မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Thursday, August 27, 2020
------------------------------------------------------------------------
ထားတာပါ။
WC (ရိုးရာလေး)
www.yoyarlay.com
links -
===============================
Apple Logo မှာ ပန်းသီးက ဘာဖြစ်လို့ တစ်ခြမ်းပဲ့နေတာလဲ
------------------------------------------------------------------------
Apple Logo နှင့် ပတ်သက်ရင် ပန်းသီးအကြောင်းရယ် ပြီးတော့ 
ဘာကြောင့် တစ်ခြမ်းပဲ့နေလဲ ဆိုတာရယ် ဆိုပြီး အကြောင်းအရာ 
နှစ်မျိုးပြောရပါလိမ့်မယ်။
ဘာကြောင့် ပန်းသီးပုံကို သုံးတာလဲ?
ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားနဲ့သက်ဆိုင်တဲ့ နိယာမတွေကို ထုတ်ပြန်ခဲ့တဲ့ 
ဆာအိုက်ဆက် နယူတန် (Sir Isaac Newton) ကို ဂုဏ်ပြုထားတာ
ဖြစ်ပါတယ်။ သူ့နေအိမ်ခြံဝင်းအတွင်းမှာ ထိုင်နေတုန်း ပန်းသီး ခေါင်းပေါ်
ကြွေကျပြီး ကမ္ဘာမြေကြီးဆွဲအားကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တယ်လို့ 
ဆိုထားပါတယ်။ ဂြိုလ်တွေရဲ့ ပတ်လမ်းတွေကို တွေ့ရှိခဲ့တယ်။ 
ကမ္ဘာ့သမိုင်းမှာ သြဇာလွှမ်းမိုးမှု ကြီးမားသူတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ပန်းသီးကို Logo မှာ အသုံးပြု
ထားတာပါ။
ဘာကြောင့် တစ်ခြမ်းပဲ့နေတာလဲ?
AI (Artificial Intelligence) နဲ့ ကွန်ပျူတာသိပ္ပံရဲ့ ဖခင်လို့တင်စားထားတဲ့
အလန်မတ်သီဆွန် ကျူးရင်း (Alan Mathison Turing) ကို ဂုဏ်ပြုထား
တာပါ။ သူက ဒီနေ့ခေတ် ကွန်ပျူတာသိပ္ပံပညာရပ်မှာ များစွာလွှမ်းမိုးမှု
ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ သူဟာ လိင်တူချင်း ကြိုက်နှစ်သက်မှု 
အက်ဥပဒေအရ ၁၉၅၂ ခုနှစ်မှာ တရားစွဲခဲ့ခံရပါတယ်။ အဲဒီအချိန်က 
အဲဒီလို အပြုအမူဟာ ယူကေ (UK) မှာ ရာဇဝတ်မှု မြောက်ဆဲဖြစ်ပါတယ်။
သူက ထောင်ဒဏ်အစား ဓါတုနည်းနဲ့ ကုသမှုကို ရွေးချယ်ခဲ့ပါတယ်။
၁၉၅၄ ခုနှစ်မှာတော့ ဆိုင်ယမ်နိုက်အဆိပ်သင့်ပြီး သူသေဆုံးခဲ့ပါတယ်။ 
သေမှုသေခင်း စစ်ဆေးချက်အရ ကိုယ့်ကိုယ်ကို သတ်သေတယ်လို့ 
ပြောခဲ့ကြပါတယ်။ သူသေဆုံးတဲ့ နေရာမှာ သူနဲ့အတူ သူကိုက်ထားတဲ့ 
ပန်းသီးတခြမ်းပဲ့ကိုလည်း တွေ့ခဲ့ကြပါတယ်။ ကျူးရင်းကို ဂုဏ်ပြုတဲ့
အနေနဲ့ ပန်းသီးတခြမ်းပဲ့ ကို Logo ကို အသုံးပြုထားခြင်းဖြစ်ပါတယ်။
WC (ရိုးရာလေး)
www.yoyarlay.com
Yoyarlay - လူမှုကွန်ယက် စာမျက်နှာမှ ကူးယူမျှဝေပါသည်။
links -
No comments:
Post a Comment