ဝါးပလုတ္အေၾကာင္းသိေကာင္းစရာ
====================
ဝါးပလုတ္ အေၾကာင္း သိခ်င္တဲ႔ သူေတြ အတြက္..
( ဝါးဂ်ယ္လီ , ဝါးထဲက ရတဲ့ သဘာဝဂ်ယ္လီပါ)
ထားဝယ္ ျမိတ္ရဲ႕ ေဒသစာ အစားအစာ တစ္မ်ဳိးလို႔ သိရပါတယ္။
မိုးက်ၿပီး ဝါးပင္ျဖစ္လာတဲ့အခ်ိန္ ဝါးပင္ေဘးမွာ ဓားနဲ႔
အက္ကဲြရံု ေပါက္ေပးထားရပါတယ္။ ဝါးပင္ရင့္လာတဲ့အခါ
ခုတ္ၿပီး ဝါးဆစ္ေလးေတြ ခဲြၿပီး ထုတ္ယူရပါတယ္။
ဝါးအတြင္း အေမွးေလးေတြရဲ႕ရနံ႔ သင္းသင္းေလး
ုျဖစ္ေနျပီး ဝါးရနံ႕ ေမႊးပါတယ္။
ဝါးပလုတ္ကို ႏြားနုိ့( နို႔ဆီ)သၾကား ေရခဲ နဲနဲထည့္ေဖ်ာ္ထားတာပါ။
ေသာက္ေကာင္းၿပီး ဝမ္းေအးတဲ့ သဘာဝ ဂ်ယ္လီ ေဖ်ာ္ရည္ေပါ့ ။
ဝါးပလုတ္လုပ္နည္း( အေသးစိတ္)
--------------------------------------
မိုးဦးက်ျပီ ဝါးရုံေတြဆီ လူစုျပီး မွ်စ္ခ်ိဳးရန္သြားၾကျပီေပါ့ ။
မိုးျဖိဳင္ျဖိဳင္က်ျပီး မွ်စ္ခ်ိဳးသူေတြ မေတြ႕ဘဲ က်န္ေနခဲ႔တဲ႕
မွ်စ္စို႔ေပါက္ေလးက အရြယ္ မေရာက္တေရာက္ မွ်စ္မက
ဝါးလို အသုံးျပဳလို႔ မရေသးတဲ႔ လသားဝါးေလး လူတစ္ရပ္
ေက်ာ္ေက်ာ္ကို ရွာရပါတယ္။
အဲ႔ဒီဝါးေတြ႕ရင္ ေျမျပင္ကေန ၂ ဆစ္ေျမာက္ ၃ ဆစ္ေျမာက္
ေလာက္မွာ အဆစ္ရဲ႕ ေအာက္နားကေန ဓါးနဲ႕ေရဝင္နိုင္ရံု
အေပါက္ျဖစ္ေအာင္ ခုတ္ေပးရပါတယ္။
ဒါဆိုတဆင့္ျပီးျပီေပါ့။ ကိုယ္နိုင္သေလာက္ တပင္မွာ
၂/၃ဆစ္ေလာက္ေဖါက္ ေနာက္တပင္ေပါ့။ သိပ္မ်ားမ်ား
ေလာဘမႀကီးနဲ႕ မရဘူး။ ဘာ့ေၾကာင့္လဲဆို ဝါးပလုပ္ျဖစ္ရင္
အပင္ေျခက ခုတ္ယူမွာျဖစ္ေတာ့ မွ်စ္ခ်ိဳးတုန္းကတစ္ခါ
ဝါးပလုပ္ လုပ္ေတာ့ တစ္ခါခုတ္ဆို ဝါးမ်ိဳးတုံးတာေပါ့။
အဲအေပါက္ေဖါက္ျပီး ၁၀ရက္ေလာက္ဆို တခါသြားၾကည့္ ။
အေပါက္ေဖါက္ထားတဲ႔ ဝါးအတြင္းထဲကို မိုးေရကဝင္ျပီး
သဘာဝကေပးတဲ့ ဝါးပလုပ္ဆိုတာ ရပါၿပီ ။
မိုးရြာမႈနဲ႔ ရာသီဥတုေပၚ မူတည္ျပီး (၁၀) ရက္ ဒါမွမဟုတ္
