းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အတွေးခေါ်သိုင်းသမား...
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
.
တစ်နေ့မှာ သိုင်းဆရာကြီး ဆီကို
သူ့တပည့်တစ်ယောက်က လာပြီး မေးတယ်။
“ဆရာကြီးဆီမှာ ကျနော်တပည့်ခံပြီး ပညာသင်ယူခဲ့တာ
တော်တော်လေး ကြာခဲ့ပါပြီ၊ ဒါပေမယ့် အခုထက်ထိကို
ကျနော့်ရဲ့ သိုင်းပညာအဆင့်က ဘယ်လိုမှ မတိုးတက်လာဘူး၊
သူများတွေနဲ့ယှဉ်လိုက်တိုင်း ကျနော်ချည်းပဲ ခံနေရတယ်၊
ကျနော် ဘာဆက်လုပ်ရမလဲ လမ်းညွှန်ပေးပါဦး ခင်ဗျာ.."
သိုင်းဆရာကြီးက ခေါင်းတဆတ်ဆတ် ညိတ်ရင်း
ဟိုးအဝေးကို မျှော်ကြည့်ပီးတော့မှ၊ သူ့တပည့်ကို ပြန်မေးလိုက်တယ်။
“အိမ်း ... ဒီမယ် ငါ့တပည့် နေ၀င်ချိန်တွေမှာ ပျံသန်းလာလေ့ရှိတဲ့
စင်ယော်ငှက်တွေရဲ့ လေဟုန်ကို ထိုးခွင်းတဲ့ အတောင်ပံခတ်ပုံ တွေကို
မင်းသတိထား မိသလားကွယ့်”
“ဟုတ်ကဲ့ ကျနော် သတိထား မိပါတယ်ခင်ဗျ.."
”အိမ်း ... ရေတံခွန်ပေါ်က စီးကျလာတဲ့ ရေတွေဟာ
ခိုင်ခန့်တဲ့ ကျောက်ဆောင်ကြီး တွေကို ရိုက်ခတ်ပြီးတဲ့ နောက်မှာ
ရေမှုန်ရေမွှားလေးတွေ အဖြစ် ဖြန့်ကျက်စင်ထွက် သွားကြတာကိုရော
မင်းသတိထား မိရဲ့လားကွယ့်”
”ဟုတ်ကဲ့ ကျနော် သတိထား မိပါတယ်ခင်ဗျ.."
”အိမ်း ... ညအခါမှာ အေးမြတဲ့ လရောင်ဟာ တည်ငြိမ်နေတဲ့
ကန်ရေပြန်အပေါ်ကို ကျဆင်းလာချိန်မှာ ကန်တစ်ပြင်လုံးကို
တိတ်တဆိတ်နဲ့ အရောင်ပြန်သွားတာ ကိုရော
မင်းသတိထား မိရဲ့လားကွယ့်”
”ဟုတ်ကဲ့ ကျနော် သတိထား မိပါတယ်ခင်ဗျ.."
”အိမ်း ...အဓိက ပြဿ နာက အဲဒါပဲ မင်းက
အားအားရှိ အဲဒီ သောက်ရေးမပါတာ တွေပဲ
လိုက်လိုက် ကြည့်နေပြီး
သိုင်းကျတော့ မကျင့်ဘူး.."
"ဂိန်.." :) :) :)
No comments:
Post a Comment