မိုဘိုင္းသံသရာက ႏိုးထေစခ်င္သည္..
(ဘာသာျပန္ ဓမၼဂဂၤါဆရာေတာ္)
-----------------------------------------------
A few years ago, a girlfriend and I were struggling with
our relationship. It was hard to pinpoint at first, but we
soon realized that we were both on our phones all the time.
We’d be at dinner, my girlfriend talking, and I’d fade away
to look at Facebook or Instagram. It sounds simple, but it’s
difficult for two people to engage with each other (let alone
form a meaningful relationship) when they’re looking down
every few minutes. Besides, sitting with someone who is
on their phone makes you feel stupid.
.
လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က က်ဳပ္နဲ႕ က်ဳပ္ပါရမီျဖည့္ဘက္ၾကီး
တို႕ခမ်ာ သံသာေလကမ္းတိုင္ တူျပိဳင္ကူးဖို႕ကိစၥမွာ အေတာ္ေလး
ရုန္းခဲ့ရပါေရာလား..။ ပထမေတာ့ ဘာလုပ္လို႕ ဘာကိုင္ရမွန္းမသိ
အေတာ္ခက္သဗ်..။ ဒါေပမင့္ အေျဖက က်ဳပ္တို႕ေမာင္ႏွံႏွစ္ဦးလံုး
အခ်ိန္ျပည့္ဖုန္းပြတ္ေနၾကလို႕ ဆိုတာ အလင္းပြင့္သြားၾကတာ..။
ညစာစားလည္း က်ဳပ္အခ်စ္တံုးၾကီးက စကားေျပာ၊ က်ဳပ္က မ်က္ႏွာ
စာအုပ္ ဒါမွမဟုတ္ အင္စတာဂရမ္ဘက္ လွည့္ေနလို႕ သူ႕ဘက္
ဦးစားမေပးမိ..။ အေျဖက ရွင္းရွင္းေလး ဒါေပမယ့္ တစ္ေယာက္
ေယာက္က မိနစ္အနည္းငယ္မ်ွ တစ္ဘက္ကို အာရံုစိုက္ေနမယ္ဆိုရင္
တူႏွစ္ကိုယ္ လည္ခ်င္းယွက္ကာ ေပ်ာ္ျမဴးၾကတဲ့ ေဖာ္ဟသၤာျဖစ္ဖို႕
ကေတာ့ အခက္သား..။ ဖုန္းတစ္ကိုင္ကိုင္နဲ႕ လူတစ္ေယာက္ေဘးမွာ
ထိုင္ရတာ ေတာ္ေတာ္ ခြတီးခြက်ပါဗ်ာ..။
Everything we do in life comes at a cost, and technology is
no exception. To be clear, I am a big proponent of technology.
If we can’t remember that actor’s name, we can just look it up.
The question isn’t if it’s good or bad. The question is about
balance. We know that interaction with social media releases
dopamine, which activates pleasure centers in the brain.
It’s the same chemical that’s released when we smoke,
drink and gamble. Gambling is fun. But gambling away your
kid’s college fund—not so much.
