အိမ္ ယာ မဲ့ လုိ႔ အ ထင္ ခံ ရၿပီး ဘတ္စ္ကားေပၚမတက္ဖုိ ႔
တားျမစ္ခံခဲ့ရတဲ့ ႐ူ ပ ေဗ ဒ ပါေမာကၡ
--------------------------------------------------------------------
ဖိလစ္ပုိင္ႏုိင္ငံ Polytechnic University of the Philippines (PUP) မွာ တာဝန္ထမ္းေဆာင္ေနတဲ့ ႐ူပေဗဒပါေမာကၡတစ္ဦး ကေတာ့
သူ႕ရဲ႕ အဝတ္အစားခပ္စုတ္စုတ္၊ ရွည္လွ်ားလွတဲ့
မုတ္ဆိတ္ေမြးျဖဴျဖဴ၊ ဆံပင္ျဖဴျဖဴေတြေၾကာင့္ Jeepney ဆရာက
သူ႕ကုိ အိမ္ယာမဲ့နဲ႔မွားၿပီး ကားေပၚကုိ တက္ခြင့္မျပဳခဲ့ပါဘူး။
Jeepney ဆုိတာ ဖိလစ္ပိုင္တစ္ခြင္မွာ အသုံးမ်ားေနတဲ့
ဂ်စ္ကားနဲ႔ဝန္ေဆာင္မႈေပးတဲ့ အမ်ားျပည္သူသယ္ယူပုိ႔ေဆာင္ေရး
စနစ္တစ္ခု ျဖစ္ပါတယ္။ ႐ူပါေဗဒပါေမာကၡဟာ ကားစီးမယ္လုပ္ေတာ့
ဘက္စ္ကားဆရာေတြက သူ႕ကို ကားေပၚတက္ခြင့္ မေပးပါဘူး။
ဒါကို သူနဲ႔အတူပါလာတဲ့ လုပ္ေဖာ္ကိုင္ဘက္ဆရာတစ္ဦးက
မ်က္ျမင္သက္ေသအျဖစ္ ရွိေနခဲ့ပါတယ္။
အဆုိပါ ပါေမာကၡအမည္မွာ Ruben Madridejos ျဖစ္ၿပီး သူ႕ကုိ
Madri လုိ႔လည္း ေခၚၾကပါတယ္။ သူဟာ Polytechnic University
of the Philippines (PUP) တကၠသုိလ္၊ College of Science မွာ
တည္ရွိတဲ့ ႐ူပေဗဒသိပၸံပညာဌာနမွာ ပါေမာကၡရာထူးနဲ႔ တာဝန္
ထမ္းေဆာင္ေနသူပါ။
ပါေမာကၡ Madri ဟာ ဂ်ာမနီႏုိင္ငံမွ ႐ူပေဗဒမဟာဘြဲ႕ကုိ
ရယူခဲ့ၿပီးေနာက္ ဖိလစ္ပိုင္မွာ ပါေမာကၡရာထူးနဲ႔ တာဝန္
ထမ္းေဆာင္ေနသူ ျဖစ္ပါတယ္။ သူဟာ အထက္တန္း၊
ေကာလိပ္ စသည္တုိ႔မွာ ပညာေရးဘက္ အလြန္ထူးခၽြန္ခဲ့
တာေၾကာင့္ (၁၉၈၁)ခုႏွစ္မွာ ဂ်ာမနီႏုိင္ငံကုိ ပညာေတာ္သင္ဆု
ေစလႊတ္ခံခဲ့ရၿပီး Master of Science in Geophysics ဘြဲ႕ကို
ထူးခၽြန္စြာ ဆြတ္ခူးႏုိင္ခဲ့ပါတယ္။ ဂ်ာမန္နဲ႔အဂၤလိပ္စကားကိုလည္း
ကၽြမ္းက်င္စြာ ေျပာဆုိႏုိင္သူပါ။
အခုေတာ့ ပါေမာကၡ Madri ဟာ သူရဲ႕ ဖုိသီဖက္သီေနတဲ့ပုံစံ၊
ျဖဴစြတ္ေနတဲ့ မုတ္ဆိတ္က်င္စြယ္ေတြေၾကာင့္ Jeepney ဆရာေတြက
သူ႕ကုိ ပါေမာကၡပါလုိ႔ေျပာလည္း ယုံမွာမဟုတ္ၾကပါဘူး။ ဒါေၾကာင့္
အိမ္ယာမဲ့လုိ႔ ထင္ၿပီး သူ႕ကို ကားေပၚေပးတက္ဖုိ႔ ျငင္းဆန္ခဲ့ၾကပါတယ္။
Madri နဲ႔အတူ လုပ္ေဖာ္ကိုင္ဘက္ဆရာမတစ္ဦးျဖစ္တဲ့ Rozel Billones
လည္း ရွိေနခဲ့ပါတယ္။
သူမရဲ႕အေျပာအရ Madri ကိုၾကည့္ၿပီး ဘက္စ္ကားဒ႐ိုင္ဘာေတြ
