မုဆိုးမတည်တဲ့ဆေးရုံ
-----------------------------
■ မေတ္တာ..သစ္စာနဲ့ ကိုယ်ချင်းစာတရားက ဆောင်ကျဉ်းသွားတဲ့ အောင်မြင်မှုသန္နိဌာန်တခုလို့ပြောရမဲ့ အိန္ဒိယက ဖြစ်စဉ်တခုဖြစ်ပါတယ်။ အသက် (၂၃) နှစ်အရွယ်မှာ လင်သားဆုံးပါးသွားတဲ့ ပညာမဲ့ ဆင်းရဲသားမုဆိုးမတဦးက အနှစ်နှစ်ဆယ်ကျော် ကျားကုတ်ကျားခဲ အားထုတ်ပြီး ဘဝတူဆင်းသားရဲသား တွေအတွက် ဆေးရုံတခုကိုထူထောင်နိုင်ခဲ့တယ်။
အနည်းငယ်သောလူတချို့သာ ဒီလိုရည်မှန်းချက်အိမ်မက် သန္နိဌာန်မျိုးကိုပြုနိုင်သလို အဲဒီပြုသူတွေထဲက တကယ့်အနည်းစုသာ လက်တွေ့အကောင်အထည် ဖော်နိုင်တယ်။ ခုအခါ အသက် (၆၅) နှစ်ရှိပြီ ဖြစ်တဲ့ မုဆိုးမတဦးဟာ သူအသက် (၂၃)နှစ်အရွယ်မှာ ဆေးဝါးကုသမှု ထိထိရောက်ရောက်မလုပ်နိုင်လို့ သူ့ခင်ပွန်း သည်ကို ဆုံးရှုံးခဲ့ရတယ်။ သူလိုအဖြစ်မျိုးမကြုံရ မခံစားရအောင် ဒီနေ့သူဟာ ဆင်းရဲသားတွေအတွက် ဆေးရုံတခုကို သန္နိဌာန်ပြုခဲ့တဲ့အတိုင်း ထူထောင်နိုင်ခဲ့ပါပြီ။
သူကတော့တော့ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်က ဆူဗာရှီနီ (Subhashini) ဆိုသူ ဖြစ်ပါတယ်။ သူ့ကိုလယ်သမားမိဘတွေကမွေးဖွားခဲ့ပြီး အသက် (၁၂) နှစ်အရွယ်မှာ အိမ်ထောင်ချပေးခံခဲ့ရတယ်။ သူ့အသက် (၂၃) နှစ်မှာ လုံလောက်ထိရောက်တဲ့ ဆေးဝါးကုသတာမလုပ်နိုင်ခဲ့လို့ သူ့ခင်ပွန်းသည် ဆုံးပါး သွားရတယ်။ ကလေးတွေနဲ့ မုဆိုးမဖြစ်ကျန်ခဲ့တယ်။ သူ့လိုအဖြစ်မျိုးနောက်ထပ်ဘယ်သူမှ မကြုံတွေ့ မခံစားရအောင်လုပ်မယ်လို့ ဆူဗာရှီနီ ဆုံးဖြတ်ကြိုးစားခဲ့တယ်။
သူ့ဆုံးဖြတ်ချက်အတိုင်းဖြစ်လာဖို့အတွက် လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်ကျော်ကာလ တလျောက်လုံး ဆူဗာရှီနီဟာ ကိုလ်ကတား(ယခင် ကာလကတ္တား) မြို့ကြီးရဲ့ဆင်ခြေဖုံးမှာနေထိုင်ရင်း ဆေးရုံဆောက်မယ် ဆိုတဲ့ စိတ်ကူးအိမ်မက်အပျက်မခံနိုင်လို့ ဇိမ်ခံမှုအတွက် တပြားတချပ်တောင် မသုံးခဲ့ဖူးဘူး။ “ကျမရှာလို့ ငါးပြားရရင် နှစ်ပြားကို အိမ်ငှားခပေးတယ်၊ နှစ်ပြားက စားတယ်၊ ကျန်တဲ့တပြားကိုစုတယ်” လို့ သူက ပြောပြတယ်။ ဆူဗာရှီနီ (Subhashini) ရဲ့ ဘဝအမှောင်တိုက်ထဲက ငွေရောင်အနားကွပ်လို မျှော်လင့်ချက် အလင်းရောင်ကတော့ သူ့ရဲ့ သားကြီး အဂျွိင်း (Ajoy) ပဲဖြစ်တယ်။ သားကြီးက လိမ္မာကြိုးစားတဲ့ ကျောင်းသားဖြစ်ပေမယ့် သူက ကျောင်းစားရိတ်မတတ်နိုင်ဘူး။ ဒါကြောင့် မိဘမဲ့ဂေဟာကို ပို့လိုက်ရတယ်။ ခုတော့သူက ဆရာဝန်ဖြစ်နေပြီ။
