ေလာင္ဇူး ပါး႐ိုက္ခံရျခင္း
-----------------------------
တခါတုန္းက ခ်ဳ မင္းဆက္ တ႐ုတ္ျပည္မွာ ဘုရင့္ကိုးကြယ္ခံ
ပညာ႐ွိႀကီး ေလာင္ဇူးက သူ႔တပည့္တပန္းမ်ားနဲ႔အတူ လူစည္စည္
လမ္းလယ္ လမ္းခြဆံုမွာ ေမတၱာတရားအေၾကာင္း ေဟာေျပာေနသတဲ့။
အဲ့အခ်ိန္မွာ တ႐ုတ္ျပည္ဟာ အေနာက္ဘက္အရပ္က လူ႐ိုင္းေတြရဲ႕
ထိုးႏွက္ လုယက္မႈကို အျပင္းထန္ ခံေနရခ်ိန္ျဖစ္လို႔ တြန္းလွန္ဖို႔
ႀကိဳးစားေနရခ်ိန္ျဖစ္တယ္။
ေလာင္ဇူးက လူေတြကို ေမတၱာတရား ထားရမယ္။ ေနရာ အသားေရာင္
လူမ်ိဳးမေရြး သည္းခံရမယ္ အတူတူ ဆုေတာင္းပတၳနာ ျပဳၾကရမယ္
စသျဖင့္ ေဟာေျပာေနတာေပါ့။ အဲ့အခ်ိန္မွာ ေလာင္ကြန္း ဆိုတဲ့ လူငယ္ေလး
တစ္ေယာက္ေရာက္လာပီး ေလာင္ဇူးကို ဘာမေျပာညာမေျပာ ပါးဆြဲ႐ိုက္သတဲ့။
လူေတြေ႐ွ႕မွာလဲ ျဖစ္ တပည့္တပန္းေတြေ႐ွ႕မွာလဲ ျဖစ္ေတာ့
ေလာင္ဇူးဟာ ႐ွက္လဲ႐ွက္ ေဒါသလဲထြက္ပီး သူ႔တပည့္ေတြကို
အဲ့ေကာင္ကို ဖမ္းပီး နာနာဆံုးမလိုက္စမ္း လို႔ အမိန္႔ေပးတယ္။
အဲ့မယ္ သူတပည့္ေတြက ေလာင္ကြန္းကို ေသြးစေသြးနေတြ
ထြက္လာသည္ထိ ဝိုင္းဝန္းထိုးႀကိတ္ၾကတဲ့။
လူေတြလဲ ဝိုင္းဝန္း အုတ္အုတ္ က်က္က်က္ ေရာက္လာၿပီး ျဖန္ေျဖၾကတယ္။
လြတ္သြားပီ ျဖစ္တဲ့ လူငယ္ေလး ေလာင္ကြန္းဟာ ျပံဳးစစ နဲ႔ ေလာင္ဇူရဲ႕
စင္ျမင့္ေပၚတက္သြားတယ္။ ပီးေတာ့ သူက လူေတြကို လွမ္းေအာ္ေျပာတယ္။
ဒီမယ္ ကိုယ့္လူတို႔ ...
.
လူေတြကလဲ စိတ္ဝင္တစားနဲ႔ ဝိုင္းေမာ့ၾကည့္ၾကတယ္။
ပညာ႐ွိႀကီး ေလာင္ဇူးေျပာတဲ့ လူေတြကို ေမတၱာတရား ထားရမယ္။
ေနရာ အသားေရာင္ လူမ်ိဳးမေရြး သည္းခံရမယ္ အတူတူ ဆုေတာင္း
ပတၳနာျပဳၾကရမယ္ စသျဖင့္ ေဟာေျပာေနတာ မွန္ပါတယ္။
ေျပာရင္း သူ႔ပါးစပ္က ထြက္လာတဲ့ ေသြးေတြကို သုတ္တယ္။
ပီးေတာ့ ေသြးေပေနတဲ့ သူ႔လက္ကို ေျမႇာက္ျပရင္း
အဲ့ဒါဟာ ကိုယ့္ပါးကို လာမ႐ိုက္ခင္ ထိပါပဲတဲ့။
လူအုပ္ႀကီးကလဲ ဝိုင္းပီး လက္ခုပ္တီးၾကတာေပါ့ေလ။
သူက ေလာင္ဇူးဘက္ကိုလည္း လွည့္ေျပာလိုက္တယ္။
ခင္ဗ်ားလို လံုျခံဳစိတ္ခ်တဲ့ေနရာမွာ ေနရရင္ေတာ့ ဘယ္သူ႔ကိုမဆို
ေမတၱာထားဖို႔ လြယ္ကူပါတယ္။ ဒါေပမယ့္ လူတိုင္းဟာ
ခင္ဗ်ားလို မေနရတာ သိထားပါတဲ့ ... 😪
(A credit to Sayar U Hpone Kyu Pe)
Via Than Tun Aung
source:ျပည္ျမန္မာ
===========================================
