မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, August 31, 2020

ရွားပါး Honduran လင္းႏို႔ျဖဴေလးမ်ား

ေသြးမစုပ္ဘဲ သစ္ရြက္ပဲစားတဲ့ 
ရွားပါး Honduran လင္းႏို႔ျဖဴေလးမ်ား
-------------------------------------------
လင္းႏို႔ေတြဟာ ပွ်မ္းမွ်အားျဖင့္ မ်ိဳးစိတ္ေပါင္း ၁,၃၀၀ ေက်ာ္ ရွိပါတယ္။ 
မ်ားေသာအားျဖင့္ လင္းႏို႔ေတာ္ေတာ္မ်ားမ်ားဟာ အညိဳေရာင္၊ 
အနက္ေရာင္သာ ရွိတတ္ၾကျပီး လင္းႏို႔ေတာ္ေတာ္မ်ားမ်ားက ေသြးစုပ္
သတၱဝါေတြပါ။ လင္းႏို႔မ်ိဳးစိတ္ေတြထဲကမွ ခ်စ္ဖို႔ေကာင္းတဲ့ လင္းႏို႔မ်ိဳးစိတ္
ဆုိတာ အနည္းငယ္ပဲ ရွိပါတယ္။ အဲဒီအနည္းငယ္ထဲကမွ ခ်စ္ဖို႔အေကာင္း
ဆံုးဆိုတဲ့ လင္းႏို႔မ်ိဳးစိတ္ေလးတစ္ခုအေၾကာင္း ေျပာျပခ်င္ပါတယ္။ 


အဆိုပါလင္းႏို႔မ်ိဳးစိတ္ကေတာ့ Honduran White Bat လို႔အမည္ရတဲ့ 
အျဖဴေရာင္လင္းႏို႔ေလးေတြပဲ ျဖစ္ေၾကာင္း Oddity Central သတင္းဌာနရဲ႕ 
ေဖာ္ျပခ်က္အရ သိရွိရပါတယ္။


ဒီ Honduran လင္းႏို႔ျဖဴေလးေတြကို ေနာက္တစ္မ်ိဳးအေနနဲ႔ Caribbean 
White Tent-Making Bat လို႔လည္း ေခၚပါတယ္။ ဒီလင္းႏို႔ျဖဴေလးေတြ
ဟာ ရွားပါးသတၱဝါေလးေတြျဖစ္ျပီး အေမရိကအလယ္ပိုင္းႏိုင္ငံေတြျဖစ္တဲ့ 
Honduras ႏိုင္ငံ၊ Nicaragua ႏိုင္ငံ၊ Costa Rica ႏိုင္ငံနဲ႕ Panama ႏိုင္ငံ 
အေနာက္ဖက္အျခမ္းေတြမွာသာ ေတြ႕ရေလ့ရွိေၾကာင္း သိရပါတယ္။ 
တစ္ျခားလင္းႏို႔ေတြနဲ႔ ဒီလင္းႏို႔ျဖဴေလးေတြနဲ႔ မတူတဲ့ အခ်က္ကို ေျပာျပ
ရမယ္ဆိုရင္ေတာ့ ဒီေကာင္ေလးေတြဟာ အရမ္းၾကီးကို ခ်စ္ဖို႔ေကာင္းလြန္း
ေနတာပါ။


ျပီးေတာ့ တစ္ျခားလင္းႏို႔ေတြဟာ လႈိဏ္ဂူေတြထဲမွာ ေနေလ့ရွိေပမယ့္ 
ဒီလင္းႏို႔ျဖဴေလးေတြကေတာ့ သစ္ရြက္ၾကီးၾကီးရိွတဲ့ အပင္မွာ ေနတာပဲ 
ျဖစ္ပါတယ္။ တစ္ျခားလင္းႏို႔ေတြလို ပင္စည္သစ္ကိုင္းမွာ ေဇာက္ထိုးၾကီး 
ေနေနတာမ်ိဳးမဟုတ္ပဲ သစ္ရြက္ေတြထဲမွာ တြယ္ကပ္ျပိး ေနေနတတ္တဲ့ 
ေကာင္ေလးေတြပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ အျခားလင္းႏို႔ေတာ္ေတာ္မ်ား
မ်ားက ေသြးစုပ္တဲ့ သတၱဝါေတြဆိုေပမယ့္ ဒီလင္းႏို႔ျဖဴေလးေတြကေတာ့ 
သူတို႔တြယ္ကပ္ေနတဲ့ သစ္ရြက္ကိုသာ စားသံုးေလ့ရွိေၾကာင္း သိရပါတယ္။
ဘာပဲျဖစ္ျဖစ္ ဒီလင္းႏို႔ျဖဴေလးေတြဟာ အရမ္းခ်စ္ဖို႔ေကာင္းတာေတာ့ 
အမွန္ပါပဲ။

