လာမယ့္ႏွစ္မွာ ရည္းစားထားမယ္ သီခ်င္းေလးနဲ႕
ဘုုန္းဘုုန္းဦးသက်ကိုု ႏႈတ္ဆက္ကန္ေတာ့လိုုက္ပါတယ္ရွင္
---------------------------------------------------------------------
သာသနာ့တကၠသိုုလ္မွာ ေလးႏွစ္ပညာသင္ယူၿပီးတဲ့အခါ
ႏွစ္ႏွစ္တာ သြားခဲ့ရတဲ့ အင္ဒီယာနာဂ်ံဳးစ္ဆန္ဆန္ နယ္စပ္
ေတာင္တန္းေဒသသာသနာျပဳအေတြ႕အၾကံဳေတြကိုု ျပန္ေရးဖိုု႕
ေတာင္းဆိုုထားတာ ရွိပါတယ္။
ဘၾကိးဘုုန္းၾကီးကိုုယ္တိုုင္ေရာ သာသနာျပဳဘက္ရဟန္းေတြေရာ
အေတြ႕အၾကံဳေတြ ဖလွယ္ၾကတဲ့အခါ ရယ္စရာ ေမာစရာ
ေသာစရာေတြ စိတ္အလိုုမက်စရာ စိတ္တိုုရတာေတြအမ်ားၾကီးပါ့...။
ဘၾကီးဘုုန္းၾကီးကေတာ့ လားဟူ အာခါနဲ႕ ရွမ္းေသြးခ်င္းေတြရွိရာ
က်ိဳင္းတံုုနယ္ကိုု သြားခဲ့ရပါတယ္။။ လားဟူရြာ အာခါရြာေတြရွိရာ
ေတာင္တန္းေတြေပၚ တက္တဲ့အခါ ေနထြက္က ေန၀င္အထိ
ေျခတိုုေအာင္ ေလွ်ာက္ပါမွ ရြာေလးတစ္ရြာပဲေတြ႕ရတာ..။
ေလေတြ တဟူးဟူးတိုုက္ခတ္တဲ့ လြင္ျပင္ေတြ ၊ က်ဥ္းေျမာင္းတဲ့
လွ်ဳိေျမာင္ေတြ ေက်ာ္လႊားရင္း ခရီးဆံုုးကိုု ေရာက္တဲ့အခါ
“ ငါ တစ္သက္လံုုး စားခဲ့တဲ့ ဆြမ္းေၾကြးေတြ ေက်ၿပီ” လိုု႕ေတာင္
ထင္မိတဲ့အထိ ပန္းေနေတာ့တာ..။
သာသနာျပဳရဟန္းဆိုုၿပီး သပိတ္ေလးလြယ္ ယတ္ေတာင္ေလးထမ္းၿပီး
ဓမၼလမ္းေဖာက္ရတာမိ်ဳးမဟုုတ္ဘဲ ေက်ာပိုုးအိတ္ကိုုလြယ္ သင္းပိုုင္ကိုု
တိုုတိုု၀တ္ ႏြယ္ၾကိဳးေတြ ဆြဲၿပီး ေတာင္ကမ္းပါးယံေတြကိုု တြယ္ကပ္
တက္ခဲ့ရတာ မေမ့ဘူး..။ ဘၾကီးဘုုန္းၾကီးဟာ ျပည္ပႏိုုင္ငံေတြတင္
က်င္လည္ေနတာမဟုုတ္ဘဲ ျပည္တြင္းေတာင္တန္းသာသနာျပဳ
လုုပ္ငန္းေတြမွာလည္း ေျခကုုတ္ခဲ့ဖူးေၾကာင္းပါ..။
