ကမၻာ့အေက်ာ္ အထူးျခားဆံုး ပန္းခ်ီကားေတြ
----------------------------------------------------
အနုပညာလက္ရာ စုေဆာင္းသူေတြဟာ နွစ္စဥ္နွစ္တိုင္း
ေဒၚလာသန္းေပါင္းမ်ားစြာ သံုးစြဲျပီး ကမၻာ့အေကာင္းဆံုးနဲ႕
အေက်ာ္ၾကားဆံုး ပန္းခ်ီကားေတြ ဝယ္ယူဖို့ ႀကဳိးပမ္းေလ့ ရွိပါတယ္။
သို႔ေပမယ့္ ေဈးအႀကီးဆံုး ပန္းခ်ီကားလို႔ ဆိုတိုင္းလည္း လူသိမ်ား
ထင္ရွားတဲ့ ပန္းခ်ီကား မဟုတ္ပါ။ အမ်ားအားျဖင့္ေတာ့ လူသိမ်ား
ထင္ရွားေက်ာ္ၾကားတဲ့ ပန္းခ်ီကားေတြကို ျပတိုက္ေတြကပဲ ပိုင္ဆိုင္တာ
မ်ားျပီး ျပန္လည္ ေရာင္းခ်တာမ်ိုး အလြန္နည္းပါး ပါတယ္။
ကမၻာတဝွမ္းက အေက်ာ္ၾကားဆံုး အထူးျခားဆံုး ပန္းခ်ီကား
၁၀ ခ်ပ္အေၾကာင္း ေလ့လာတင္ျပပါမယ္။ အေက်ာ္ၾကားဆံုး
အထူးျခားဆံုး ပန္းခ်ီကားကို သတ္မွတ္ရာမွာေတာ့ သက္ဆိုင္ရာ
ျပတိုက္နဲ့ ျပခန္းေတြရဲ့ သတ္မွတ္ခ်က္ အမ်ိုးမ်ိုး ရွိေနနိုင္ပါတယ္။
အခုေျပာမွာက touropia.com မွာ ေဖာ္ျပထားတဲ့ ေဆာင္းပါး အရ
တင္ျပေပးတာပါ။
.
credit:myanbnews
link -
==============================================
ကမ္ဘာ့အကျော် အထူးခြားဆုံး ပန်းချီကားတွေ
----------------------------------------------------
အနုပညာလက်ရာ စုဆောင်းသူတွေဟာ နှစ်စဉ်နှစ်တိုင်း
ဒေါ်လာသန်းပေါင်းများစွာ သုံးစွဲပြီး ကမ္ဘာ့အကောင်းဆုံးနဲ့
အကျော်ကြားဆုံး ပန်းချီကားတွေ ဝယ်ယူဖို့ ကြိုးပမ်းလေ့ ရှိပါတယ်။
သို့ပေမယ့် ဈေးအကြီးဆုံး ပန်းချီကားလို့ ဆိုတိုင်းလည်း လူသိများ
ထင်ရှားတဲ့ ပန်းချီကား မဟုတ်ပါ။ အများအားဖြင့်တော့ လူသိများ
ထင်ရှားကျော်ကြားတဲ့ ပန်းချီကားတွေကို ပြတိုက်တွေကပဲ ပိုင်ဆိုင်တာ
များပြီး ပြန်လည် ရောင်းချတာမျိုး အလွန်နည်းပါး ပါတယ်။
ကမ္ဘာတဝှမ်းက အကျော်ကြားဆုံး အထူးခြားဆုံး ပန်းချီကား
၁၀ ချပ်အကြောင်း လေ့လာတင်ပြပါမယ်။ အကျော်ကြားဆုံး
အထူးခြားဆုံး ပန်းချီကားကို သတ်မှတ်ရာမှာတော့ သက်ဆိုင်ရာ
ပြတိုက်နဲ့ ပြခန်းတွေရဲ့ သတ်မှတ်ချက် အမျိုးမျိုး ရှိနေနိုင်ပါတယ်။
အခုပြောမှာက touropia.com မှာ ဖော်ပြထားတဲ့ ဆောင်းပါး အရ
တင်ပြပေးတာပါ။
.
