လက္ေျဖာင့္ စႏိုက္ပါလူသတ္သမား ႏွင္းလူသား
-----------------------------------------------------------
႐ု႐ွား နဲ႔ ဖင္လန္ ႏိုု္င္ငံၾကားက ျဖစ္ခဲ့တဲ့ ပဋိပကၡ စစ္ပြဲတစ္ပြဲ။
၁၉၃၉ ခုႏွစ္ ဒုတိယကမၻာစစ္ျဖစ္ခါစ အခ်ိန္ကာလ။ သံုးလတာၾကာ
သူႏိုင္ကိုယ္ႏိုင္တိုက္ခဲ့တဲ့ ေဆာင္းရာသီစစ္ပြဲ။
ျဖစ္စဥ္က ဖင္လန္နိုင္ငံရဲ့ စစ္အင္အားက လူသံုးသိန္းပဲ ႐ွိေတာ့
စစ္သည္ ခုႏွစ္သိန္းခြဲ လက္ကိုင္ထားတဲ့ ဆိုဗီယက္ေခါင္းေဆာင္
စတာလင္အတြက္က အပီဟားစရာျဖစ္ေနခဲ့တယ္။ ဖင္လန္စစ္တပ္မွာ
စစ္တိုက္ဖို႔က ေလယာဥ္က ၁၀၀ နဲ႔ တင့္ကားအစင္းေရကလည္း
မေျပာပစေလာက္ေလး႐ွိတာ။ ဒီအခ်ိန္ ႐ု႐ွားဆီမွာ တင့္ကား အစီး
၆၀၀၀၊ ေလယာဥ္ အစီး ၃၀၀၀ နဲ႔ ဖင္လန္ထက္ အစစအရာရာ
သာေနေတာ့ ဖင္လန္ကို မသိမ္းႏိုင္စရာ ဘာအေၾကာင္းမွမ႐ွိဘူးလို႔
စတာလင္က အပိုင္ကိုတြက္ခဲ့တယ္။
ေျပာစရာက ဖင္လန္ဟာ လက္နက္အင္အားမမ်ွ၊ လူအင္အား
နိမ့္ပါးေနရင္း နဲ႔ အေရးနိမ့္နိုင္ေနေျခ ႐ွိခဲ့ေပမယ့္ ဒီစစ္ပြဲကို
အႏိုင္ရခဲ့ပါတယ္။
ဖင္လန္တို႔ဆီမွာ စတာလင္မသိတဲ့ ေရႊဝွက္ဖဲေလး က Simo Hayha ပဲ။
သူ႕ကုိ ႐ု႐ွားစစ္သားေတြကိုယ္တိုင္က ” လက္ေျဖာင့္ စႏိုက္ပါ
လူသတ္သမား ႏွင္းလူသား” အမည္ေပးခဲ့ရတဲ့ ဖင္လန္သား လက္ေျဖာင့္
စႏိုက္ပါသမား။ ႏိုု္င္ငံအတြက္ လိုအပ္လာခ်ိန္ လယ္သမားဘဝကေန
စစ္ပြဲထဲက ေသနတ္သမား ျဖစ္လာခဲ႔သူ။ ဆိုင္မြန္ေဟဟာ။
သူ႔အရပ္က ငါးေပေလာက္႐ွိတာ။ လူၾကည့္လိုက္ရင္ အမူအရာ
သိမ္သိမ္ေမြ႕ေမြ႕။ ဘယ္သူကမွ သူ႔ကို လူသတ္သမား ေၾကာက္စရာႀကီး
လို႔ ထင္ဖို႔ အေၾကာင္းကို မ႐ွိခဲ့ဘူး။ လယ္လုပ္လိုက္၊ အမဲလိုက္နဲ႔ ပဲ
ဘဝကို ေပ်ာ္ေနတဲ့သူ။ ဖင္လန္ႏိုင္ငံဥပေဒအရ တစ္ႏွစ္စစ္မႈထမ္းရခ်ိန္
သူ႔ရဲ႕ စႏိုက္ပါေသနတ္ လက္ေျဖာင့္စြမ္းရည္ကို အားလံုးက သတိျပဳ ၊
အသိအမွတ္ျပဳသြားရတယ္။
စတာလင္က ဖင္လန္ကို က်ဴးေက်ာ္လာေတာ့ ဖင္လန္ဘက္က
စစ္သားစုေဆာင္းတဲ့အထဲ သူဝင္ခဲ့တယ္။ တာဝန္ေပးခံရတယ္။
အေပးခံရတဲ့ တာဝန္က စႏိုက္ပါလက္စြမ္းျပဖို႔။ သူ႔ဂိုေဒါင္ထဲက