၁၉၉၃ ခုနှစ်အရောက်မှာတော့ သူ့ရဲ့ တသက်တာစုဆောင်းငွေတွေနဲ့ ဝယ်လိုက်တဲ့မြေ တဧကပေါ်က ဖြစ်ကတတ်ဆန်း တဲအဆောက်အဦလေးနဲ့ ပထမဆုံး ဆေးပေးရုံလေး လုပ်ကြတယ်။ ဆရာဝန်ကတော့ သူတို့ ဆေးရုံ ဆေးခန်းတွေက ပြီးစီးချိန်မှာ စေတနာ့ဝန်ထမ်း လာရောက်လုပ်ကိုင်ပေးကြတဲ့ သူ့ရဲ့သားကြီး အဂျွိုင်းနဲ့ သူ့ရဲ့သူငယ်ချင်း ဆရာဝန်တယောက်တို့ပဲဖြစ်တယ်။ ပထမဆုံးနေ့မှာ လူနာ (၂၅၂) ဦးကို ကုသပေးခဲ့တာကို ဆူဗာရှီနီက မျက်ရေကိုထိန်းရင်း ပြန်ပြောပြရှာတယ်။ အဲတုန်းထဲက သူက သူ့သား
အဂျွိုင်းကို “ငါတို့ ဒီလောက်နဲ့ကျေနပ်လို့မဖြစ်ဖူး၊ ခန့်ခန့်ထယ်ထယ် ဆေးရုံတခုဖြစ်အောင် လုပ်ကြရမယ်” လို့ နှိုးဆော်ခဲ့တယ်။
Lady Vegetable Vendor Builds Hospital For Poor In Kolkata |
ဆူဗာရှီနီဟာ လမ်းမပေါ်ပြန်တက်ပြီး ဟင်းသီးဟင်းရွက်ရောင်းတယ်။ ဘွဲ့ရပညာတတ် တယောက်ဖြစ် လာတဲ့ သားလတ် ဆူဂျွိုင်း (Sujoy)ကလဲ အမေကိုကူနိုင်လာလို့ ငွေပိုစုနိုင်လာတယ်။ သားကြီးဆရာဝန် အဂျွိုင်းကလည်း စီးပွားရေးအသင်းအဖွဲ့တွေ၊ ကော်ပိုရေးရှင်းကြီးတွေနဲ့ ကုသိုလ်ဖြစ်ထောက်ပံ့ရေး အသင်းတွေကို အကူအညီအတွက် တီးခေါက် စနည်းနာ ချဉ်းကပ်ကြည့်တယ်။ ၁၉၉၅ ခုနှစ်မှာ ဆေးရုံ အဆောက်အအုံ ပန္နက်ချခြဲ့ပီး ၁၉၉၆ မှာ နှစ်ထပ်အဆောက်အဦ ဆေးရုံကို ဆင်းရဲသားတွေအတွက်
ဖွင့်လှစ်နိုင်ခဲ့ကြတယ်။
ခုနေအခါမှာတော့ ဆူဗာရှီနီရဲ့ ကုသိုလ်ဖြစ်ဆေးရုံဟာ သုံးဧကအကျယ်အဝန်းပေါ်က ဆေးရုံ အဆောက်အဦ တွေနဲ့ ဆရာဝန်ကောင်းတွေ၊ ဆေးရုံသုံးကိရိယာအစုံအလင်နဲ့ ထယ်ထယ်ဝါဝါဖြစ်ပြီး သာမန်ကုသမှုအတွက် (၁၀) ရူပီးထက်မပို၊ ခွဲစိတ်ကုသမှုမျိုးစုံအတွက် (၅၀၀၀) ရူပီးထက်မပိုတဲ့ စရိတ် တွေနဲ့ ကုသပေးနေတယ်။ (တရူးပီးကို မြန်မာ ၁၅ ကျပ်) ဆူဗာရှီနီအတွက်တော့ သားကြီး အဂျွိုင်းနဲ့ တခြားမောင်နှမ သုံးယောက်တို့ဟာ အထောက်အခံ အားမာန်တွေဖြစ်တယ်။ အဂျွိုင်းက ဆေးရုံလူနာ တွေကို စစ်ဆေးကုသတယ်။ သူ့ဇနီးက ကျွေးမွေးပြုစုတယ်၊ နှမက သူနာပြုလုပ်တယ်။ မုဆိုးမမိခင်ဆူဗား ကိုယ်တိုင်လဲ တခါတရံလူနာတွေကို အားပေတတ်သလို သူ့ရဲ့မြေးတွေကြည့်ရှုရင်း နေ နေတတ်တယ်။ သူကတော့ သူ့ရဲ့စိတ်ကူးအကြံတွေ မပြီးဆုံးသေးဘူး၊ ဆက်လုပ်စရာတွေ ရှိနေသေးတယ်လို့ ပြောနေဆဲဖြစ်တယ်။
==========================================
( A woman who built the hospital by selling vegetables ဆိုတဲ့
ဆောင်းပါးကိုဘာသာပြန်တယ်.. ရဲဘော် Kyaw Than)
Links
http://beyondheadlines.in/category/real-heroes/
http://beyondheadlines.in/2014/02/vegetable-vendor-builds-hospital-for-poor/
facebook link -
https://www.facebook.com/permalink.php?story_fbid=1825195754428718&id=100008149329661
No comments:
Post a Comment