မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Saturday, August 29, 2020
-----------------------------------------------------------------------
စပြောရမယ်ဆိုရင် ...
နေ့တိုင်း မေမေ့ မကန်တော့ဘဲ မအိပ်တဲ့ အကျိုးကျေးဇူးများနဲ့ 
ခင်ပွန်းကြီးဆယ်ပါးကန်တော့တဲ့ အကျိုးကျေးဇူးတွေနဲ ခြေနှစ်ချောင်း
အဲ့ဒီအခြေနေတုန်းက ကျွန်တော့ဘဝ ခုလိုအခြေနေမျိုးနဲ့နေရဖို့ 
ဘဝမျိုးစုံနဲ့ရှာဖွေနေရတော့ ကျွန်တော့ကိုယ်ကျွန်တော် ကရုမစိုက်
နှိုင်ဘဲ အအိပ်အစားမမှန် မေမေကျန်တဲ့ ထမင်းကျန် ဟင်းကျန်ကို
ပါတယ်။ တချို့ က အားကစားလုပ်တာရပ်လိုက်ရင် ပိုဝလာတာ မဟုတ်
အကြံဉာဏ်ပေးပါတယ်။
မှဲ့ခြောက် နေလောင်ကွက်တွေ ပျောက်ပြီး အရွယ်တင်နှပျို စေတာ
အမှန်ပါ။ တချို့ကဆို ကျွန်တော့မျက်နာ ခွဲစိတ်ပြုပြင်ထာသလား 
အကုန်မခံပါဘူးခင်ဗျာ။
အဆီများတာရှောင်တယ် ညစာအသီးအနှံစားပါတယ်။ အဲ့ဒါကြောင့်
ကျသွားတာပါခင်ဗျာ။
တော့လည်း ပိုးမထိုးအောင် အနှံ့မွှေးအောင် တချို့က ဆေးဖြန်း
အသီးနှံဘဲစားလို့ ပိန်တာပါခင်ဗျာ။
Credit – Hla Win Aung,
source:tawthu
==================================================
ထူးဆန်းတဲ့ဗီဒိုကြီးပိုင်ရှင်ရဲ့ အံ့သြလောက်တဲ့ ဝိတ်ချနည်း… 
---------------------------------------------------------------------
ပေါင် ၃၆၀ လူဝကြီးကနေ ပေါင် ၁၆၀ ကျော် အထိ ဝိတ်ကျလာရခြင်း။
ကျွန်တော်ခင်မင်လေးစား တန်ဖိုးထားရပါသော ကျွန်တော်အား
ခင်မင်ကြသော fb မှ ချစ်ဆုံး friend များအတွက်ပါ
ကိုအောင်ရေ တစ်ယောက်ထဲမှ ဟုတ်ရယ်လား မေးကြလွန်းလို့ပါ။ 
တအားဝရာကနေပိန်ဖို့ မလွယ်သလို ပိန်ရာကနေ ပြန်မဝဖို့ထိမ်းရတာ 
အတော်ခက်ခဲပါတယ်။ ကျွန်တော်အရမ်းဝလာတဲ့ အကြောင်းရင်း 
စပြောရမယ်ဆိုရင် ...
၈၈ အရေးခင်းမှာ သနတ်မှန်တာက စပြီး ပြန်ပြောပြရမှာပါခင်ဗျာ။ 
ဘာလိုလည်းဆိုတော့ အရင်က တအားပိန်ပိန်လေးမို့ပါ နောက်မှ 
သွေးတွေသွင်းရင်း ဝလာစ ပြုလာရတာမို့ပါခင်ဗျာ။
ကျွန်တော်နှိင်ငံရေးမလုပ်ပေမဲ့ ပရဟိတစိတ်နဲ့ သေနတ်မှန်တဲ့လူနာတွေ 
သွားကယ်ဆယ်ရင်း 20-9-1988 နေ့လည် ၁နာရီမှာ ပခုက္ကူ မြို့
အ-လ-က(၁)ကျောင်းရှေ့မှာ ကျွန်တော်အပါဝင် သံဃာတော်များမှ
သနတ်မှန်ထားတဲ့လူတွေ ကောက်ယူ ခွင့်ပေးပါပြောပြီး သွားကောက်
ကြတာ သံဃာတော်နဲ့ ကျွန်တော်တို့လိုလူတွေ အမြောက်အများ