(၁၅)ရက္ (၂၀)ရက္ ေလာက္လဲ ၾကာတတ္ပါတယ္။ ဝါးကို
ခုတ္လိုက္ျပီး ခြဲလိုက္ရင္ ဂ်ယ္လီလို အခဲေလးေတြျဖစ္ေနရင္
အားလံုးသာ ခုတ္လာခဲ႔ေပါ့။ မခဲေသးရင္ က်န္တဲ႔အပင္ေတြကို
ေနာင္(၅)ရက္ (၇)ရက္ေလာက္မွ တခါသြားၾကည့္ေပါ့ ခဲသြားျပီ။
တုံတုံေလးျဖစ္ျပီဆို ကိုယ္လုပ္ခဲ႔တဲ့ ဝါးပင္ေပါက္ေလးေတြ
အကုန္သာ ခုတ္ယူခဲ႔ရ ပါမယ္။
ေနာက္မွဆို ၾကာသြားရင္ ညိဳညစ္ျပီး မာသြားပါတယ္
ခုတ္ျပီးရလာတဲ႔ ဝါးပလုပ္ေတြကို ကိုယ္နွစ္သက္ရာ
ေဖ်ာ္ရည္မွာ ထည့္ေသာက္နိုင္ပါတယ္။
နို႔ဆီ သံပုရာ သစ္ခြ ဇီး ဘာနဲ႕ ျဖစ္ျဖစ္ ရပါတယ္။
ေသာက္မကုန္လို႕ ပိုေနရင္ ဘူးတခုခုထဲ
ထည့္သိမ္းထားလို႔ရပါတယ္။
၁၅ ရက္ တစ္လေလာက္ေတာ့ ရမယ္ထင္တယ္။
ဝါးပလုတ္ရဲ႕ ေဆးဘက္ဝင္မႈေတြကေတာ့…ရင္ေအးတယ္။
အသည္းအားေပးတယ္။ ေက်ာက္ကပ္အားေပးတယ္။
အေမာေျပေစ ပါတယ္လို႔ သိ႐ွိရပါတယ္။
Crd,
source:ျပည္ျမန္မာ
#MoeNatthar792
===============================
ဝါးပလုတ်အကြောင်းသိကောင်းစရာ
====================
ဝါးပလုတ် အကြောင်း သိချင်တဲ့ သူတွေ အတွက်..
( ဝါးဂျယ်လီ , ဝါးထဲက ရတဲ့ သဘာဝဂျယ်လီပါ)
ထားဝယ် မြိတ်ရဲ့ ဒေသစာ အစားအစာ
တစ်မျိုးလို့ သိရပါတယ်။
မိုးကျပြီး ဝါးပင်ဖြစ်လာတဲ့အချိန် ဝါးပင်ဘေးမှာ ဓားနဲ့
အက်ကွဲရုံ ပေါက်ပေးထားရပါတယ်။ ဝါးပင်ရင့်လာတဲ့အခါ
ခုတ်ပြီး ဝါးဆစ်လေးတွေ ခွဲပြီး ထုတ်ယူရပါတယ်။
ဝါးအတွင်း အမှေးလေးတွေရဲ့ရနံ့ သင်းသင်းလေး
ုဖြစ်နေပြီး ဝါးရနံ့ မွှေးပါတယ်။
ဝါးပလုတ်ကို နွားနို့( နို့ဆီ)သကြား ရေခဲ နဲနဲထည့်ဖျော်ထားတာပါ။
သောက်ကောင်းပြီး ဝမ်းအေးတဲ့ သဘာဝ ဂျယ်လီ ဖျော်ရည်ပေါ့ ။
ဝါးပလုတ်လုပ်နည်း( အသေးစိတ်)
--------------------------------------
မိုးဦးကျပြီ ဝါးရုံတွေဆီ လူစုပြီး မျှစ်ချိုးရန်သွားကြပြီပေါ့ ။
မိုးဖြိုင်ဖြိုင်ကျပြီး မျှစ်ချိုးသူတွေ မတွေ့ဘဲ ကျန်နေခဲ့တဲ့