ဘ၀မွာ က်ဳပ္တို႕လုပ္ေနသမွ်ေတြအားလံုးဟာ ေပးဆပ္မႈေတြ ရွိသဗ်.။
နည္းပညာဆိုတာလည္း ခြ်င္းခ်က္မွ မဟုတ္တာ..။ တကယ္ေတာ့
က်ဳပ္က နည္းပညာျမတ္ႏိုး အားကိုးသူၾကီးပါ.။ ရုပ္ရွင္သရုပ္ေဆာင္
တစ္ေယာက္နာမည္ ေမ့လို႕မ်ား ပူစရာမရွိ ခ်က္ခ်င္း ေကာက္ၾကည့္
လိုက္ရံု...။ ျပႆနာက နည္းပညာနဲ႕ပတ္သက္ၿပီး အဆိုးအေကာင္း
မွတ္ခ်က္ေပးဖို႕ မဟုတ္ရပါဘူးဗ်ာတို႕ရယ္..။ ဘယ္လို ထိန္းညွိသံုးစြဲ
မလဲဆိုတာ အေျဖရွာဖို႕ပါ..။ လူမႈကြန္ရက္သံုးစြဲမႈရဲ႕ ရလဒ္က
ဦးေႏွာက္ထဲမွာရွိတဲ့ စိတ္ေက်နပ္မႈဗဟိုခ်က္ကို လႈံ႕ေဆာ္ေပးတဲ့
ဒိုပါမင္ကို ထုတ္လုပ္ေပးတယ္လို႕ က်ဳပ္တို႕ သိၾကတယ္။
ဒိုပါမင္ဆိုတာက ေဆးလိပ္၊ အရက္နဲ႕ ေလာင္းကစားလုပ္တဲ့အခါ
ထြက္ေပၚလာတတ္တဲ့ ဓါတ္တစ္မ်ိဳးဆိုပါေတာ့..။ ေလာင္းကစားဟာ
လည္း ေပ်ာ္စရာလိုလိုပဲဗ် ခက္တာက ခင္ဗ်ားတို႕ ရင္ေသြးေတြရဲ႕
ေကာလိပ္ေက်ာင္းစရိတ္ေလး ျပဳတ္သြားရင္ေတာ့ ေမာစရာပါ့ေလ..။
I look at technology as the new nicotine. You find yourself
checking, checking, checking your screen even if nothing is
there. Your phone buzzes or beeps for every notification for
every app—and you have to check every time. You find
yourself bringing your phone with you to the bathroom.
Social media creates this loop that you can’t get out of.
There is no end.
က်ဳပ္ကေတာ့ နည္းပညာဟာ မူးယစ္ေဆးတစ္မ်ိဳးလို႕ေတာင္
ျမင္မိတယ္။ ၾကည့္ေလ... ခုစာဖတ္ေနသူကိုယ္တိုင္ မိုဘိုင္းဖုန္း
ဖန္သားျပင္ကို ဘာမွမထူးျခားမွန္း သိသိၾကီးနဲ႕ ပြတ္ၿပီးရင္း ပြတ္
ပြတ္ၿပီး ပြတ္ေနတာ မဟုတ္လား.။ ဖုန္းက ဘာရယ္မဟုတ္
ျမည္သံေပးတိုင္း ထထ ပြတ္ရတာ အေမာ...၊
အိမ္သာသြားတာေတာင္ ဖုန္းၾကီးတကိုင္ကိုင္နဲ႕ သြားတဲ့အထိ...။
လူမႈကြန္ရက္ၾကီးက က်ဳပ္တို႕ကို မိုဘိုင္းသံသရာက
ရံုးမထြက္ႏိုင္ေအာင္ တေက်ာ့ႏွစ္ေက်ာ့ ေတးကို သီေတာ့တာ. ..။
အဆံုးနိ႒ိတံတယ္ရယ္လို႕ မရွိေတာ့ပါကလား..။
Human beings are social animals, and we care what our
tribe thinks of us. For thousands of years, this has been
family, friends, classmates, teammates. But the concept
of the tribe has become abstract: It’s anyone who follows
us on social media. Suddenly, our entire self-worth is
wrapped up in how many people follow us, like or
comment on our posts.
လူသားေတြဆိုတာ လူမႈေရးသတၱ၀ါေတြျဖစ္ၿပီး က်ဳပ္တို႕ အမ်ိဳးက
က်ဳပ္တို႕အေပၚ ထင္ျမင္တာကိုပဲ အေလးဂရုျပဳေလ့ရွိၾကပါေသာ္ေကာ။
အမ်ိဳးဆိုတာ မိသားစု၊ မိတ္ေဆြ၊ ေက်ာင္းတက္ေဖာ္၊ အေပါင္းအသင္း
ဆိုၿပီး ႏွစ္ေထာင္ေပါင္းမ်ားစြာ သတ္မွတ္ခဲ့ၾကေပမယ့္ ခု အမ်ိဳးဆိုတာရဲ႕
အဓိပၸါယ္က အင္တာနက္မွာ က်ဳပ္တို႕ကို လိုက္ခ္ေပးတဲ့သူဆိုတဲ့
သေဘာမ်ိဳးျဖစ္လာသဗ်..။ ခင္ရာေဆြမ်ိဳးကေန လိုက္ခ္ရာေဆြမ်ဳိဳးလို႔
ေျပာရေတာ့မယ္။ ကိုယ့္ကိုယ္ကို တန္ဖိုးသတ္မွတ္ရာမွာ က်ဳပ္တို႕
တင္တဲ့ ပို႕စ္ေလး ဘယ္သူေတြ ဘယ္ေလာက္လိုက္ၾကသလဲ ေပါ့ဗ်ာ..။
We have age restrictions on alcohol, gambling and smoking,
but none on social media and smartphones. Data suggests
children today are more lonely and anxious than those even
10 years ago. Talk to teachers, and they’ll tell you that the
quality of student writing has declined. I see it in corporate
America: Highly paid entry-level kids are assigned to write
a paragraph, and there’s no subject-verb agreement,
tenses are all screwed up and run-on sentences abound.
