သခင္ျဖစ္သူရဲ႕အသက္ကို ကယ္ေပးႏုိင္ခဲ့တဲ့
ေၾကာင္ဆိုးမေလးတစ္ေကာင္ ...
------------------------------------------------
ေၾကာင္ဆိုးမေလးတစ္ေကာင္ ...
------------------------------------------------
ေၾကာင္ေတြက သခင္ေတြကို အစာျပန္လုပ္မွာဆိုၿပီး ေျပာၾကရ
ေလာက္ေအာင္ သူတို႔ေလးေတြက အေတာ္အေၾကာတင္းတဲ့
သတၱဝါေလးေတြဆိုတာ သိၾကမွာပါ။ သူတို႔ကို ေခြးေတြေလာက္
လည္း သစၥာမရိွဘူးလို႔ ထင္ထားၾကေပမယ့္ ဒီေၾကာင္ေလးကေတာ့
အဲဒီ့စကားေတြ မွားတယ္ဆိုတာ သက္ေသျပသြားခဲ့ပါတယ္။
အေမရိကန္ႏုိင္ငံက (၁၁)ႏွစ္အရြယ္ ေၾကာင္မေလး ေရွာ္ဇီျဖစ္ပါတယ္။
သူမက သခင္ (၂)ေယာက္ျဖစ္တဲ့ Kirk နဲ႔ Tammy တို႔စံုတြဲနဲ႔
ေနထုိင္ပါတယ္။ ဒါေပမယ့္ သူမက Tammy တုိ႔ရဲ႕ သားသမီးေတြကိုေတာ့
သိပ္မႏွစ္သက္ဘဲ တစ္ေယာက္ကိုမွ အကပ္မခံပါဘူး။ အနားလာရင္
ေဟာက္ေတာင္ ထုတ္တတ္ပါေသးတယ္။ ဒါေၾကာင့္လည္း ကေလးေတြက
သူမကို ေၾကာင္ဆိုးေလးလို႔ နာမည္ေပးထားၾကတဲ့အထိပါ။ မိသားစုတစ္စုလံုး
ကေတာ့ ေရွာ္ဇီကို လူယဥ္တဲ့ ေၾကာင္ျဖစ္လာဖို႔ မေမွ်ာ္လင့္ၾကခဲ့ၾက
ေတာ့ပါဘူး။
ဒါေပမယ့္ တစ္မနက္မွာေတာ့ ကေလးေတြအေမ Tammy ရဲ႕ အမ်ိဳးသား
ျဖစ္သူ Kirk က အလုပ္သြားခါနီး ေရွာ္ဇီကို အစာေကၽြးၿပီးေနာက္ ႏွလံုးေရာဂါ
ေဖာက္ကာ လဲက်သြားခဲ့ပါတယ္။ Tammy လည္း အိပ္ယာမႏုိးေသးဘဲ
Kirk လဲက်သြားတာကို ျမင္တဲ့လူက ေရွာ္ဇီတစ္ေကာင္ပဲ ျဖစ္ေနခဲ့ပါတယ္။
ေရွာ္ဇီေလးဟာ သူ႔သခင္မ Tammy ရဲ႕ အခန္းထဲကို ခ်က္ခ်င္း ေျပးသြားခဲ့ၿပီး
Tammy ရဲ႕ ေခါင္းေပၚကို တက္ခုန္ကာ တစ္ခါမၾကားဖူးၾကတဲ့ အသံက်ယ္
ႀကီးနဲ႔ အူၿပီး သခင္မကို ေအာ္ႏႈိးပါေတာ့တယ္။
ေရွာ္ဇီရဲ႕ ပံုမွန္မဟုတ္တဲ့ အသံနက္ႀကီးေၾကာင့္ Tammy လည္း တစ္ခုခု
မွားေနၿပီဆိုတာ သိလိုက္ၿပီး ခ်က္ခ်င္းထသြားၾကည့္ခဲ့ရာ လဲက်ေနခဲ့တဲ့
သူမရဲ႕ အမ်ိဳးသားကို ေတြ႔ခဲ့ရပါတယ္။ ထုိ႔ေနာက္ အေရးေပၚကယ္ဆယ္ေရး
ကို ေခၚခဲ့ရၿပီး Kirk ကို အသက္ကယ္ကာ ေဆး႐ံုသို႔ ပို႔ေပးခဲ့ၾကပါတယ္။
ျဖစ္ရပ္ၿပီးေနာက္ပိုင္းမွာေတာ့ ေၾကာင္မေလး ေရွာ္ဇီက က်န္းမာေရး
သိပ္မေကာင္းတဲ့ သခင္ျဖစ္သူအနားမွာ အၿမဲကပ္ေနေတာ့ၿပီး သန္႔စင္ခန္း
သြားရင္ေတာင္ လုိက္ေပးေနပါတယ္။
တစ္မိသားစုလံုးကေတာ့ ေရွာ္ဇီကို ေၾကာင္ဆိုးမေလးလို႔ မေခၚၾကေတာ့ဘဲ
သူမရဲ႕ အတြင္းစိတ္က ဘယ္ေလာက္သိတတ္ၿပီး ေႏြးေထြးတယ္ဆိုတာ
နားလည္သြားၾကပါၿပီ။ ဒါေၾကာင့္ ေၾကာင္ပိုင္ရွင္ေတြလည္း ကိုယ့္ေၾကာင္က
ေခြးေတြေလာက္ သစၥာမရိွဘူးလို႔ ေတြးမေနၾကေတာ့နဲ႔ေနာ္။
ဒီခ်စ္စရာအျဖစ္အပ်က္ေလးက သက္ေသျပေနလို႔ပါ..။
White (Shwemom)
Ref: Shareably, The Dodo
http://www.shareably.net/cold-hearted-cat-saves-humans-life/
===========================
သခင်ဖြစ်သူရဲ့အသက်ကို ကယ်ပေးနိုင်ခဲ့တဲ့
ကြောင်ဆိုးမလေးတစ်ကောင် ...