credit:myanbnews
link -
====================================================
၁၀။ ဗီးနပ္စ္ကို ေမြးဖြားျခင္း (Birth of Venus)
-------------------------------------------------------
ဗီးနပ္စ္ ေမြးဖြားျခင္း ပန္းခ်ီကားကို ၁၄၈၅-၈၇ ဝန္းက်င္ကာလမွာ
ဆန္ဒရို ေဘာ့တစ္စလီက ေရးဆြဲဖန္တီးတာပါ။ ဂရိတို့ရဲ့ ရာဇဝင္ မွာေတာ့
ဗီးနပ္စ္ကို ခ်စ္ျခင္းေမတၱာ၊ အလွအပ၊ ေက်နပ္ေပ်ာ္ရွြင္မႈနဲ့ မ်ိုးဆက္ေပါက္ဖြားမႈရဲ့
သေကၤတ အျဖစ္ ရည္ညွြန္းၾကပါတယ္။ အခုပန္းခ်ီကားမွာ ပင္လယ္ကနုကမာ
ခြံကေန ေမြးဖြားလာပံုကို ေရးဆြဲထားပါ။ ဘယ္ေနရာ ဆိုတာေတာ့ တိတိက်က်
ညွြန္းဆို မထားပါ။ ဒီပန္းခ်ီကားကို အီတလီနိုင္ငံ ဖေလာရင့္ ေဒသက
ထင္ရွားတဲ့ ယူဖစ္ဇီ (Uffizi) ျပတိုက္က ပိုင္ဆိုင္ထားပါတယ္။
++++++++++++++++++++++++++++++++++++++++++++
၁၀။ ဗီးနပ်စ်ကို မွေးဖွားခြင်း (Birth of Venus)
---------------------------------------------------------
ဗီးနပ်စ် မွေးဖွားခြင်း ပန်းချီကားကို ၁၄၈၅-၈၇ ဝန်းကျင်ကာလမှာ
ဆန်ဒရို ဘော့တစ်စလီက ရေးဆွဲဖန်တီးတာပါ။ ဂရိတို့ရဲ့ ရာဇဝင် မှာတော့
ဗီးနပ်စ်ကို ချစ်ခြင်းမေတ္တာ၊ အလှအပ၊ ကျေနပ်ပျော်ရွှင်မှုနဲ့ မျိုးဆက်ပေါက်ဖွားမှုရဲ့
သင်္ကေတ အဖြစ် ရည်ညွှန်းကြပါတယ်။ အခုပန်းချီကားမှာ ပင်လယ်ကနုကမာ
ခွံကနေ မွေးဖွားလာပုံကို ရေးဆွဲထားပါ။ ဘယ်နေရာ ဆိုတာတော့ တိတိကျကျ
ညွှန်းဆို မထားပါ။ ဒီပန်းချီကားကို အီတလီနိုင်ငံ ဖလောရင့် ဒေသက
ထင်ရှားတဲ့ ယူဖစ်ဇီ (Uffizi) ပြတိုက်က ပိုင်ဆိုင်ထားပါတယ်။
===========================================================
၉။ ၾကာပန္းမ်ား (Water Lilies)
--------------------------------------
ျပင္သစ္ အင္ပရက္ရွင္းနစ္ ပန္းခ်ီဆရာတဦးျဖစ္တဲ့ ကေလာ့ဒ္မိုေနး
(Claude Monet) ေရးဆြဲခဲ့တဲ့ ၾကာပန္း ပန္းခ်ီကားႀကီး က ပန္းခ်ီကားငယ္ေပါင္း
၂၅၀ နီးပါး ေပါင္းစုထားတာပါ။ မိုေနးဟာ ဒီပန္းခ်ီကားေတြကို သူ့ရဲ့ ကိုယ္ပိုင္
ပန္းျခံထဲက ျမင္ကြင္းေတြကို ၾကည့္ရႈေရးဆြဲတာ ျဖစ္ပါတယ္။ အင္ပရက္ရွင္း
ပန္းခ်ီကားဆိုတာ ကားအႀကီးႀကီး မရွိဘဲ အခ်ိန္တိုအတြင္း၊ အလင္းနဲ႔
အေရာင္ အေျပာင္းလဲ ႀကီးႀကီးမားမား မျဖစ္ခင္ ျပီးေအာင္ ေရးဆြဲရတာေၾကာင့္
ပန္းခ်ီကား အရြယ္ငယ္ငယ္သာ ဆြဲပါတယ္။ အခုေဖာ္ျပထားတဲ့ ပန္းခ်ီကား
ကေတာ့ အေမရိကန္နိုင္ငံ နယူးေယာက္ရွိ မက္ထ႐ုိပိုလီတန္ ျပတိုက္က
ပိုင္ဆိုင္ပါတယ္။
++++++++++++++++++++++++++++++++++++++++++++
၉။ ကြာပန်းများ (Water Lilies)
--------------------------------------
ပြင်သစ် အင်ပရက်ရှင်းနစ် ပန်းချီဆရာတဦးဖြစ်တဲ့ ကလော့ဒ်မိုနေး
(Claude Monet) ရေးဆွဲခဲ့တဲ့ ကြာပန်း ပန်းချီကားကြီး က ပန်းချီကားငယ်ပေါင်း
၂၅၀ နီးပါး ပေါင်းစုထားတာပါ။ မိုနေးဟာ ဒီပန်းချီကားတွေကို သူ့ရဲ့ ကိုယ်ပိုင်
ပန်းခြံထဲက မြင်ကွင်းတွေကို ကြည့်ရှုရေးဆွဲတာ ဖြစ်ပါတယ်။ အင်ပရက်ရှင်း
ပန်းချီကားဆိုတာ ကားအကြီးကြီး မရှိဘဲ အချိန်တိုအတွင်း၊ အလင်းနဲ့