အရက္၊ ေလာင္းကစားနဲ႕ ေဆးလိပ္ေတြကို အသက္အကန္႕အသတ္
ထားေပမယ့္ လူမႈကြန္ရက္နဲ႕ စမတ္ဖုန္းေတြမွာ ဘာစည္းကမ္းမွ
မရွိဘူးဗ်။ ဒီေန႕ေခတ္ကေလးေတြခမ်ာ လြန္ခဲ့တဲ့ ဆယ္ႏွစ္ကထက္
ပိုအထီးက်န္ၿပီး စိတ္ေသာကမ်ားေနၾကရတယ္လို႕ ေဒတာေတြက
ေျပာေနပါၿပီ၊ ဆရာေတြက ကေလးေတြရဲ႕ အေရးစြမ္းရည္ေတြ
က်ဆင္းေနၿပီလို႕ ေျပာေနၾကပါတယ္။ ေကာ္ပိုရိတ္အေမရိက
(အေမရိကန္ျပည္ေထာင္စုရွိ လုပ္ငန္းၾကီးမ်ား)မွာ ေစ်းအရမ္းၾကီး
ေပးရတဲ့ အင္ထရီတန္း၀င္ ကေလးေတြကို စာပုိဒ္ျဖစ္ၿပီးေရာ
ကတၱား ၾကိယာမွန္စရာမလို ၀ါက် ဂရုစိုက္စရာမလို
ေရးခိုင္းေနၾကတာ..။
Once we determined that our habit was destroying our
relationship, my girlfriend and I made a deal: Whenever
we went out to eat, we would only bring one phone,
and the person it didn’t belong to would carry it.
When we went out with friends, we’d ask, “Is it a family
emergency? No? So put your phone away.”
က်ဳပ္တို႕ရဲ႕ မိုဘုိင္းၾကိဳက္တဲ့ စရိုက္ၾကီးဟာ က်ဳပ္တို႕ႏွစ္ဦးသားရဲ႕
ခ်စ္ျခင္းေမတၱာကို ထိခိုက္လာတယ္လို႕ ျမင္လာၿပီးတဲ့ေနာက္မွာေတာ့
ဒီလို အဓိ႒ာန္ပါရမီျဖည့္ၾကရေတာ့တာ။ အျပင္ထြက္စားတဲ့အခါတိုင္း
ဖုန္းတစ္လံုးသာ ယူေဆာင္သြားၾကဖို႕ရယ္ ယူမိတဲ့ဖုန္းကိုလည္း
မဆိုင္တဲ့သူက ကိုင္ထားဖို႕ရယ္ေပါ့ဗ်ာ..။ သူငယ္ခ်င္းေတြနဲ႕
အျပင္သြားၾကရင္လည္း “ မိသားစုအေရးမဟုတ္ရင္ မိုဘိုင္းေတြ
ခပ္ေ၀းေ၀းထားေၾကး လုပ္ၾကရေတာ့တာ။
Like any addiction, we have to be active in our own
recovery: deleting apps, turning off notifications,
sleeping with the phone in another room.
