တိဗက္ဗုဒၶဘာသာမွ ေဘသဇၨဂု႐ုဗုဒၶ
ေဆးဘုရား (ဆန္ေဂမန္လ) အေၾကာင္း
-----------------------------------------------
သက်မုနိ ႐ွင္ေတာ္ဗုဒၶ၏ ကနဦးသံဃာအဖြဲ႔အစည္းကို ထူေထာင္စက
ရဟန္းေတာ္မ်ားကို ေဆးမကုရန္ တားျမစ္ထားခဲ့၏။ ဝိနည္းေတာ္တြင္
ပါရိွေသာ အရက္ေသစာ မေသာက္စားရျခင္း ေန႔လြဲညစာေ႐ွာင္ၾကဥ္၍
တစ္ေန႔လွ်င္ တစ္ထပ္တည္းေသာ ဆြမ္းကိုသာ စားရျခင္းတို႔သည္
က်န္းမာေရးကို အက်ဳိးျပဳေသာ္လည္း က်န္းမာျခင္းသက္သက္ကို
အေလးထားဦးတည္ ၫႊန္ၾကားခ်က္မ်ား မ႐ွိသေလာက္ျဖစ္၏။
သာသနာေတာ္၏ အႏွစ္သားအသက္မွာ သီလ သမာဓိ
ပညာတည္းဟူေသာ သိကၡာတကားမ်ားကို က်င့္ၾကံအားထုတ္၍
ဆင္းရဲဒုကၡကင္းကုန္ရာ ၿငိမ္းရာ အမတသစၥာတရားကို ထိုးထြင္း
သိျမင္၍ လြတ္ေျမာက္ရန္အတြက္သာ ျဖစ္၏။ ႐ွင္ေတာ္ဗုဒၶ
ပရိနိဗၺာန္ျပဳၿပီးသည့္ေနာက္ဝယ္ ေဆးပညာသည္ သံဃာအဖြဲ႕
အစည္းတြင္ အေရးပါေသာ အခန္းက႑မွ ေနရာယူလာသည္။
ဤသို႔ေျပာင္းလဲလာမႈ၏ အရင္းအျမစ္သည္ မဟာယာနဗုဒၶဘာသာ
အလိုအအရ မိမိတစ္ဦးတည္း အက်ိဴးအတြက္မဟုတ္ဘဲ အမ်ား
ေဝေနယ် သတၱဝါတို႔၏ ခ်မ္းသာျခင္းအက်ဳိးအတြက္ ခ်မ္းသာျခင္း
အတြက္လည္း ျဖည့္က်င့္အားထုတ္ရမည္ဟု သြန္သင္ေသာေၾကာင့္
ျဖစ္သည္။ အက်ိဴးဆက္အားျဖင့္ ဘိကၡဴ ရဟန္းမ်ားႏွင့္ ဘိကၡဴနီ
ရဟန္းမမ်ားသည္ အာ႐ွယဥ္ေက်းမႈ၏ ေ႐ွးေဟာင္းအေမြအႏွစ္
ေဆးပညာရပ္မ်ားကို လက္ဆင့္ကမ္း သယ္ေဆာင္လာခဲ့သူမ်ား
ျဖစ္သည္။ ႐ွင္ေတာ္ဗုဒၶ၏ မဟာကရဏာတရားေဒသနာေတာ္ႏွင့္
ေဆးပညာတို႔ကို တစ္သားတည္း ေပါင္းစပ္ႏိုင္မႈေၾကာင့္ မဟာယာန
ဗုဒၶဘာသာ နယ္ပယ္တြင္ သမားေတာ္ ေဗာဓိသတၱမ်ား ထြက္ေပၚ
လာခဲ့ၿပီး ႐ုိေသကုိင္းၫြတ္ရာ ဥာဏ္အလင္းကို ကိုယ္စားျပဳေသာ
အားလံုးအတြက္ ဗုဒၶအ႐ွင္ျမတ္မ်ား ျဖစ္ေပၚလာခဲ့၏ ၎တိး့အနက္
ေ႐ွးဦးမူလ အစပထမဆံုး ေပၚေပါက္လာခဲ့သည္မွာ ေဆးပညာ၏