အရောင် အပြောင်းလဲ ကြီးကြီးမားမား မဖြစ်ခင် ပြီးအောင် ရေးဆွဲရတာကြောင့်
ပန်းချီကား အရွယ်ငယ်ငယ်သာ ဆွဲပါတယ်။ အခုဖော်ပြထားတဲ့ ပန်းချီကား
ကတော့ အမေရိကန်နိုင်ငံ နယူးယောက်ရှိ မက်ထရိုပိုလီတန် ပြတိုက်က
ပိုင်ဆိုင်ပါတယ်။
==================================================
၈။ ညပိုင္းစစ္ေဆးၾကည့္ရႈျခင္း (Night Watch)
-----------------------------------------------------------
ဒတ္ခ်္တို႔ အထြတ္အထိပ္ေရာက္ခ်ိန္ ၁၆၄၂ ေလာက္က ကာလကို ညွြန္းျပီး
ဒတ္ခ်္ပန္းခ်ီဆရာ ရမ္းဘရန့္ထ္ (Rembrandt van Rijn) က ေရးဆြဲထားတာပါ။
ၿမဳိ႕ေစာင့္တပ္ ဗိုလ္ႀကီး ဖရန္ (Frans Banning Cocq) နဲ့ လက္ေထာက္ဗိုလ္ႀကီး
ဝီလ်ံ (Willem van Ruytenburch) တို့ ညပိုင္းမွာ အျပင္ထြက္ ၾကည့္ရႈစစ္ေဆး
ေနပံုကို ေရးဆြဲထားတာ ျဖစ္ပါတယ္။ ဒီပန္းခ်ီကားကို နယ္သာလန္ နိုင္ငံ
အမ္စတာဒမ္ ၿမဳိ႕ရွိ Rijksmuseum ျပတိုက္မွာ ျပသထားပါတယ္။
+++++++++++++++++++++++++++++++++++++++++++++++++++++++
၈။ ညပိုင်းစစ်ဆေးကြည့်ရှုခြင်း (Night Watch)
-----------------------------------------------------------
ဒတ်ချ်တို့ အထွတ်အထိပ်ရောက်ချိန် ၁၆၄၂ လောက်က ကာလကို ညွှန်းပြီး
ဒတ်ချ်ပန်းချီဆရာ ရမ်းဘရန့်ထ် (Rembrandt van Rijn) က ရေးဆွဲထားတာပါ။
မြို့စောင့်တပ် ဗိုလ်ကြီး ဖရန် (Frans Banning Cocq) နဲ့ လက်ထောက်ဗိုလ်ကြီး
ဝီလျံ (Willem van Ruytenburch) တို့ ညပိုင်းမှာ အပြင်ထွက် ကြည့်ရှုစစ်ဆေး
နေပုံကို ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒီပန်းချီကားကို နယ်သာလန် နိုင်ငံ
အမ်စတာဒမ် မြို့ရှိ Rijksmuseum ပြတိုက်မှာ ပြသထားပါတယ်။
======================================================
၇။ စူးစူးဝါးဝါးေအာ္ေခၚသံ (The Scream)
---------------------------------------------------
စူးစူးပါးဝါးေအာ္ေခၚသံ ပန္းခ်ီကားက ေနာ္ေဝး Expressionist ပန္းခ်ီအေက်ာ္အေမာ္
အက္ဒဝပ္မန့္ခ်္ (Edvard Munch) ရဲ့ လက္ရာပါ။ မန္႔ခ်္က ေသြးနီေရာင္ ေကာင္းကင္
ေနာက္ခံ ေရွ့မွာ နာက်င္ခံစားေနရလို႔ စူးစူးဝါးဝါး ေအာ္ေခၚေနတဲ့ ရုပ္ပံု တခုကို
ေရးဆြဲထားပါတယ္။ မန့္ခ်္ဟာ ဒီစူးစူးဝါးဝါးေအာ္ေခၚသံ ပန္းခ်ီကားကို ပံုသဏၭာန္
အမ်ဳိးမ်ဳိး၊ မီဒီယမ္ အမ်ဳိးမ်ဳိးနဲ႔ အမ်ားအျပား ေရးဆြဲခဲ့တာ ေတြ႕ရပါတယ္။
အခု ျပထားတဲ့ ပံုက ၁၈၉၃ မွာေရးဆြဲထားတဲ့ လက္ရာျဖစ္ျပီး ေနာ္ေဝအမ်ဳိးသား
ျပတိုက္မွာ ျပသထားပါတယ္။ သို့ေပမယ့္ ၁၉၉၄ မွာ အဲဒီပန္းခ်ီကား အခိုးခံရတာ
ေၾကာင့္ လအေတာ္ၾကာ အစားထိုး ခ်ိတ္ဆြဲမႈ မျပဳနိုင္ခဲ့ပါဘူး။ အဲဒီေနာက္ ၂၀ဝ၄
မွာလည္း မန့္ခ်္ျပတိုက္ (Munch Museum) မွာ ခ်ိတ္ဆြဲထားတဲ့ စူးစူးဝါးဝါး
ေအာ္ေခၚသံ ပန္းခ်ီကား ထပ္မံ အခိုးခံရတာေၾကာင့္ အဲဒီမွာလည္း ၂၀ဝ၆ က်မွ
အစားထိုး ျပသနိုင္ခဲ့တာ လို႔ ဆိုပါတယ္။
+++++++++++++++++++++++++++++++++++++++++++++++
၇။ စူးစူးဝါးဝါးအော်ခေါ်သံ (The Scream)
---------------------------------------------------