ဘာပဲျဖစ္ျဖစ္ ေတာင္ေပၚရြာေလးေရာက္ၿပီဆိုုတာနဲ႕ ရိုုးစင္းတဲ့
ေတာင္ေပၚေသြးခ်င္းေတြရဲ႕ အျပံဳးရွင္းရွင္းၾကီးေတြနဲ႕ အေမာေျဖ
ရေတာ့တယ္။ ညဘက္ တိုုင္းရင္းသားရိုုးရာ မီးပံုုပြဲအကနဲ႕
သာသနာျပဳဘၾကီးဘုုန္းၾကီးကိုု ဧည့္ခံၾကေတာ့တာ..။
သူရိုု႕အကကလည္း ေျခထိုုးအကပဲ ထင္ပါတယ္..။ ဒါေပမယ့္
ညီညာေတာ့ ၾကည့္လိုု႕ေတာ့ အေကာင္းသား..။ နစၥဂီတဆိုုတာေတြ
မေဟာရေသးခင္မိုု႕ မိတ္မပ်က္ေအာင္ ထိုုင္ေပးဖုိ႕ လက္ေထာက္
သသနာျပဳလူပုုဂၢိဳလ္က ေလွ်ာက္ထားပါတယ္..။
ခက္တာက အဲဒါနဲ႕ မၿပီးပါဘူး...။ ျမိဳ႕ျပက ၾကြလာတဲ့ ဂုုဏ္သေရရွိ
ဘၾကီးဘုုန္းၾကီးကိုု သူတိုု႕ေျမ၀ိုုင္းထဲ ၀င္ႏႊဲဖိုု႕ ရြာသူၾကီးက လက္ဆြဲ
လာပါေတာ့တယ္..။ ေဟ့ ဒကာ ဘယ္ႏွယ္လုုပ္ၾကမတုုန္း...။
“ သူတိုု႕က ဧည့္သည္ေတြကိုု သိပ္တန္ဖိုုးထားတာ သူတို႔ကိုုလည္း
အသိအမွတ္ျပဳမွ ၾကိဳက္တာ...ေျခေထာက္ ေရွ႕တိုုး ေနာက္ဆုုတ္
လုပ္တာပဲဘုုရာ့..။ ကတာမွ မဟုုတ္တာ...”
ဘၾကီးဘုုန္းၾကီး ခက္ၿပီေလ...။
ဘာပဲျဖစ္ျဖစ္ ဘၾကီးဘုုန္းၾကီး ျမိဳ႕ျပန္ေရာက္မွပဲ ေဒသနာ
ၾကားရေတာ့တာပ..။ နဖူးေခြ်းေတြေတာင္ ထြက္ကေရာ...။
ေနာက္ေန႕ နတ္ကိုုးကြယ္မႈကေန ဗုုဒၶဘာသာအျဖစ္ခံယူၾကမယ့္ပြဲမွာ
ဘၾကီးဘုုန္းၾကီးက ေရွ႕က တရားေဟာ လက္ေထာက္သာသနာျပဳ
ပန္းဒကာက ဘာသာျပန္...။ ၾသကာသ ေရွ႕က တိုုင္ေပးတာနဲ႕
လားဟူသူေတာ္ေကာင္းေတြက ရယ္ၾကေတာ့တာ..။
ဘာတုုန္းဟ ပန္းဒကာရ...
ၾသကာ ဆိုုတာက ကြ်ဲ....သ ဆိုုတာ ဖင္ တဲ့...
ၾသကာသ ၾသကာသ ဆိုုတိုုင္း ကြ်ဲဖင္ ကြ်ဲဖင္ လိုု႕ ၾကားေနၾကေတာ့
ရယ္ၾကေပတာပ..။ မရယ္ေကာင္းဘူး ရွင္းျပလကြာ...။
အဟံ ဘေႏၱ.....
ယမဟံ ၀ဒါမိ.....
