ကိုယ့်ကိုကိုယ် ပြန်မေး
ကိုယ့္ကိုကိုယ္ ျပန္ေမး
--------------------------
လွဴ ခ်င္ေပမဲ့ မလွဴနိုင္ဘူး တဲ့
ဒါဆိုရင္
ပိုက္ဆံရွိမွ
ကုသိုလ္ရမွာလား ေမးခ်င္တယ္
ဒါန သီလ သမထ ဘာဝနာ လုပ္ဖို ့က
ပိုက္ဆံလို လို ့လား
ဘုရားရွင္က ပိုက္ဆံခ်မ္းသာမွ
ကုသိုလ္ရမယ္လို ့ေဟာထားတာ
ေတြ ့ဘူးလား ၾကားဘူးလား
ကုသိုလ္တကယ္လိုခ်င္တာလား
ကိုယ့္အိမ္မွာ
ညမိုးခ်ဳပ္တာနဲ ့ ေသာက္ေတာ္ေရခ်မ္း
ပန္း (ပန္းဖိုးမတက္နိ ုင္လွ်င္ နီးစပ္ရာ
သစ္ပင္မွ အညြန္ ့ သစ္ခတ္ ရ ရာတခုခု
ကို ပန္းအမွတ္လွဴ စမ္းပါ ) ပိုက္ဆံနဲ ့ဝယ္
လွဴလည္း ဒီလိုကုသိုလ္ပဲရတာပါ
အဲဒါ ဒါန ကုသိုလ္ပါ
ျပီးရင္ ငါးပါးသီလ ေဆာက္တည္ပါ
အဲဒါ သီလ ကုသိုလ္ပါ
ဘုရားဂုဏ္ေတာ္ တရားဂုဏ္ေတာ္
သံဃာ့ဂုဏ္ေတာ္ပြားမ်ားပါ
အဲဒါ သမထ ကုသိုလ္ပါ
ျပီးရင္ ဝိပႆနာ ဘာဝနာကို
မိမိစြမ္းနိုင္သေလာက္ အားထုတ္ပါ
အဲဒါ ဝိပႆနာ ကုသိုလ္ပါ
သာသနာေတာ္ရဲ့အျမင့္ဆံုးကုသိုလ္ဟာ
ဝိပႆနာ ကုသိုလ္ပါ အဲဒီကုသိုလ္ရဖို ့
ပိုက္ဆံလို လို ့လား
ဒါန သီလ သမထ ဝိပႆနာ ကုသိုလ္
ေလးမ်ိဳးလံုးကို မိမိအိမ္မွာ ေနရင္းနဲ ့
ပိုက္ဆံတျပားမွ မကုန္ပဲ အကုန္ ရပါတယ္
ဒါကိုပဲ
မရွိလို ့ မလွဴႏုိင္ဘူး လို ့ ညည္းေနရင္
မလွဴႏုိင္တာလား
မလွဴ ခ်င္တာလား ဆိုတာ
ကိုယ့္ကိုယ္ကို
ေသေသခ်ာခ်ာ ျပန္ေမးပါလို ့
သတိေပးပါရေစ
#ဦးျမင့္ခိုင္
=========================
ကိုယ့်ကိုကိုယ် ပြန်မေး
--------------------------
လှူ ချင်ပေမဲ့ မလှူနိုင်ဘူး တဲ့
ဒါဆိုရင်
ပိုက်ဆံရှိမှ
ကုသိုလ်ရမှာလား မေးချင်တယ်
ဒါန သီလ သမထ ဘာဝနာ လုပ်ဖို့က
ပိုက်ဆံလို လို့လား
ဘုရားရှင်က ပိုက်ဆံချမ်းသာမှ
ကုသိုလ်ရမယ်လို့ဟောထားတာ
တွေ့ဘူးလား ကြားဘူးလား
ကုသိုလ်တကယ်လိုချင်တာလား
ကိုယ့်အိမ်မှာ
ညမိုးချုပ်တာနဲ့ သောက်တော်ရေချမ်း
ပန်း (ပန်းဖိုးမတက်နိ ုင်လျှင် နီးစပ်ရာ
သစ်ပင်မှ အညွန့် သစ်ခတ် ရ ရာတခုခု
ကို ပန်းအမှတ်လှူ စမ်းပါ ) ပိုက်ဆံနဲ့ဝယ်
လှူလည်း ဒီလိုကုသိုလ်ပဲရတာပါ
အဲဒါ ဒါန ကုသိုလ်ပါ
ပြီးရင် ငါးပါးသီလ ဆောက်တည်ပါ
အဲဒါ သီလ ကုသိုလ်ပါ
ဘုရားဂုဏ်တော် တရားဂုဏ်တော်
သံဃာ့ဂုဏ်တော်ပွားများပါ
အဲဒါ သမထ ကုသိုလ်ပါ
ပြီးရင် ဝိပဿနာ ဘာဝနာကို
မိမိစွမ်းနိုင်သလောက် အားထုတ်ပါ
အဲဒါ ဝိပဿနာ ကုသိုလ်ပါ
သာသနာတော်ရဲ့အမြင့်ဆုံးကုသိုလ်ဟာ
ဝိပဿနာ ကုသိုလ်ပါ အဲဒီကုသိုလ်ရဖို့
ပိုက်ဆံလို လို့လား
ဒါန သီလ သမထ ဝိပဿနာ ကုသိုလ်
လေးမျိုးလုံးကို မိမိအိမ်မှာ နေရင်းနဲ့
ပိုက်ဆံတပြားမှ မကုန်ပဲ အကုန် ရပါတယ်
ဒါကိုပဲ
မရှိလို့ မလှူနိုင်ဘူး လို့ ညည်းနေရင်
မလှူနိုင်တာလား
မလှူ ချင်တာလား ဆိုတာ
ကိုယ့်ကိုယ်ကို
သေသေချာချာ ပြန်မေးပါလို့
သတိပေးပါရစေ
#ဦးမြင့်ခိုင်
No comments:
Post a Comment