အ႐ွင္သခင္ အျမတ္ဆံုး သမားေတာ္ (King of Remedies and
Supreme Physician) ျဖစ္၏။ ၎ေနာက္တြင္ ဆက္လက္
ထြန္းေပၚလာသည္မွာ အခု ေဒါက္တာခ်ဳိပယ္လ္ သင္ၾကားပို႔ခ်ေနေသာ
ေဘသဇၨေယဂု႐ု ေခၚ ဆန္ေဂမန္လ (ဝါ) ေဆးဘုရားသလင္ ဗုဒၶသခင္
ျဖစ္၏။ ယင္းက်န္းမာျခင္းကိုေဆာင္ေသာ ေဗာဓိသတၱႏွင့္ ဘုရား႐ွင္
တုိ႔သည္ အာ႐ွေဒသ တစ္လႊားဝယ္ အလြန္ေက်ာ္ၾကားလာၿပီး
ဗုဒၶဘာသာဝင္တို႔၏ ကုိးကြယ္ယုံၾကည္မႈ ကမာၻကိုႂကြယ္ဝေစခဲ့၏။
ေနာက္ပိုင္းတြင္ တိဗက္လူမ်ိဴ းတို႔က. ဆန္ေဂမန္လ (ဝါ)
ေဆးဘုရား႐ွင္ ဗုဒၶသခင္ကို ကြၽန္ေတာ့္ ဆရာ၏ စားပြဲေပၚတြင္
႐ွိေနသာ ေဆးပညာအေျခခံ တႏၱရက်မ္း ေလးက်မ္း၏
ေရေသာက္ျမစ္အျဖစ္ လက္ခံယုံၾကည္ခဲ့ၾကေလသည္။
ေဘသဇၨဂု႐ုဗုဒၶ ေဆးဘုရား (ဆန္ေဂမန္လ) ဟူသည္မွာ
တိဗက္ မဟာယာနဗုဒၶဘာသာဝင္တို႔ အထူးေလးျမတ္
က္ုိးကြယ္ၾကေသာ စ်ာနိဗုဒၶ တစ္ဆူျဖစ္ၿပီး သတၱဝါတို႔၏
က်န္းမာေရးႏွင့္ ေဆးကုျခင္းအတတ္ပညာကို ေစာင့္ေ႐ွာက္၏။
သက်မုနိဗုဒၶအပါအဝင္ ႐ွစ္ပါးေသာ ေဆးဘုရားဗုဒၶ႐ွင္ေတာ္မ်ား
အနက္ တစ္ဆူျဖစ္ၿပီး အုပ္စုကို ဦးေဆာင္သူလည္းျဖစ္၏ ။
တိဗက္လူမ်ိဳးတို႔ကလည္း ေဘသဇၨဂု႐ုဗုဒၶ ေဆးဘုရား
(ဆန္ေဂမန္လ) ဟူသည္မွာ တိဗက္႐ိုးရာ ေဆးပညာကို
လူသားတုိ႔အား သင္ၾကားေပးခ့ဲသည့္ ဘုရား႐ွင္အျဖစ္
ယံုၾကည္ေလးျမတ္ ပူေဇာ္ၾက၏။
ေဘသဇၨဂု႐ုဗုဒၶ ေဆးဘုရား (ဆန္ေဂမန္လ) ၏ ႐ုပ္ပြားေတာ္မ်ားကို
ထုလုပ္ပူေဇာ္ၾကရာတြင္ ဘုရား႐ွင္၏ ကိုယ္ခႏၶာကို လက္ပိလာဇူလိ
အျပာေရာင္ေက်ာက္၏ အေရာင္မ်ိဳးျဖင့္ ထုလုပ္ၾကသလို တစ္ခါ
တစ္ရံတြင္လည္း ေရႊဝါေရာင္ ဝင္းပေသာ အသားအေရေတာ္ျဖင့္
ပူေဇာ္ၾကသည္လည္း႐ွိ၏ ဘိကၡဳရဟန္းတို႔၏ သကၤန္းကို
ဆင္ျမန္းထားေသာ ေဘသဇၨဂု႐ုဗုဒၶ ေဆးဘုရား(ဆန္ေဂမန္လ)၏
စ်ာနမုျဒာဟန္ လက္ဝဲဘက္လက္ေတာ္တြင္ အျမဳိက္ရည္အိုးကို