အျခားအစြဲေတြလိုပဲ က်ဳပ္တို႕ မိုဘိုင္းေရာဂါက နာလံထဖို႕
အားစိုက္ၾကပါမွဗ်ိဳ႕..။ အပလီေကးရွင္းေတြ ျဖဳတ္ပစ္..။
ႏိုတီေတြ ပိတ္ပစ္ ...ဖုန္းကိုလည္း ကိုယ့္အိပ္ရာနဲ႕ ေ၀းတဲ့
တစ္ျခားအခန္းမွာသာ သြားထားၿပီး ခပ္ေအးေအးသာ
အိပ္ပစ္လိုက္ပါဗ်ာ..။
When I go out these days, I put my phone on
airplane mode. I might be missing a call, but I’m
not missing the people in front of me. At the very least,
it makes my battery last longer.
က်ဳပ္ကေတာ့ ဒီရက္ပိုင္းေတြမွာ အျပင္ထြက္တဲ့အခါ ဖုန္းကို
(ေလယာဥ္မုဒ္ေျပာင္းၿပီး ) ပိတ္ထားသဗ်ိဳ႕ ။ ဖုန္းေခၚတာ
လြတ္ေကာင္းလြတ္မယ္ဗ်ာ..။ ဒါေပမယ့္ က်ဳပ္ေရွ႕က
လူေတြကိုေတာ့ ဘယ္ေတာ့မွ လက္မလြတ္ေတာ့ဘူး.။
အနည္းဆံုးေတာ့ ဖုန္းဘက္ထရီေခြ်တာရာလည္း ေရာက္ပါတယ္။
ဆိုင္မြန္ ဆိုင္းနက္ခ္
(ဘၾကီးဘုန္းၾကီး ဘာသာျပန္..)---------------------------
ဘၾကီးဘုန္းၾကီးကုိယ္တိုင္လည္း အင္တာနက္ေတာ၀ါ
ေဘးမွ လြတ္ေအာင္ ေရွာင္ဖို႕ အားထုတ္ရမယ္။
copy from News Shwe O
============================
မိုဘိုင်းသံသရာက နိုးထစေချင်သည်..
(ဘာသာပြန် ဓမ္မဂင်္ဂါဆရာတော်)
--------------------------------------
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျုပ်နဲ့ ကျုပ်ပါရမီဖြည့်ဘက်ကြီး
တို့ခမျာ သံသာလေကမ်းတိုင် တူပြိုင်ကူးဖို့ကိစ္စမှာ အတော်လေး
ရုန်းခဲ့ရပါရောလား..။ ပထမတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ
အတော်ခက်သဗျ..။ ဒါပေမင့် အဖြေက ကျုပ်တို့မောင်နှံနှစ်ဦးလုံး
အချိန်ပြည့်ဖုန်းပွတ်နေကြလို့ ဆိုတာ အလင်းပွင့်သွားကြတာ..။
ညစာစားလည်း ကျုပ်အချစ်တုံးကြီးက စကားပြော၊ ကျုပ်က မျက်နှာ
စာအုပ် ဒါမှမဟုတ် အင်စတာဂရမ်ဘက် လှည့်နေလို့ သူ့ဘက်
ဦးစားမပေးမိ..။ အဖြေက ရှင်းရှင်းလေး ဒါပေမယ့် တစ်ယောက်
ယောက်က မိနစ်အနည်းငယ်မျှ တစ်ဘက်ကို အာရုံစိုက်နေမယ်ဆိုရင်
တူနှစ်ကိုယ် လည်ချင်းယှက်ကာ ပျော်မြူးကြတဲ့ ဖော်ဟင်္သာဖြစ်ဖို့
ကတော့ အခက်သား..။ ဖုန်းတစ်ကိုင်ကိုင်နဲ့ လူတစ်ယောက်ဘေးမှာ
