စာတတ္ေပတတ္မ်ား
-------------------------
႐ံုးခန္းတံခါးကို မေခါက္ဘဲ ဝင္လာသျဖင့္
ညႊန္ခ်ဳပ္က ေမာ့မၾကည့္ဘဲ စိတ္တိုကာ
“တံခါးဝမွာ စာမဖတ္ဘူးလား။ တံခါးေခါက္ၿပီးမွ ဝင္ပါဆိုတာ” လို႔
ေအာ္လိုက္တယ္။ ေမာ့ၾကည့္လိုက္ေတာ့ ႐ံုးအုပ္ စာေရးႀကီး
ကိုေမာင္ၾကည္ျဖစ္ေနတယ္။ ညႊန္ခ်ဳပ္က စိတ္တိုတိုနဲ႔
“ကိုေမာင္ၾကည္ ဘာကိစၥလဲ” လို႔ေမးလိုက္တယ္။ ကိုေမာင္ၾကည္က
“ကၽြန္ေတာ္ အလုပ္ထြက္စာ လာတင္တာပါဆရာ”လို႔ ေျပာလိုက္တယ္။
“ကိုေမာင္ၾကည္ ဘာျဖစ္လို႔ အလုပ္ထြက္မွာလဲ”
“ကၽြန္ေတာ္ စာမတတ္တဲ့သူေတြနဲ႔ အတူ
လက္တြဲၿပီး အလုပ္မလုပ္ႏိုင္လို႔ပါဆရာ”
“ဟာ … ခင္ဗ်ားစကားႀကီးကလည္း က်ဳပ္တို႔႐ံုးမွာ
ေအာက္ေျခဝန္ထမ္း သန္႔ရွင္းေရးေတာင္ ၁၀ တန္းမွခန္႔တာ”
“ဟုတ္ကဲ့ပါဆရာ … ႐ံုးမွာ စကားတိုးတိုးေျပာပါဆိုတဲ့
စာကပ္ထားပါတယ္။ အဲဒီစာေအာက္က စားပြဲမွာ ထိုင္
လုပ္ေနတဲ့ စာေရးႀကီး ေဒၚလွလွက ဒီ႐ံုးမွာ အသံက်ယ္က်ယ္နဲ႔
ေအာ္ၿပီး အဆဲဆံုးျဖစ္ေနပါတယ္။ တစ္ေန႔ တစ္ေန႔ ေဟာက္လိုက္တာ။
ေဘးနားကလူေတြေတာင္ မေနႏိုင္ေအာင္ပဲ။ တရားဥပေဒႏွင့္
မလြတ္ကင္းေသာ အလုပ္မ်ား မလုပ္ရဆိုတဲ့ ဆိုင္းဘုတ္ေအာက္မွာ
ဒ႐ိုင္ဘာ ကိုတင္ဝင္းက ခ်ဲေရာင္းပါတယ္။ ေဆးလိပ္ မေသာက္ရ
ဆိုတဲ့ ဆိုင္းဘုတ္ေအာက္က ေနရာဟာ လက္ေထာက္ညႊန္မွဴး
ဦးလွဦးအတြက္ စီးကရက္ေသာက္ အပန္းေျဖတဲ့ ေနရာျဖစ္ပါတယ္။
ကြမ္းတံေတြး မေထြးရဆိုတဲ့ ဆိုင္းဘုတ္ေအာက္မွာ ကြန္ပ်ဴတာ
ဌာနကလူေတြ ကြမ္းတံေတြးေထြးတဲ့ ေနရာျဖစ္ပါတယ္။
လာဘ္ေပးလာဘ္ယူ ဒို႔ရန္သူ ဆိုတဲ့ ဆိုင္းဘုတ္ေအာက္မွာ
႐ံုးကို လာတဲ့ ေလွ်ာက္လႊာတင္သူတိုင္း တစ္ေယာက္ကို
၁၀၀ ေပးမွ ႐ံုးေစာင့္ ကိုေက်ာ္က တံခါးဖြင့္ေပးပါတယ္။
ဆရာ့တံခါးကို တံခါးမေခါက္ဘဲ ဝင္ဖို႔ ဆရာ့အတြင္းေရးမွဴးမက
တစ္ေယာက္ကို ၅၀၀ ယူပါတယ္။ ဆရာ ခုဆိုရင္ ေအာက္မွာ
ကားရပ္ခဲ့တဲ့ ေနရာက ကားမရပ္ရဆိုတဲ့ ဆိုင္းဘုတ္တည့္တည့္မွာ
ျဖစ္ပါတယ္။ တစ္႐ံုးလံုး စာမတတ္တဲ့သူေတြ ျဖစ္ေနတဲ့ အတြက္
ကၽြန္ေတာ့္ကို ဒီ႐ံုးကေန အလုပ္ထြက္ခြင့္ျပဳပါဆရာ”
ကိုေမာင္ၾကည္ ႐ံုးကထြက္လိုက္တယ္။
ေနာက္ဆံုးႏႈတ္ဆက္တဲ့ အေနနဲ႔ ႐ံုးကိုလွည့္ၾကည့္လိုက္တယ္။
