မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, August 31, 2020

အိမ္ကေန အင္တာနက္နဲ႔ ကရိန္းကားေတြ ေမာင္းေနတဲ့ တ႐ုတ္မုိင္းလုပ္သားမ်ား ...

အိမ္ကေန အင္တာနက္နဲ႔ ကရိန္းကားေတြ
ေမာင္းေနတဲ့ တ႐ုတ္မုိင္းလုပ္သားမ်ား ...
------------------------------------------------
ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကမၻာမွာ trend ႏွစ္ခုေပၚလာခဲ့ပါတယ္။ 
အဲဒါကေတာ့ work from home နဲ႔ learn from home ပါပဲ။ 
အလုပ္ေတြကိုလည္း အိမ္မွာပဲလုပ္ၾကရေတာ့သလိုမ်ိဳး ေက်ာင္းသားေတြ
ကိုလည္း အိမ္မွာပဲ အြန္လုိင္စနစ္နဲ႔ စာသင္ၾကားမႈေတြ ျပဳလုပ္လ်က္
ရွိေနပါတယ္။


ဒီလိုေတြလုပ္ေနေပမယ့္လည္း တခ်ိဳ႕ေသာ လုပ္ငန္းေတြကေတာ့ 
work from home လုပ္လုိ႔ မရတာမ်ိဳးေတြ ရွိေနပါတယ္။ ဥပမာ 
ေဆာက္လုပ္ေရးလုပ္ငန္းေတြတုိ႔၊ ဝန္ေဆင္မႈေပးတဲ့ လုပ္ငန္းေတြ 
စသျဖင့္ေပါ့။ အဲဒီအထဲ မိုင္းလုပ္ငန္းေတြလည္း ပါဝင္လ်က္ရွိေနပါတယ္။
မုိင္းလုပ္ငန္းဆိုတာ မိုင္းရွိတဲ့ေနရာေတြမွာသြားၿပီး လုပ္ကာမွ အဆင္ေျပ
မွာမဟုတ္လား။ ႐ုးထုိင္ေတြလိုမွမဟုတ္တာ။


ဒါေပမဲ့လည္း Next Shark ရဲ႕ေဖာ္ျပခ်က္အရ တ႐ုတ္ျပည္ရဲ႕ 
မုိင္းလုပ္သားတခ်ိဳ႕ကေတာ့ work from home စနစ္ကို က်င့္သံုးလ်က္
ရွိေနၾကပါတယ္တဲ့ေလ။ ေနရာကေတာ့ Henan ေဒသမွာရွိနတဲ့ 
Sandaozhaung မုိင္းမွာပါ။ စက္ကိရိယာႀကီးေတြေမာင္းတဲ့ မိုင္းလုပ္သား
ေတြကို အိမ္မွာပဲ work from home ေပးထားပါတယ္တဲ့။


ကရိန္းကားႀကီးေတြ၊ ေျမႀကီးေကာ္တဲ့ကားေတြ စတာေတြကို အိမ္ကေန 
ဘယ္လိုထိန္းခ်ဳပ္ၾကမလဲဆိုၿပီး စဥ္းစားသြားၿပီမလား။ ရွင္းရွင္းေလးပါပဲ။ 
တ႐ုတ္ျပည္မွာ လက္ရွိသံုးေနတဲ့ 5G ကြန္ယက္ကို အသံုးျပဳၿပီး 
အလုပ္သမားေတြဟာ အိမ္ကေန ေမာနီတာေတြနဲ႔ထိန္းခ်ဳပ္ၿပီး စက္ေတြကို 
ေမာင္းႏွင္တာပါတဲ့ေလ။ ဗီဒီယိုဂိမ္း ကစားေနရသလိုပါပဲတဲ့။

ဗီဒီယုိၾကည့္လုိပါက - (1:34)
Chinese metal miner uses 5G unmanned excavator in production

penny
credit:shwemom
link -
( တ႐ုတ္ႏုိင္ငံရဲ႕ နည္းပညာဖြံ႕ၿဖဳိးတုိးတက္လာမွဳေတြကေတာ့
က႑ အသီးသီးမွာ တကယ့္ကုိ အံ႔မခမ္း ပါပဲ။ ခု 5G နဲ႔ဆုိေတာ့
တကမာၻလုံး အံ႔အားသင့္သြားေအာင္ သူလုပ္ျပဦးမွာပါ )

