မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Friday, August 28, 2020

သီခ်င္းမဆိုဖို႔ တရား႐ံုးအမိန္႔ခ်

ေၾကာင္ေအာ္သံနဲ႔တူေနတဲ့အမ်ိဳးသမီး 
သီခ်င္းမဆိုဖို႔ တရား႐ံုးအမိန္႔ခ်...
-------------------------------------------


ၿဗိတိန္ေနာဝစ္ခ်္ေဒသခံ ဟီသာဝက္ဘ္ဆိုသူအမ်ိဳးသမီးဟာ 
သီခ်င္းဆိုတဲ့အခါ ေၾကာင္ေရနစ္စဥ္ ေအာ္တဲ့အသံနဲ႔တူတာမို႔ 
သီခ်င္းမဆိုဖို႔အတြက္ တရား႐ံုးက အမိန္႔ခ်လိုက္ပါတယ္။ 

အသက္ ၄၈ ႏွစ္အ႐ြယ္ အဆိုပါ အမ်ိဳးသမီးကို အိမ္အျပင္က 
ၾကားႏိုင္ေလာက္တဲ့အသံနဲ႔ ေအာ္မဆိုဖို႔အတြက္ တရား႐ံုးက 
အမိန္႔ခ်ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီလိုအမိန္႔ခ်လိုက္မႈကို 
အဆိုပါအမ်ိဳးသမီးက လ်စ္လ်ဴ႐ွဳခဲ့ပါတယ္။ အမ်ိဳးသမီးဟာ သူမရဲ႕
ေျမညီထပ္အခန္းမွာ သီခ်င္းကို က်ယ္ေလာင္စြာ ဆိုတယ္လို႔ 
ေျပာလာသူကေတာ့ အိမ္နီးခ်င္းျဖစ္သူ ေပါလ္ဘားဖို႔ဒ္ျဖစ္ပါတယ္။

“တကယ္ေျပာတာပါဗ်ာ။ သူ႔အသံက ေၾကာင္တစ္ေကာင္ 
ေရနစ္ေနသလိုပဲ”လို႔ သူကဆိုပါတယ္။ ဘားဖို႔ဒ္ဟာ အဆိုပါ 
အမ်ိဳးသမီးသီခ်င္းဆိုေနစဥ္ အသံသြင္းထားၿပီး ထိုအသံကို 
တရား႐ံုးမွာ ဖြင့္ျပခဲ့ပါတယ္။ ထို႔ေနာက္မွာေတာ့ တရားသူႀကီးက 
အိမ္ျပင္ကို အသံထြက္ေအာင္ သီခ်င္းမဆိုပါနဲ႔လို႔ အမိန္႔ခ်ခဲ့တာ
ျဖစ္ပါတယ္။

credit:The Voice 

===========================================

ကြောင်အော်သံနဲ့တူနေတဲ့အမျိုးသမီး 
သီချင်းမဆိုဖို့ တရားရုံးအမိန့်ချ...
-------------------------------------------

ဗြိတိန်နောဝစ်ချ်ဒေသခံ ဟီသာဝက်ဘ်ဆိုသူအမျိုးသမီးဟာ 
သီချင်းဆိုတဲ့အခါ ကြောင်ရေနစ်စဉ် အော်တဲ့အသံနဲ့တူတာမို့ 
သီချင်းမဆိုဖို့အတွက် တရားရုံးက အမိန့်ချလိုက်ပါတယ်။ 

အသက် ၄၈ နှစ်အရွယ် အဆိုပါ အမျိုးသမီးကို အိမ်အပြင်က 
ကြားနိုင်လောက်တဲ့အသံနဲ့ အော်မဆိုဖို့အတွက် တရားရုံးက 
အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုအမိန့်ချလိုက်မှုကို 
အဆိုပါအမျိုးသမီးက လျစ်လျူရှုခဲ့ပါတယ်။ အမျိုးသမီးဟာ သူမရဲ့
မြေညီထပ်အခန်းမှာ သီချင်းကို ကျယ်လောင်စွာ ဆိုတယ်လို့ 
ပြောလာသူကတော့ အိမ်နီးချင်းဖြစ်သူ ပေါလ်ဘားဖို့ဒ်ဖြစ်ပါတယ်။

“တကယ်ပြောတာပါဗျာ။ သူ့အသံက ကြောင်တစ်ကောင် 
ရေနစ်နေသလိုပဲ”လို့ သူကဆိုပါတယ်။ ဘားဖို့ဒ်ဟာ အဆိုပါ 
အမျိုးသမီးသီချင်းဆိုနေစဉ် အသံသွင်းထားပြီး ထိုအသံကို 
တရားရုံးမှာ ဖွင့်ပြခဲ့ပါတယ်။ ထို့နောက်မှာတော့ တရားသူကြီးက 
အိမ်ပြင်ကို အသံထွက်အောင် သီချင်းမဆိုပါနဲ့လို့ အမိန့်ချခဲ့တာ
ဖြစ်ပါတယ်။

credit:The Voice 


No comments:

Post a Comment