မျှစ်စို့ပေါက်လေးက အရွယ် မရောက်တရောက် မျှစ်မက
ဝါးလို အသုံးပြုလို့ မရသေးတဲ့ လသားဝါးလေး လူတစ်ရပ်
ကျော်ကျော်ကို ရှာရပါတယ်။
အဲ့ဒီဝါးတွေ့ရင် မြေပြင်ကနေ ၂ ဆစ်မြောက် ၃ ဆစ်မြောက်
လောက်မှာ အဆစ်ရဲ့ အောက်နားကနေ ဓါးနဲ့ရေဝင်နိုင်ရုံ
အပေါက်ဖြစ်အောင် ခုတ်ပေးရပါတယ်။
ဒါဆိုတဆင့်ပြီးပြီပေါ့။ ကိုယ်နိုင်သလောက် တပင်မှာ
၂/၃ဆစ်လောက်ဖေါက် နောက်တပင်ပေါ့။ သိပ်များများ
လောဘမကြီးနဲ့ မရဘူး။ ဘာ့ကြောင့်လဲဆို ဝါးပလုပ်ဖြစ်ရင်
အပင်ခြေက ခုတ်ယူမှာဖြစ်တော့ မျှစ်ချိုးတုန်းကတစ်ခါ
ဝါးပလုပ် လုပ်တော့ တစ်ခါခုတ်ဆို ဝါးမျိုးတုံးတာပေါ့။
အဲအပေါက်ဖေါက်ပြီး ၁၀ရက်လောက်ဆို တခါသွားကြည့် ။
အပေါက်ဖေါက်ထားတဲ့ ဝါးအတွင်းထဲကို မိုးရေကဝင်ပြီး
သဘာဝကပေးတဲ့ ဝါးပလုပ်ဆိုတာ ရပါပြီ ။
မိုးရွာမှုနဲ့ ရာသီဥတုပေါ် မူတည်ပြီး (၁၀) ရက် ဒါမှမဟုတ်
(၁၅)ရက် (၂၀)ရက် လောက်လဲ ကြာတတ်ပါတယ်။ ဝါးကို
ခုတ်လိုက်ပြီး ခွဲလိုက်ရင် ဂျယ်လီလို အခဲလေးတွေဖြစ်နေရင်
အားလုံးသာ ခုတ်လာခဲ့ပေါ့။ မခဲသေးရင် ကျန်တဲ့အပင်တွေကို
နောင်(၅)ရက် (၇)ရက်လောက်မှ တခါသွားကြည့်ပေါ့ ခဲသွားပြီ။
တုံတုံလေးဖြစ်ပြီဆို ကိုယ်လုပ်ခဲ့တဲ့ ဝါးပင်ပေါက်လေးတွေ
အကုန်သာ ခုတ်ယူခဲ့ရ ပါမယ်။
နောက်မှဆို ကြာသွားရင် ညိုညစ်ပြီး မာသွားပါတယ်
ခုတ်ပြီးရလာတဲ့ ဝါးပလုပ်တွေကို ကိုယ်နှစ်သက်ရာ
ဖျော်ရည်မှာ ထည့်သောက်နိုင်ပါတယ်။
နို့ဆီ သံပုရာ သစ်ခွ ဇီး ဘာနဲ့ ဖြစ်ဖြစ် ရပါတယ်။
သောက်မကုန်လို့ ပိုနေရင် ဘူးတခုခုထဲ
ထည့်သိမ်းထားလို့ရပါတယ်။
၁၅ ရက် တစ်လလောက်တော့ ရမယ်ထင်တယ်။
ဝါးပလုတ်ရဲ့ ဆေးဘက်ဝင်မှုတွေကတော့…ရင်အေးတယ်။
အသည်းအားပေးတယ်။ ကျောက်ကပ်အားပေးတယ်။
အမောပြေစေ ပါတယ်လို့ သိရှိရပါတယ်။
Crd,
source:ပြည်မြန်မာ
No comments:
Post a Comment