စူးစူးပါးဝါးအော်ခေါ်သံ ပန်းချီကားက နော်ဝေး Expressionist ပန်းချီအကျော်အမော်
အက်ဒဝပ်မန့်ချ် (Edvard Munch) ရဲ့ လက်ရာပါ။ မန့်ချ်က သွေးနီရောင် ကောင်းကင်
နောက်ခံ ရှေ့မှာ နာကျင်ခံစားနေရလို့ စူးစူးဝါးဝါး အော်ခေါ်နေတဲ့ ရုပ်ပုံ တခုကို
ရေးဆွဲထားပါတယ်။ မန့်ချ်ဟာ ဒီစူးစူးဝါးဝါးအော်ခေါ်သံ ပန်းချီကားကို ပုံသဏ္ဌာန်
အမျိုးမျိုး၊ မီဒီယမ် အမျိုးမျိုးနဲ့ အများအပြား ရေးဆွဲခဲ့တာ တွေ့ရပါတယ်။
အခု ပြထားတဲ့ ပုံက ၁၈၉၃ မှာရေးဆွဲထားတဲ့ လက်ရာဖြစ်ပြီး နော်ဝေအမျိုးသား
ပြတိုက်မှာ ပြသထားပါတယ်။ သို့ပေမယ့် ၁၉၉၄ မှာ အဲဒီပန်းချီကား အခိုးခံရတာ
ကြောင့် လအတော်ကြာ အစားထိုး ချိတ်ဆွဲမှု မပြုနိုင်ခဲ့ပါဘူး။ အဲဒီနောက် ၂၀ဝ၄
မှာလည်း မန့်ချ်ပြတိုက် (Munch Museum) မှာ ချိတ်ဆွဲထားတဲ့ စူးစူးဝါးဝါး
အော်ခေါ်သံ ပန်းချီကား ထပ်မံ အခိုးခံရတာကြောင့် အဲဒီမှာလည်း ၂၀ဝ၆ ကျမှ
အစားထိုး ပြသနိုင်ခဲ့တာ လို့ ဆိုပါတယ်။
=====================================================
၆။ ပုလဲနားဆြဲေလးနဲ႔ မိန္းကေလး (Girl with a Pearl Earring)
---------------------------------------------------------------------------
ပုလဲနားဆြဲေလးနဲ႔ မိန္းကေလးကို ဒတ္ခ်္မိုနာလီဇာ လို႔ ရည္ညွြန္းၾကပါတယ္။
ေရးဆြဲသူက ပန္းခ်ီဆရာ ဂ်ိုဟန္နက္ဇ္ ဗားမီးယား (Johannes Vermeer)
ျဖစ္ပါတယ္။ ၄၄ ဒသမ ၅ စင္တီမီတာ × ၃၉ စင္တီမီတာ (၁၇ ဒသမ ၅ လက္မ
× ၁၅ လက္မ) အရြယ္ရွိတဲ့ ဒီပန္းခ်ီကားေလးက ဗားမီးယားကို ေက်ာ္ၾကားေစခဲ့
သလို ခြ်င္းခ်က္မရွိ ျပည့္စံုတဲ့ ပန္းခ်ီကားလို႔ သတ္မွတ္ၾကပါတယ္။ ပန္းခ်ီကားမွာ
ရက္စြဲေရးထိုးထားျခင္း မရွိတဲ့ အျပင္ သူ့ကို အပ္လို႔ ဆြဲတာလား၊ ဘယ္သူ႔
အတြက္ ဆြဲတာလဲ ဆိုတာ ရွင္းရွင္းလင္းလင္း မသိရပါ။
.
သမိုင္းဝင္ ပန္းခ်ီဆိုင္ရာ ဖန္တီးမႈေတြကို ဝတၳဳအသြင္ ေရးသားသူ
စာေရးဆရာမ ထေရစီခ်ီဗာလိုင္ယား (Tracy Chevalier) ရဲ့ ဝတၳုထဲမွာေတာ့
ပုလဲနားဆြဲေလးနဲ့ မိန္းကေလးက ဂ်ဳိဟန္နက္ဇ္ ဗာမီးယားရဲ့ လက္ေထာက္
မိန္းကေလး လို႔ ပံုေဖာ္ထားပါတယ္။ အဲဒီ ဝတၳဳကို ၂၀ဝ၃ ခုနွစ္မွာ ရုပ္ရွင္အျဖစ္
႐ုိက္ကူးရာမွာေတာ့ စကားလက္ ဂ်ဳိဟန္ဆင္က မိန္းကေလးေနရာမွာ
သ႐ုပ္ေဆာင္ပါတယ္။
++++++++++++++++++++++++++++++++++++++++++++++
၆။ ပုလဲနားဆွဲလေးနဲ့ မိန်းကလေး (Girl with a Pearl Earring)
---------------------------------------------------------------------------
ပုလဲနားဆွဲလေးနဲ့ မိန်းကလေးကို ဒတ်ချ်မိုနာလီဇာ လို့ ရည်ညွှန်းကြပါတယ်။
ရေးဆွဲသူက ပန်းချီဆရာ ဂျိုဟန်နက်ဇ် ဗားမီးယား (Johannes Vermeer)
ဖြစ်ပါတယ်။ ၄၄ ဒသမ ၅ စင်တီမီတာ × ၃၉ စင်တီမီတာ (၁၇ ဒသမ ၅ လက်မ
× ၁၅ လက်မ) အရွယ်ရှိတဲ့ ဒီပန်းချီကားလေးက ဗားမီးယားကို ကျော်ကြားစေခဲ့
သလို ချွင်းချက်မရှိ ပြည့်စုံတဲ့ ပန်းချီကားလို့ သတ်မှတ်ကြပါတယ်။ ပန်းချီကားမှာ
ရက်စွဲရေးထိုးထားခြင်း မရှိတဲ့ အပြင် သူ့ကို အပ်လို့ ဆွဲတာလား၊ ဘယ်သူ့
အတွက် ဆွဲတာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါ။
.
