အက္ဆီးဒန္ ့
။။။။။။။။။။။။။။။။
တစ္ခါက အေမရိကန္နိုင္ငံက ျမိဳ႕ငယ္ေလးတစ္ျမိဳ႕ရဲ႕
လမ္းေလးခြဆုံမွာ ယာဥ္တိုက္မႈတစ္ခု ျဖစ္ပြားတယ္။
ကားမ်ိဳးေတြ။ ကား ၂ စီးလုံး မိုင္ကုန္တင္လာပုံရတယ္။
တိုက္မိတာလည္း ေတာ္ေတာ္ျပင္းထန္တယ္။
၂စီးလုံးသုံးမရေအာင္ ေၾကမြ ပ်က္စီးသြားတာသာ ၾကည့္ေပေတာ့။
ဒါေပမဲ႕ ထူးဆန္းတာက ကား ၂ စီးလုံးက ယာဥ္ေမာင္းသူေတြဟာ
ေလအိပ္ေၾကာင္ ့ ပြန္းတာပဲ႕တာေလာက္ပဲ ဒဏ္ရာရတယ္။
၂ ေယာက္စလုံး အေကာင္းအတိုင္းပါဘဲ။
တစ္ဦးက အင္မတန္ရုပ္ရည္ေခ်ာေမာ
ေျပျပစ္တဲ႕ ေရွ႕ေနမေလးတစ္ဦး။
က်န္ယာဥ္ေမာင္းကလည္း ရုပ္ရွင္မင္းသားနီးပါး
ေခ်ာေမာခန္ ့ျငားတဲ႕ ခြဲစိတ္ဆရာဝန္ တစ္ေယာက္။
သူတို ့ ကားထဲက အသီးသီးထြက္လာျပီး စကားေျပာျဖစ္တယ္။
အမ်ိဳးသမီး – က်မတို ့ ၂ ေယာက္လုံး
ဘာမွမျဖစ္တာ အံ႕ၾသစရာပါဘဲရွင္။
အမ်ိဳးသား – ဟုတ္ပါရဲ႕ဗ်ာ။
ယုံေတာင္မယုံခ်င္ဘူး။ အိမ္မက္လိုပါဘဲဗ်ာ။
မ – ကံတရားေပါ ့ရွင္။ က်မတို ့၂ ေယာက္ နီးစပ္ဖို ့
ဘုရားသခင္က။ တမင္မ်ား ဖန္ဆင္းေပးလိုက္သလိုပါဘဲလား။
က်ား – ဖူးစာကံ ဖန္လာတယ္ ဆိုတာမ်ားလားမသိဘူးေနာ္။
ထိုစဥ္အမ်ိဳးသမီးမွာ သူမ၏ စုတ္ျပတ္ေနတဲ႕ ကားတံခါးကုိဖြင္ ့ျပီး
ပုလင္းတစ္လုံးယူကာ အမ်ိဳးသားနားသုိ ့ျပန္လာတယ္။
အမ်ိဳးသမီး - က်မတို ့၂ေယာက္ကေတာ ့ ကံေကာင္းျပီးရင္း ကံေကာင္းရင္း
ပါဘဲလား။ က်မ ဝယ္လာတဲ႕ ဝီစကီပုလင္းက မကြဲဘူးေတာ ့။
ကဲ . . .ရွင္နဲ႕က်မ မိတ္ေဆြျဖစ္အထိမ္းအမွတ္ အေနနဲ႕
ဂုဏ္ျပဳလိုက္ၾကရေအာင္ေလ။
က်ား – အေကာင္းဆုံးအၾကံပါဘဲ။
အမ်ိဳးသားသည္ ထိုအမ်ဳိးသမီးကမ္းေပးေသာ ဝီစကီပုလင္းကုိ
ဝမ္းသာအားရ ဖြင္ ့ျပီး တခ်ိဳက္ ခပ္မ်ားမ်ား ေသာက္ခ်လိုက္တယ္။
ျပီးမွ အမ်ိဳးသမီးကုိ ျပန္ကမ္းေပးရင္း-
က်ား – ခင္ဗ်ားလည္း ေသာက္ေလ…. အထိမ္းအမွတ္အေနနဲ႕ ေပါ ့။
မ – က်မ မေသာက္ပါဘူး….
မၾကာခင္ ရဲေတြ ေရာက္လာေတာ့မယ္ေလ….
အဲဒီအခါမွသာ ရွင္ ့ကိစၥ ရွင္ရွင္းေပေတာ့ ….
အရက္ေသာက္ျပီး ကားေမာင္းသူၾကီးေရ… :) :) :)
.