လောင်ဇူး ပါးရိုက်ခံရခြင်း
-----------------------------
တခါတုန်းက ချု မင်းဆက် တရုတ်ပြည်မှာ ဘုရင့်ကိုးကွယ်ခံ
ပညာရှိကြီး လောင်ဇူးက သူ့တပည့်တပန်းများနဲ့အတူ လူစည်စည်
လမ်းလယ် လမ်းခွဆုံမှာ မေတ္တာတရားအကြောင်း ဟောပြောနေသတဲ့။
အဲ့အချိန်မှာ တရုတ်ပြည်ဟာ အနောက်ဘက်အရပ်က လူရိုင်းတွေရဲ့
ထိုးနှက် လုယက်မှုကို အပြင်းထန် ခံနေရချိန်ဖြစ်လို့ တွန်းလှန်ဖို့
ကြိုးစားနေရချိန်ဖြစ်တယ်။
လောင်ဇူးက လူတွေကို မေတ္တာတရား ထားရမယ်။ နေရာ အသားရောင်
လူမျိုးမရွေး သည်းခံရမယ် အတူတူ ဆုတောင်းပတ္ထနာ ပြုကြရမယ်
စသဖြင့် ဟောပြောနေတာပေါ့။ အဲ့အချိန်မှာ လောင်ကွန်း ဆိုတဲ့ လူငယ်လေး
တစ်ယောက်ရောက်လာပီး လောင်ဇူးကို ဘာမပြောညာမပြော ပါးဆွဲရိုက်သတဲ့။
လူတွေရှေ့မှာလဲ ဖြစ် တပည့်တပန်းတွေရှေ့မှာလဲ ဖြစ်တော့
လောင်ဇူးဟာ ရှက်လဲရှက် ဒေါသလဲထွက်ပီး သူ့တပည့်တွေကို
အဲ့ကောင်ကို ဖမ်းပီး နာနာဆုံးမလိုက်စမ်း လို့ အမိန့်ပေးတယ်။
အဲ့မယ် သူတပည့်တွေက လောင်ကွန်းကို သွေးစသွေးနတွေ
ထွက်လာသည်ထိ ဝိုင်းဝန်းထိုးကြိတ်ကြတဲ့။
လူတွေလဲ ဝိုင်းဝန်း အုတ်အုတ် ကျက်ကျက် ရောက်လာပြီး ဖြန်ဖြေကြတယ်။
လွတ်သွားပီ ဖြစ်တဲ့ လူငယ်လေး လောင်ကွန်းဟာ ပြုံးစစ နဲ့ လောင်ဇူရဲ့
စင်မြင့်ပေါ်တက်သွားတယ်။ ပီးတော့ သူက လူတွေကို လှမ်းအော်ပြောတယ်။
ဒီမယ် ကိုယ့်လူတို့ ...
.
လူတွေကလဲ စိတ်ဝင်တစားနဲ့ ဝိုင်းမော့ကြည့်ကြတယ်။
ပညာရှိကြီး လောင်ဇူးပြောတဲ့ လူတွေကို မေတ္တာတရား ထားရမယ်။
နေရာ အသားရောင် လူမျိုးမရွေး သည်းခံရမယ် အတူတူ ဆုတောင်း
ပတ္ထနာပြုကြရမယ် စသဖြင့် ဟောပြောနေတာ မှန်ပါတယ်။
ပြောရင်း သူ့ပါးစပ်က ထွက်လာတဲ့ သွေးတွေကို သုတ်တယ်။
ပီးတော့ သွေးပေနေတဲ့ သူ့လက်ကို မြှောက်ပြရင်း
အဲ့ဒါဟာ ကိုယ့်ပါးကို လာမရိုက်ခင် ထိပါပဲတဲ့။
လူအုပ်ကြီးကလဲ ဝိုင်းပီး လက်ခုပ်တီးကြတာပေါ့လေ။
သူက လောင်ဇူးဘက်ကိုလည်း လှည့်ပြောလိုက်တယ်။
ခင်ဗျားလို လုံခြုံစိတ်ချတဲ့နေရာမှာ နေရရင်တော့ ဘယ်သူ့ကိုမဆို
မေတ္တာထားဖို့ လွယ်ကူပါတယ်။ ဒါပေမယ့် လူတိုင်းဟာ
ခင်ဗျားလို မနေရတာ သိထားပါတဲ့ ... 😪
(A credit to Sayar U Hpone Kyu Pe)
Via Than Tun Aung
source:ပြည်မြန်မာ
No comments:
Post a Comment