နေမာ တႆ အပိုုဒ္ေရာက္ေတာ့ မ႑ပ္ၾကီးထဲက မိန္းမေတြက
တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ ျပံဳးစိစိနဲ႕ ...။ သူရိုု႕
အမ်ိဳးသမီးေတြရဲ႕ နာမည္ေပးပံုုက နေမာ နမား နမီးဆိုုလား...။
အားခါရြာတစ္ရြာမွာေတာ့ ဘၾကီးဘုုန္းၾကီးတိုု႕ ေအာင့္သက္သက္
ၾကံဳရပံုု...။
အားခါေတြက လားဟူေတြထက္ ျမန္မာစကားတတ္ၾကေတာ့
ဘာသာျပန္မလိုုဘူး..။ ဒါေပမယ့္ တစ္ခ်ိိဳ႕ က စကားပရိယာယ္
မၾကြယ္ ဒဲ့ဒုုိးပဲ..။
က်ိဳင္းတံုုနဲ႕ သိပ္မေ၀းတဲ့ ေတာင္ေျခရြာေလးမွာ ပထမဆံုုး
ကထိန္ပြဲကိုု ဘၾကီဘုုန္းၾကီးတိုု႕ သာသနာျပဳဆရာေတာ္ႏွစ္ပါး
ဆိုုင္ကယ္နဲ႕ ၾကြရတယ္..။
တရားပြဲၿပီးလိုု႕ သာသနာျပဳဌာနဖြံ႕ျဖိဳးေရးအတြက္ ေဆြးေႏြးၾကတာ
ၾကာသြားတယ္..။ အဲဒီအခ်ိန္ ဆိုုင္ကယ္ကယ္ရီ အာခါက
သာသနာျပဳေက်ာင္းေလးေပၚ တက္လာၿပီး
“ ေဟ့ နင္တိုု႕ ဘုုန္းၾကိးႏွစ္ေကာာင္ မျပန္ေသးဘူးလား
ငါတိုု႕ မေစာင့္ႏိုုင္ေတာ့ဘူး ” တဲ့..။
ဘၾကီးဘုုန္းၾကီးမ်က္ႏွာၾကီး ျဖစ္သြားပံုုမ်ား...။
ဘၾကီးဘုုန္းၾကီးနဲ႔ တစ္ပတ္စဥ္တည္း သတၱမဘြဲ႕ႏွင္းတက္အဖြဲ႔၀င္
ရွင္သက် ကေတာ့ စစ္ကုုိင္းတိုုင္းအထက္ပိုုင္းက နာဂေတာင္တန္း
ေလရွီးျမိဳ႕ေလးကိုု တာ၀န္က်ပါတယ္။
သူ႕ခမ်ာ သူတာ၀န္က်တဲ့ ျမိဳ႕ကိုု ဒကာမေလးေတြ ေမးရင္
မေျဖရဲရွာဘူး ... ။ သူက စာသင္လည္း ၀ါသနာပါေတာ့
ျမိဳ႕ေသးေသးေလးမွာ ႏွစ္ႏွစ္တာအတြင္း တပည့္ေတြလည္း
မ်ားဟန္တူပါရဲ႕..။ စစ္ဘက္နယ္ဘက္က ပုုဂၢိဳလ္ေတြနဲ႕လည္း
စည္းစည္းရံုုးရံုုးပဲ တဲ့..။ ႏွစ္ႏွစ္ျပည့္လိုု႕ ရန္ကုုန္ဘြဲ႕ႏွင္းတက္ဖုုိ႕
ျပန္မယ္ဆုုိေတာ့ နာဂတပည့္ေတြက ဆရာကိုု ႏႈတ္ဆက္ပြဲ
လုုပ္ေပးခ်င္တယ္..။ ဘယ္လိုုလုုပ္မွာလဲ ဆိုုေတာ့ ကာရာအိုုေက
ေတးဂီတနဲ႕ ဆိုုပဲ..။
ဟာ မျဖစ္ပါဘူးကြယ္ လုုပ္လည္း မရ..။ ဗ်ဴဟာေတြေရာ
ေထြအုုပ္ေတြေရာ အကုုန္ဖိတ္ၿပီးသြားၿပီ တဲ့..။
စစ္ဘက္နယ္ဘက္ေတြကလည္း ခင္ေနေတာ့
“ အရွင္ဘုုရားရယ္ တိုုင္းရင္းသားကေလးေတြ စိတ္ခ်မ္းသာေအာင္
ခြင့္ျပဳလိုုက္ပါ” ေလွ်ာက္ၾကသလိုု သူတိုု႕ကိုုယ္တိုုင္ကလည္း လိုုလိုု
လားလားမိုု႕ သာသနာျပဳကိုုယ္ေတာ္ၾကီး ပြဲတက္ရပါေတာ့သတဲ့..။
ပထမဆံုုး ဆယ္တန္းေက်ာင္းသူေလးတစ္ေယာက္က
“ လာမယ့္ႏွစ္မွာ ရည္းစားထားမယ္ သီခ်င္းေလးနဲ႕ ဘုုန္းဘုုန္း
ဦးသက်ကိုု ႏႈတ္ဆက္ကန္ေတာ့လိုုက္ပါတယ္ရွင္ ” တဲ့...။ ။
အဟတ္ အဟတ္
.
