မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, August 31, 2020

သီရိလကၤာႏိုင္ငံမွ ျမတ္ဘုရား ၏ ဆံေတာ္ရွင္

သီရိလကၤာႏိုင္ငံမွ ျမတ္ဘုရား ၏ ဆံေတာ္ရွင္အစစ္ပါ 
ဖူးေျမာ္ႏိုင္ေအာင္ တင္ေပးလိုက္ပါသည္
-------------------------------------------------------------

ဖူးေျမာ္ၾကည္ညိဳ ကံထူးကံေကာင္းႏိုင္ၾကပါေစ။ အ႐ြယ္ေသးေသာ္လည္း 
အေရးႂကြယ္သည့္ကြၽန္းႏိုင္ငံ ဗုဒၶစာေပက်မ္းဂန္တို႔၌ လကၤာဒီပ ဟု
ထင္ရွားခဲ့သည့္

ေဂါတမဘုရားရွင္ ပရိနိဗၺာန္စံလြန္ေတာ္မူၿပီး ေနာက္တြင္ ဗုဒၶအယူဝါဒ 
ေနလိုလလို ထြန္းပခဲ့ေသာကြၽန္း၊ ယြန္းဆြမ္းအုပ္၏ ပုံသဏၭာန္ကဲ့သို႔
ေျမမ်က္ႏွာျပင္ရွိသည္။


မဟာဝံသ၊ ဒီပဝံသေခၚ ေရွးမွတ္တမ္းမ်ားျဖင့္ ကြၽန္းႏိုင္ငံ၏သမိုင္းမ်ားကို 
ထိန္းသိမ္းလာခဲ့သည္။ သီဟိုဠ္ကြၽန္းႏွင့္ ေက်းကုလားမ်ား၊ ေပါတူဂီႏွင့္
ဒတ္ခ်္တို႔နယ္ခ်ဲ႕ပုံ ၿဗိတိသွ်ဓနသဟာယ အဖြဲ႕ဝင္အျဖစ္အေရးပါပုံတို႔ကို
တင္ျပထားသည္။ ျပာလဲ့လဲ့ပင္လယ္ေရျပင္ျဖင့္ ဝိုင္းရံလ်က္ရွိ၍ 
စိမ္းစိုသာယာလွပေသာ ရႈခင္းတို႔ျဖင့္ တင့္တယ္ ရႈေမာဖြယ္ရာျဖစ္ေသာ 
သီဟိုဠ္ကြၽန္းသည္ ျပည္ေထာင္စုျမန္မာႏိုင္ငံ၏ အိမ္နီးခ်င္းလည္းျဖစ္သည္။ 


ဗုဒၶဝင္ မဟာဝင္ စသည့္ျမန္မာ့စာေပ က်မ္းဂန္ႀကီးမ်ား၌ ထင္ရွားပါရွိေသာ 
လကၤာဒီပေခၚ သီဟိုဠ္ကြၽန္းအေၾကာင္းကို ဗုဒၶအယူဝါဒ ျမန္မာလူမ်ိဳးမ်ား
အလြန္ ၾကားဖူးနားဝ ရွိေနၾကေလသည္။ ဗုဒၶဘာသာသည္ ႏိုင္ငံေတာ္
ဘာသာ ျဖစ္သည္။ ထိုကြၽန္းသည္ ဗုဒၶဝါဒီတို႔သာမက အျခားအယူဝါဒီ 
အမ်ိဳးမ်ိဳး၏ ေလးစားျမတ္ႏိုးျခင္းကို ခံယူရရွိေသာ ကြၽန္းျဖစ္သည္။



ေဂါတမဘုရား သက္ေတာ္ထင္ရွား ရွိစဥ္အခါက လူေနကြၽန္း မဟုတ္ေသး
ေသာ္လည္း လကၤာဒီပကြၽန္းတြင္ ေနာင္အခါ ဗုဒၶအယူဝါဒသည္ ေကာင္းစြာ
ခိုင္က်ည္ တည္တံ့လိမ့္မည္ဟု ဗ်ာဒိတ္ေတာ္ခ်မွတ္ကာ ...