သမိုင်းဝင် ပန်းချီဆိုင်ရာ ဖန်တီးမှုတွေကို ဝတ္ထုအသွင် ရေးသားသူ
စာရေးဆရာမ ထရေစီချီဗာလိုင်ယား (Tracy Chevalier) ရဲ့ ဝတ္ထုထဲမှာတော့
ပုလဲနားဆွဲလေးနဲ့ မိန်းကလေးက ဂျိုဟန်နက်ဇ် ဗာမီးယားရဲ့ လက်ထောက်
မိန်းကလေး လို့ ပုံဖော်ထားပါတယ်။ အဲဒီ ဝတ္ထုကို ၂၀ဝ၃ ခုနှစ်မှာ ရုပ်ရှင်အဖြစ်
ရိုက်ကူးရာမှာတော့ စကားလက် ဂျိုဟန်ဆင်က မိန်းကလေးနေရာမှာ
သရုပ်ဆောင်ပါတယ်။
===============================================
၅။ ဂြာရာနီကာ (Guernica)
-------------------------------------
ကမၻာေက်ာ္ ဂြာရာနီကာ ပန္းခ်ီကားကို ေရးဆြဲသူက ပန္းခ်ီပါရမီရွင္
ပက္ပလို ပီကာဆိုပါ။ ပန္းခ်ီကားက စစ္ရဲ့ အနိ႒ဌာရံုနဲ့ စစ္ေၾကာင့္ အျပစ္မဲ့
ျပည္သူေတြသာ ဒုကၡေရာက္ ေသေၾကရတယ္ ဆိုတာ နိမိတ္ပံုျပ ေရးဆြဲထား
တာပါ။ စပိန္ျပည္တြင္း စစ္ကာလအတြင္း ဂ်ာမန္ဗံုးၾကဲ ေလယာဥ္ေတြက
ဗိုလ္ခ်ဳပ္ႀကီး ဖရန္ကို၏ အမ်ဳိးသားေရးတပ္မ်ားကို ေထာက္ခံတဲ့ Basque
လူမ်ိုးတို့ရဲ့ ၿမဳိ႕ျဖစ္တဲ့ ဂြာရာနီကာကို ဗံုးၾကဲတိုက္ခိုက္မႈကို ကမၻာက အာရံုစိုက္မိ
ေစဖို့ ရည္ရြယ္ ေရးဆြဲတာလို႔ သိရပါတယ္။ ပီကာဆိုဟာ အလ်ား ၃၀၅ ဒသမ
၅ လက္မ၊ အနံ ၁၃၇ ဒသမ ၄ လက္မ အရြယ္ရွိ ဂြာရာနီကာ ပန္းခ်ီကားႀကီးကို
၁၉၇၃ ခုနွစ္ ဇြန္လလယ္မွာ အျပီးသတ္ခဲ့တာ ျဖစ္ျပီး စပိန္နိုင္ငံ ရီးရဲမက္ဒရစ္
ၿမဳိ႕ရွိ ေရနားဆိုဖီယာ (Reina Sofía) ျပတိုက္မွာ ျပသထားပါတယ္။
+++++++++++++++++++++++++++++++++++++++++++++
၅။ ဂွာရာနီကာ (Guernica)
----------------------------------------
ကမ္ဘာကျော် ဂွာရာနီကာ ပန်းချီကားကို ရေးဆွဲသူက ပန်းချီပါရမီရှင်
ပက်ပလို ပီကာဆိုပါ။ ပန်းချီကားက စစ်ရဲ့ အနိဋ္ဌဌာရုံနဲ့ စစ်ကြောင့် အပြစ်မဲ့
ပြည်သူတွေသာ ဒုက္ခရောက် သေကြေရတယ် ဆိုတာ နိမိတ်ပုံပြ ရေးဆွဲထား
တာပါ။ စပိန်ပြည်တွင်း စစ်ကာလအတွင်း ဂျာမန်ဗုံးကြဲ လေယာဉ်တွေက
ဗိုလ်ချုပ်ကြီး ဖရန်ကို၏ အမျိုးသားရေးတပ်များကို ထောက်ခံတဲ့ Basque
လူမျိုးတို့ရဲ့ မြို့ဖြစ်တဲ့ ဂွာရာနီကာကို ဗုံးကြဲတိုက်ခိုက်မှုကို ကမ္ဘာက အာရုံစိုက်မိ
စေဖို့ ရည်ရွယ် ရေးဆွဲတာလို့ သိရပါတယ်။ ပီကာဆိုဟာ အလျား ၃၀၅ ဒသမ
၅ လက်မ၊ အနံ ၁၃၇ ဒသမ ၄ လက်မ အရွယ်ရှိ ဂွာရာနီကာ ပန်းချီကားကြီးကို
၁၉၇၃ ခုနှစ် ဇွန်လလယ်မှာ အပြီးသတ်ခဲ့တာ ဖြစ်ပြီး စပိန်နိုင်ငံ ရီးရဲမက်ဒရစ်
မြို့ရှိ ရေနားဆိုဖီယာ (Reina Sofía) ပြတိုက်မှာ ပြသထားပါတယ်။
================================================
၄။ အာဒံကို ဖန္ဆင္းျခင္း (The Creation of Adam)
----------------------------------------------------------------------
