မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, August 25, 2020

ဘယ္သူဖက္အိပ္ခ်င္ၾကလဲ …. ?

 ဘယ္သူဖက္အိပ္ခ်င္ၾကလဲ …. ?
-------------------------------------

 ညဘက္ၾကီး တစ္ေရးႏိုးလို႔ ကုိယ့္ေဘးနား အေလာင္းေကာင္ပံုစံ
ေခါင္းအံုးၾကီး႐ွိေနရင္ လန္႔မသြားဘူးလား လို႔ လူေတြက
ေမးခြန္းထုတ္ၾကပါတယ္။
 
 ထိုင္းႏုိင္ငံ အြန္လုိင္းစတိုး Mon Hia မွာ ထိုအေလာင္းေကာင္
ေခါင္းအံုးေတြ စတင္ေရာင္းခ်ေနျပီး လာမယ့္ ေဟာလိုဝင္းအတြက္
ထုတ္လုပ္လိုက္တာျဖစ္ေၾကာင္း သိရပါတယ္။
 ထုိေခါင္းအံုးကို အေလာင္းေကာင္နဲ႔ မွားၾကလြန္းလို႔
ထိုင္းႏုိ္င္ငံမွာေတာ့ သူ႔ရဲ႕ထိတ္လန္႔စရာ ဒီဇိုင္းက နာမည္ၾကီးပဲ။
ထိုေခါင္းအံုးပံုစံကို မေလး႐ွားနဲ႔ အင္ဒိုနီး႐ွားမွ စတင္ဒီဇိုင္းေဖာ္ခဲ့
တာျဖစ္ပါတယ္။ တကယ္ကို သရဲနဲ႔အျမင္မွားေစမယ့္ ေခါင္းအံုးမ်ဳိးပါ။
 ပထမရက္မွာတင္ လူအေယာက္၂ဝ ေလာက္ဝယ္ျပီး
လူမႈကြန္ရက္ေပၚထိုေခါင္းအံုးနဲ႔ ဓာတ္ပံုေတြ႐ုိက္တင္ၾကပါတယ္။
တျဖည္းျဖည္းနဲ႔ ေခါင္းအံုးက နာမည္ၾကီလာျပီး မေလး႐ွားနဲ႔
အင္ဒိုနီး႐ွားမွာလည္း လူၾကိဳက္မ်ားလာေၾကာင္း အြန္လုိင္းစတိုး
Mon Hia ပုိင္႐ွင္ႏွစ္ဦးကေျပာပါတယ္။
 “ ဘယ္သူမွ မလုပ္ဖူးေသးတဲ့အရာေတြထဲက ထူးျခားမယ့္အရာ
တစ္ခုကို အဆန္းထြင္ခဲ့တာပါ… လူေတြသေဘာက်တဲ့အတြက္ ​
ဝမ္းသာပါတယ္” လို႔ ပိုင္႐ွင္ Nattawud Supsumruam က
ေျပာထားပါတယ္။

 ထိုေခါင္းအံုးဟာ ဖက္အိပ္႐ံုတင္မကဘူး.. သူငယ္ခ်င္းေတြကို
စေနာက္ခ်င္ရင္လည္း အသံုးဝင္ပါတယ္။
source:ဖိုးသူေတာ္
Credit: buzzy
link -
https://nextshark.com/ghost-corpse-body-pillows-now-growing-trend-malaysia-indonesia/
============================

ဘယ်သူဖက်အိပ်ချင်ကြလဲ …. ?
-------------------------------------

ညဘက်ကြီး တစ်ရေးနိုးလို့ ကိုယ့်ဘေးနား အလောင်းကောင်ပုံစံ
ခေါင်းအုံးကြီးရှိနေရင် လန့်မသွားဘူးလား လို့ လူတွေက
မေးခွန်းထုတ်ကြပါတယ်။

ထိုင်းနိုင်ငံ အွန်လိုင်းစတိုး Mon Hia မှာ ထိုအလောင်းကောင်
ခေါင်းအုံးတွေ စတင်ရောင်းချနေပြီး လာမယ့် ဟောလိုဝင်းအတွက်
ထုတ်လုပ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

ထိုခေါင်းအုံးကို အလောင်းကောင်နဲ့ မှားကြလွန်းလို့
ထိုင်းနိုင်ငံမှာတော့ သူ့ရဲ့ထိတ်လန့်စရာ ဒီဇိုင်းက နာမည်ကြီးပဲ။
ထိုခေါင်းအုံးပုံစံကို မလေးရှားနဲ့ အင်ဒိုနီးရှားမှ စတင်ဒီဇိုင်းဖော်ခဲ့
တာဖြစ်ပါတယ်။ တကယ်ကို သရဲနဲ့အမြင်မှားစေမယ့် ခေါင်းအုံးမျိုးပါ။

ပထမရက်မှာတင် လူအယောက်၂ဝ လောက်ဝယ်ပြီး
လူမှုကွန်ရက်ပေါ်ထိုခေါင်းအုံးနဲ့ ဓာတ်ပုံတွေရိုက်တင်ကြပါတယ်။

တဖြည်းဖြည်းနဲ့ ခေါင်းအုံးက နာမည်ကြီလာပြီး မလေးရှားနဲ့
အင်ဒိုနီးရှားမှာလည်း လူကြိုက်များလာကြောင်း အွန်လိုင်းစတိုး
Mon Hia ပိုင်ရှင်နှစ်ဦးကပြောပါတယ်။

” ဘယ်သူမှ မလုပ်ဖူးသေးတဲ့အရာတွေထဲက ထူးခြားမယ့်အရာ
တစ်ခုကို အဆန်းထွင်ခဲ့တာပါ… လူတွေသဘောကျတဲ့အတွက်
ဝမ်းသာပါတယ်” လို့ ပိုင်ရှင် Nattawud Supsumruam က
ပြောထားပါတယ်။

ထိုခေါင်းအုံးဟာ ဖက်အိပ်ရုံတင်မကဘူး.. သူငယ်ချင်းတွေကို
စနောက်ချင်ရင်လည်း အသုံးဝင်ပါတယ်။

source:ဖိုးသူတော်
Credit: buzzy
link -
https://nextshark.com/ghost-corpse-body-pillows-now-growing-trend-malaysia-indonesia/
 
 
 

No comments:

Post a Comment