အားလုံးက ေနရာလြတ္မရွိေတာ့ဘူးလုိ႔ ေျပာဆုိၾကတယ္လုိ႔ဆုိပါတယ္။
ဒါေပမယ့္ တစ္ျခားခရီးသည္ေတြကုိေတာ့ ဘာမွမေျပာဘဲ ကားေပၚကုိ
တက္ေစတယ္လုိ႔ ဆုိပါတယ္။ ေနာက္ဆုံး Rozel က ေနရာေပးဖုိ႔
လွမ္းေခၚမွ ပါေမာကၡ Madri ခမ်ာ ဘက္စ္ကားေပၚတက္ခြင့္ရခဲ့ပါတယ္။
ဒါေတာင္ ခရီးသည္တစ္ဦးက ေနရာေပးဖုိ႔ ျငင္းဆန္ေနလုိ႔
Madri က သူလည္း ဒီႏုိင္ငံသားတစ္ေယာက္ျဖစ္ေၾကာင္း၊
ဘာျဖစ္လုိ႔ ေနရာမေပးခ်င္ၾကတာလဲလုိ႔ ေမးတဲ့အခါ လူေတြက
စကားမေျပာခ်င္တာလုိလုိနဲ႔ မ်က္ႏွာကို လႊဲခဲ့ေၾကာင္း၊ ဒါကို Rozel က
ေဒါသျဖစ္ေနေပမယ့္ သူမရဲ႕ လူမႈကြန္ယက္သူငယ္ခ်င္းေတြက
ပါေမာကၡအတြက္ စကားမ်ားရန္ျဖစ္ဖုိ႔ မေတာ္ေၾကာင္း၊ လူဆုိတာ
ဒီလုိပဲ ျပင္ပအသြင္အျပင္ကုိၾကည့္ၿပီး အေပၚယံဆုံးျဖတ္တတ္ၾက
ေၾကာင္း သတိေပးခဲ့ၾကရတယ္လုိ႔ သိရပါတယ္။
နတ္စည္ေတာ္ (Shwemom)
source : thesummitexpress.com
https://www.thesummitexpress.com/2018/05/genius-physics-professor-mistaken-for-homeless-man.html
================================
အိမ် ယာ မဲ့ လို့ အ ထင် ခံ ရပြီး
ဘတ်စ်ကားပေါ်မတက်ဖို့ တားမြစ်ခံခဲ့ရတဲ့
ရူ ပ ဗေ ဒ ပါမောက္ခ
------------------------------------
ဖိလစ်ပိုင်နိုင်ငံ Polytechnic University of the Philippines
(PUP) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရူပဗေဒပါမောက္ခတစ်ဦး
ကတော့ သူ့ရဲ့ အဝတ်အစားခပ်စုတ်စုတ်၊ ရှည်လျှားလှတဲ့
မုတ်ဆိတ်မွေးဖြူဖြူ၊ ဆံပင်ဖြူဖြူတွေကြောင့် Jeepney ဆရာက
သူ့ကို အိမ်ယာမဲ့နဲ့မှားပြီး ကားပေါ်ကို တက်ခွင့်မပြုခဲ့ပါဘူး။
Jeepney ဆိုတာ ဖိလစ်ပိုင်တစ်ခွင်မှာ အသုံးများနေတဲ့
ဂျစ်ကားနဲ့ဝန်ဆောင်မှုပေးတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး
စနစ်တစ်ခု ဖြစ်ပါတယ်။ ရူပါဗေဒပါမောက္ခဟာ ကားစီးမယ်လုပ်တော့
ဘက်စ်ကားဆရာတွေက သူ့ကို ကားပေါ်တက်ခွင့် မပေးပါဘူး။
ဒါကို သူနဲ့အတူပါလာတဲ့ လုပ်ဖော်ကိုင်ဘက်ဆရာတစ်ဦးက
မျက်မြင်သက်သေအဖြစ် ရှိနေခဲ့ပါတယ်။
အဆိုပါ ပါမောက္ခအမည်မှာ Ruben Madridejos ဖြစ်ပြီး သူ့ကို
Madri လို့လည်း ခေါ်ကြပါတယ်။ သူဟာ Polytechnic University
of the Philippines (PUP) တက္ကသိုလ်၊ College of Science မှာ