သူ႕ရဲ႕မိတ္ေဆြ ေ႐ွးေဟာင္း စႏိုက္ပါေသနတ္အေဟာင္းႀကီးကို
ထုတ္တယ္။ စစ္ထဲလိုက္တယ္။ သူ႔စႏိုက္ပါက အေဝးၾကည့္မွန္ဘီလူး
မပါတဲ့ စႏိုု္က္ပါ။
ဖင္လန္စစ္သားေတြအားလံုး ေဆာင္းႏွင္း ေတာထဲတိုး၊ ႏွင္းေတြဖံုး
႐ုပ္ဖ်က္ အေယာင္ေဖ်ာက္တယ္။ လူ နဲ႔ ႏွင္း နဲ႔ ခြဲျခားမရေတာ့ဘူး။
ဖင္လန္တို႔ သူတို႕အားသာခ်က္ စစ္ဗ်ဴဟာကို ခင္းႏိုင္ခဲ့တယ္။
ဆိုင္မြန္က စားနပ္ရိကၡာ အျပည့္ယူလာၿပီး က်ည့္အျပည့္ေဆာင္လာ
ခဲ့တယ္။ ရု႐ွားေတြ ဝင္လာမယ့္လမ္းကို ေကာင္းေကာင္း စီးျမင္ရမယ့္
ျမင္ကြင္းေကာင္း တစ္ေနရာမွာ အခိုင္အမာ ေျခကုပ္ယူထားရင္း
အလစ္အငိုက္ပစ္ဖို႔ အခ်ိန္အခါေကာင္းကို ေစာင့္ေနခဲ့တယ္။
သူတစ္ကိုယ္တည္း တိတ္တဆိတ္။
႐ု႐ွားဝင္လာတဲ့အခ်ိန္ ဆိုင္မြန္တစ္ဦးတည္း သူ႕ရဲ႕ မိတ္ေဆြႀကီး
စႏိုက္ပါေဟာင္းႀကီးနဲ႔ ႐ု႐ွား စစ္သား ၅၀၀ ေက်ာ္ကို အျပတ္႐ွင္းႏိုင္
ခဲ့တယ္။ သူ႔ရဲေဘာ္ေတြက အေဝးၾကည့္ မွန္ဘီလူး ေတြနဲ႔ ေသနတ္ကို
သံုးေနတဲ့အခ်ိန္ သူကေတာ့ ရန္သူကိုတစ္ေယာက္မွ မလြတ္ရေအာင္
ပိုတိက်ေသသပ္တဲ့ Iron sight ကို သံုးတယ္။ စႏိုက္ပါ ေသနတ္
ေလဆာေရာင္က ရန္သူေတြကို သတိျပဳမိေစတာမ်ိဳး အျဖစ္မခံခဲ့ဘူး။
ရန္သူတပ္ေတြ သူဘယ္မွာ႐ွိေနလဲ ဆိုတာလည္း ခန္႔မွန္းလို႔မရေအာင္ကို
ဆိုင္မြန္တစ္ေယာက္ မခြၽတ္မေခ်ာ္ ေနႏိုင္ခဲ့တယ္။ ႏွင္းထုႀကီးနဲ႔ အသြင္
ေဖ်ာက္ထားတဲ့အျပင္ သူ႔ေဘးပတ္ပတ္လည္မွာ ႏွင္းပံုႀကီးေတြ ထပ္ဖို႔
ထားျပန္ခဲ့တယ္။ ေျမေပၚလွဲၿပီး ရန္သူေတြကို ေစာင့္ေနရတဲ့အခ်ိန္မွာ
လည္း ပါးစပ္ထဲက ထြက္ေနတဲ့ ႏွင္းေငြ႕ေတြကို ရန္သူျမင္ၿပီး ရိပ္မိႏိုင္
ေျခ႐ွိလို႔ သူ့ပါးစပ္ထဲ ႏွင္းတံုးေတြကို ဆို႔ထားခဲ့တယ္။
လက္ေျဖာင့္ စႏိုက္ပါလူသတ္သမား ႏွင္းလူသား လို႔ ရန္သူ ႐ု႐ွားေတြဆီ
အထိ နာမည္ဂုဏ္သတင္းႀကီးခဲ့တယ္။ ဖင္လန္စစ္ဗိုလ္ခ်ဳပ္မႈးကိုယ္တိုင္က
သူ႕အေၾကာင္းနဲ႔ လုပ္ကိုင္စြမ္းကို သိရတဲ့အခါ အသစ္စက္စက္ စႏိုက္ပါ
႐ိုင္ဖယ္ေသနတ္ကို သူ႕အတြက္ သီးသီးသန္႔သန္႔ ဆုခ်ီးျမႇင့္ေပးခဲ့တယ္။
