မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Sunday, August 30, 2020
-----------------------------------------
တယ်။ ဘယ်လောက်ထိ စာအုပ်ကို မသုံးဘူးလဲဆိုရင် သချာင်္င်္တွက်
Source : Thutazone 
links -
=======================================
စာအုပ်လုံးဝမသုံးတဲ့ ကမ္ဘာပေါ်က 
အထူးဆန်းဆုံး စာသင်ကျောင်း
-----------------------------------------
ဖီလာဒဲဖီးယားမှာရှိတဲ့ အနာဂတ်ဆိုတဲ့ စာသင်ကျောင်းလေးဟာ 
စာအပ်လုံးဝမသုံးတဲ့ ကမ္ဘာပေါ်က အထူးဆန်းဆုံးကျောင်းလေး 
တစ်ကျောင်းပဲ ဖြစ်ပါတယ်။ ဒီကျောင်းလေးကို တော့ ၂၀၁၆ခုနှစ်မှာ
စတင်ဖွင့်လှစ်ခဲ့ပြီး စာအုပ်အစား ကွန်ပျူတာတွေကိုပဲ အသုံးပြုကြပါ
တယ်။ ဘယ်လောက်ထိ စာအုပ်ကို မသုံးဘူးလဲဆိုရင် သချာၤင်္တွက်
တာတောင်မှ မှတ်စုရေးတဲ့ ဆော့ဖ်ဝဲလ်ကိုသာ အသုံးပြုကြပါတယ်။  
စာသင်ကြားတဲ့ ဆရာ၊ ဆရာမတွေကလည်း ရိုးရိုးကျောက်သင်ပုန်းနဲ့
မြေဖြူအစား ကွန်ပျူတာစနစ်ကျောက်သင်ပုန်းတွေနဲ့ပဲ စာသင်ကြား
ကြတာဖြစ်ပါတယ်။ ဒီကျောင်ကြီးထဲမှာ ကျောင်သားတွေ ပစ္စည်းထာတဲ့ 
လော့ကာကအစ ကျောင်းသားကဒ်နဲ့ ဖွင့်ရတဲ့ ဒီဂျစ်တယ် လော့ကာ
တွေကို ထားပေးထားပါတယ်။ အနာဂတ်အမည်ရှိတဲ့ စာသင်ကျောင်း
ကြီးဟာ အခုအချိန်မှာ တိုးတက်အောင်မြင်နေသော်လည်း အစပိုင်း
မှာတော့ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 
ကျောင်းသားတွေဟာ အစောပိုင်းမှာ နည်းပညာနဲ့ ထိတွေ့မှုမှာ 
အသားမကျသေးသလို စာသင်ကြားတဲ့ ဆရာတွေကလည်း 
စာသင်ခန်းအတွင်း စာသင်ကြားရာမှာ အသုံးပြုရတဲ့ နည်းပညာနဲ့ 
ပက်သတ်ပြီး အခက်အခဲတွေရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ 
ကျောင်းသားရော ဆရာရော ပြောင်းလဲထားတဲ့ နည်းပညာ 
သင်ကြားရေးစနစ်မှာ အသားကျသွားပြီး ကျောင်းသားတွေဟာ 
သင်္ချာ စာဖတ်စွမ်းရည်မှာ အမှတ်ပိုကောင်းလာကြတာကို
တွေ့ရပါတယ်။ အခုလို စာသင်ကြားရေး စနစ်ဟာ အနာဂတ်
ပညာသင်ကြားရေးစနစ်ရဲ့ အကောင်းဆုံးသော လမ်းစ ဖြစ်ပြီး 
အရည်အချင်းပြည့်မှီတဲ့ ကလေးငယ်တွေကို ပိုမို မွေးထုတ်လာ
နိုင်မှာလည်း ဖြစ်ပါတယ်။ 
Source : Thutazone 
links -
No comments:
Post a Comment