တည်ရှိတဲ့ ရူပဗေဒသိပ္ပံပညာဌာနမှာ ပါမောက္ခရာထူးနဲ့ တာဝန်
ထမ်းဆောင်နေသူပါ။
ပါမောက္ခ Madri ဟာ ဂျာမနီနိုင်ငံမှ ရူပဗေဒမဟာဘွဲ့ကို
ရယူခဲ့ပြီးနောက် ဖိလစ်ပိုင်မှာ ပါမောက္ခရာထူးနဲ့ တာဝန်
ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူဟာ အထက်တန်း၊
ကောလိပ် စသည်တို့မှာ ပညာရေးဘက် အလွန်ထူးချွန်ခဲ့
တာကြောင့် (၁၉၈၁)ခုနှစ်မှာ ဂျာမနီနိုင်ငံကို ပညာတော်သင်ဆု
စေလွှတ်ခံခဲ့ရပြီး Master of Science in Geophysics ဘွဲ့ကို
ထူးချွန်စွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂျာမန်နဲ့အင်္ဂလိပ်စကားကိုလည်း
ကျွမ်းကျင်စွာ ပြောဆိုနိုင်သူပါ။
အခုတော့ ပါမောက္ခ Madri ဟာ သူရဲ့ ဖိုသီဖက်သီနေတဲ့ပုံစံ၊
ဖြူစွတ်နေတဲ့ မုတ်ဆိတ်ကျင်စွယ်တွေကြောင့် Jeepney ဆရာတွေက
သူ့ကို ပါမောက္ခပါလို့ပြောလည်း ယုံမှာမဟုတ်ကြပါဘူး။ ဒါကြောင့်
အိမ်ယာမဲ့လို့ ထင်ပြီး သူ့ကို ကားပေါ်ပေးတက်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
Madri နဲ့အတူ လုပ်ဖော်ကိုင်ဘက်ဆရာမတစ်ဦးဖြစ်တဲ့ Rozel Billones
လည်း ရှိနေခဲ့ပါတယ်။
သူမရဲ့အပြောအရ Madri ကိုကြည့်ပြီး ဘက်စ်ကားဒရိုင်ဘာတွေ
အားလုံးက နေရာလွတ်မရှိတော့ဘူးလို့ ပြောဆိုကြတယ်လို့ဆိုပါတယ်။
ဒါပေမယ့် တစ်ခြားခရီးသည်တွေကိုတော့ ဘာမှမပြောဘဲ ကားပေါ်ကို
တက်စေတယ်လို့ ဆိုပါတယ်။ နောက်ဆုံး Rozel က နေရာပေးဖို့
လှမ်းခေါ်မှ ပါမောက္ခ Madri ခမျာ ဘက်စ်ကားပေါ်တက်ခွင့်ရခဲ့ပါတယ်။
ဒါတောင် ခရီးသည်တစ်ဦးက နေရာပေးဖို့ ငြင်းဆန်နေလို့
Madri က သူလည်း ဒီနိုင်ငံသားတစ်ယောက်ဖြစ်ကြောင်း၊
ဘာဖြစ်လို့ နေရာမပေးချင်ကြတာလဲလို့ မေးတဲ့အခါ လူတွေက
စကားမပြောချင်တာလိုလိုနဲ့ မျက်နှာကို လွှဲခဲ့ကြောင်း၊ ဒါကို Rozel က
ဒေါသဖြစ်နေပေမယ့် သူမရဲ့ လူမှုကွန်ယက်သူငယ်ချင်းတွေက
ပါမောက္ခအတွက် စကားများရန်ဖြစ်ဖို့ မတော်ကြောင်း၊ လူဆိုတာ
ဒီလိုပဲ ပြင်ပအသွင်အပြင်ကိုကြည့်ပြီး အပေါ်ယံဆုံးဖြတ်တတ်ကြ
ကြောင်း သတိပေးခဲ့ကြရတယ်လို့ သိရပါတယ်။
နတ်စည်တော် (Shwemom)
source : thesummitexpress.com
https://www.thesummitexpress.com/2018/05/genius-physics-professor-mistaken-for-homeless-man.html
No comments:
Post a Comment