မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Saturday, August 29, 2020
------------------------------------------------------
ထင်ခဲ့ကြပါတယ်။
White 
credit:Shwemom
Ref: Rach Feed
link -
===============================================
သရေကွင်းတစ်ကွင်းကြောင့် ထူးဆန်းတဲ့
အနာရောဂါ ခံစားခဲ့ရတဲ့ ကလေးငယ်လေး ...
------------------------------------------------------
ကလေးငယ်လေးတွေကို ဘယ်လောက်ပဲ အနီးကပ်သတိထားပြီး 
စောင့်ကြည့်ပါစေ သူတို့ဆီမှာ တစ်ခုခုတော့ မဟုတ်တာဖြစ်တတ်
ပါတယ်။ သူတို့လေးတွေကို မျက်စိရှေ့မှာထားပြီး ကြည့်နေလည်း 
လူကြီးတွေ အလုပ်ရှုပ်လို့ မျက်နှာတစ်ချက်လွှဲလိုက်တာနဲ့ 
ဖြစ်ချင်တာတွေ ဖြစ်ကုန်တာပါပဲ။
တရုတ်နိုင်ငံ Anhui မှာ နေထိုင်တဲ့ (၄)နှစ်သမီးလေးတစ်ယောက်ဆိုရင် 
သူ့လက်မှာ ကွင်းပုံစံအနာဖြစ်လာပြီး တဖြည်းဖြည်း ကြီးလာကာ 
နာကျင်လာစေခဲ့ပါတယ်။ Le Le ဆိုတဲ့ ကလေးမလေးကို သူ့အဖိုး
အဖွားတွေက ကြည့်နေခဲ့ကြတာဖြစ်ပြီး ကလေးမှာ အနာဖြစ်နေခဲ့တာ 
ချက်ချင်းမသိခဲ့ကြပါဘူး။ (၆)လနောက်ပိုင်းမှာတော့ ကလေးငယ်လေးရဲ့
အနာကို သတိထားမိလာခဲ့ကြပေမယ့် အလက်ဂျီဖြစ်တယ်ပဲ 
ထင်ခဲ့ကြပါတယ်။
အဝေးမှာ အလုပ်လုပ်နေတဲ့ မိဘတွေက နှစ်ကူးပိတ်ရက် အိမ်ပြန်လာ
ချိန်မှာတော့ ကလေးငယ်လေးရဲ့ အခြေအနေကို တွေ့ကာ ထိတ်လန့်ခဲ့
ကြရပြီး ကလေးဆေးရုံသို့ ချက်ချင်းပို့ခဲ့ကြပါတယ်။ နာကျင်မှုပြင်းထန်
နေပြီဖြစ်တဲ့ ဒဏ်ရာကို ဆရာဝန်တွေ စစ်လိုက်ချိန်မှာ လက်မောင်း
အသားထဲ ပစ္စည်းတစ်ခုခုဝင်နေတာ သိခဲ့ရပြီး ခွဲစိတ်မှုလုပ်ခဲ့ကြရပါတယ်။
အသားထဲကနေ ထွက်လာတဲ့အရာကို တွေ့လိုက်ရချိန်မှာတော့ 
အံ့အားသင့်ခဲ့ကြရပါတယ်။ သရေကွင်းတစ်ကွင်း ဖြစ်နေခဲ့လို့ပါ။
ဆရာဝန် Ye Wensong ကတော့ သူ့လုပ်သက်နှစ် (၂၀)မှာ 
ဒီလိုခွဲစိတ်မှုမျိုး ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ကြောင်းဆိုပြီး 
အခြားဆေးရုံတွေမှာတော့ အလားတူအနာနဲ့ ကလေးတွေရှိခဲ့ကြောင်း 
သတင်းများအရ သိရပါတယ်။ အခုဆိုရင် လက်မောင်းထဲကနေ 
သရေကွင်းကို ဖယ်ရှားလိုက်ပြီဖြစ်တာကြောင့် Le Le လေးဟာ
နာကျင်မှုမခံစားရတော့ဘဲ ပြန်လည်သက်သာလာနေပြီဖြစ်ပါတယ်။
White 
credit:Shwemom
Ref: Rach Feed
link -
No comments:
Post a Comment