မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Friday, August 28, 2020

ထုိင္းေဆး႐ုံက သူနာျပဳမ်ား

စကိတ္စီးကာ တာဝန္ထမ္းေဆာင္ေနၾကသည့္
ထုိင္းေဆး႐ုံက သူနာျပဳမ်ား ...
Yanhee International Hospital in Bangkok, Thailand
-----------------------------------------------------------------
ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမဳိ႕က ယန္ဟီး အျပည္ျပည္ဆုိင္ရာ
ေဆး႐ုံထဲမွာ စကိတ္ေလးေတြစီးၿပီး ေျပးေျပးလႊားလႊား အလုပ္
လုပ္ေနၾကတဲ့ သူနာျပဳအကူေတြကုိ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။


ေဆးရုံမွာတက္ေရာက္ကုသေနတဲ့ လူနာေတြရဲ႕ အခ်က္အလက္
ေတြနဲ႔ လုိအပ္ခ်က္ အမ်ဳိးမ်ဳိးေတြကုိ သက္ဆုိင္ရာဌာနေတြနဲ႔
ခ်ိတ္ဆက္ၿပီး အျပန္အလွန္ ေပးပုိ႔ ယူေဆာင္ ေပးေနတဲ့ေနရာမွာ
သူနာျပဳအကူေတြက စကိတ္ဖိနပ္ေတြစီးၿပီး အလ်င္အျမန္
လုပ္ေဆာင္ေပးေနၾကတာ ျဖစ္ပါတယ္။


လူနာေတြအတြက္ လ်င္ျမန္တဲ့ ဝန္ေဆာင္မႈကုိေပးဖုိ႔ 
စၾကႍေလွ်ာက္လမ္းေတြမွာ စကိတ္စီးေျပးေနတဲ့ သူနာျပဳ
အကူေတြကုိ ျမင္ေတြ႕ေနရတာျဖစ္ၿပီး ဒီေဆး႐ုံက အာရွမွာ
စကိတ္စီးတဲ့ ေဆး႐ုံဝန္ထမ္းေတြ ထားရွိတဲ့ ပထမဦးဆုံး
ေဆး႐ုံျဖစ္လာခဲ့ပါတယ္။



သံသာ (pyimyanmar)
(USA Today, 12.5.18)
link -

============================================

စကိတ်စီးကာ တာဝန်ထမ်းဆောင်နေကြသည့်
ထိုင်းဆေးရုံက သူနာပြုများ ...
Yanhee International Hospital in Bangkok, Thailand
-----------------------------------------------------------------

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ယန်ဟီး အပြည်ပြည်ဆိုင်ရာ
ဆေးရုံထဲမှာ စကိတ်လေးတွေစီးပြီး ပြေးပြေးလွှားလွှား အလုပ်
လုပ်နေကြတဲ့ သူနာပြုအကူတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဆေးရုံမှာတက်ရောက်ကုသနေတဲ့ လူနာတွေရဲ့ အချက်အလက်
တွေနဲ့ လိုအပ်ချက် အမျိုးမျိုးတွေကို သက်ဆိုင်ရာဌာနတွေနဲ့
ချိတ်ဆက်ပြီး အပြန်အလှန် ပေးပို့ ယူဆောင် ပေးနေတဲ့နေရာမှာ
သူနာပြုအကူတွေက စကိတ်ဖိနပ်တွေစီးပြီး အလျင်အမြန်
လုပ်ဆောင်ပေးနေကြတာ ဖြစ်ပါတယ်။

လူနာတွေအတွက် လျင်မြန်တဲ့ ဝန်ဆောင်မှုကိုပေးဖို့ 
စင်္ကြံလျှောက်လမ်းတွေမှာ စကိတ်စီးပြေးနေတဲ့ သူနာပြု
အကူတွေကို မြင်တွေ့နေရတာဖြစ်ပြီး ဒီဆေးရုံက အာရှမှာ
စကိတ်စီးတဲ့ ဆေးရုံဝန်ထမ်းတွေ ထားရှိတဲ့ ပထမဦးဆုံး
ဆေးရုံဖြစ်လာခဲ့ပါတယ်။

သံသာ(pyimyanmar)
(USA Today, 12.5.18)
link -

No comments:

Post a Comment