တင္ထားၿပီး လက္ယာဘက္ လက္ေတာ္ကမူ ဖန္ခါးပင္၏
အခက္အလက္တစ္ခုကို ကိုင္ထားဟန္ျဖင့္ ေဖာ္ျပေလ့ရိွၾက၏။
႐ွင္ေတာ္ဗုဒၶကို သမားေတာ္ဆရာႀကီး(ေဘသဇၨဂု႐ု) အေနျဖင့္
တင္စားေခၚဆိုခ့ဲၾကသည္မွာ သမိုင္းဝင္ ေဂါတမဗုဒၶ၏ လက္ထက္
ေတာ္ကတည္းကျဖစ္၏။ ဗုဒၶ၏အရိယာသစၥာ(၄)ပါး တရားေတာ္သည္
ေဆးပညာ၏ ဖြဲ႔စည္းတည္ေဆာက္ပံု ျဖစ္ေသာ ေရာဂါအမည္
ေဖာ္ထုတ္ျခင္း ေရာဂါ၏ အေၾကာင္းတရားကို ေဖာ္ထုတ္ျခင္း
ေရာဂါ၏ေပ်ာက္ကင္းသက္သာျခင္းႏွင့္ ေရာဂါေပ်ာက္ကင္းေစေသာ
ေဆးကုထံုးတို႔ႏွင့္ ဆင္တူစြာ ဒုကၡ ဒုကၡ၏ခ်ဳပ္ၿငိမ္းရာ နိေရာဓႏွင့္
ဒုကၡ၏ခ်ဳပ္ၿငိမ္းေၾကာင္း အက်င့္မဂ္လမ္းစဥ္ စသည္တို႔ကို
ေဖာ္ျပထားေသာေၾကာင့္ျဖစ္၏။
အ႐ွင္သႏၲိေဒဝမေထရ္ ေရးသားစီရင္ေတာ္မူေသာ မဟာယာန
ဗုဒၶဘာသာ၏ အဓိကက်မ္းစာတစ္ခုျဖစ္သည့္ ေဗာဓိစာရ ဝတာရ
က်မ္းတြင္လည္း ႐ွင္ေတာ္ဗုဒၶကို သဗၺညဳတဉာဏ္ေတာ္အားျဖင့္
အရာရာက္ုိ သိႏိုင္စြမ္းေသာ သမားေတာ္ၾက္ီးအျဖစ္ ေရာဂါေဝဒနာ
ဟူသမွ်တို႔ကို ေပ်ာက္ကင္းေစေၾကာင္း ေရးသားပူေဇာ္ထားသည္ကို
ေတြ႕ရ၏။ ငါသည္ နာမက်န္းသူတို႔အတြက္ ေဆးဝါးျဖစ္ပါေစ။
သမားေတာ္ျဖစ္ပါေစ။ ေဝေနယ်သတၱဝါတို႔၏ အနာေရာဂါမ်ား
ထပ္မံမျဖစ္ပြားေတာ့သည္ အထိ ငါသည္ နာမက်န္းသူတို႔ကို
ျပဳစုေစာင့္ေ႐ွာက္ရသည့္ သူနာျပဳပမာ ျဖစ္ပါေစ ဟူ၍လည္း
အဓိ႒ာန္ျပဳ ေရးသားခ့ဲ၏။ ဤသို႔အားျဖင့္ ေဘသဇၨဂု႐ုဗုဒၶ
ေဆးဘုရား (ဆန္ေဂမန္လ) သည္ အဆူဆူေသာ ျမတ္စြာဘုရား႐ွင္
တုိ႔၏ မဟာက႐ုဏာေတာ္ကို သေကၤတျပဳထားေသာ နိမိတ္ပံုတစ္ခု
ျဖစ္လာခ့ဲ၏။
မႏၲန္ရြတ္ဆိုပံုအား ဒီတြင္နားေထာင္ပါ။
https://m.youtube.com/results?q=medicine%20buddha&sm=3
နေမာ ဘဂဝေတာ ေဘသဇၨဂု႐ု ဝိဓူရပဘာရာဇာယ
တထာဂတာယ အရဟေတ သမၼာသမၺဳဒၶါယ တဓ်ာထာ
ဥဳမ္ ေဘသဇၨေယ ေဘသဇၨေယ မဟာေဘသဇၨေယ
သမုဂေတ သြာဟာ ဟူေသာ ဂါထာသည္ ေဘသဇၨဂု႐ုဗုဒၶ
