မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, September 6, 2018

အရြယ္တင္ေစတဲ့ကုသိုလ္


အရြယ္တင္ေစတဲ့ကုသိုလ္
----------------------------
ျမန္မာဗုဒၶဘာသာ၀င္တိုင္း ရင္းႏွီးေနတာက ပုဗၺာရံုေက်ာင္းအမၾကီး ၀ိသာခါ ပါ။ ေက်ာင္းအမၾကီးဟာ သားဆယ္ေယာက္ သမီးဆယ္ေယာက္ ေမြးဖြါးခဲ့ျပီး ၄င္းရဲ့သားသမီးေတြကလဲ အေယာက္ ၂၀ ဆီ ထပ္မံေမြးၾကတာေၾကာင့္ ၀ိသာခါမွာ ေျမး ေလးရာ၊ ျမစ္ရွစ္ေထာင္ရရွိခဲ့ေပမဲ့ မ်ားျပားလွတဲ့ သားသမီးေျမးျမစ္ေတြကို လံုေလာက္စြာေၾကြးေမြးရံုမက အလွဴလက္နဲ႕မျပတ္ လွဴနိုင္ေလာက္ေအာင္ ခ်မ္းသာၾကြယ္၀တဲ့ ရာဇျဂိဳလ္ျမိဳ႕ရဲ့ ထိပ္တန္းသူေဌးၾကီး ၅ ေယာက္ထဲက တစ္ေယာက္ေသာသူေဌးျဖစ္တဲ့
ေမ႑ကသူေဌးရဲ့ေျမးျဖစ္ျပီး သူမအတြက္ သာေကတျမိဳ႕ကိုေတာင္ တည္ေပးတယ္ဆိုတာေတြဖတ္ရေတာ့ ကုသိုလ္ကံေကာင္းလိုက္တာလို႕
အားက်မိၾကမွာပါ။

ဒီထက္ပို အားက်စရာေကာင္းတာကေတာ့ ေက်ာင္းအမၾကီးရဲ့
အသက္နဲ႕မလိုက္ေအာင္ ပ်ိဳရြယ္ေနျခင္းပါ။ ဘယ္ေလာက္ေတာင္မွ
နုပ်ိဳသလဲဆိုရင္ ေက်ာင္းအမၾကီးနဲ႕ သူမရဲ့ေျမးမေတြကို မျမင္ဘူးသူ
ေတြက ခြဲျခားမသိနိုင္ပါဘူးတဲ့။ ခြဲျခားနိုင္တဲ့တစ္ခုတည္းေသာအခ်က္
ကေတာ့ ေက်ာင္းအမၾကီး ဘုရားထံလာေရာက္ျပီး ပုဆစ္တုပ္၀တ္ျပဳ
ရာက အထမွာေတာ့ ေျမးမေတြလို အျမန္မထနိုင္ပဲ အနည္းငယ္ေႏွး
ေကြးပါတယ္တဲ့။ ျမတ္ဘုရားေဟာေတာ္မူတဲ့ ကံမၼနိယာမေတြထဲမွာ
လွူဒါန္းေပးကမ္းတဲ့ ကုသိုလ္ေတြေၾကာင့္ ခ်မ္းသာၾကြယ္၀တာ၊
သူတစ္ပါးတို႕ကို ဒါနမွဳေတြျပဳလုပ္ျဖစ္ေအာင္လွံဳ႕ေဆာ္ခဲ့လို႕သားသမီး
အေျခြအရံမ်ားတာ၊ သီလလံုျခံဳခဲ့လို႕ အသက္ရွည္တာ က်န္းမာတာ၊
ေဒါသနည္းျပီး ကရုဏတရားထားလို႕ ရုပ္ရည္ေခ်ာေမာတာ
စတာေတြကို သိထားေပမဲ့။ ဘာေကာင္းမွဴေတြလုပ္ခဲ့လို႕ အရြယ္တင္
ႏုပ်ိဳတယ္ဆိုတာကိုေတာ့ မၾကားဖူးပါဘူး။ သုတၱန္တရားေတာ္ေတြထဲမွာ
ေခ်ာတဲ့လွတဲ့သူေတြ၊ ပိုင္ဆိုင္မွဴေတြ မေရမတြက္နိုင္ေလာက္ေအာင္
မ်ားျပားတဲ့သူေဌးေတြ (သူၾကြယ္ဆိုတာက ၄င္း၏ ပိုင္ဆိုင္မွဴကို
ေရတြက္နိုင္တယ္။ ယခုေခတ္ သန္းၾကြယ္သူေဌးဆိုတာမ်ိုး)၊
အသက္ရွည္တဲ့သူေတြ၊ က်န္းမာတဲ့သူေတြရွိေပမဲ့ ေက်ာင္းအမၾကီးလို
ထူးထူးျခားျခား အရြယ္တင္ပါတယ္ဆိုတာ မရွိပါဘူး။