=========================================

အိမ်ကနေ အင်တာနက်နဲ့ ကရိန်းကားတွေ
မောင်းနေတဲ့ တရုတ်မိုင်းလုပ်သားများ ...
------------------------------------------------

ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာမှာ trend နှစ်ခုပေါ်လာခဲ့ပါတယ်။ 
အဲဒါကတော့ work from home နဲ့ learn from home ပါပဲ။ 
အလုပ်တွေကိုလည်း အိမ်မှာပဲလုပ်ကြရတော့သလိုမျိုး ကျောင်းသားတွေ
ကိုလည်း အိမ်မှာပဲ အွန်လိုင်စနစ်နဲ့ စာသင်ကြားမှုတွေ ပြုလုပ်လျက်
ရှိနေပါတယ်။

ဒီလိုတွေလုပ်နေပေမယ့်လည်း တချို့သော လုပ်ငန်းတွေကတော့ 
work from home လုပ်လို့ မရတာမျိုးတွေ ရှိနေပါတယ်။ ဥပမာ 
ဆောက်လုပ်ရေးလုပ်ငန်းတွေတို့၊ ဝန်ဆေင်မှုပေးတဲ့ လုပ်ငန်းတွေ 
စသဖြင့်ပေါ့။ အဲဒီအထဲ မိုင်းလုပ်ငန်းတွေလည်း ပါဝင်လျက်ရှိနေပါတယ်။
မိုင်းလုပ်ငန်းဆိုတာ မိုင်းရှိတဲ့နေရာတွေမှာသွားပြီး လုပ်ကာမှ အဆင်ပြေ
မှာမဟုတ်လား။ ရုံးထိုင်တွေလိုမှမဟုတ်တာ။

ဒါပေမဲ့လည်း Next Shark ရဲ့ဖော်ပြချက်အရ တရုတ်ပြည်ရဲ့ 
မိုင်းလုပ်သားတချို့ကတော့ work from home စနစ်ကို ကျင့်သုံးလျက်
ရှိနေကြပါတယ်တဲ့လေ။ နေရာကတော့ Henan ဒေသမှာရှိနတဲ့ 
Sandaozhaung မိုင်းမှာပါ။ စက်ကိရိယာကြီးတွေမောင်းတဲ့ မိုင်းလုပ်သား
တွေကို အိမ်မှာပဲ work from home ပေးထားပါတယ်တဲ့။

ကရိန်းကားကြီးတွေ၊ မြေကြီးကော်တဲ့ကားတွေ စတာတွေကို အိမ်ကနေ 
ဘယ်လိုထိန်းချုပ်ကြမလဲဆိုပြီး စဉ်းစားသွားပြီမလား။ ရှင်းရှင်းလေးပါပဲ။ 
တရုတ်ပြည်မှာ လက်ရှိသုံးနေတဲ့ 5G ကွန်ယက်ကို အသုံးပြုပြီး 
အလုပ်သမားတွေဟာ အိမ်ကနေ မောနီတာတွေနဲ့ထိန်းချုပ်ပြီး စက်တွေကို 
မောင်းနှင်တာပါတဲ့လေ။ ဗီဒီယိုဂိမ်း ကစားနေရသလိုပါပဲတဲ့။

ဗီဒီယိုကြည့်လိုပါက - (1:34)
Chinese metal miner uses 5G unmanned excavator in production

penny
credit:shwemom
link -
( တရုတ်နိုင်ငံရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုတွေကတော့
ကဏ္ဍ အသီးသီးမှာ တကယ့်ကို အံ့မခမ်း ပါပဲ။ ခု 5G နဲ့ဆိုတော့
တကမ္ဘာလုံး အံ့အားသင့်သွားအောင် သူလုပ်ပြဦးမှာပါ )

No comments:

Post a Comment