မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, August 30, 2020

ေနဆိပ္တက္ျခင္း

ေနဆိပ္တက္ျခင္း
----------------------
.
♦ ေနဆိပ္တက္ျခင္း (Sun Poisoning) ♦

ေနပူပူေအာက္မွာ ၾကာရွည္ေနလၽွင္ေတာ့ျဖင့္ ေခါင္းမူးလာပါတယ္။ 
မ်က္လုံးေတြ ျပာေဝလာၿပီးေနာက္ ညဘက္ေရာက္လၽွင္ အဖ်ားတက္
ပါေတာ့တယ္။ တခ်ိဳ ့ လူမ်ားကေတာ့ အေရျပား ယားယံလာျခင္း ၊ 
အသားအေရ နီရဲလာျခင္း ၊ မီးေလာင္ဖုကဲသို႔ အဖုထြက္လာျခင္းတို႔
ျဖစ္လာတတ္သလို ေမာပန္းႏြမ္းနယ္ျခင္းကိုလည္း ခံစားရတတ္ပါတယ္။
အဲဒီလိုျဖစ္လာတာေတြဟာ တိုက္ရိုက္ရရွိတဲ့ ေနေရာင္နဲ႔ ဓာတ္မတည့္
မႈေၾကာင့္ပါပဲ။

ေနေရာင္ျခည္မွာ ပါတဲ့ ခရမ္းလြန္ေရာင္ျခည္ (ultraviolet rays) က
အခ်ိန္ၾကာျမင့္စြာ လူ႔အေရျပားေပၚကို က်ေရာက္တဲ့အခါမွာ ေနေရာင္နဲ႔
ဓာတ္မတည့္မႈေတြ ခံစား ရလာတတ္ပါတယ္။ ပူျပင္းတဲ့ ရာသီမွာ 
ခရမ္းလြန္ေရာင္ျခည္က အားျပင္းပါတယ္။ ပါးလႊာတဲ့ အေရျပားရွိသူ
မ်ားမွာ ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္နိုင္တဲ့ melanin pigment 
မ်ား ပမာဏနည္းပါးတာေၾကာင့္ ပါးလႊာတဲ့အေရျပား ရွိသူမ်ားဟာ 
ေနဆိပ္တက္ျခင္းကို ပိုမို ခံစားရပါတယ္။ ေနဆိပ္တက္ျခင္းဟာ 
သူ႔ အလိုလိုျဖစ္ျခင္း အျပင္ ထိေတြ႕ေသာေနေရာင္ျခည္က 
ဓာတုေဆးဝါးမ်ားႏွင့္ ဓာတ္ျပဳၿပီးေတာ့လည္း ျဖစ္လာနိုင္ပါတယ္။ 
ဆာလ္ဖာ ပါဝင္ေသာ ေဆးဝါးမ်ား ၊ hypertension အတြက္ 
ေဆးဝါးမ်ား ၊ ဆီးခ်ိဳေရာဂါ အတြက္ ေဆးေသာက္သုံးေနရသူမ်ား ၊ 
ပဋိသေႏၶ တားေဆးမ်ားကို မွီဝဲေနၾကသူမ်ားဟာ ေနဆိပ္တက္ျခင္းကို 
ခံစားရနိုင္ဖြယ္ ရွိပါတယ္။ ဒါ့အျပင္ ကၽြန္မတို႔ လိမ္းက်ံတဲ့ မိတ္ကပ္ ၊ 
အေရျပား လိမ္းေဆး ၊ ကၽြန္မတို႔ သုံးစြဲတဲ့ ကိုယ္တိုက္ ဆပ္ျပာ ၊ 
အဝတ္ေလၽွာ္ဆပ္ျပာ ၊ ေခါင္းေလၽွာ္ရည္ စတာတို႔ကလည္း 
ေနေရာင္ျပင္းျပင္းနဲ႔ ထိေတြ႕တဲ့အခါမွာ ကၽြန္မတို႔ကို ေနဆိပ္တက္ျခင္း 
ခံစားရေစ နိုင္ပါတယ္။

