့ မကြာပါဘူး အရှုံးပေါ်ပီးပြေးကြတယ်လေ…။
အင်္ဂလိပ်တွေပြေးပီလေ…ဘိုးဘွားတွေအမွေပေးခဲ့တဲ့ ရတနာမြေ 
မိုးကုတ်သူ/သား ဒေသခံတွေ ဘာကြောင့်မပိုင်ရတာလဲ။ 
မိုးကုတ်မြေမှာ ရတနာမြေပေါ်မှာနေ ရတနာရေတွေသောက်နေပီး 
ဒေသခံတွေအတွက် ဘယ်မှာလဲရတနာတွေ….?။ ဘယ်သူ့ဆီမှာလဲ….?။
ဘယ်တွေရောက်သွားလဲ…..? ။ မေးခွန်းများစွာမေးနေမိပေမဲ့ 
အဖြေဟာမရလာခဲ့ဘူး ။ ဘိုးဘွားတွေပေးခဲ့တဲ့ ရတနာမြေ 
ပိုင်ဆိုင်ပါရစေ။ ရတနာတွေနဲ့ အသက်မွေးမှုတွေ ချောင်လည်ပါရစေ…။
သို့ပေမဲ့…ကင်းမဲ့နေဆဲ အလှမ်းကွာနေဆဲ မျှော်လင့်ချက်ကလေးတွေက…
ဟိုး…အဝေးဆီမှာ ။

ပြန်လည်အသက်ဝင် စည်းကားလာဖို့ 
မျှော်လင့်နေမိဆဲပါ ထာပွဲလေး ♦

ထာပွဲဆိုတာ တန်ဖိုးကြီးကျောက်တွေရောင်းဝယ်ရာ နေရာတစ်ခုပါ။
တန်ဖိုးကြီးကျောက်တွေရောင်းဝယ်တဲ့ ထာပွဲဆိုတာ ဆိုင်ကြီး၊
ဆိုင်ကောင်းတွေနဲ့ သားနားစွာရောင်းတဲ့ ထင်မိနေလိမ့်မယ်။ 
စာပွဲခုံ တစ်ခုရယ် ထီးတစ်ချောင်းရယ်နဲ့ ကျောက်လေးတွေကို 
`ထာ´လေးတွေထဲထည့်ပီး ရောင်းဝယ်ကြတာပါ ။

`ထာပွဲ´ ဆိုတာ ကျောက်တွေကို ထာလို့ခေါ်တဲ့ ကြေးလင်ပန်းကြီး
တွေထဲ ထည့်ပီး ပြသကြတာကြောင့် ထာပွဲလို့ ခေါ်ကြတာ။ 
ကျောက်မျက်အရောင်းအဝယ်လုပ်သူ ဒေသခံများဟာ 
ကျောက်အရည်အသွေး အမျိုးအစားအလိုက်`ထာ´လို့ခေါ်တဲ့ 
လင်ပန်းကြီးတစ်ခုထဲ ထည်ြ့ပီး ပြသရာ ဈေးတစ်ခုပေါ့နော်။ 
ကျောက်ရောင်းဝယ်သူ ပြသသူတွေနဲ့ စည်ကားနေတဲ့နေရာ တစ်ခုပေါ့။
မိုးကုတ်မြို့က ထွက်ရှိတဲ့ မိုးကုတ်ကျောက်အမျိုးအစား (၃၀) ကျော်ကို
အရောင်းအဝယ်ပြုကြပါတယ်။

