မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, August 27, 2020

အေရာင္စုံယွက္ျဖာေနသည့္ သက္တံေတာင္ႀကီး

အသစ္ေတြ႕ရွိထားေသာ အေရာင္စုံယွက္ျဖာေနသည့္ 
သက္တံေတာင္ႀကီးသို႔ ေန႔စဥ္လာေရာက္လည္ပတ္သူ 
ေထာင္ႏွင့္ခ်ီသည္အထိ ျမင့္တက္လာ ...
---------------------------------------------------------------


ပီ႐ူးႏိုင္ငံတြင္ ပင္လယ္ေရမ်က္ႏွာ ျပင္အထက္ေပေပါင္း ၁၆၄၀၄ တြင္ 
တည္ ရွိေသာ Andes ေတာင္တန္း၌ ကမၻာလွည့္ ခရီးသြားမ်ားသည္ 
ေတာင္ထြတ္တစ္ခုသို႔ ႏွစ္နာရီခန္႔ၾကာေအာင္ မနားတမ္းတက္ ေလ့ရွိၿပီး 
အလြန္ပင္ပန္းႏြမ္းနယ္သည့္ ခရီးစဥ္ျဖစ္ေသာ္လည္း မၾကာေသးမီကမွ
ေတြ႕ရွိခဲ့သည့္သက္တံေတာင္ႀကီး၏ အေရာင္စုံယွက္ျဖာေနေသာ 
အလွအပမ်ား ေၾကာင့္ ေန႔စဥ္လာေရာက္သူေပါင္း ေထာင္ႏွင့္ခ်ီသည္
အထိ တိုးပြားလာလ်က္ရွိေၾကာင္း သိရသည္။


လြန္ခဲ့သည့္ႏွစ္သန္းေပါင္းမ်ားစြာက ေက်ာက္လႊာထုႀကီးမ်ားတိုက္မိရာမွ
အေရာင္စုံလင္ေသာအနည္းက်ေက်ာက္ ေတာင္႐ိုးတစ္ခုေပၚေပါက္လာကာ
စိမ္း ျပာေရာင္၊ ခရမ္းေရာင္ႏွင့္ ေ႐ႊေရာင္အစင္း ၾကားမ်ားလႊမ္းၿခံေနသည့္ 
ေတာင္ႀကီးကို သက္တံေတာင္ဟုေခၚဆိုခဲ့ၾကသည္။ သို႔ေသာ္ ယေန႔ေခတ္
ကမာၻတြင္ လြန္ခဲ့သည့္ ငါးႏွစ္ခန္႔ကမွ သဘာ၀အံ့ဖြယ္တစ္ခုျဖစ္ေသာ
သက္တံေတာင္ကို ရွာေဖြေတြ႕ရွိခဲ့ ၾကျခင္းျဖစ္ၿပီး ယခုအခါ ပီ႐ူးႏိုင္ငံသို႔ 
ေရာက္ရွိလာပါက မျဖစ္မေနသြားေရာက္ လည္ပတ္ရမည့္ေနရာတစ္ခု
ျဖစ္လာၿပီျဖစ္သည္။ ေန႔စဥ္ေထာင္ႏွင့္ခ်ီေသာခရီးသြား မ်ားေၾကာင့္
႐ုန္းကန္လႈပ္ရွားေနရသည့္ ေဒသခံမ်ား၏စီးပြားေရး ေျပလည္လာ
ေသာ္လည္း ႏိုင္ငံတကာသတၱဳတူးေဖာ္ ေရးကုမၸဏီမ်ားကမ်က္စိက်ေန
သည့္ တန္ဖိုးႀကီးသက္တံေတာင္သည္ ကမၻာလွည့္ခရီးသြားမ်ားေၾကာင့္ 
ထိခိုက္ပ်က္စီးမႈမ်ားရွိ လာမည္ကိုလည္း သဘာ၀ပတ္ဝန္းက်င္ 
ထိန္းသိမ္းေစာင့္ေရွာက္သူမ်ားက စိုးရိမ္ပူ ပန္ေနၾကသည္။ 


သက္တံေတာင္ေၾကာင့္ ဘဲမ်ားက်က္စားရာေျမေနရာမွာလည္း
ေဘာလုံးကြင္းငါးကြင္းစာ အ႐ြယ္အစားရွိေသာ ကားပါကင္ႀကီးအျဖစ္
ေျပာင္းလဲေန ၿပီျဖစ္သည္။ ေဒသခံမ်ားကပင္ သက္တံ ေတာင္သို႔
လာေရာက္သည့္ခရီးသြားမ်ား အား တစ္ဦးလၽွင္ သုံးေဒၚလာ
ေကာက္ခံလ်က္ရွိသည္ဟု သိရသည္။