ဘၾကီးဘုုန္းၾကီး (ဓမၼဂဂၤါဆရာေတာ္)
၃၀-၈-၂၀၁၆
source:mymedia
============================================
လာမယ့်နှစ်မှာ ရည်းစားထားမယ် သီချင်းလေးနဲ့
ဘုန်းဘုန်းဦးသကျကို နှုတ်ဆက်ကန်တော့လိုက်ပါတယ်ရှင်
---------------------------------------------------------------------
သာသနာ့တက္ကသိုလ်မှာ လေးနှစ်ပညာသင်ယူပြီးတဲ့အခါ
နှစ်နှစ်တာ သွားခဲ့ရတဲ့ အင်ဒီယာနာဂျုံးစ်ဆန်ဆန် နယ်စပ်
တောင်တန်းဒေသသာသနာပြုအတွေ့အကြုံတွေကို ပြန်ရေးဖို့
တောင်းဆိုထားတာ ရှိပါတယ်။
ဘကြိးဘုန်းကြီးကိုယ်တိုင်ရော သာသနာပြုဘက်ရဟန်းတွေရော
အတွေ့အကြုံတွေ ဖလှယ်ကြတဲ့အခါ ရယ်စရာ မောစရာ
သောစရာတွေ စိတ်အလိုမကျစရာ စိတ်တိုရတာတွေအများကြီးပါ့...။
ဘကြီးဘုန်းကြီးကတော့ လားဟူ အာခါနဲ့ ရှမ်းသွေးချင်းတွေရှိရာ
ကျိုင်းတုံနယ်ကို သွားခဲ့ရပါတယ်။။ လားဟူရွာ အာခါရွာတွေရှိရာ
တောင်တန်းတွေပေါ် တက်တဲ့အခါ နေထွက်က နေဝင်အထိ
ခြေတိုအောင် လျှောက်ပါမှ ရွာလေးတစ်ရွာပဲတွေ့ရတာ..။
လေတွေ တဟူးဟူးတိုက်ခတ်တဲ့ လွင်ပြင်တွေ ၊ ကျဉ်းမြောင်းတဲ့
လျှိုမြောင်တွေ ကျော်လွှားရင်း ခရီးဆုံးကို ရောက်တဲ့အခါ
“ ငါ တစ်သက်လုံး စားခဲ့တဲ့ ဆွမ်းကြွေးတွေ ကျေပြီ” လို့တောင်
ထင်မိတဲ့အထိ ပန်းနေတော့တာ..။
သာသနာပြုရဟန်းဆိုပြီး သပိတ်လေးလွယ် ယတ်တောင်လေးထမ်းပြီး
ဓမ္မလမ်းဖောက်ရတာမျိုးမဟုတ်ဘဲ ကျောပိုးအိတ်ကိုလွယ် သင်းပိုင်ကို
တိုတိုဝတ် နွယ်ကြိုးတွေ ဆွဲပြီး တောင်ကမ်းပါးယံတွေကို တွယ်ကပ်
တက်ခဲ့ရတာ မမေ့ဘူး..။ ဘကြီးဘုန်းကြီးဟာ ပြည်ပနိုင်ငံတွေတင်
ကျင်လည်နေတာမဟုတ်ဘဲ ပြည်တွင်းတောင်တန်းသာသနာပြု