ေဆးဘုရား (ဆန္ေဂမန္လ)ကို ရိွခိုးပူေဇာ္ေသာ မႏၲန္ျဖစ္ၿပီး
အရဟံ သမၼာသမၼဳေဒၶါစသည့္ ဂုဏ္ေတာ္မ်ားႏွင့္ ျပည့္စံုေတာ္မူေသာ
ေဆးပညာအသိဉာဏ္အေပါင္းတို႔၏ ဘုရင္ ေဆးဘုရား႐ွင္ကို ရိွခိုး
ပူေဇာ္ပါ၏။ အိုႀကီးျမတ္ေသာ သမားေတာ္ႀကီး ျဖစ္ေတာ္မူထေသာ
ေဆးကုသမႈ ပညာ၏ အ႐ွင္သခင္ ဘုရင္မင္းျမတ္ ေဆးဘုရား႐ွင္
ကိုယ္ေတာ္ျမတ္သည္ (တပည့္ေတာ္ထံသို႔) ႂကြေရာက္ေတာ္
မူပါေစသတည္း။ ဟူသည့္ အနက္အဓိပၸါယ္ ႐ွိေလသည္။
မီွျငမ္း ။ ။
၁။ http://www.khandro.net/deities_ sangyemenla.htm
၂။ https://en.m.wikipedia.org/wiki/Bhaisajyaguru
၃။ ဟိမဝႏၲာ ခရီးသည္၏ ေဆးဘုရားရွာပံုေတာ္ (လင္းထက္ေဆြ)
လင္းညိဳ႕တာရာ
source:ဘူတ၀ါဟနစာစဥ္
============================================
တိဗက်ဗုဒ္ဓဘာသာမှ ဘေသဇ္ဇဂုရုဗုဒ္ဓ
ဆေးဘုရား (ဆန်ဂေမန်လ) အကြောင်း
----------------------------------------------
သကျမုနိ ရှင်တော်ဗုဒ္ဓ၏ ကနဦးသံဃာအဖွဲ့အစည်းကို
ထူထောင်စက ရဟန်းတော်များကို ဆေးမကုရန်
တားမြစ်ထားခဲ့၏။ ဝိနည်းတော်တွင်ပါရှိသော အရက်သေစာ
မသောက်စားရခြင်း နေ့လွဲညစာရှောင်ကြဉ်၍ တစ်နေ့လျှင်
တစ်ထပ်တည်းသော ဆွမ်းကိုသာ စားရခြင်းတို့သည်
ကျန်းမာရေးကို အကျိုးပြုသော်လည်း ကျန်းမာခြင်းသက်သက်ကို
အလေးထားဦးတည် ညွှန်ကြားချက်များ မရှိသလောက်ဖြစ်၏။
သာသနာတော်၏ အနှစ်သားအသက်မှာ သီလ သမာဓိ
ပညာတည်းဟူသော သိက္ခာတကားများကို ကျင့်ကြံအားထုတ်၍
ဆင်းရဲဒုက္ခကင်းကုန်ရာ ငြိမ်းရာ အမတသစ္စာတရားကို ထိုးထွင်း
သိမြင်၍ လွတ်မြောက်ရန်အတွက်သာ ဖြစ်၏။ ရှင်တော်ဗုဒ္ဓ
ပရိနိဗ္ဗာန်ပြုပြီးသည့်နောက်ဝယ် ဆေးပညာသည် သံဃာအဖွဲ့
အစည်းတွင် အရေးပါသော အခန်းကဏ္ဍမှ နေရာယူလာသည်။
ဤသို့ပြောင်းလဲလာမှု၏ အရင်းအမြစ်သည် မဟာယာနဗုဒ္ဓဘာသာ
