ေရႊႏွလံုုးသား ပိုုင္ရွင္ သူေတာင္းစားေလး
------------------------------------------------
ကင္ညာနိုုင္ငံ နိုုင္ရိုုဘီျမိဳ ့လမ္းမေပၚမွာ သူေတာင္းစားဘ၀နဲ ့
အသက္ေမြးေနသူ John Thuo ဂ်ြန္သူ ဟာ မိခင္ဆံုုးသြားျပီး
အေဖရဲ ့ႏွိပ္စက္တဲ့ ဒဏ္မခံနိုုင္လိုု ့ အိမ္ေျပးဘ၀ကေန ခုုလိုု
လမ္းမေပၚေရာက္ခဲ့ပါတယ္။
ဆင္းရဲတဲ့ ကင္ညာနိုုင္ငံ ျမိဳ့ေတြ မွာ ေတာင္းစားေနၾကတဲ့
ခေလးေပါင္း သံုုးသိန္းငါးေသာင္းေက်ာ္ရွိေနျပီး အမ်ားစုုဟာ
ေသမင္းေရာဂါ HIV ပိုုးရွိေနသူ မိဘေတြကေမြးလာတဲ့ ခေလးေတြ
မ်ားပါတယ္။ နိုုင္ရိုုဘီ ျမိဳ ့သားေတြက ကားနား ခေလးကပ္မွာ
စိုုးရိမ္ၾကပါတယ္၊ ခေလးေတြဟာ ေတာင္းစားတာထက္ ေငြမရရင္
ခိုုးတာ လုုေျပးတာ ၊ ေငြမေပးရင္ ကားကိုုဖ်က္ဆီးၾကတဲ့ အထိ
လက္သရမ္းၾကပါတယ္။
ဂ်ြန္သူကေတာ့ ေရခဲ သူေတာင္းစားေလးပါ၊ သူေတာင္းလုိ ့
မေပးရင္လည္း ေအးေဆး ထြက္သြားတတ္ပါတယ္။ ဂ်ြန္သူဟာ
တေန ့မွာ ကားတစီးရဲ ့မွန္ကိုု လက္နဲ ့ပုုတ္ျပီး ေတာင္းဘိုု႔လုုပ္ပါတယ္၊
ကားေရွ ့မွန္ပြင့္လာတဲ့အခါ သူတခါမွ မျမင္ဘူးခဲ့ဘူးတဲ့ အမ်ိဳးသမီးၾကီး
တဦးက ပါးစပ္မွာ ေလရူပိုုက္ေတြနဲ ့ အသက္ကိုု ၾကိဳးစားရူေနတာ
ေတြ ့ရပါတယ္။
ဘာျဖစ္တာလည္းခင္ဗ်ာလိုု ့ သူေမးခဲ့ေတာ့ အမ်ိဳးသမီးဟာ
အဆုုတ္က အလုုပ္မလုုပ္ေတာ့လိုု ့ အသက္ရူစက္နဲ ့တခ်ိန္လံုုး
ေနရတယ္၊ ခုုေဆးရံုုျပဘိုု ့သြားမွာလိုု ့သိရတဲ့အခ်ိန္မွာ ဂ်ြန္သူ
၀မ္းနည္းျပီးငိုုလိုုက္ပါတယ္။
သူဟာ ဘ၀အလြန္ဆိုုးလိုုက္တာလိုု ့ ထင္ေနခဲ့တာ သူထက္ဆိုုးတဲ့
သူေတြ ေလာကမွာ အမ်ားၾကီးဆိုုတာ သိျမင္သြားခဲ့ျပီး သူေတာင္းလိုု႔
ရထားတဲ့ ေငြေတြကိုု လူနာရွင္အမ်ိဳးသမီးၾကီးကိုု ေပးလိုုက္တဲ့အျဖစ္ကိုု
ဆိုုရွယ္မီဒီယာေတြမွာ အက်ယ္တ၀င့္ ေဖၚျပခဲ့ၾကပါတယ္။
(ဆိုုရွယ္မီးဒီယာမွာ ဂ်ြန္သူသတင္း ေက်ာ္ၾကားသြားခဲ့ျပီး နိုုင္ငံတကာက
ဂ်ြန္သူကိုု ၀ိုုင္းကူညီခဲ့ၾကတာ ေဒၚလာ ၈၀၀၀၀ ( ျမန္မာက်ပ္ေငြ
သိန္း ၁၀၀၀ ေက်ာ္ )အထိ ရခဲ့ပါတယ္။ ဒါတင္မကေသးပါဘူး
ျမတ္ေသာအလွဴေၾကာင့္ သူေဌးျဖစ္သြားတဲ့ သူေတာင္းစားေလး
ဂ်ြန္သူကိုု နီစီ၀မ္ဘူကူ ဆိုုသူ ေငြေၾကးျပည့္စံုုသူ အမ်ိဳးသမီးက
ေမြးစားခဲ့ျပီး ေက်ာက္ဆက္တက္ဘိုု ့ ျပင္ေနျပီလိုု ့ သိရပါတယ္။
စိတ္ထားျမင့္ျမတ္သူေတြဟာ ဘ၀အဆိုုးဆံုုး ျဖစ္ေပမယ့္
ကယ္တင္မယ့္သူေတြ ေပၚလာစျမဲပါ။
SAW
Credit feeds4you, Golden heart kid
links -
https://www.tuko.co.ke/225121-street-boy-adopted-crying-praying-woman-surviving-oxygen-tank.html
https://www.ulizalinks.co.ke/street-boy-big-heart-gets-adopted/
=============================================