ထိုင်ရတာ တော်တော် ခွတီးခွကျပါဗျာ..။
ဘဝမှာ ကျုပ်တို့လုပ်နေသမျှတွေအားလုံးဟာ ပေးဆပ်မှုတွေ ရှိသဗျ.။
နည်းပညာဆိုတာလည်း ချွင်းချက်မှ မဟုတ်တာ..။ တကယ်တော့
ကျုပ်က နည်းပညာမြတ်နိုး အားကိုးသူကြီးပါ.။ ရုပ်ရှင်သရုပ်ဆောင်
တစ်ယောက်နာမည် မေ့လို့များ ပူစရာမရှိ ချက်ချင်း ကောက်ကြည့်
လိုက်ရုံ...။ ပြဿနာက နည်းပညာနဲ့ပတ်သက်ပြီး အဆိုးအကောင်း
မှတ်ချက်ပေးဖို့ မဟုတ်ရပါဘူးဗျာတို့ရယ်..။ ဘယ်လို ထိန်းညှိသုံးစွဲ
မလဲဆိုတာ အဖြေရှာဖို့ပါ..။ လူမှုကွန်ရက်သုံးစွဲမှုရဲ့ ရလဒ်က
ဦးနှောက်ထဲမှာရှိတဲ့ စိတ်ကျေနပ်မှုဗဟိုချက်ကို လှုံ့ဆော်ပေးတဲ့
ဒိုပါမင်ကို ထုတ်လုပ်ပေးတယ်လို့ ကျုပ်တို့ သိကြတယ်။
ဒိုပါမင်ဆိုတာက ဆေးလိပ်၊ အရက်နဲ့ လောင်းကစားလုပ်တဲ့အခါ
ထွက်ပေါ်လာတတ်တဲ့ ဓါတ်တစ်မျိုးဆိုပါတော့..။ လောင်းကစားဟာ
လည်း ပျော်စရာလိုလိုပဲဗျ ခက်တာက ခင်ဗျားတို့ ရင်သွေးတွေရဲ့
ကောလိပ်ကျောင်းစရိတ်လေး ပြုတ်သွားရင်တော့ မောစရာပါ့လေ..။
ကျုပ်ကတော့ နည်းပညာဟာ မူးယစ်ဆေးတစ်မျိုးလို့တောင်
မြင်မိတယ်။ ကြည့်လေ... ခုစာဖတ်နေသူကိုယ်တိုင် မိုဘိုင်းဖုန်း
ဖန်သားပြင်ကို ဘာမှမထူးခြားမှန်း သိသိကြီးနဲ့ ပွတ်ပြီးရင်း ပွတ်
ပွတ်ပြီး ပွတ်နေတာ မဟုတ်လား.။ ဖုန်းက ဘာရယ်မဟုတ်
မြည်သံပေးတိုင်း ထထ ပွတ်ရတာ အမော...၊
အိမ်သာသွားတာတောင် ဖုန်းကြီးတကိုင်ကိုင်နဲ့ သွားတဲ့အထိ...။
လူမှုကွန်ရက်ကြီးက ကျုပ်တို့ကို မိုဘိုင်းသံသရာက
ရုံးမထွက်နိုင်အောင် တကျော့နှစ်ကျော့ တေးကို သီတော့တာ. ..။
အဆုံးနိဋ္ဌိတံတယ်ရယ်လို့ မရှိတော့ပါကလား..။
လူသားတွေဆိုတာ လူမှုရေးသတ္တဝါတွေဖြစ်ပြီး ကျုပ်တို့ အမျိုးက
ကျုပ်တို့အပေါ် ထင်မြင်တာကိုပဲ အလေးဂရုပြုလေ့ရှိကြပါသော်ကော။
အမျိုးဆိုတာ မိသားစု၊ မိတ်ဆွေ၊ ကျောင်းတက်ဖော်၊ အပေါင်းအသင်း
ဆိုပြီး နှစ်ထောင်ပေါင်းများစွာ သတ်မှတ်ခဲ့ကြပေမယ့် ခု အမျိုးဆိုတာရဲ့
အဓိပ္ပါယ်က အင်တာနက်မှာ ကျုပ်တို့ကို လိုက်ခ်ပေးတဲ့သူဆိုတဲ့
သဘောမျိုးဖြစ်လာသဗျ..။ ခင်ရာဆွေမျိုးကနေ လိုက်ခ်ရာဆွေမျိုးလို့
ပြောရတော့မယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးသတ်မှတ်ရာမှာ ကျုပ်တို့