“အမ်ိဳးသားစာတတ္ေျမာက္ေရး ကူညီေထာက္ပံ့မႈအဖြဲ႕႐ံုး” တဲ့။
ကိုေမာင္ၾကည္က ထြက္စာကို ညႊန္ခ်ဳပ္ စားပြဲေပၚတင္ခဲ့ပါတယ္။
ၿပီးေတာ့ သူ႔အိတ္ေလးဆြဲကာ လြတ္လပ္ေပါ့ပါးစြာ ႐ံုးထဲက
ထြက္ခဲ့တယ္။
မွတ္တိုင္လို႔ ထူထားတဲ့ ဆိုင္းဘုတ္နဲ႔ ေျခလွမ္း ၂၀ အကြာမွာ
သြားရပ္လိုက္တယ္။ ဘတ္စ္ကားက အဲ့ဒီတည့္တည့္မွာ
လာရပ္တယ္။ ကိုေမာင္ၾကည္ ကားေပၚတက္လိုက္တယ္။
တံေတြးမေထြးရဆိုတဲ့ ညႊန္ၾကားစာတည့္တည့္ေအာက္မွာ
တံေတြးကို ျပစ္ခနဲ အျပင္ကို ေထြးထုတ္လိုက္တယ္။
ေဆးလိပ္မေသာက္ရဆိုတဲ့ ဆိုင္းဘုတ္ကို ၾကည့္ၿပီးေတာ့
စီးကရက္ကို ထုတ္ မီးညႇိ လိုက္တယ္။ အဲ့ဒီအခ်ိန္မွာ စပယ္ယာက
ကြမ္းမစားရဆိုတဲ့ ျပတင္းေပါက္ကေန ကြမ္းတံေတြးေထြးလိုက္တယ္။
ကိုေမာင္ၾကည္ရဲ႕ လက္ေမာင္းမွာ ရဲခနဲျဖစ္သြားတယ္။
ဒီတိုင္းျပည္က သူ႔ဟာနဲ႔သူေတာ့ ဟုတ္ေနၾကတာပဲ။
(Iranek Linz ေရးသားတဲ့ Literacy ကို ျမန္မာမႈျပဳပါတယ္)
Credit - Tin Nyunt
source:News Shwe O
===================================
စာတတ်ပေတတ်များ
-------------------------
.
ရုံးခန်းတံခါးကို မခေါက်ဘဲ ဝင်လာသဖြင့်
ညွှန်ချုပ်က မော့မကြည့်ဘဲ စိတ်တိုကာ
“တံခါးဝမှာ စာမဖတ်ဘူးလား။ တံခါးခေါက်ပြီးမှ ဝင်ပါဆိုတာ” လို့
အော်လိုက်တယ်။ မော့ကြည့်လိုက်တော့ ရုံးအုပ် စာရေးကြီး
ကိုမောင်ကြည်ဖြစ်နေတယ်။ ညွှန်ချုပ်က စိတ်တိုတိုနဲ့
“ကိုမောင်ကြည် ဘာကိစ္စလဲ” လို့မေးလိုက်တယ်။ ကိုမောင်ကြည်က
“ကျွန်တော် အလုပ်ထွက်စာ လာတင်တာပါဆရာ”လို့ ပြောလိုက်တယ်။
“ကိုမောင်ကြည် ဘာဖြစ်လို့ အလုပ်ထွက်မှာလဲ”
“ကျွန်တော် စာမတတ်တဲ့သူတွေနဲ့ အတူ
လက်တွဲပြီး အလုပ်မလုပ်နိုင်လို့ပါဆရာ”
“ဟာ … ခင်ဗျားစကားကြီးကလည်း ကျုပ်တို့ရုံးမှာ
အောက်ခြေဝန်ထမ်း သန့်ရှင်းရေးတောင် ၁၀ တန်းမှခန့်တာ”
“ဟုတ်ကဲ့ပါဆရာ … ရုံးမှာ စကားတိုးတိုးပြောပါဆိုတဲ့
စာကပ်ထားပါတယ်။ အဲဒီစာအောက်က စားပွဲမှာ ထိုင်
လုပ်နေတဲ့ စာရေးကြီး ဒေါ်လှလှက ဒီရုံးမှာ အသံကျယ်ကျယ်နဲ့
အော်ပြီး အဆဲဆုံးဖြစ်နေပါတယ်။ တစ်နေ့ တစ်နေ့ ဟောက်လိုက်တာ။
ဘေးနားကလူတွေတောင် မနေနိုင်အောင်ပဲ။ တရားဥပဒေနှင့်