♦ ေနဆိပ္တက္ျခင္း လကၡဏာမ်ား ♦


အခ်ိဳ႕ ေသာသူမ်ားက သူတို႔ သုံးစြဲေသာ ေရေမႊး ၊ မိတ္ကပ္ 
စတာေတြေၾကာင့္ ေနေရာင္ေအာက္မွာ အေရျပားဟာ ပိုၿပီး 
ထိခိုက္လြယ္တတ္ပါတယ္။ ေနေရာင္ေအာက္မွာ ၾကာရွည္ေနလၽွင္
ကိုယ္ခႏၶာမွာ ေရဓာတ္ေလ်ာ့နည္းျခင္း dehydration ကိုခံစားေစရနိုင္ၿပီး
electrolytes မ်ား ဆုံးရွုံးမႈေၾကာင့္ heat stroke ၊ sun stroke ၊ 
heat prostration တို႔ကို ခံစားရေစနိုင္ပါတယ္။ ေနဆိပ္တက္ျခင္းဟာ
ကိုယ္ခႏၶာေပၚကို က်ေရာင္တဲ့ ေနေရာင္ျပင္းအား (intensity of 
sunrays) ၊ ကိုယ္ခႏၶာက ေနေရာင္ကို ခုခံကာကြယ္နိုင္စြမ္း အေပၚကို
မူတည္ၿပီးေတာ့ အနည္းနဲ႔ အမ်ားဆိုသလို ျပင္းထန္ပါတယ္။ 
ေနဆိပ္တက္ျခင္း လကၡဏာမ်ားမွာ 
၁) အေရျပားနီရဲျခင္း ၂) အင္ျပင္ကဲသို႔ နီရဲလာျခင္း ၃) အေရျပား 
ယားယံျခင္း ၄) မီးေလာင္ဖုကဲ့သို႔ အရည္ၾကည္ဖုမ်ား ထြက္လာျခင္း 
၅) ဖ်ားနာျခင္း ၆) ခ်မ္းတုန္ျခင္း ၇) ပ်ိဳ႕အန္ျခင္း ၈) ေမာပန္းႏြမ္းနယ္ျခင္း 
၉) ေခါင္းမူးျခင္း ၁၀) ေရဓာတ္ခမ္းေျခာက္ျခင္း စသည္တို႔ ျဖစ္ၾကပါတယ္။

♦ ကုသျခင္း ♦


အေရျပားေပၚကို ေနေရာင္ျခည္ ပိုမိုက်ေရာက္လၽွင္ေတာ့ အေရျပား
ပ်က္စီးျခင္းကို ျဖစ္ေစနိုင္ၿပီး ၄ ရက္မွ ရ ရက္ထိ ေနေရာင္ႏွင့္ 
တစ္ေနကုန္ တိုက္ရိုက္ ထိေတြ႕ေနလၽွင္ အေရျပားအတြက္ စိုးရိမ္ဖြယ္ 
ရွိလာပါတယ္။ အရြယ္မတိုင္မီ အိုမင္းရင့္ေရာ္ျခင္း ၊ အေရး အေၾကာင္းမ်ား 
ထင္ျခင္း စသည္တို႔ကို ေနာက္ဆက္တြဲ အက်ိဳးဆက္ အျဖစ္ ခံစားရေစ
နိုင္ၿပီး အခန႔္မသင့္လၽွင္ အေရျပားကင္ဆာ (malignant melanoma) 
ျဖစ္ေစနိုင္ပါတယ္။ အေရျပားနီရဲျခင္းေလာက္သာ ခံစားရတဲ့ အားေပ်ာ့တဲ့
ေနဆိပ္တက္ျခင္းကို ကုသရန္ မလိုအပ္ေသာ္လည္း ျပင္းထန္ေသာ 
ေနဆိပ္တက္ျခင္းကို ကုသရန္ လိုအပ္ပါတယ္။ ေရေအးကန္တြင္ 
ေရစိမ္ခ်ိဳးျခင္း ၊ ေရကို လုံေလာက္ေသာ ပမာဏ ေသာက္ေပးျခင္း ၊ 
aspirin ၊ naproxen ၊ ibuprofen ၊ acetaminophen တို႔ကဲသို႔ေသာ 
ေဆးဝါးမ်ားကို ဆရာဝန္ညႊန္ၾကားသည့္ အတိုင္း သုံးစြဲျခင္းျဖင့္ 
ေနဆိပ္တက္ျခင္းကို သက္သာ ေပ်ာက္ကင္း ေစနိုင္ပါတယ္။