လုပ်ငန်းတွေမှာလည်း ခြေကုတ်ခဲ့ဖူးကြောင်းပါ..။
ဘာပဲဖြစ်ဖြစ် တောင်ပေါ်ရွာလေးရောက်ပြီဆိုတာနဲ့ ရိုးစင်းတဲ့
တောင်ပေါ်သွေးချင်းတွေရဲ့ အပြုံးရှင်းရှင်းကြီးတွေနဲ့ အမောဖြေ
ရတော့တယ်။ ညဘက် တိုင်းရင်းသားရိုးရာ မီးပုံပွဲအကနဲ့
သာသနာပြုဘကြီးဘုန်းကြီးကို ဧည့်ခံကြတော့တာ..။
သူရို့အကကလည်း ခြေထိုးအကပဲ ထင်ပါတယ်..။ ဒါပေမယ့်
ညီညာတော့ ကြည့်လို့တော့ အကောင်းသား..။ နစ္စဂီတဆိုတာတွေ
မဟောရသေးခင်မို့ မိတ်မပျက်အောင် ထိုင်ပေးဖို့ လက်ထောက်
သသနာပြုလူပုဂ္ဂိုလ်က လျှောက်ထားပါတယ်..။
ခက်တာက အဲဒါနဲ့ မပြီးပါဘူး...။ မြို့ပြက ကြွလာတဲ့ ဂုဏ်သရေရှိ
ဘကြီးဘုန်းကြီးကို သူတို့မြေဝိုင်းထဲ ဝင်နွှဲဖို့ ရွာသူကြီးက လက်ဆွဲ
လာပါတော့တယ်..။ ဟေ့ ဒကာ ဘယ်နှယ်လုပ်ကြမတုန်း...။
“ သူတို့က ဧည့်သည်တွေကို သိပ်တန်ဖိုးထားတာ သူတို့ကိုလည်း
အသိအမှတ်ပြုမှ ကြိုက်တာ...ခြေထောက် ရှေ့တိုး နောက်ဆုတ်
လုပ်တာပဲဘုရာ့..။ ကတာမှ မဟုတ်တာ...”
ဘကြီးဘုန်းကြီး ခက်ပြီလေ...။
ဘာပဲဖြစ်ဖြစ် ဘကြီးဘုန်းကြီး မြို့ပြန်ရောက်မှပဲ ဒေသနာ
ကြားရတော့တာပ..။ နဖူးချွေးတွေတောင် ထွက်ကရော...။
နောက်နေ့ နတ်ကိုးကွယ်မှုကနေ ဗုဒ္ဓဘာသာအဖြစ်ခံယူကြမယ့်ပွဲမှာ
ဘကြီးဘုန်းကြီးက ရှေ့က တရားဟော လက်ထောက်သာသနာပြု
ပန်းဒကာက ဘာသာပြန်...။ သြကာသ ရှေ့က တိုင်ပေးတာနဲ့
လားဟူသူတော်ကောင်းတွေက ရယ်ကြတော့တာ..။
ဘာတုန်းဟ ပန်းဒကာရ...
သြကာ ဆိုတာက ကျွဲ....သ ဆိုတာ ဖင် တဲ့...
သြကာသ သြကာသ ဆိုတိုင်း ကျွဲဖင် ကျွဲဖင် လို့ ကြားနေကြတော့
ရယ်ကြပေတာပ..။ မရယ်ကောင်းဘူး ရှင်းပြလကွာ...။
အဟံ ဘန္တေ.....
ယမဟံ ဝဒါမိ.....