မလွတ်ကင်းသော အလုပ်များ မလုပ်ရဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ
ဒရိုင်ဘာ ကိုတင်ဝင်းက ချဲရောင်းပါတယ်။ ဆေးလိပ် မသောက်ရ
ဆိုတဲ့ ဆိုင်းဘုတ်အောက်က နေရာဟာ လက်ထောက်ညွှန်မှူး
ဦးလှဦးအတွက် စီးကရက်သောက် အပန်းဖြေတဲ့ နေရာဖြစ်ပါတယ်။
ကွမ်းတံတွေး မထွေးရဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ကွန်ပျူတာ
ဌာနကလူတွေ ကွမ်းတံတွေးထွေးတဲ့ နေရာဖြစ်ပါတယ်။
လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ
ရုံးကို လာတဲ့ လျှောက်လွှာတင်သူတိုင်း တစ်ယောက်ကို
၁၀၀ ပေးမှ ရုံးစောင့် ကိုကျော်က တံခါးဖွင့်ပေးပါတယ်။
ဆရာ့တံခါးကို တံခါးမခေါက်ဘဲ ဝင်ဖို့ ဆရာ့အတွင်းရေးမှူးမက
တစ်ယောက်ကို ၅၀၀ ယူပါတယ်။ ဆရာ ခုဆိုရင် အောက်မှာ
ကားရပ်ခဲ့တဲ့ နေရာက ကားမရပ်ရဆိုတဲ့ ဆိုင်းဘုတ်တည့်တည့်မှာ
ဖြစ်ပါတယ်။ တစ်ရုံးလုံး စာမတတ်တဲ့သူတွေ ဖြစ်နေတဲ့ အတွက်
ကျွန်တော့်ကို ဒီရုံးကနေ အလုပ်ထွက်ခွင့်ပြုပါဆရာ”
ကိုမောင်ကြည် ရုံးကထွက်လိုက်တယ်။
နောက်ဆုံးနှုတ်ဆက်တဲ့ အနေနဲ့ ရုံးကိုလှည့်ကြည့်လိုက်တယ်။
“အမျိုးသားစာတတ်မြောက်ရေး ကူညီထောက်ပံ့မှုအဖွဲ့ရုံး” တဲ့။
ကိုမောင်ကြည်က ထွက်စာကို ညွှန်ချုပ် စားပွဲပေါ်တင်ခဲ့ပါတယ်။
ပြီးတော့ သူ့အိတ်လေးဆွဲကာ လွတ်လပ်ပေါ့ပါးစွာ ရုံးထဲက
ထွက်ခဲ့တယ်။
မှတ်တိုင်လို့ ထူထားတဲ့ ဆိုင်းဘုတ်နဲ့ ခြေလှမ်း ၂၀ အကွာမှာ
သွားရပ်လိုက်တယ်။ ဘတ်စ်ကားက အဲ့ဒီတည့်တည့်မှာ
လာရပ်တယ်။ ကိုမောင်ကြည် ကားပေါ်တက်လိုက်တယ်။
တံတွေးမထွေးရဆိုတဲ့ ညွှန်ကြားစာတည့်တည့်အောက်မှာ
တံတွေးကို ပြစ်ခနဲ အပြင်ကို ထွေးထုတ်လိုက်တယ်။
ဆေးလိပ်မသောက်ရဆိုတဲ့ ဆိုင်းဘုတ်ကို ကြည့်ပြီးတော့
စီးကရက်ကို ထုတ် မီးညှိ လိုက်တယ်။ အဲ့ဒီအချိန်မှာ စပယ်ယာက
ကွမ်းမစားရဆိုတဲ့ ပြတင်းပေါက်ကနေ ကွမ်းတံတွေးထွေးလိုက်တယ်။
ကိုမောင်ကြည်ရဲ့ လက်မောင်းမှာ ရဲခနဲဖြစ်သွားတယ်။
ဒီတိုင်းပြည်က သူ့ဟာနဲ့သူတော့ ဟုတ်နေကြတာပဲ။
(Iranek Linz ရေးသားတဲ့ Literacy ကို မြန်မာမှုပြုပါတယ်)
Credit - Tin Nyunt
source:News Shwe O
No comments:
Post a Comment