သေပွဲဝင်ခဲ့ရပေမဲ့ မိဘကျေးဇူးကြောင့် ကျွန်တော်တယောက်ဘဲ 
သေနတ် ၈ ချက်မှန်ပေမဲ့ အသက်မသေသော်လည်း အောက်ပိုင်း
၂နှစ် သေနေတာ တမြို့လုံးတနယ်လုံး သိကြပါတယ်ဗျာ။
ရတနာမြတ်သုံးပါဂုဏ်ကျေးဇူး မိဘခြေရာလေးအမြဲဆောင်ထားတဲ့ 
ယုံကြည်မှု့နဲ့ မေမေကိုရိုသေလို့ပါ။ မေမေ့ကိုတန်ဖိုးထားပြီး ညတိုင်း
နေ့တိုင်း မေမေ့ မကန်တော့ဘဲ မအိပ်တဲ့ အကျိူးကျေးဇူးများနဲ့ 
အလုပ်သွားအလုပ်ပြန် အမြဲကန်တော့တဲ့ ကျေးဇူးများပါ။ 
ယောင်ရင်တောင် မေမေ နေကောင်းလား နေကောင်းလားလို့
အမြဲယောင်တတ်တယ် စိတ်က မိဘမှမိဘပါဘဲခင်ဗျာ နောက်ပြီး 
ခင်ပွန်းကြီးဆယ်ပါးကန်တော့တဲ့ အကျိူးကျေးဇူးတွေနဲ ခြေနှစ်ချောင်း
ဖြတ်ပြစ်ရမဲ့ဘဝကနေ လွတ်ကင်းသွားခဲ့ပါတယ်။
အဲ့ဒီအခြေနေတုန်းက ကျွန်တော့ဘဝ ခုလိုအခြေနေမျိူးနဲ့နေရဖို့ 
အိမ်မက်တောင် မမက်ဖူးပါဘူးဗျာ။
မိဘရိုသေကြပါ မိဘကန်တော့ပြီးမှ အိပ်ကြပါ မိဘသက်ရှိထင်ရှားရှိ
တုန်း စိတ်ချမ်းသာအောင်ထားပါလို့ ကြုံတုန်းအထူးမေတ္တာရပ်ခံပါတယ်။ 
နှောင်မှ နှောင်တမရကြပါနဲ့ခင်ဗျာ ကျွန်တော်ကျန်းမာရေး
ပြန်ကောင်းလာတော့ လေဖြတ်နေတဲ့ မေမေဆေးဖိုးအတွက် 
ဘဝမျူ ိးစုံနဲ့ရှာဖွေနေရတော့ ကျွန်တော့ကိုယ်ကျွန်တော် ကရုမစိုက်
နိုှင်ဘဲ အအိပ်အစားမမှန် မေမေကျန်တဲ့ ထမင်းကျန် ဟင်းကျန်ကို
လ္ဘက်အကြော်တွေနဲ့ ညအချိန်မတော် မေမေ့ဝေရာဝစ္စတွေပြီးမှ 
စားရတော့ ပေါင် ၃၆၀ ကျော်အထိ ဝလာခဲ့ပါတယ်
ခုအချိန်မှာမေမေသာ အသက်ပြန်ရှင်မယ်ဆိုရင်လေ ကျွန်တော့စည်းဇိမ်
ဥစ္စာအားလုံးနဲ့ ပြန်ပြီးလည်းလို့ရရင် ပြန်လည်းလိုက်ချင်ပါတယ် မဖြစ်နှိင်
လို့ ပြောတာမဟုတ်ရပါဘူးေ မမေမရှိ့တော့ ဘာသာရေးနဲ့ ပရဟိတ
အလုပ်တွေဦးစားပေးပြီး လုပ်နေတာနဲ့ ကျွန်တော့ကိုယ်ကျွန်တော် 
သတိမထားမီပြန်ပါဘူး။ လွန်ခဲ့တဲ့ ၂နှစ်လောက်က လေဖြတ်မလို့
ခဏခဏဖြစ်တော့မှ ချန်ပီယံအားကစားခန်းမပိုင်ရှင် ဆရာခိုင်စီမှာ
အားကစားသွားလုပ်ရပါတယ်။ ဆရာကလည်း စိတ်စေတနာ 
တအားကောင်းပါတယ် ပေါင် ၃၆၀ လူဝကြီးကနေ
ကျန်းမားရေးကောင်းပြီး ပိန်ချင်အောင် စိတ်ဓါတ်ခွန်အားပေးတယ်။
မျက်နာသုတ်ပုဝါကြီးနဲ့ အိပ်ထမတင် ကျွန်တော့ခန္ဓာကြီးကို မရရအောင် 
ကူညီပေးပါတယ်။ အဆီများတာရှောင်ဖို့ ညစာထိမ်းစားဖို့ အမြဲသတိပေး
ပါတယ်။ တချိုူ့က အားကစားလုပ်တာရပ်လိုက်ရင် ပိုဝလာတာ မဟုတ်
ပါဘူး အစား စားလို့ ပြန်ဝတာပါခင်ဗျာ နောက်မိုင်ဖုန်းဆရာတော်ကြီး၏