ဘုရားရွင္ကိုယ္ေတာ္တိုင္ သုံးႀကိမ္သုံးခါ ႂကြေရာက္ေတာ္မူခဲ့ဖူးသည္ဟူ၍ 
ဗုဒၶဝါဒီတို႔သည္ ထိုကြၽန္းအေပၚေလးစားျမတ္ႏိုးမႈရွိၾကေလသည္။ 


ခရက္ဒစ္
via:maythadin
link -

===========================================

သီရိလင်္ကာနိုင်ငံမှ မြတ်ဘုရား ၏ ဆံတော်ရှင်အစစ်ပါ 
ဖူးမြော်နိုင်အောင် တင်ပေးလိုက်ပါသည်
-------------------------------------------------------------

ဖူးမြော်ကြည်ညို ကံထူးကံကောင်းနိုင်ကြပါစေ။ အရွယ်သေးသော်လည်း 
အရေးကြွယ်သည့်ကျွန်းနိုင်ငံ ဗုဒ္ဓစာပေကျမ်းဂန်တို့၌ လင်္ကာဒီပ ဟု
ထင်ရှားခဲ့သည့်

ဂေါတမဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီး နောက်တွင် ဗုဒ္ဓအယူဝါဒ 
နေလိုလလို ထွန်းပခဲ့သောကျွန်း၊ ယွန်းဆွမ်းအုပ်၏ ပုံသဏ္ဌာန်ကဲ့သို့
မြေမျက်နှာပြင်ရှိသည်။

မဟာဝံသ၊ ဒီပဝံသခေါ် ရှေးမှတ်တမ်းများဖြင့် ကျွန်းနိုင်ငံ၏သမိုင်းများကို 
ထိန်းသိမ်းလာခဲ့သည်။ သီဟိုဠ်ကျွန်းနှင့် ကျေးကုလားများ၊ ပေါတူဂီနှင့်
ဒတ်ချ်တို့နယ်ချဲ့ပုံ ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်အဖြစ်အရေးပါပုံတို့ကို
တင်ပြထားသည်။ ပြာလဲ့လဲ့ပင်လယ်ရေပြင်ဖြင့် ဝိုင်းရံလျက်ရှိ၍ 
စိမ်းစိုသာယာလှပသော ရှုခင်းတို့ဖြင့် တင့်တယ် ရှုမောဖွယ်ရာဖြစ်သော 
သီဟိုဠ်ကျွန်းသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အိမ်နီးချင်းလည်းဖြစ်သည်။ 

ဗုဒ္ဓဝင် မဟာဝင် စသည့်မြန်မာ့စာပေ ကျမ်းဂန်ကြီးများ၌ ထင်ရှားပါရှိသော 
လင်္ကာဒီပခေါ် သီဟိုဠ်ကျွန်းအကြောင်းကို ဗုဒ္ဓအယူဝါဒ မြန်မာလူမျိုးများ
အလွန် ကြားဖူးနားဝ ရှိနေကြလေသည်။ ဗုဒ္ဓဘာသာသည် နိုင်ငံတော်
ဘာသာ ဖြစ်သည်။ ထိုကျွန်းသည် ဗုဒ္ဓဝါဒီတို့သာမက အခြားအယူဝါဒီ 
အမျိုးမျိုး၏ လေးစားမြတ်နိုးခြင်းကို ခံယူရရှိသော ကျွန်းဖြစ်သည်။

ဂေါတမဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက လူနေကျွန်း မဟုတ်သေး
သော်လည်း လင်္ကာဒီပကျွန်းတွင် နောင်အခါ ဗုဒ္ဓအယူဝါဒသည် ကောင်းစွာ
ခိုင်ကျည် တည်တံ့လိမ့်မည်ဟု ဗျာဒိတ်တော်ချမှတ်ကာ ...

ဘုရားရှင်ကိုယ်တော်တိုင် သုံးကြိမ်သုံးခါ ကြွရောက်တော်မူခဲ့ဖူးသည်ဟူ၍ 
ဗုဒ္ဓဝါဒီတို့သည် ထိုကျွန်းအပေါ်လေးစားမြတ်နိုးမှုရှိကြလေသည်။ 

ခရက်ဒစ်
via:maythadin
link -

No comments:

Post a Comment