အာဒံကို ဖန္ဆင္းျခင္း ဆိုတဲ့ ပန္းခ်ီကားႀကီးကို Sistine ဘုရားေက်ာင္း
မ်က္နွာက်က္မွာ ေရးဆြဲထားတာပါ။ ေရးဆြဲသူက ရီေနဆြန္းေခတ္က
အထူးထင္ရွားခဲ့တဲ့ ပန္းခ်ီအေက်ာ္ မိုက္ကယ္အိန္ဂ်ယ္လို က ၁၅၀၈ နဲ႕
၁၅၁၂ ခုနွစ္ အၾကား ပုပ္ရဟန္းမင္းႀကီး ဂ်ဴလီးယပ္ ၂ လက္ထက္မွာ
ေရးဆြဲတာ လို႔ ဆိုပါတယ္။ ေရးဆြဲထားတဲ့ အေၾကာင္းအရာက စတင္ရာ
က်မ္းမွ အျဖစ္အပ်က္မ်ားကို အေျခခံျပီး အပိုင္း ၉ ပိုင္း ေရးဆြဲထားတာ
ျဖစ္ျပီး ထာဝရ ဘုရားသခင္က ေလာကရဲ့ ပထမဆံုး လူသား အာဒံကို
အသက္ရွဴသြင္းတဲ့ အေၾကာင္း ေရးဆြဲတာ ျဖစ္ပါတယ္။
+++++++++++++++++++++++++++++++++++++++++++++
၄။ အာဒံကို ဖန်ဆင်းခြင်း (The Creation of Adam)
---------------------------------------------------------------
အာဒံကို ဖန်ဆင်းခြင်း ဆိုတဲ့ ပန်းချီကားကြီးကို Sistine ဘုရားကျောင်း
မျက်နှာကျက်မှာ ရေးဆွဲထားတာပါ။ ရေးဆွဲသူက ရီနေဆွန်းခေတ်က
အထူးထင်ရှားခဲ့တဲ့ ပန်းချီအကျော် မိုက်ကယ်အိန်ဂျယ်လို က ၁၅၀၈ နဲ့
၁၅၁၂ ခုနှစ် အကြား ပုပ်ရဟန်းမင်းကြီး ဂျူလီးယပ် ၂ လက်ထက်မှာ
ရေးဆွဲတာ လို့ ဆိုပါတယ်။ ရေးဆွဲထားတဲ့ အကြောင်းအရာက စတင်ရာ
ကျမ်းမှ အဖြစ်အပျက်များကို အခြေခံပြီး အပိုင်း ၉ ပိုင်း ရေးဆွဲထားတာ
ဖြစ်ပြီး ထာဝရ ဘုရားသခင်က လောကရဲ့ ပထမဆုံး လူသား အာဒံကို
အသက်ရှူသွင်းတဲ့ အကြောင်း ရေးဆွဲတာ ဖြစ်ပါတယ်။
===============================================
၃။ ေနာက္ဆံုး ညစာ (The Last Supper)
----------------------------------------------------
၁၅ ရာစု နံရံေဆးေရး ပန္းခ်ီကား ျဖစ္တဲ့ ေနာက္ဆံုး ညစာ ပန္းခ်ီကားႀကီးကို
ပန္းခ်ီအေက်ာ္အေမာ္ လီယိုနာဒို ဒါဗင္စီက မီလန္ျမို့ရွိ Santa Maria delle
Grazie ဘုန္းႀကီးေက်ာင္း ထမင္းစားေဆာင္ ေနာက္ေက်ာဘက္ နံရံမွာ
ေရးဆြဲတာလို႔ သိရပါတယ္။ ပန္းခ်ီကားမွာ ေဖာ္ျပထားတာက ေယရႈခရစ္ေတာ္
ဟာ သူနဲ႔ သူ့ရဲ့ ေနာက္လိုက္တပည့္ ၁၂ ေယာက္နဲ႔အတူ ညစာ စားေသာက္
ေနစဥ္အတြင္း ယင္း ၁၂ ေယာက္လံုးက သူ႕အေပၚ သစၥာေဖာက္ၾကလိမ့္မယ္
လို႔ ျမြက္ဟထုတ္ေဖာ္ ေျပာၾကားဟန္ကို ေရးဆြဲထားျခင္း ျဖစ္သည္။
လီယိုနာဒို ဒါဗင္စီသည္ ယင္း ပန္းခ်ီကားကို ၁၄၉၅ တြင္ စတင္ေရးဆြဲျပီး
၁၄၉၈ တြင္ ျပီးဆံုးတယ္လို႔ သိရပါတယ္။
+++++++++++++++++++++++++++++++++++++++++++++++
၃။ နောက်ဆုံး ညစာ (The Last Supper)
-------------------------------------------------------------
၁၅ ရာစု နံရံဆေးရေး ပန်းချီကား ဖြစ်တဲ့ နောက်ဆုံး ညစာ ပန်းချီကားကြီးကို
ပန်းချီအကျော်အမော် လီယိုနာဒို ဒါဗင်စီက မီလန်မြို့ရှိ Santa Maria delle
Grazie ဘုန်းကြီးကျောင်း ထမင်းစားဆောင် နောက်ကျောဘက် နံရံမှာ