ကံဆိုးခဲ့တာက ေဆာင္းရာသီ စစ္ပြဲႀကီးမၿပီးခင္ ၁၁ ရက္အလို မွာ
ဆိုဗီယက္စစ္သားက သူ႔ကို ႐ွာေတြ႕သြားၿပီး မ်က္ႏွာေမး႐ုိး႐ိုးတည့္တည့္
အပစ္ခံခဲ့ရပါတယ္။ ဆယ္တစ္ရက္ေလာက္ ကိုမာရၿပီး သတိလစ္ေမ့ေျမာ
ေနခဲ့တယ္။ သူျပန္သတိရလာတဲ့ အခ်ိန္ စစ္ႀကီးၿပီးသြားခဲ့ၿပီ။ သူ႔မ်က္ႏွာ
တစ္ျခမ္းကိုေတာ့ ဆံုး႐ွံဳးသြားခဲ့တယ္။
သူကေတာ့ မမႈ။ မ်က္ႏွာတည့္တည့္ ေသနတ္နဲ႔အပစ္ခံခဲ့ရတဲ့ ဒဏ္ကေန
ျပန္သက္သာဖို႔ နစ္ေပါင္းမ်ားစြာ အခ်ိန္ယူျပီး ကိုယ့္ကိုယ္ကိုယ္ျပန္ဂရုစိုက္
ခဲ့ရေပမယ့္ အသက္ ၉၆ ႏွစ္အထိ အသက္႐ွည္႐ွည္ ေနသြားခဲ့တယ္။
စစ္ပြဲၿပီးေတာ့လည္း ဖင္လန္သမၼတ Urho Kekkonen နဲ႔ အတူ
အမဲပစ္ေတာလိုက္ထြက္ရင္း သူ႕ရဲ႕ ေသနတ္စြမ္းရည္ကို အသံုးခ်
ေနခဲ့ဆဲပါပဲ။ သမင္လိုက္ သိပ္ကြၽမ္းတဲ့ မုဆိုးေက်ာ္ႀကီး ျဖစ္ခဲ့ေသးတယ္။
source:CantWait2Say
link -
===========================================
လက်ဖြောင့် စနိုက်ပါလူသတ်သမား နှင်းလူသား
-----------------------------------------------------------
ရုရှား နဲ့ ဖင်လန် နိုင်ငံကြားက ဖြစ်ခဲ့တဲ့ ပဋိပက္ခ စစ်ပွဲတစ်ပွဲ။
၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်ဖြစ်ခါစ အချိန်ကာလ။ သုံးလတာကြာ
သူနိုင်ကိုယ်နိုင်တိုက်ခဲ့တဲ့ ဆောင်းရာသီစစ်ပွဲ။
ဖြစ်စဉ်က ဖင်လန်နိုင်ငံရဲ့ စစ်အင်အားက လူသုံးသိန်းပဲ ရှိတော့
စစ်သည် ခုနှစ်သိန်းခွဲ လက်ကိုင်ထားတဲ့ ဆိုဗီယက်ခေါင်းဆောင်
စတာလင်အတွက်က အပီဟားစရာဖြစ်နေခဲ့တယ်။ ဖင်လန်စစ်တပ်မှာ
စစ်တိုက်ဖို့က လေယာဉ်က ၁၀၀ နဲ့ တင့်ကားအစင်းရေကလည်း
မပြောပစလောက်လေးရှိတာ။ ဒီအချိန် ရုရှားဆီမှာ တင့်ကား အစီး
၆၀၀၀၊ လေယာဉ် အစီး ၃၀၀၀ နဲ့ ဖင်လန်ထက် အစစအရာရာ
သာနေတော့ ဖင်လန်ကို မသိမ်းနိုင်စရာ ဘာအကြောင်းမှမရှိဘူးလို့
စတာလင်က အပိုင်ကိုတွက်ခဲ့တယ်။
ပြောစရာက ဖင်လန်ဟာ လက်နက်အင်အားမမျှ၊ လူအင်အား
နိမ့်ပါးနေရင်း နဲ့ အရေးနိမ့်နိုင်နေခြေ ရှိခဲ့ပေမယ့် ဒီစစ်ပွဲကို