------------------------------------------------
ကြောင်တွေက သခင်တွေကို အစာပြန်လုပ်မှာဆိုပြီး ပြောကြရ
လောက်အောင် သူတို့လေးတွေက အတော်အကြောတင်းတဲ့
သတ္တဝါလေးတွေဆိုတာ သိကြမှာပါ။ သူတို့ကို ခွေးတွေလောက်
လည်း သစ္စာမရှိဘူးလို့ ထင်ထားကြပေမယ့် ဒီကြောင်လေးကတော့
အဲဒီ့စကားတွေ မှားတယ်ဆိုတာ သက်သေပြသွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံက (၁၁)နှစ်အရွယ် ကြောင်မလေး ရှော်ဇီဖြစ်ပါတယ်။
သူမက သခင် (၂)ယောက်ဖြစ်တဲ့ Kirk နဲ့ Tammy တို့စုံတွဲနဲ့
နေထိုင်ပါတယ်။ ဒါပေမယ့် သူမက Tammy တို့ရဲ့ သားသမီးတွေကိုတော့
သိပ်မနှစ်သက်ဘဲ တစ်ယောက်ကိုမှ အကပ်မခံပါဘူး။ အနားလာရင်
ဟောက်တောင် ထုတ်တတ်ပါသေးတယ်။ ဒါကြောင့်လည်း ကလေးတွေက
သူမကို ကြောင်ဆိုးလေးလို့ နာမည်ပေးထားကြတဲ့အထိပါ။ မိသားစုတစ်စုလုံး
ကတော့ ရှော်ဇီကို လူယဉ်တဲ့ ကြောင်ဖြစ်လာဖို့ မမျှော်လင့်ကြခဲ့ကြ
တော့ပါဘူး။
ဒါပေမယ့် တစ်မနက်မှာတော့ ကလေးတွေအမေ Tammy ရဲ့ အမျိုးသား
ဖြစ်သူ Kirk က အလုပ်သွားခါနီး ရှော်ဇီကို အစာကျွေးပြီးနောက် နှလုံးရောဂါ
ဖောက်ကာ လဲကျသွားခဲ့ပါတယ်။ Tammy လည်း အိပ်ယာမနိုးသေးဘဲ
Kirk လဲကျသွားတာကို မြင်တဲ့လူက ရှော်ဇီတစ်ကောင်ပဲ ဖြစ်နေခဲ့ပါတယ်။
ရှော်ဇီလေးဟာ သူ့သခင်မ Tammy ရဲ့ အခန်းထဲကို ချက်ချင်း ပြေးသွားခဲ့ပြီး
Tammy ရဲ့ ခေါင်းပေါ်ကို တက်ခုန်ကာ တစ်ခါမကြားဖူးကြတဲ့ အသံကျယ်
ကြီးနဲ့ အူပြီး သခင်မကို အော်နှိုးပါတော့တယ်။
ရှော်ဇီရဲ့ ပုံမှန်မဟုတ်တဲ့ အသံနက်ကြီးကြောင့် Tammy လည်း တစ်ခုခု
မှားနေပြီဆိုတာ သိလိုက်ပြီး ချက်ချင်းထသွားကြည့်ခဲ့ရာ လဲကျနေခဲ့တဲ့
သူမရဲ့ အမျိုးသားကို တွေ့ခဲ့ရပါတယ်။ ထို့နောက် အရေးပေါ်ကယ်ဆယ်ရေး
ကို ခေါ်ခဲ့ရပြီး Kirk ကို အသက်ကယ်ကာ ဆေးရုံသို့ ပို့ပေးခဲ့ကြပါတယ်။
ဖြစ်ရပ်ပြီးနောက်ပိုင်းမှာတော့ ကြောင်မလေး ရှော်ဇီက ကျန်းမာရေး
သိပ်မကောင်းတဲ့ သခင်ဖြစ်သူအနားမှာ အမြဲကပ်နေတော့ပြီး သန့်စင်ခန်း
သွားရင်တောင် လိုက်ပေးနေပါတယ်။
တစ်မိသားစုလုံးကတော့ ရှော်ဇီကို ကြောင်ဆိုးမလေးလို့ မခေါ်ကြတော့ဘဲ
သူမရဲ့ အတွင်းစိတ်က ဘယ်လောက်သိတတ်ပြီး နွေးထွေးတယ်ဆိုတာ
နားလည်သွားကြပါပြီ။ ဒါကြောင့် ကြောင်ပိုင်ရှင်တွေလည်း ကိုယ့်ကြောင်က
ခွေးတွေလောက် သစ္စာမရှိဘူးလို့ တွေးမနေကြတော့နဲ့နော်။
ဒီချစ်စရာအဖြစ်အပျက်လေးက သက်သေပြနေလို့ပါ..။
White (Shwemom)
Ref: Shareably, The Dodo
http://www.shareably.net/cold-hearted-cat-saves-humans-life/
No comments:
Post a Comment