ရေးဆွဲတာလို့ သိရပါတယ်။ ပန်းချီကားမှာ ဖော်ပြထားတာက ယေရှုခရစ်တော်
ဟာ သူနဲ့ သူ့ရဲ့ နောက်လိုက်တပည့် ၁၂ ယောက်နဲ့အတူ ညစာ စားသောက်
နေစဉ်အတွင်း ယင်း ၁၂ ယောက်လုံးက သူ့အပေါ် သစ္စာဖောက်ကြလိမ့်မယ်
လို့ မြွက်ဟထုတ်ဖော် ပြောကြားဟန်ကို ရေးဆွဲထားခြင်း ဖြစ်သည်။
လီယိုနာဒို ဒါဗင်စီသည် ယင်း ပန်းချီကားကို ၁၄၉၅ တွင် စတင်ရေးဆွဲပြီး
၁၄၉၈ တွင် ပြီးဆုံးတယ်လို့ သိရပါတယ်။
============================================
၂။ ၾကယ္ေတြ စံုတဲ့ ည (Starry Night)
--------------------------------------------------------
ၾကယ္ေတြ စံုတဲ့ ည ပန္းခ်ီကားကို နာမည္ေက်ာ္ ဒတ္ခ်္ပန္းခ်ီဆရာ
ဗင္းဆင့္ဗင္ဂိုး ေရးဆြဲပါတယ္။ ဒီပန္းခ်ီကားဟာ ေခတ္သစ္ ေမာ္ဒန္ပန္းခ်ီ
ေလာကရဲ့ အထင္ကရ အျဖစ္ဆံုးနဲ့ လူသိမ်ား အႀကဳိက္မ်ားတဲ့ ပန္းခ်ီကားပါ။
ပန္းခ်ီကားထဲမွာ ေတာ့ အျပာေရာင္ ေကာင္းကင္ ေနာက္ခံထဲက ေလေပြေဝွ႕ရာ
ဝဲလည္ လုိက္ပါလာတဲ့ တိမ္ျဖဴေတြ၊ တိမ္ျဖဴေတြ ေအာက္က ဆိန္႔ေရးမီ ရြာ
ကေလးနဲ႔ ဆိုက္ပရပ္ပင္ ေလးနဲ႔ ယွဥ္တြဲ ေရးဆြဲ ထားပါတယ္။ နယူးေယာက္ရွိ
ေမာ္ဒန္အတ္ ျပတိုက္က ဒီပန္းခ်ီကားကို ၁၉၄၁ ခုနွစ္ ကတည္းက စုေဆာင္း
ထားတာလို႔ သိရပါတယ္။
+++++++++++++++++++++++++++++++++++++++++
၂။ ကြယ်တွေ စုံတဲ့ ည (Starry Night)
--------------------------------------------------------
ကြယ်တွေ စုံတဲ့ ည ပန်းချီကားကို နာမည်ကျော် ဒတ်ချ်ပန်းချီဆရာ
ဗင်းဆင့်ဗင်ဂိုး ရေးဆွဲပါတယ်။ ဒီပန်းချီကားဟာ ခေတ်သစ် မော်ဒန်ပန်းချီ
လောကရဲ့ အထင်ကရ အဖြစ်ဆုံးနဲ့ လူသိများ အကြိုက်များတဲ့ ပန်းချီကားပါ။
ပန်းချီကားထဲမှာ တော့ အပြာရောင် ကောင်းကင် နောက်ခံထဲက လေပွေဝှေ့ရာ
ဝဲလည် လိုက်ပါလာတဲ့ တိမ်ဖြူတွေ၊ တိမ်ဖြူတွေ အောက်က ဆိန့်ရေးမီ ရွာ
ကလေးနဲ့ ဆိုက်ပရပ်ပင် လေးနဲ့ ယှဉ်တွဲ ရေးဆွဲ ထားပါတယ်။ နယူးယောက်ရှိ
မော်ဒန်အတ် ပြတိုက်က ဒီပန်းချီကားကို ၁၉၄၁ ခုနှစ် ကတည်းက စုဆောင်း
ထားတာလို့ သိရပါတယ်။
===========================================
၁။ မိုနာလီဇာ (Mona Lisa)
---------------------------------------
ေခတ္အဆက္ဆက္ အေက်ာ္ၾကားဆံုးျဖစ္တဲ့ မိုနာလီဇာ ပန္းခ်ီကားကို
လီယိုနာဒို ဒါဇင္စီက ျပန္လည္ဆန္းသစ္ေရး ရီေနဆြန္းေခတ္
(Renaissance ေခတ္) အတြင္းမွာ Florence မွာ ေရးဆြဲပါတယ္။
၁၅ သို႔မဟုတ္ ၁၅၀၄ ခုနွစ္မွာ စတင္ ေရးဆြဲျပီး သူ မကြယ္လြန္မီ
၁၅၁၉ ခုနွစ္မွာ ျပီးစီးတယ္လို့ ခန့္မွန္းရပါတယ္။ ထိုပန္းခ်ီကားကို Florence
မွာ ခ်မ္းသာ ႂကြယ္ဝတဲ့ မိသားစုဝင္ တဦးျဖစ္တဲ့ Lisa del Giocondo ကို
အစြဲျပဳ အမည္ေပးထားတာ ျဖစ္ပါတယ္။
.