တင်တဲ့ ပို့စ်လေး ဘယ်သူတွေ ဘယ်လောက်လိုက်ကြသလဲ ပေါ့ဗျာ..။
အရက်၊ လောင်းကစားနဲ့ ဆေးလိပ်တွေကို အသက်အကန့်အသတ်
ထားပေမယ့် လူမှုကွန်ရက်နဲ့ စမတ်ဖုန်းတွေမှာ ဘာစည်းကမ်းမှ
မရှိဘူးဗျ။ ဒီနေ့ခေတ်ကလေးတွေခမျာ လွန်ခဲ့တဲ့ ဆယ်နှစ်ကထက်
ပိုအထီးကျန်ပြီး စိတ်သောကများနေကြရတယ်လို့ ဒေတာတွေက
ပြောနေပါပြီ၊ ဆရာတွေက ကလေးတွေရဲ့ အရေးစွမ်းရည်တွေ
ကျဆင်းနေပြီလို့ ပြောနေကြပါတယ်။ ကော်ပိုရိတ်အမေရိက
(အမေရိကန်ပြည်ထောင်စုရှိ လုပ်ငန်းကြီးများ)မှာ ဈေးအရမ်းကြီး
ပေးရတဲ့ အင်ထရီတန်းဝင် ကလေးတွေကို စာပိုဒ်ဖြစ်ပြီးရော
ကတ္တား ကြိယာမှန်စရာမလို ဝါကျ ဂရုစိုက်စရာမလို
ရေးခိုင်းနေကြတာ..။
ကျုပ်တို့ရဲ့ မိုဘိုင်းကြိုက်တဲ့ စရိုက်ကြီးဟာ ကျုပ်တို့နှစ်ဦးသားရဲ့
ချစ်ခြင်းမေတ္တာကို ထိခိုက်လာတယ်လို့ မြင်လာပြီးတဲ့နောက်မှာတော့
ဒီလို အဓိဋ္ဌာန်ပါရမီဖြည့်ကြရတော့တာ။ အပြင်ထွက်စားတဲ့အခါတိုင်း
ဖုန်းတစ်လုံးသာ ယူဆောင်သွားကြဖို့ရယ် ယူမိတဲ့ဖုန်းကိုလည်း
မဆိုင်တဲ့သူက ကိုင်ထားဖို့ရယ်ပေါ့ဗျာ..။ သူငယ်ချင်းတွေနဲ့
အပြင်သွားကြရင်လည်း “ မိသားစုအရေးမဟုတ်ရင် မိုဘိုင်းတွေ
ခပ်ဝေးဝေးထားကြေး လုပ်ကြရတော့တာ။
အခြားအစွဲတွေလိုပဲ ကျုပ်တို့ မိုဘိုင်းရောဂါက နာလံထဖို့
အားစိုက်ကြပါမှဗျို့..။ အပလီကေးရှင်းတွေ ဖြုတ်ပစ်..။
နိုတီတွေ ပိတ်ပစ် ...ဖုန်းကိုလည်း ကိုယ့်အိပ်ရာနဲ့ ဝေးတဲ့
တစ်ခြားအခန်းမှာသာ သွားထားပြီး ခပ်အေးအေးသာ
အိပ်ပစ်လိုက်ပါဗျာ..။
ကျုပ်ကတော့ ဒီရက်ပိုင်းတွေမှာ အပြင်ထွက်တဲ့အခါ ဖုန်းကို
(လေယာဉ်မုဒ်ပြောင်းပြီး ) ပိတ်ထားသဗျို့ ။ ဖုန်းခေါ်တာ
လွတ်ကောင်းလွတ်မယ်ဗျာ..။ ဒါပေမယ့် ကျုပ်ရှေ့က
လူတွေကိုတော့ ဘယ်တော့မှ လက်မလွတ်တော့ဘူး.။
အနည်းဆုံးတော့ ဖုန်းဘက်ထရီချွေတာရာလည်း ရောက်ပါတယ်။
ဆိုင်မွန် ဆိုင်းနက်ခ်
(ဘကြီးဘုန်းကြီး ဘာသာပြန်..)---------------------------
ဘကြီးဘုန်းကြီးကိုယ်တိုင်လည်း အင်တာနက်တောဝါ
ဘေးမှ လွတ်အောင် ရှောင်ဖို့ အားထုတ်ရမယ်။
.
copy from News Shwe O
No comments:
Post a Comment