အလိုအအရ မိမိတစ်ဦးတည်း အကျိူးအတွက်မဟုတ်ဘဲ အများ
ဝေနေယျ သတ္တဝါတို့၏ ချမ်းသာခြင်းအကျိုးအတွက် ချမ်းသာခြင်း
အတွက်လည်း ဖြည့်ကျင့်အားထုတ်ရမည်ဟု သွန်သင်သောကြောင့်
ဖြစ်သည်။ အကျိူးဆက်အားဖြင့် ဘိက္ခူ ရဟန်းများနှင့် ဘိက္ခူနီ
ရဟန်းမများသည် အာရှယဉ်ကျေးမှု၏ ရှေးဟောင်းအမွေအနှစ်
ဆေးပညာရပ်များကို လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သူများ
ဖြစ်သည်။ ရှင်တော်ဗုဒ္ဓ၏ မဟာကရဏာတရားဒေသနာတော်နှင့်
ဆေးပညာတို့ကို တစ်သားတည်း ပေါင်းစပ်နိုင်မှုကြောင့် မဟာယာန
ဗုဒ္ဓဘာသာ နယ်ပယ်တွင် သမားတော် ဗောဓိသတ္တများ ထွက်ပေါ်
လာခဲ့ပြီး ရိုသေကိုင်းညွတ်ရာ ဉာဏ်အလင်းကို ကိုယ်စားပြုသော
အားလုံးအတွက် ဗုဒ္ဓအရှင်မြတ်များ ဖြစ်ပေါ်လာခဲ့၏ ၎င်းတိး့အနက်
ရှေးဦးမူလ အစပထမဆုံး ပေါ်ပေါက်လာခဲ့သည်မှာ ဆေးပညာ၏
အရှင်သခင် အမြတ်ဆုံး သမားတော် (King of Remedies and
Supreme Physician) ဖြစ်၏။ ၎င်းနောက်တွင် ဆက်လက်
ထွန်းပေါ်လာသည်မှာ အခု ဒေါက်တာချိုပယ်လ် သင်ကြားပို့ချနေသော
ဘေသဇ္ဇယေဂုရုခေါ် ဆန်ဂေမန်လ (ဝါ) ဆေးဘုရားသလင် ဗုဒ္ဓသခင်
ဖြစ်၏။ ယင်းကျန်းမာခြင်းကိုဆောင်သော ဗောဓိသတ္တနှင့် ဘုရားရှင်
တို့သည် အာရှဒေသ တစ်လွှားဝယ် အလွန်ကျော်ကြားလာပြီး
ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ယုံကြည်မှု ကမ္ဘာကိုကြွယ်ဝစေခဲ့၏။
နောက်ပိုင်းတွင် တိဗက်လူမျိူ းတို့က. ဆန်ဂေမန်လ (ဝါ)
ဆေးဘုရားရှင် ဗုဒ္ဓသခင်ကို ကျွန်တော့် ဆရာ၏ စားပွဲပေါ်တွင်
ရှိနေသာ ဆေးပညာအခြေခံ တန္တရကျမ်း လေးကျမ်း၏
ရေသောက်မြစ်အဖြစ် လက်ခံယုံကြည်ခဲ့ကြလေသည်။
ဘေသဇ္ဇဂုရုဗုဒ္ဓ ဆေးဘုရား (ဆန်ဂေမန်လ) ဟူသည်မှာ
တိဗက် မဟာယာနဗုဒ္ဓဘာသာဝင်တို့ အထူးလေးမြတ်