၁၉၁၁ ခုနွစ္မွာေတာ့ မိုနာလီဇာ ပန္းခ်ီကားကို ကမၻာေက်ာ္ လုဗ္ (Louvre) မွာ
ဝန္ထမ္းတဦးျဖစ္သူ ဗင္စင္ဇိုပါရပ္ဂီယာ (Vincenzo Peruggia) က ခိုးယူသြား
ခဲ့ပါတယ္။ သူဟာ အီတလီ မ်ဳိးခ်စ္တဦး ျဖစ္တာေၾကာင့္ မိုနာလီဇာကို
အီတလီသို့ ျပန္ေပးသင့္တယ္ လို႔ ယံုၾကည္သူပါ။ ထိုပန္းခ်ီကားကို သူရဲ့
တိုက္ခန္းမွာ ၂ နွစ္ခန္႔ သိမ္းဆည္းထားျပီးေနာက္ Florence ရွိ Uffizi ျပတိုက္
ဒါရိုက္တာမ်ားသို႔ ေရာင္းခ်ရန္ ႀကဳိးစားတဲ့ အခါမွာ အဖမ္းခံ ခဲ့ရပါတယ္။
ယေန့ေခတ္မွာေတာ့ မိုနာလီဇာကို ပါရီရွိ လုဗ္ ျပတုိက္မွာ ခ်ိတ္ဆြဲ ျပသထားျပီး
နွစ္စဥ္ ဦးေရ ၆ သန္း လာေရာက္ၾကည့္ရႈတယ္ လို႔ သိရပါတယ္။
++++++++++++++++++++++++++++++++++++++
၁။ မိုနာလီဇာ (Mona Lisa)
------------------------------------
ခေတ်အဆက်ဆက် အကျော်ကြားဆုံးဖြစ်တဲ့ မိုနာလီဇာ ပန်းချီကားကို
လီယိုနာဒို ဒါဇင်စီက ပြန်လည်ဆန်းသစ်ရေး ရီနေဆွန်းခေတ်
(Renaissance ခေတ်) အတွင်းမှာ Florence မှာ ရေးဆွဲပါတယ်။
၁၅ သို့မဟုတ် ၁၅၀၄ ခုနှစ်မှာ စတင် ရေးဆွဲပြီး သူ မကွယ်လွန်မီ
၁၅၁၉ ခုနှစ်မှာ ပြီးစီးတယ်လို့ ခန့်မှန်းရပါတယ်။ ထိုပန်းချီကားကို Florence
မှာ ချမ်းသာ ကြွယ်ဝတဲ့ မိသားစုဝင် တဦးဖြစ်တဲ့ Lisa del Giocondo ကို
အစွဲပြု အမည်ပေးထားတာ ဖြစ်ပါတယ်။
.
၁၉၁၁ ခုနှစ်မှာတော့ မိုနာလီဇာ ပန်းချီကားကို ကမ္ဘာကျော် လုဗ် (Louvre) မှာ
ဝန်ထမ်းတဦးဖြစ်သူ ဗင်စင်ဇိုပါရပ်ဂီယာ (Vincenzo Peruggia) က ခိုးယူသွား
ခဲ့ပါတယ်။ သူဟာ အီတလီ မျိုးချစ်တဦး ဖြစ်တာကြောင့် မိုနာလီဇာကို
အီတလီသို့ ပြန်ပေးသင့်တယ် လို့ ယုံကြည်သူပါ။ ထိုပန်းချီကားကို သူရဲ့
တိုက်ခန်းမှာ ၂ နှစ်ခန့် သိမ်းဆည်းထားပြီးနောက် Florence ရှိ Uffizi ပြတိုက်
ဒါရိုက်တာများသို့ ရောင်းချရန် ကြိုးစားတဲ့ အခါမှာ အဖမ်းခံ ခဲ့ရပါတယ်။
ယနေ့ခေတ်မှာတော့ မိုနာလီဇာကို ပါရီရှိ လုဗ် ပြတိုက်မှာ ချိတ်ဆွဲ ပြသထားပြီး
နှစ်စဉ် ဦးရေ ၆ သန်း လာရောက်ကြည့်ရှုတယ် လို့ သိရပါတယ်။
No comments:
Post a Comment