အနိုင်ရခဲ့ပါတယ်။
ဖင်လန်တို့ဆီမှာ စတာလင်မသိတဲ့ ရွှေဝှက်ဖဲလေး က Simo Hayha ပဲ။
သူ့ကို ရုရှားစစ်သားတွေကိုယ်တိုင်က ” လက်ဖြောင့် စနိုက်ပါ
လူသတ်သမား နှင်းလူသား” အမည်ပေးခဲ့ရတဲ့ ဖင်လန်သား လက်ဖြောင့်
စနိုက်ပါသမား။ နိုင်ငံအတွက် လိုအပ်လာချိန် လယ်သမားဘဝကနေ
စစ်ပွဲထဲက သေနတ်သမား ဖြစ်လာခဲ့သူ။ ဆိုင်မွန်ဟေဟာ။
သူ့အရပ်က ငါးပေလောက်ရှိတာ။ လူကြည့်လိုက်ရင် အမူအရာ
သိမ်သိမ်မွေ့မွေ့။ ဘယ်သူကမှ သူ့ကို လူသတ်သမား ကြောက်စရာကြီး
လို့ ထင်ဖို့ အကြောင်းကို မရှိခဲ့ဘူး။ လယ်လုပ်လိုက်၊ အမဲလိုက်နဲ့ ပဲ
ဘဝကို ပျော်နေတဲ့သူ။ ဖင်လန်နိုင်ငံဥပဒေအရ တစ်နှစ်စစ်မှုထမ်းရချိန်
သူ့ရဲ့ စနိုက်ပါသေနတ် လက်ဖြောင့်စွမ်းရည်ကို အားလုံးက သတိပြု ၊
အသိအမှတ်ပြုသွားရတယ်။
စတာလင်က ဖင်လန်ကို ကျူးကျော်လာတော့ ဖင်လန်ဘက်က
စစ်သားစုဆောင်းတဲ့အထဲ သူဝင်ခဲ့တယ်။ တာဝန်ပေးခံရတယ်။
အပေးခံရတဲ့ တာဝန်က စနိုက်ပါလက်စွမ်းပြဖို့။ သူ့ဂိုဒေါင်ထဲက
သူ့ရဲ့မိတ်ဆွေ ရှေးဟောင်း စနိုက်ပါသေနတ်အဟောင်းကြီးကို
ထုတ်တယ်။ စစ်ထဲလိုက်တယ်။ သူ့စနိုက်ပါက အဝေးကြည့်မှန်ဘီလူး
မပါတဲ့ စနိုက်ပါ။
ဖင်လန်စစ်သားတွေအားလုံး ဆောင်းနှင်း တောထဲတိုး၊ နှင်းတွေဖုံး
ရုပ်ဖျက် အယောင်ဖျောက်တယ်။ လူ နဲ့ နှင်း နဲ့ ခွဲခြားမရတော့ဘူး။
ဖင်လန်တို့ သူတို့အားသာချက် စစ်ဗျူဟာကို ခင်းနိုင်ခဲ့တယ်။
ဆိုင်မွန်က စားနပ်ရိက္ခာ အပြည့်ယူလာပြီး ကျည့်အပြည့်ဆောင်လာ
ခဲ့တယ်။ ရုရှားတွေ ဝင်လာမယ့်လမ်းကို ကောင်းကောင်း စီးမြင်ရမယ့်
မြင်ကွင်းကောင်း တစ်နေရာမှာ အခိုင်အမာ ခြေကုပ်ယူထားရင်း
အလစ်အငိုက်ပစ်ဖို့ အချိန်အခါကောင်းကို စောင့်နေခဲ့တယ်။
သူတစ်ကိုယ်တည်း တိတ်တဆိတ်။
ရုရှားဝင်လာတဲ့အချိန် ဆိုင်မွန်တစ်ဦးတည်း သူ့ရဲ့ မိတ်ဆွေကြီး
စနိုက်ပါဟောင်းကြီးနဲ့ ရုရှား စစ်သား ၅၀၀ ကျော်ကို အပြတ်ရှင်းနိုင်
ခဲ့တယ်။ သူ့ရဲဘော်တွေက အဝေးကြည့် မှန်ဘီလူး တွေနဲ့ သေနတ်ကို