ကိုးကွယ်ကြသော ဈာနိဗုဒ္ဓ တစ်ဆူဖြစ်ပြီး သတ္တဝါတို့၏
ကျန်းမာရေးနှင့် ဆေးကုခြင်းအတတ်ပညာကို စောင့်ရှောက်၏။
သကျမုနိဗုဒ္ဓအပါအဝင် ရှစ်ပါးသော ဆေးဘုရားဗုဒ္ဓရှင်တော်များ
အနက် တစ်ဆူဖြစ်ပြီး အုပ်စုကို ဦးဆောင်သူလည်းဖြစ်၏ ။
တိဗက်လူမျိုးတို့ကလည်း ဘေသဇ္ဇဂုရုဗုဒ္ဓ ဆေးဘုရား
(ဆန်ဂေမန်လ) ဟူသည်မှာ တိဗက်ရိုးရာ ဆေးပညာကို
လူသားတို့အား သင်ကြားပေးခဲ့သည့် ဘုရားရှင်အဖြစ်
ယုံကြည်လေးမြတ် ပူဇော်ကြ၏။
ဘေသဇ္ဇဂုရုဗုဒ္ဓ ဆေးဘုရား (ဆန်ဂေမန်လ) ၏ ရုပ်ပွားတော်များကို
ထုလုပ်ပူဇော်ကြရာတွင် ဘုရားရှင်၏ ကိုယ်ခန္ဓာကို လက်ပိလာဇူလိ
အပြာရောင်ကျောက်၏ အရောင်မျိုးဖြင့် ထုလုပ်ကြသလို တစ်ခါ
တစ်ရံတွင်လည်း ရွှေဝါရောင် ဝင်းပသော အသားအရေတော်ဖြင့်
ပူဇော်ကြသည်လည်းရှိ၏ ဘိက္ခုရဟန်းတို့၏ သင်္ကန်းကို
ဆင်မြန်းထားသော ဘေသဇ္ဇဂုရုဗုဒ္ဓ ဆေးဘုရား(ဆန်ဂေမန်လ)၏
ဈာနမုဒြာဟန် လက်ဝဲဘက်လက်တော်တွင် အမြိုက်ရည်အိုးကို
တင်ထားပြီး လက်ယာဘက် လက်တော်ကမူ ဖန်ခါးပင်၏
အခက်အလက်တစ်ခုကို ကိုင်ထားဟန်ဖြင့် ဖော်ပြလေ့ရှိကြ၏။
ရှင်တော်ဗုဒ္ဓကို သမားတော်ဆရာကြီး(ဘေသဇ္ဇဂုရု) အနေဖြင့်
တင်စားခေါ်ဆိုခဲ့ကြသည်မှာ သမိုင်းဝင် ဂေါတမဗုဒ္ဓ၏ လက်ထက်
တော်ကတည်းကဖြစ်၏။ ဗုဒ္ဓ၏အရိယာသစ္စာ(၄)ပါး တရားတော်သည်
ဆေးပညာ၏ ဖွဲ့စည်းတည်ဆောက်ပုံ ဖြစ်သော ရောဂါအမည်
ဖော်ထုတ်ခြင်း ရောဂါ၏ အကြောင်းတရားကို ဖော်ထုတ်ခြင်း
ရောဂါ၏ပျောက်ကင်းသက်သာခြင်းနှင့် ရောဂါပျောက်ကင်းစေသော
ဆေးကုထုံးတို့နှင့် ဆင်တူစွာ ဒုက္ခ ဒုက္ခ၏ချုပ်ငြိမ်းရာ နိရောဓနှင့်
ဒုက္ခ၏ချုပ်ငြိမ်းကြောင်း အကျင့်မဂ်လမ်းစဉ် စသည်တို့ကို
ဖော်ပြထားသောကြောင့်ဖြစ်၏။
အရှင်သန္တိဒေဝမထေရ် ရေးသားစီရင်တော်မူသော မဟာယာန
ဗုဒ္ဓဘာသာ၏ အဓိကကျမ်းစာတစ်ခုဖြစ်သည့် ဗောဓိစာရ ဝတာရ