လမ်းဆုံထာပွဲ ကတော့ မနက်အစောပိုင်းမှာ စည်ပီးတော့ 
ရှပ်ရှင်ရုံထာပွဲကတော့ မနက်ပိုင်း (၁၀)နာရီ (၁၁) နာရီလောက်မှာ
စည်တာပါ။ မိုးကုတ်အရှေ့ပိုင်းက ပန်းခြံထာပွဲကတော့ နေ့လည်ခင်း
(၁) နာရီလောက်ကနေ (၃) နာရီလောက်ထိ ရှိပီးတော့ 
ဘောလုံးကွင်း အသေးလောက်ရှိတဲ့ ကွင်းထဲမှာ မိုးကာထီးပြာ
ကလေးတွေ ကိုယ်စီမိုးလို့ စားပွဲခုံ ကိုယ်စီလေးတွေချကာ 
ရောင်းသူ/ဝယ်သူတွေတဲ့ စည်ကားတဲ့နေရာလေးပါ ။ အနောက်ပိုင်း
ပန်းမထာပွဲကတော့ ညနေ (၃)ခွဲ ၄နာနီလောက်မှာစည်ပီး 
ထာပွဲထဲမှာ လှည့်လည်သွားလာရင်း ဝယ်မဲ့သူတွေ့ပါက မိမိတို့ပါလာတဲ့ 
ကျောက်တွေကိုထုပ်ပီး ဈေးခေါ်/ဈေးဖြတ်ကြတာပေါ့နော်။ 
ယုံကြည်မှုတွေနဲ့ အလုပ်လုပ်ကြတယ် ယုံကြည်မှုတွေကို 
အလေးထားတယ် ဈေးခေါ်တဲ့သူက ခေါ်တယ် ဈေးဖြတ်တဲ့သူက
ဖြတ်တယ်။ ရန်ဖြစ်တာမရှိဘူး စကားများကြတာမရှိဘူး ဝယ်သူ/
ရောင်းသူတွေ တစ်ယောက်ကိုတစ်ယောက် အလေးထားကြတယ်။ 
သိပ်ချစ်ဖို့ကောင်းကြတာပဲ……။ မြန်မာပြည်မှာထွက်တဲ့ ပတ္တမြားတွေ
အကြောင်း မြန်မာပြည်သားတစ်ယောက်အနေနဲ့ သွားရောက်လေ့လာ
သင့်တယ် ထင်မိပါတယ်…..။

စီးပွားရေးတွေနဲ့ အစဉ်ကြီးပွားစေချင်တာ

မိုးကုတ်မြို့မှာ ကျောက်မျက်ဈေးကွက်မရှိဘူး…။ 
ဟိုတယ်နဲ့ ခရီးသွားလာရေးတွေ ခုချိန်ထိမဖွံ့ဖြိုးသေးဘူး။
မိုးကုတ်မြို့အခြေစိုက် ကျောက်မြတ်စင်တာတွေ မရှိသေးပါဘူး 
ခုချိန်ထိ။ ရတနာမြေပေါ်မှာ နေရပေမဲ့ ရတနာကို မပိုင်ဆိုင်ရဘူး။
ကျောက်ဈေးတွေက သိပ်အေးတယ် ။ အလုပ်အဆင်မပြေကြဘူး။
ဝမ်းစာဖူလုံဖို့ အမိမြေကို ခေတ္တစွန့်ခွာလို့ တစ်နယ်တခြားမှာ 
အလုပ်ကြိုးစားရှာဖွေနေကြတယ်။

ရတနာမြေပေါ်က မှုန်ပြပြ အညိုရောင် အိမ်အိုလေးတွေက 
မိမိအရှင်သခင်လေးတွေကို စောင့်မျှော်ရင်း နေကြလေရဲ့။ 
ငိုသံလေးတွေ ကြားနေသယောင်ယောင်။ မိုးကုတ်မြို့မှာ 
ကျောက်မြတ်ဈေးကွက် မြန်မြန်ရပါစေ။ ကျောက်မြတ်ပြပွဲတွေ 
လုပ်နိုင်ပါစေပေါ့။ ခုတော့ ကျောက်မြတ်ပြပွဲတွေ ရန်ကုန်တို့ 
နေပြည်တော်တို့မှာပဲ လုပ်နေကြတယ်။ ကျောက်မြတ်ဈေးကွက် 
အဲ့မှာတင်ပဲ တွင်ကျယ်နေတယ်။ ကုန်သည်ကြီးတို့ သူဌေးကြီးတို့သာ
တက်နိုင်ကြတယ်လေ။ ဒေသခံတွေအတွက်ကတော့ မိုးကုတ်မြို့ရဲ့ 
ကျောက်မြက်ဈေးကွက်လေး ပြည်လည်အသက်ဝင်လာပါစေ ...
မြို့တွင်းကျောက်ဈေးကွက်တွေ ကောင်းလာပါစေ ကိုယ်ပိုင်လုပ်ကွက်
တွေ မြန်မြန်ရလာပါစေလို့ မျှော်လင့်နေရုံမှအပ……….။
.

ခြယ်
MyanmarNote
(မိုးကုတ်သမိုင်းကြောင်းအား ဦးထွန်းဦး(မိုးကုတ်)စာအုပ် မှ 
ကိုးကားမှီညမ်းထားပါသည်။)
Photo Credit – Mogok View’s Facebook Page

No comments:

Post a Comment