တပည့်ဦးလေး ဦးမြင့်မောင်မှ ဆရာတော်ကြီးသြဝါဒအရ နှိင်ငံတကာမှ
အလှကုန်းပစ္စည်းတွေနဲ့ အားဆေးတွေ ပိန်ဆေးတွေက ဂျင်ဆင်းရယ်
ရှားစောင်းလက်ပတ် ဖွဲ့နှနဲ့ မဂျစ်ဥတွေ သဇင်ပန်းဥတွေကို
အခြေခံထားတာပါ။ ဖွဲ့နှဆိုတာ ဆန်ဆေးရည်ပါဘဲ ထမင်းချက်ဖို့ 
ဆန် ၃ ကြိမ်ဆေးတဲ့အခါ ဒုတိယ ဆန်ဆေးတဲ့အခါ ရေသန့်နဲ့ဆေးပြီး
ထိုဒုတိယဆန်ဆေးရည်ကို တရက်တစ်လီတာ သောက်ကြည့်ပါ လို့
အကြံဉာဏ်ပေးပါတယ်။
ဆန်ဆေးရည်ဆိုတာကလည်း ရှေးကဖိုးဖွားတွေ လက်ထက်ကထဲက
ဆီးကျင်တာ ဆီးအောင့်တာ အစာအိမ်နာတာ သွေးထဲမှာ အဆီဓါတ်
များတာ ဆံပင်ညွတ်တာတွေအတွက် အတော်ကောင်းတာသိထားတော့
ကျွန်တော်နေ့စဉ်တရားထိုင်တယ် ချန်ပီယံမောင်မြန်မာဆရာခိုင်စီမှာ 
အားကစား ၁ နာရီကျော်လုပ်ပါတယ်။
ဆန်းဆေးရေနေ့တိုင်း မျက်နာသစ်တယ် သောက်တယ် 
ဆန်ဆေးရည်နဲ့နံနက်တိုင်း မျက်နာသစ်ရင် တင်းတိတ်ဝက်ခြံ
မဲှ့ခြောက် နေလောင်ကွက်တွေ ပျောက်ပြီး အရွယ်တင်နှပျိူ စေတာ
အမှန်ပါ။ တချိူ့ကဆို ကျွန်တော့မျက်နာ ခွဲစိတ်ပြုပြင်ထာသလား 
အထင်မှားနေကြပါတယ်။ စိတ်နဲ့တောင် အဲဒီအတွက် ပိုက်ဆံ 
အကုန်မခံပါဘူးခင်ဗျာ။
အဆီများတာရှောင်တယ် ညစာအသီးအနံှစားပါတယ်။ အဲ့ဒါကြောင့်
၂နှစ်အတွင်း ကျန်းမာရေးကောင်းမွန်ပြီး သိသာစွာ ကိုယ်အလေးချိန်
ကျသွားတာပါခင်ဗျာ။
စပါးစိုက်တဲ့နေရာထည့်တဲ့ ပိုးသတ်ဆေးများနဲ့ ဆန်စပါးဖြစ်လာ
တော့လည်း ပိုးမထိုးအောင် အနံှ့မွှေးအောင် တချိူ့က ဆေးဖြန်း
တတ်သောကြောင့် ဆန်ဆေးတဲ့အခါ သေသေခြာခြာဆေးပါ။
ဒုတိယဆေးတဲ့ ဆန်ဆေးရည်ကို ရေသန့်နဲ့ ဆေးပါ။ ရေစစ်နဲ့ပြန်စစ်ပါ။ 
ပြီးမှနောက် နေ့မကူးဘဲ တနေ့ချင်းကုန်အောင် တလီတာသောက်ပါ။
မျက်နာသစ်ပါ မျက်နာသစ်တဲ့နေရာမှာ မည်သည့် မျက်နာသစ်ဆေးမှ 
မသုံးဘဲ ရေခြောက်သွေ့အောင်ထားပါ။ ပြီးမှမီမီနှစ်သက်ရာမျက်နာသစ်
ဆပ်ပြာနဲ့ ရေဆေးကြောပါလို့ အကြံဉာဏ်ပေးချင်ပါတယ်။ 
ဆန်ဆေးရည်သောက်တာက အသားရေကျစ်ပြီး အမောခံနှိင်တာပါ။
အားကစားလုပ်တာနဲ့ အစား အစာ ထိမ်းစားမှ ညနေ ၅နာရီနောက်ပိုင်း 
အသီးနံှဘဲစားလို့ ပိန်တာပါခင်ဗျာ။
(ကျွန်တော်ပေါင် ၃၆၀ လူဝကြီးကနေ ပေါင် ၁၆၀ ကျော်အထိ 
ဝိတ်ကျလာရခြင်းကို ခဏခဏမေးကြလို့ ဒီ post ပြန်ပြန်ရေးရ
တာလည်း ၁၀ ကြိမ်မကတော့ပါဘူးခင်ဗျာ။ ဖတ်ပြီးသား friend
တွေလည်း သည်းခံပေးပါလို့)
Credit – Hla Win Aung,
source:tawthu
No comments:
Post a Comment