သုံးနေတဲ့အချိန် သူကတော့ ရန်သူကိုတစ်ယောက်မှ မလွတ်ရအောင်
ပိုတိကျသေသပ်တဲ့ Iron sight ကို သုံးတယ်။ စနိုက်ပါ သေနတ်
လေဆာရောင်က ရန်သူတွေကို သတိပြုမိစေတာမျိုး အဖြစ်မခံခဲ့ဘူး။
ရန်သူတပ်တွေ သူဘယ်မှာရှိနေလဲ ဆိုတာလည်း ခန့်မှန်းလို့မရအောင်ကို
ဆိုင်မွန်တစ်ယောက် မချွတ်မချော် နေနိုင်ခဲ့တယ်။ နှင်းထုကြီးနဲ့ အသွင်
ဖျောက်ထားတဲ့အပြင် သူ့ဘေးပတ်ပတ်လည်မှာ နှင်းပုံကြီးတွေ ထပ်ဖို့
ထားပြန်ခဲ့တယ်။ မြေပေါ်လှဲပြီး ရန်သူတွေကို စောင့်နေရတဲ့အချိန်မှာ
လည်း ပါးစပ်ထဲက ထွက်နေတဲ့ နှင်းငွေ့တွေကို ရန်သူမြင်ပြီး ရိပ်မိနိုင်
ခြေရှိလို့ သူ့ပါးစပ်ထဲ နှင်းတုံးတွေကို ဆို့ထားခဲ့တယ်။
လက်ဖြောင့် စနိုက်ပါလူသတ်သမား နှင်းလူသား လို့ ရန်သူ ရုရှားတွေဆီ
အထိ နာမည်ဂုဏ်သတင်းကြီးခဲ့တယ်။ ဖင်လန်စစ်ဗိုလ်ချုပ်မှုးကိုယ်တိုင်က
သူ့အကြောင်းနဲ့ လုပ်ကိုင်စွမ်းကို သိရတဲ့အခါ အသစ်စက်စက် စနိုက်ပါ
ရိုင်ဖယ်သေနတ်ကို သူ့အတွက် သီးသီးသန့်သန့် ဆုချီးမြှင့်ပေးခဲ့တယ်။
ကံဆိုးခဲ့တာက ဆောင်းရာသီ စစ်ပွဲကြီးမပြီးခင် ၁၁ ရက်အလို မှာ
ဆိုဗီယက်စစ်သားက သူ့ကို ရှာတွေ့သွားပြီး မျက်နှာမေးရိုးရိုးတည့်တည့်
အပစ်ခံခဲ့ရပါတယ်။ ဆယ်တစ်ရက်လောက် ကိုမာရပြီး သတိလစ်မေ့မြော
နေခဲ့တယ်။ သူပြန်သတိရလာတဲ့ အချိန် စစ်ကြီးပြီးသွားခဲ့ပြီ။ သူ့မျက်နှာ
တစ်ခြမ်းကိုတော့ ဆုံးရှုံးသွားခဲ့တယ်။
သူကတော့ မမှု။ မျက်နှာတည့်တည့် သေနတ်နဲ့အပစ်ခံခဲ့ရတဲ့ ဒဏ်ကနေ
ပြန်သက်သာဖို့ နစ်ပေါင်းများစွာ အချိန်ယူပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ဂရုစိုက်
ခဲ့ရပေမယ့် အသက် ၉၆ နှစ်အထိ အသက်ရှည်ရှည် နေသွားခဲ့တယ်။
စစ်ပွဲပြီးတော့လည်း ဖင်လန်သမ္မတ Urho Kekkonen နဲ့ အတူ
အမဲပစ်တောလိုက်ထွက်ရင်း သူ့ရဲ့ သေနတ်စွမ်းရည်ကို အသုံးချ
နေခဲ့ဆဲပါပဲ။ သမင်လိုက် သိပ်ကျွမ်းတဲ့ မုဆိုးကျော်ကြီး ဖြစ်ခဲ့သေးတယ်။
source:CantWait2Say
link -
No comments:
Post a Comment