ဗီဒီယုိၾကည့္လုိပါက - (1:39)
The Honduran white bat is tiny

Pyi Hein Kyaw
credit:shwemom
link -

============================

သွေးမစုပ်ဘဲ သစ်ရွက်ပဲစားတဲ့ 
ရှားပါး Honduran လင်းနို့ဖြူလေးများ
-------------------------------------------

လင်းနို့တွေဟာ ပျှမ်းမျှအားဖြင့် မျိုးစိတ်ပေါင်း ၁,၃၀၀ ကျော် ရှိပါတယ်။ 
များသောအားဖြင့် လင်းနို့တော်တော်များများဟာ အညိုရောင်၊ 
အနက်ရောင်သာ ရှိတတ်ကြပြီး လင်းနို့တော်တော်များများက သွေးစုပ်
သတ္တဝါတွေပါ။ လင်းနို့မျိုးစိတ်တွေထဲကမှ ချစ်ဖို့ကောင်းတဲ့ လင်းနို့မျိုးစိတ်
ဆိုတာ အနည်းငယ်ပဲ ရှိပါတယ်။ အဲဒီအနည်းငယ်ထဲကမှ ချစ်ဖို့အကောင်း
ဆုံးဆိုတဲ့ လင်းနို့မျိုးစိတ်လေးတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ 

အဆိုပါလင်းနို့မျိုးစိတ်ကတော့ Honduran White Bat လို့အမည်ရတဲ့ 
အဖြူရောင်လင်းနို့လေးတွေပဲ ဖြစ်ကြောင်း Oddity Central သတင်းဌာနရဲ့ 
ဖော်ပြချက်အရ သိရှိရပါတယ်။

ဒီ Honduran လင်းနို့ဖြူလေးတွေကို နောက်တစ်မျိုးအနေနဲ့ Caribbean 
White Tent-Making Bat လို့လည်း ခေါ်ပါတယ်။ ဒီလင်းနို့ဖြူလေးတွေ
ဟာ ရှားပါးသတ္တဝါလေးတွေဖြစ်ပြီး အမေရိကအလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ 
Honduras နိုင်ငံ၊ Nicaragua နိုင်ငံ၊ Costa Rica နိုင်ငံနဲ့ Panama နိုင်ငံ 
အနောက်ဖက်အခြမ်းတွေမှာသာ တွေ့ရလေ့ရှိကြောင်း သိရပါတယ်။ 
တစ်ခြားလင်းနို့တွေနဲ့ ဒီလင်းနို့ဖြူလေးတွေနဲ့ မတူတဲ့ အချက်ကို ပြောပြ
ရမယ်ဆိုရင်တော့ ဒီကောင်လေးတွေဟာ အရမ်းကြီးကို ချစ်ဖို့ကောင်းလွန်း
နေတာပါ။

ပြီးတော့ တစ်ခြားလင်းနို့တွေဟာ လှိုဏ်ဂူတွေထဲမှာ နေလေ့ရှိပေမယ့် 
ဒီလင်းနို့ဖြူလေးတွေကတော့ သစ်ရွက်ကြီးကြီးရှိတဲ့ အပင်မှာ နေတာပဲ 
ဖြစ်ပါတယ်။ တစ်ခြားလင်းနို့တွေလို ပင်စည်သစ်ကိုင်းမှာ ဇောက်ထိုးကြီး 
နေနေတာမျိုးမဟုတ်ပဲ သစ်ရွက်တွေထဲမှာ တွယ်ကပ်ပြိး နေနေတတ်တဲ့ 
ကောင်လေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားလင်းနို့တော်တော်များ
များက သွေးစုပ်တဲ့ သတ္တဝါတွေဆိုပေမယ့် ဒီလင်းနို့ဖြူလေးတွေကတော့ 
သူတို့တွယ်ကပ်နေတဲ့ သစ်ရွက်ကိုသာ စားသုံးလေ့ရှိကြောင်း သိရပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီလင်းနို့ဖြူလေးတွေဟာ အရမ်းချစ်ဖို့ကောင်းတာတော့ 
အမှန်ပါပဲ။

ဗီဒီယိုကြည့်လိုပါက - (1:39)
The Honduran white bat is tiny

Pyi Hein Kyaw
credit:shwemom
link -

No comments:

Post a Comment