ေနေရာင္ျခည္မွာ ပါဝင္ေသာ ခရမ္းလြန္ေရာင္ျခည္ဟာ ခရမ္းလြန္
ေရာင္ျခည္ ေအ၊ ဘီ ၊ စီ (UVA ၊ UVB ၊ UVC rays) စသည္ျဖင့္
၃ မ်ိဳးရွိပါတယ္။ ခရမ္းလြန္ေရာင္ျခည္စီ (UVC rays) ဟာ 
လွဳိင္းအလ်ားအတိုဆုံး ျဖစ္တဲ့အတြက္ ကမၻာေျမေပၚကို မက်ေရာက္
လာနိုင္ဘဲ ခရမ္းလြန္ေရာင္ျခည္ ေအ ႏွင့္ ဘီ သာလၽွင္ ကမၻာေပၚကို 
က်ေရာက္လာပါတယ္။ မ်ားေသာအားျဖင့္ SPF 15 (Sun Protection 
Factors 15) ပါဝင္တဲ့ sunscreen မ်ားဟာ ေနေရာင္ျခည္မွာ ပါဝင္တဲ့
ခရမ္းလြန္ေရာင္ျခည္ဘီ (UVB rays) ကိုသာ ကာကြယ္ေပးနိုင္ပါတယ္။
ဒါေၾကာင့္ sunscreen skin lotion မ်ားဝယ္ယူလၽွင္ ခရမ္းလြန္ေရာင္ျခည္
ေအ (UVA rays) ကိုပါ ကာကြယ္ ေပးနိုင္တဲ့ အမ်ိဳးအစားမ်ိဳးကို 
ေရြးခ်ယ္ ဝယ္ယူသင့္ပါတယ္။

ခရမ္းလြန္ေရာင္ျခည္ေအ ဟာ မွန္သားျပင္ကို ေဖာက္ထြင္း 
ဝင္ေရာက္နိုင္တာမို႔ အိမ္ထဲမွာ ေနရင္းလည္း ခရမ္းလြန္ေရာင္ျခည္ေအ
သင့္ေစတတ္ပါတယ္။ ေနဆိပ္တက္ျခင္း လကၡဏာမ်ား အရွင္းၿပီးျပတ္
ေအာင္ မေပ်ာက္မခ်င္း ေနေရာင္ေအာက္ကို မၾကာခဏ ထြက္ျခင္းမ်ိဳး
ေရွာင္ၾကဥ္သင့္ပါတယ္။ ေနဆိပ္တက္ျခင္းေၾကာင့္ အေရျပား 
ယားယံျခင္း၊ မီးေလာင္ဖုကဲ့သို႔ အရည္ၾကည္ဖုမ်ားထြက္ျခင္းတို႔ကို 
အခ်ိန္ၾကာရွည္ ခံစားေနရ ပါလၽွင္ အေရျပားအထူးကုဆရာဝန္ႏွင့္ 
ျပသကာ ကုသသင့္ပါတယ္။

source:wikipedia
see more:

=================================================

နေဆိပ်တက်ခြင်း
----------------------
.
♦ နေဆိပ်တက်ခြင်း (Sun Poisoning) ♦

နေပူပူအောက်မှာ ကြာရှည်နေလျှင်တော့ဖြင့် ခေါင်းမူးလာပါတယ်။ 
မျက်လုံးတွေ ပြာဝေလာပြီးနောက် ညဘက်ရောက်လျှင် အဖျားတက်
ပါတော့တယ်။ တချို့ လူများကတော့ အရေပြား ယားယံလာခြင်း ၊ 
အသားအရေ နီရဲလာခြင်း ၊ မီးလောင်ဖုကဲသို့ အဖုထွက်လာခြင်းတို့
ဖြစ်လာတတ်သလို မောပန်းနွမ်းနယ်ခြင်းကိုလည်း ခံစားရတတ်ပါတယ်။
အဲဒီလိုဖြစ်လာတာတွေဟာ တိုက်ရိုက်ရရှိတဲ့ နေရောင်နဲ့ ဓာတ်မတည့်
မှုကြောင့်ပါပဲ။

နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည် (ultraviolet rays) က
အချိန်ကြာမြင့်စွာ လူ့အရေပြားပေါ်ကို ကျရောက်တဲ့အခါမှာ နေရောင်နဲ့
ဓာတ်မတည့်မှုတွေ ခံစား ရလာတတ်ပါတယ်။ ပူပြင်းတဲ့ ရာသီမှာ 
ခရမ်းလွန်ရောင်ခြည်က အားပြင်းပါတယ်။ ပါးလွှာတဲ့ အရေပြားရှိသူ
များမှာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ melanin pigment 
များ ပမာဏနည်းပါးတာကြောင့် ပါးလွှာတဲ့အရေပြား ရှိသူများဟာ 
နေဆိပ်တက်ခြင်းကို ပိုမို ခံစားရပါတယ်။ နေဆိပ်တက်ခြင်းဟာ 
သူ့ အလိုလိုဖြစ်ခြင်း အပြင် ထိတွေ့သောနေရောင်ခြည်က 
ဓာတုဆေးဝါးများနှင့် ဓာတ်ပြုပြီးတော့လည်း ဖြစ်လာနိုင်ပါတယ်။ 
ဆာလ်ဖာ ပါဝင်သော ဆေးဝါးများ ၊ hypertension အတွက် 
ဆေးဝါးများ ၊ ဆီးချိုရောဂါ အတွက် ဆေးသောက်သုံးနေရသူများ ၊ 
ပဋိသန္ဓေ တားဆေးများကို မှီဝဲနေကြသူများဟာ နေဆိပ်တက်ခြင်းကို 
ခံစားရနိုင်ဖွယ် ရှိပါတယ်။ ဒါ့အပြင် ကျွန်မတို့ လိမ်းကျံတဲ့ မိတ်ကပ် ၊ 
အရေပြား လိမ်းဆေး ၊ ကျွန်မတို့ သုံးစွဲတဲ့ ကိုယ်တိုက် ဆပ်ပြာ ၊ 
အဝတ်လျှော်ဆပ်ပြာ ၊ ခေါင်းလျှော်ရည် စတာတို့ကလည်း 
နေရောင်ပြင်းပြင်းနဲ့ ထိတွေ့တဲ့အခါမှာ ကျွန်မတို့ကို နေဆိပ်တက်ခြင်း 
ခံစားရစေ နိုင်ပါတယ်။

♦ နေဆိပ်တက်ခြင်း လက္ခဏာများ ♦

အချို့ သောသူများက သူတို့ သုံးစွဲသော ရေမွှေး ၊ မိတ်ကပ် 
စတာတွေကြောင့် နေရောင်အောက်မှာ အရေပြားဟာ ပိုပြီး 
ထိခိုက်လွယ်တတ်ပါတယ်။ နေရောင်အောက်မှာ ကြာရှည်နေလျှင်
ကိုယ်ခန္ဓာမှာ ရေဓာတ်လျော့နည်းခြင်း dehydration ကိုခံစားစေရနိုင်ပြီး
electrolytes များ ဆုံးရှုံးမှုကြောင့် heat stroke ၊ sun stroke ၊ 
heat prostration တို့ကို ခံစားရစေနိုင်ပါတယ်။ နေဆိပ်တက်ခြင်းဟာ
ကိုယ်ခန္ဓာပေါ်ကို ကျရောင်တဲ့ နေရောင်ပြင်းအား (intensity of 
sunrays) ၊ ကိုယ်ခန္ဓာက နေရောင်ကို ခုခံကာကွယ်နိုင်စွမ်း အပေါ်ကို
မူတည်ပြီးတော့ အနည်းနဲ့ အများဆိုသလို ပြင်းထန်ပါတယ်။ 
နေဆိပ်တက်ခြင်း လက္ခဏာများမှာ 
၁) အရေပြားနီရဲခြင်း ၂) အင်ပြင်ကဲသို့ နီရဲလာခြင်း ၃) အရေပြား 
ယားယံခြင်း ၄) မီးလောင်ဖုကဲ့သို့ အရည်ကြည်ဖုများ ထွက်လာခြင်း 
၅) ဖျားနာခြင်း ၆) ချမ်းတုန်ခြင်း ၇) ပျို့အန်ခြင်း ၈) မောပန်းနွမ်းနယ်ခြင်း 
၉) ခေါင်းမူးခြင်း ၁၀) ရေဓာတ်ခမ်းခြောက်ခြင်း စသည်တို့ ဖြစ်ကြပါတယ်။