Ref: ဝင္းေဖ ၏ ေတြးစရာ၊ျပံဳးစရာ ပုံျပင္မ်ား။
========================
အက်ဆီးဒန့်
းးးးးးးးးးးးးးးးး
တစ်ခါက အမေရိကန်နိုင်ငံက မြို့ငယ်လေးတစ်မြို့ရဲ့
လမ်းလေးခွဆုံမှာ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားတယ်။
တိုက်မိတဲ့ကား ၂ စီးလုံးက အသစ်စက်စက် ဈေးကြီးတဲ့
ကားမျိုးတွေ။ ကား ၂ စီးလုံး မိုင်ကုန်တင်လာပုံရတယ်။
တိုက်မိတာလည်း တော်တော်ပြင်းထန်တယ်။
၂စီးလုံးသုံးမရအောင် ကြေမွ ပျက်စီးသွားတာသာ ကြည့်ပေတော့။
ဒါပေမဲ့ ထူးဆန်းတာက ကား ၂ စီးလုံးက
ယာဉ်မောင်းသူတွေဟာ လေအိပ်ကြောင့်
ပွန်းတာပဲ့တာလောက်ပဲ ဒဏ်ရာရတယ်။
၂ ယောက်စလုံး အကောင်းအတိုင်းပါဘဲ။
တစ်ဦးက အင်မတန်ရုပ်ရည်ချောမော
ပြေပြစ်တဲ့ ရှေ့နေမလေးတစ်ဦး။
ကျန်ယာဉ်မောင်းကလည်း ရုပ်ရှင်မင်းသားနီးပါး
ချောမောခန့်ငြားတဲ့ ခွဲစိတ်ဆရာဝန် တစ်ယောက်။
သူတို့ ကားထဲက အသီးသီးထွက်လာပြီး စကားပြောဖြစ်တယ်။
အမျိုးသမီး – ကျမတို့ ၂ ယောက်လုံး
ဘာမှမဖြစ်တာ အံ့သြစရာပါဘဲရှင်။
အမျိုးသား – ဟုတ်ပါရဲ့ဗျာ။
ယုံတောင်မယုံချင်ဘူး။ အိမ်မက်လိုပါဘဲဗျာ။
မီး – ကံတရားပေါ့ရှင်။ ကျမတို့၂ ယောက် နီးစပ်ဖို့
ဘုရားသခင်က။ တမင်များ ဖန်ဆင်းပေးလိုက်သလိုပါဘဲလား။
ကျား – ဖူးစာကံ ဖန်လာတယ် ဆိုတာများလားမသိဘူးနော်။
ထိုစဉ်အမျိုးသမီးမှာ သူမ၏ စုတ်ပြတ်နေတဲ့
ကားတံခါးကိုဖွင့်ပြီး ပုလင်းတစ်လုံးယူကာ
အမျိုးသားနားသို့ပြန်လာတယ်။
အမျိုးသမီး - ကျမတို့၂ယောက်ကတော့
ကံကောင်းပြီးရင်း ကံကောင်းရင်းပါဘဲလား။
ကျမ ဝယ်လာတဲ့ ဝီစကီပုလင်းက မကွဲဘူးတော့။
ကဲ . . .ရှင်နဲ့ကျမ မိတ်ဆွေဖြစ်အထိမ်းအမှတ် အနေနဲ့
ဂုဏ်ပြုလိုက်ကြရအောင်လေ။
ကျား – အကောင်းဆုံးအကြံပါဘဲ။
အမျိုးသားသည် ထိုအမျ်ုးသမီးကမ်းပေးသော
ဝီစကီပုလင်းကိုဝမ်းသာအားရ ဖွင့်ပြီး တချိုက်
ခပ်များများ သောက်ချလိုက်တယ်။
ပြီးမှ အမျိုးသမီးကို ပြန်ကမ်းပေးရင်း-
ကျား – ခင်ဗျားလည်း သောက်လေ….
အထိမ်းအမှတ်အနေနဲ့ ပေါ့။
မ – ကျမ မသောက်ပါဘူး….မကြာခင်
ရဲတွေ ရောက်လာတော့မယ်လေ….
အဲဒီအခါမှသာ ရှင့်ကိစ္စ ရှင်ရှင်းပေတော့ ….
အရက်သောက်ပြီး ကားမောင်းသူကြီးရေ… :) :) :)
.
Ref: ဝင်းဖေ ၏ တွေးစရာ၊ပြုံးစရာ ပုံပြင်များ။
No comments:
Post a Comment