နမော တဿ အပိုဒ်ရောက်တော့ မဏ္ဍပ်ကြီးထဲက မိန်းမတွေက
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ပြုံးစိစိနဲ့ ...။ သူရို့
အမျိုးသမီးတွေရဲ့ နာမည်ပေးပုံက နမော နမား နမီးဆိုလား...။
အားခါရွာတစ်ရွာမှာတော့ ဘကြီးဘုန်းကြီးတို့ အောင့်သက်သက်
ကြုံရပုံ...။
အားခါတွေက လားဟူတွေထက် မြန်မာစကားတတ်ကြတော့
ဘာသာပြန်မလိုဘူး..။ ဒါပေမယ့် တစ်ချို့ က စကားပရိယာယ်
မကြွယ် ဒဲ့ဒိုးပဲ..။
ကျိုင်းတုံနဲ့ သိပ်မဝေးတဲ့ တောင်ခြေရွာလေးမှာ ပထမဆုံး
ကထိန်ပွဲကို ဘကြီဘုန်းကြီးတို့ သာသနာပြုဆရာတော်နှစ်ပါး
ဆိုင်ကယ်နဲ့ ကြွရတယ်..။
တရားပွဲပြီးလို့ သာသနာပြုဌာနဖွံ့ဖြိုးရေးအတွက် ဆွေးနွေးကြတာ
ကြာသွားတယ်..။ အဲဒီအချိန် ဆိုင်ကယ်ကယ်ရီ အာခါက
သာသနာပြုကျောင်းလေးပေါ် တက်လာပြီး
“ ဟေ့ နင်တို့ ဘုန်းကြိးနှစ်ကောာင် မပြန်သေးဘူးလား
ငါတို့ မစောင့်နိုင်တော့ဘူး ” တဲ့..။
ဘကြီးဘုန်းကြီးမျက်နှာကြီး ဖြစ်သွားပုံများ...။
ဘကြီးဘုန်းကြီးနဲ့ တစ်ပတ်စဉ်တည်း သတ္တမဘွဲ့နှင်းတက်အဖွဲ့ဝင်
ရှင်သကျ ကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်းက နာဂတောင်တန်း
လေရှီးမြို့လေးကို တာဝန်ကျပါတယ်။
သူ့ခမျာ သူတာဝန်ကျတဲ့ မြို့ကို ဒကာမလေးတွေ မေးရင်
မဖြေရဲရှာဘူး ... ။ သူက စာသင်လည်း ဝါသနာပါတော့
မြို့သေးသေးလေးမှာ နှစ်နှစ်တာအတွင်း တပည့်တွေလည်း
များဟန်တူပါရဲ့..။ စစ်ဘက်နယ်ဘက်က ပုဂ္ဂိုလ်တွေနဲ့လည်း
စည်းစည်းရုံးရုံးပဲ တဲ့..။ နှစ်နှစ်ပြည့်လို့ ရန်ကုန်ဘွဲ့နှင်းတက်ဖို့
ပြန်မယ်ဆိုတော့ နာဂတပည့်တွေက ဆရာကို နှုတ်ဆက်ပွဲ
လုပ်ပေးချင်တယ်..။ ဘယ်လိုလုပ်မှာလဲ ဆိုတော့ ကာရာအိုကေ
တေးဂီတနဲ့ ဆိုပဲ..။
ဟာ မဖြစ်ပါဘူးကွယ် လုပ်လည်း မရ..။ ဗျူဟာတွေရော
ထွေအုပ်တွေရော အကုန်ဖိတ်ပြီးသွားပြီ တဲ့..။
စစ်ဘက်နယ်ဘက်တွေကလည်း ခင်နေတော့
“ အရှင်ဘုရားရယ် တိုင်းရင်းသားကလေးတွေ စိတ်ချမ်းသာအောင်
ခွင့်ပြုလိုက်ပါ” လျှောက်ကြသလို သူတို့ကိုယ်တိုင်ကလည်း လိုလို
လားလားမို့ သာသနာပြုကိုယ်တော်ကြီး ပွဲတက်ရပါတော့သတဲ့..။
ပထမဆုံး ဆယ်တန်းကျောင်းသူလေးတစ်ယောက်က
“ လာမယ့်နှစ်မှာ ရည်းစားထားမယ် သီချင်းလေးနဲ့ ဘုန်းဘုန်း
ဦးသကျကို နှုတ်ဆက်ကန်တော့လိုက်ပါတယ်ရှင် ” တဲ့...။ ။
အဟတ် အဟတ်
.
ဘကြီးဘုန်းကြီး (ဓမ္မဂင်္ဂါဆရာတော်)
၃၀-၈-၂၀၁၆
source:mymedia
No comments:
Post a Comment