♦ ကုသခြင်း ♦

အရေပြားပေါ်ကို နေရောင်ခြည် ပိုမိုကျရောက်လျှင်တော့ အရေပြား
ပျက်စီးခြင်းကို ဖြစ်စေနိုင်ပြီး ၄ ရက်မှ ရ ရက်ထိ နေရောင်နှင့် 
တစ်နေကုန် တိုက်ရိုက် ထိတွေ့နေလျှင် အရေပြားအတွက် စိုးရိမ်ဖွယ် 
ရှိလာပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း ၊ အရေး အကြောင်းများ 
ထင်ခြင်း စသည်တို့ကို နောက်ဆက်တွဲ အကျိုးဆက် အဖြစ် ခံစားရစေ
နိုင်ပြီး အခန့်မသင့်လျှင် အရေပြားကင်ဆာ (malignant melanoma) 
ဖြစ်စေနိုင်ပါတယ်။ အရေပြားနီရဲခြင်းလောက်သာ ခံစားရတဲ့ အားပျော့တဲ့
နေဆိပ်တက်ခြင်းကို ကုသရန် မလိုအပ်သော်လည်း ပြင်းထန်သော 
နေဆိပ်တက်ခြင်းကို ကုသရန် လိုအပ်ပါတယ်။ ရေအေးကန်တွင် 
ရေစိမ်ချိုးခြင်း ၊ ရေကို လုံလောက်သော ပမာဏ သောက်ပေးခြင်း ၊ 
aspirin ၊ naproxen ၊ ibuprofen ၊ acetaminophen တို့ကဲသို့သော 
ဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့် အတိုင်း သုံးစွဲခြင်းဖြင့် 
နေဆိပ်တက်ခြင်းကို သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။

နေရောင်ခြည်မှာ ပါဝင်သော ခရမ်းလွန်ရောင်ခြည်ဟာ ခရမ်းလွန်
ရောင်ခြည် အေ၊ ဘီ ၊ စီ (UVA ၊ UVB ၊ UVC rays) စသည်ဖြင့်
၃ မျိုးရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်စီ (UVC rays) ဟာ 
လှိုင်းအလျားအတိုဆုံး ဖြစ်တဲ့အတွက် ကမ္ဘာမြေပေါ်ကို မကျရောက်
လာနိုင်ဘဲ ခရမ်းလွန်ရောင်ခြည် အေ နှင့် ဘီ သာလျှင် ကမ္ဘာပေါ်ကို 
ကျရောက်လာပါတယ်။ များသောအားဖြင့် SPF 15 (Sun Protection 
Factors 15) ပါဝင်တဲ့ sunscreen များဟာ နေရောင်ခြည်မှာ ပါဝင်တဲ့
ခရမ်းလွန်ရောင်ခြည်ဘီ (UVB rays) ကိုသာ ကာကွယ်ပေးနိုင်ပါတယ်။
ဒါကြောင့် sunscreen skin lotion များဝယ်ယူလျှင် ခရမ်းလွန်ရောင်ခြည်
အေ (UVA rays) ကိုပါ ကာကွယ် ပေးနိုင်တဲ့ အမျိုးအစားမျိုးကို 
ရွေးချယ် ဝယ်ယူသင့်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အေ ဟာ မှန်သားပြင်ကို ဖောက်ထွင်း 
ဝင်ရောက်နိုင်တာမို့ အိမ်ထဲမှာ နေရင်းလည်း ခရမ်းလွန်ရောင်ခြည်အေ
သင့်စေတတ်ပါတယ်။ နေဆိပ်တက်ခြင်း လက္ခဏာများ အရှင်းပြီးပြတ်
အောင် မပျောက်မချင်း နေရောင်အောက်ကို မကြာခဏ ထွက်ခြင်းမျိုး
ရှောင်ကြဉ်သင့်ပါတယ်။ နေဆိပ်တက်ခြင်းကြောင့် အရေပြား 
ယားယံခြင်း၊ မီးလောင်ဖုကဲ့သို့ အရည်ကြည်ဖုများထွက်ခြင်းတို့ကို 
အချိန်ကြာရှည် ခံစားနေရ ပါလျှင် အရေပြားအထူးကုဆရာဝန်နှင့် 
ပြသကာ ကုသသင့်ပါတယ်။

source:wikipedia
see more:

No comments:

Post a Comment