ကျမ်းတွင်လည်း ရှင်တော်ဗုဒ္ဓကို သဗ္ဗညုတဉာဏ်တော်အားဖြင့်
အရာရာကို သိနိုင်စွမ်းသော သမားတော်ြက်ီးအဖြစ် ရောဂါဝေဒနာ
ဟူသမျှတို့ကို ပျောက်ကင်းစေကြောင်း ရေးသားပူဇော်ထားသည်ကို
တွေ့ရ၏။ ငါသည် နာမကျန်းသူတို့အတွက် ဆေးဝါးဖြစ်ပါစေ။
သမားတော်ဖြစ်ပါစေ။ ဝေနေယျသတ္တဝါတို့၏ အနာရောဂါများ
ထပ်မံမဖြစ်ပွားတော့သည် အထိ ငါသည် နာမကျန်းသူတို့ကို
ပြုစုစောင့်ရှောက်ရသည့် သူနာပြုပမာ ဖြစ်ပါစေ ဟူ၍လည်း
အဓိဋ္ဌာန်ပြု ရေးသားခဲ့၏။ ဤသို့အားဖြင့် ဘေသဇ္ဇဂုရုဗုဒ္ဓ
ဆေးဘုရား (ဆန်ဂေမန်လ) သည် အဆူဆူသော မြတ်စွာဘုရားရှင်
တို့၏ မဟာကရုဏာတော်ကို သင်္ကေတပြုထားသော နိမိတ်ပုံတစ်ခု
ဖြစ်လာခဲ့၏။
မန္တန်ရွတ်ဆိုပုံအား ဒီတွင်နားထောင်ပါ။
https://m.youtube.com/results?q=medicine%20buddha&sm=3
နမော ဘဂဝတော ဘေသဇ္ဇဂုရု ဝိဓူရပဘာရာဇာယ
တထာဂတာယ အရဟတေ သမ္မာသမ္ဗုဒ္ဓါယ တဓျာထာ
ဥုမ် ဘေသဇ္ဇယေ ဘေသဇ္ဇယေ မဟာဘေသဇ္ဇယေ
သမုဂတေ သွာဟာ ဟူသော ဂါထာသည် ဘေသဇ္ဇဂုရုဗုဒ္ဓ
ဆေးဘုရား (ဆန်ဂေမန်လ)ကို ရှိခိုးပူဇော်သော မန္တန်ဖြစ်ပြီး
အရဟံ သမ္မာသမ္မုဒ္ဓေါစသည့် ဂုဏ်တော်များနှင့် ပြည့်စုံတော်မူသော
ဆေးပညာအသိဉာဏ်အပေါင်းတို့၏ ဘုရင် ဆေးဘုရားရှင်ကို ရှိခိုး
ပူဇော်ပါ၏။ အိုကြီးမြတ်သော သမားတော်ကြီး ဖြစ်တော်မူထသော
ဆေးကုသမှု ပညာ၏ အရှင်သခင် ဘုရင်မင်းမြတ် ဆေးဘုရားရှင်
ကိုယ်တော်မြတ်သည် (တပည့်တော်ထံသို့) ကြွရောက်တော်
မူပါစေသတည်း။ ဟူသည့် အနက်အဓိပ္ပါယ် ရှိလေသည်။
မှီငြမ်း ။ ။
၁။ http://www.khandro.net/deities_ sangyemenla.htm
၂။ https://en.m.wikipedia.org/wiki/Bhaisajyaguru
၃။ ဟိမဝန္တာ ခရီးသည်၏ ဆေးဘုရားရှာပုံတော် (လင်းထက်ဆွေ)
လင်းညို့တာရာ
source:ဘူတဝါဟနစာစဉ်
No comments:
Post a Comment