ရွှေနှလုံးသား ပိုင်ရှင် သူတောင်းစားလေး
------------------------------------------------
ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့လမ်းမပေါ်မှာ သူတောင်းစားဘဝနဲ့
အသက်မွေးနေသူ John Thuo ဂျွန်သူ ဟာ မိခင်ဆုံးသွားပြီး
အဖေရဲ့နှိပ်စက်တဲ့ ဒဏ်မခံနိုင်လို့ အိမ်ပြေးဘဝကနေ ခုလို
လမ်းမပေါ်ရောက်ခဲ့ပါတယ်။
ဆင်းရဲတဲ့ ကင်ညာနိုင်ငံ မြို့တွေ မှာ တောင်းစားနေကြတဲ့
ခလေးပေါင်း သုံးသိန်းငါးသောင်းကျော်ရှိနေပြီး အများစုဟာ
သေမင်းရောဂါ HIV ပိုးရှိနေသူ မိဘတွေကမွေးလာတဲ့ ခလေးတွေ
များပါတယ်။ နိုင်ရိုဘီ မြို့သားတွေက ကားနား ခလေးကပ်မှာ
စိုးရိမ်ကြပါတယ်၊ ခလေးတွေဟာ တောင်းစားတာထက် ငွေမရရင်
ခိုးတာ လုပြေးတာ ၊ ငွေမပေးရင် ကားကိုဖျက်ဆီးကြတဲ့ အထိ
လက်သရမ်းကြပါတယ်။
ဂျွန်သူကတော့ ရေခဲ သူတောင်းစားလေးပါ၊ သူတောင်းလို့
မပေးရင်လည်း အေးဆေး ထွက်သွားတတ်ပါတယ်။ ဂျွန်သူဟာ
တနေ့မှာ ကားတစီးရဲ့မှန်ကို လက်နဲ့ပုတ်ပြီး တောင်းဘို့လုပ်ပါတယ်၊
ကားရှေ့မှန်ပွင့်လာတဲ့အခါ သူတခါမှ မမြင်ဘူးခဲ့ဘူးတဲ့ အမျိုးသမီးကြီး
တဦးက ပါးစပ်မှာ လေရူပိုက်တွေနဲ့ အသက်ကို ကြိုးစားရူနေတာ
တွေ့ရပါတယ်။
ဘာဖြစ်တာလည်းခင်ဗျာလို့ သူမေးခဲ့တော့ အမျိုးသမီးဟာ
အဆုတ်က အလုပ်မလုပ်တော့လို့ အသက်ရူစက်နဲ့တချိန်လုံး
နေရတယ်၊ ခုဆေးရုံပြဘို့သွားမှာလို့သိရတဲ့အချိန်မှာ ဂျွန်သူ
ဝမ်းနည်းပြီးငိုလိုက်ပါတယ်။
သူဟာ ဘဝအလွန်ဆိုးလိုက်တာလို့ ထင်နေခဲ့တာ သူထက်ဆိုးတဲ့
သူတွေ လောကမှာ အများကြီးဆိုတာ သိမြင်သွားခဲ့ပြီး သူတောင်းလို့
ရထားတဲ့ ငွေတွေကို လူနာရှင်အမျိုးသမီးကြီးကို ပေးလိုက်တဲ့အဖြစ်ကို
ဆိုရှယ်မီဒီယာတွေမှာ အကျယ်တဝင့် ဖေါ်ပြခဲ့ကြပါတယ်။
(ဆိုရှယ်မီးဒီယာမှာ ဂျွန်သူသတင်း ကျော်ကြားသွားခဲ့ပြီး နိုင်ငံတကာက
ဂျွန်သူကို ဝိုင်းကူညီခဲ့ကြတာ ဒေါ်လာ ၈၀၀၀၀ ( မြန်မာကျပ်ငွေ
သိန်း ၁၀၀၀ ကျော် )အထိ ရခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး
မြတ်သောအလှူကြောင့် သူဌေးဖြစ်သွားတဲ့ သူတောင်းစားလေး
ဂျွန်သူကို နီစီဝမ်ဘူကူ ဆိုသူ ငွေကြေးပြည့်စုံသူ အမျိုးသမီးက
မွေးစားခဲ့ပြီး ကျောက်ဆက်တက်ဘို့ ပြင်နေပြီလို့ သိရပါတယ်။
စိတ်ထားမြင့်မြတ်သူတွေဟာ ဘဝအဆိုးဆုံး ဖြစ်ပေမယ့်
ကယ်တင်မယ့်သူတွေ ပေါ်လာစမြဲပါ။
SAW
Credit feeds4you, Golden heart kid
links -
https://www.tuko.co.ke/225121-street-boy-adopted-crying-praying-woman-surviving-oxygen-tank.html
https://www.ulizalinks.co.ke/street-boy-big-heart-gets-adopted/
No comments:
Post a Comment