-----------------------------------------------
စာသင်ပေးလေ့ရှိပါတယ်။
White
credit:Shwemom
Ref: Rach Feed
links -
=============================================
ချို့တဲ့တဲ့ကလေးတွေကို စာသင်ပေးရင်း
အကျိုးပြုနေတဲ့ ကျောင်းသူလေးတစ်ဦး
-----------------------------------------------
မနှစ်က ဖိလစ်ပိုင်ကျောင်းသူလေးတစ်ဦးဖြစ်တဲ့ Dara Tuazon ဟာ
လူသာမက စိတ်ပါလှတယ်ဆိုတဲ့အကြောင်းကြောင့် အင်တာနက်ပေါ်မှာ
သတင်းမွှေးခဲ့သူလေးပါ။ သူမက တက္ကသိုလ်မှာ မူလတန်းဆရာ
အတတ်သင် မေဂျာကို တက်ရောက်သင်ကြားနေပြီး ကျောင်းနားမှာရှိတဲ့
လမ်းပေါ်က ချို့တဲ့နွမ်းပါးတဲ့ ကလေးလေးတွေ အားလပ်ချိန်မှာ
စာသင်ပေးလေ့ရှိပါတယ်။
ကျောင်းမနေရတဲ့ ကလေးတွေဟာ သူတို့ကို ရေးတတ်ဖတ်တတ်အောင်
သင်ပေးနေတဲ့ ဆရာမလေးကိုလည်း ချစ်ခင်ကြပြီး (၃)ယောက်နဲ့
စတင်ခဲ့ရာမှ မကြာခင်မှာ ကလေးပေါင်း (၃၅)ယောက်ဖြစ်သွားခဲ့ပါတယ်။
Dara ဟာ စာသင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကိုလည်း သူမရဲ့ ပိုက်ဆံနဲ့
ဝယ်တာဖြစ်ပါတယ်။ (၂၀၁၇)တုန်းကတော့ သူမ ကလေးတွေကို
စာသင်နေတဲ့ပုံကို တစ်ယောက်ယောက်ရိုက်ကာ အင်တာနက်ပေါ်
တင်လိုက်ပြီးနောက် သတင်းမွှေးသွားခဲ့ပါတယ်။
အခုဆိုရင်တော့ Dara ရဲ့ လူထုကို အကျိုးပြုမှုက နိုင်ငံအဆင့်ထိပါ
ဂုဏ်ပြုခံလိုက်ရပြီဖြစ်ပါတယ်။ The One International က ချီးမြှင့်တဲ့
The One ဖိလစ်ပိုင် လူသားချင်းစာနာထောက်ထားမှုဆုကို လက်ခံ
ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဆုငွေအဖြစ် ဖိလစ်ပိုင် ပီဆို (၁.၅)သန်းရခဲ့ပြီး
ထပ်ဆောင်းအနေနဲ့လည်း ပီဆို (၂)သိန်းခွဲထပ်ရခဲ့ပါသေးတယ်။
စိတ်နှလုံးလှတဲ့ ဆရာမလေး Dara Tuazon အတွက်တော့
ထိုက်တန်တဲ့ အသိအမှတ်ပြု ခံရခြင်းပဲဖြစ်ပါတယ်။
White
credit:Shwemom
Ref: Rach Feed
links -
No comments:
Post a Comment