ေအးယုႏိုင္ pyimyanmar
(DM,5.5.18) 
link -
==============================

အသစ်တွေ့ရှိထားသော အရောင်စုံယှက်ဖြာနေသည့် 
သက်တံတောင်ကြီးသို့ နေ့စဉ်လာရောက်လည်ပတ်သူ 
ထောင်နှင့်ချီသည်အထိ မြင့်တက်လာ ...
---------------------------------------------------------------

ပီရူးနိုင်ငံတွင် ပင်လယ်ရေမျက်နှာ ပြင်အထက်ပေပေါင်း ၁၆၄၀၄ တွင် 
တည် ရှိသော Andes တောင်တန်း၌ ကမ္ဘာလှည့် ခရီးသွားများသည် 
တောင်ထွတ်တစ်ခုသို့ နှစ်နာရီခန့်ကြာအောင် မနားတမ်းတက် လေ့ရှိပြီး 
အလွန်ပင်ပန်းနွမ်းနယ်သည့် ခရီးစဉ်ဖြစ်သော်လည်း မကြာသေးမီကမှ
တွေ့ရှိခဲ့သည့်သက်တံတောင်ကြီး၏ အရောင်စုံယှက်ဖြာနေသော 
အလှအပများ ကြောင့် နေ့စဉ်လာရောက်သူပေါင်း ထောင်နှင့်ချီသည်
အထိ တိုးပွားလာလျက်ရှိကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ်သန်းပေါင်းများစွာက ကျောက်လွှာထုကြီးများတိုက်မိရာမှ
အရောင်စုံလင်သောအနည်းကျကျောက် တောင်ရိုးတစ်ခုပေါ်ပေါက်လာကာ
စိမ်း ပြာရောင်၊ ခရမ်းရောင်နှင့် ရွှေရောင်အစင်း ကြားများလွှမ်းခြံနေသည့် 
တောင်ကြီးကို သက်တံတောင်ဟုခေါ်ဆိုခဲ့ကြသည်။ သို့သော် ယနေ့ခေတ်
ကမ္ဘာတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်ကမှ သဘာဝအံ့ဖွယ်တစ်ခုဖြစ်သော
သက်တံတောင်ကို ရှာဖွေတွေ့ရှိခဲ့ ကြခြင်းဖြစ်ပြီး ယခုအခါ ပီရူးနိုင်ငံသို့ 
ရောက်ရှိလာပါက မဖြစ်မနေသွားရောက် လည်ပတ်ရမည့်နေရာတစ်ခု
ဖြစ်လာပြီဖြစ်သည်။ နေ့စဉ်ထောင်နှင့်ချီသောခရီးသွား များကြောင့်
ရုန်းကန်လှုပ်ရှားနေရသည့် ဒေသခံများ၏စီးပွားရေး ပြေလည်လာ
သော်လည်း နိုင်ငံတကာသတ္တုတူးဖော် ရေးကုမ္ပဏီများကမျက်စိကျနေ
သည့် တန်ဖိုးကြီးသက်တံတောင်သည် ကမ္ဘာလှည့်ခရီးသွားများကြောင့် 
ထိခိုက်ပျက်စီးမှုများရှိ လာမည်ကိုလည်း သဘာဝပတ်ဝန်းကျင် 
ထိန်းသိမ်းစောင့်ရှောက်သူများက စိုးရိမ်ပူ ပန်နေကြသည်။ 

သက်တံတောင်ကြောင့် ဘဲများကျက်စားရာမြေနေရာမှာလည်း
ဘောလုံးကွင်းငါးကွင်းစာ အရွယ်အစားရှိသော ကားပါကင်ကြီးအဖြစ်
ပြောင်းလဲနေ ပြီဖြစ်သည်။ ဒေသခံများကပင် သက်တံ တောင်သို့
လာရောက်သည့်ခရီးသွားများ အား တစ်ဦးလျှင် သုံးဒေါ်လာ
ကောက်ခံလျက်ရှိသည်ဟု သိရသည်။

အေးယုနိုင် pyimyanmar
(DM,5.5.18) 
link -

No comments:

Post a Comment