အရြယ္တင္နဳပ်ိဳတာကို လူတိုင္းလိုလားၾကပါတယ္ အထူးသျဖင့္ ၊
အလြန္လွခ်င္ေသာ အမ်ိဳးသမီးေတြက သိခ်င္ၾကပါတယ္။ ဒါေပမဲ့
ဘုရားေဟာတရားေတာ္ထဲမွာ ယခုထက္တိုင္ရွာမေတြ႕ခဲ့ပါဘူး။ ဒါျဖစ္ရင္
ေက်ာင္းအမၾကီးကို ခ်ီးက်ဴးၾကရာက စကားဆိုတဲ့အတိုင္း ေျပာရင္း
ေျပာရင္း ကားလာတာလား ? တကယ္အရြယ္တင္တယ္ဆိုတာ
ဟုတ္ရဲ႕လား ?

၂၀၀၀ မတိုင္ခင္က ဆရာေတာ္ဦးေဇာ္တိကရဲ့ တရားေခြအကုန္ေလာက္
နီးပါးကို နာမိပါတယ္။ ဆရာေတာ္က တရားေတာ္ေတြကို ေန႔စဥ္ဘ၀နဲ႕
ဆက္စပ္ျပီး ေနတတ္ထိုင္တတ္ေအာင္ ေဟာျပေတာ္မူပါတယ္။ အဲ့ဒီထဲက
တရားတစ္ပုဒ္မွာ အေမရိကန္က တရားထိုင္သူေတြမွာ လက္ေတြ႔သိပၸံ
နည္းနဲ႕စမ္းသပ္ေတြ႕ရွိမွူေတြကို ထဲ့သြင္းေဟာေတာ္မူပါတယ္။
တရားေခါင္းစဥ္ေတာ့ မမွတ္မိေတာ့ပါဘူး။ အဲ့ဒီ စမ္းသပ္မွဳ႕မွာ
လူသံုးအုပ္စု ပါ၀င္ပါတယ္။ တစ္အုပ္စုက အေမရိကန္မွာေနထိုင္တဲ့
သာမန္တရားမထိုင္တဲ့သူ၊ ႏွစ္အုပ္စုက တရားထိုင္တယ္။ ဒါေပမဲ့
ရန္ဖန္ရန္ခါသာထိုင္တယ္။ တတိယအုပ္စုကေတာ့ တရားအျမဲထိုင္တယ္။
အဲ့ဒီလူေတြရဲ့ ဥေဏွက္ကလာတဲ့ ေသြးျပန္ေၾကာကေသြးကိုယူျပီး
ဓါတ္ခြဲခန္းမွာ battery of available tests ေတြကို စစ္ၾကတယ္။
အေျဖဘာေတြ႕သလဲဆိုေတာ့။ ပထမ အုပ္စုကေသြးေတြမွာ stress
hormones လို႕ေခၚတဲ့ steroids hormones ေတြ သာမန္ထက္မ်ား
ေနတယ္။ ဒုတိယအုပ္စုကေသြးေတြမွာ stress hormones ေတြ
သာမန္ေလာက္သာရွိေနတယ္။ တတိယအုပ္စုကေသြးေတြမွာ stress
hormones ေတြသာမန္ထက္နည္းေနျပီး။ endorphins လို႕ေခၚတဲ့
(endogenous opioids ) လူ႕ကိုယ္တြင္းကထုတ္တဲ့ ဘိန္းနဲ႕တူတဲ့
hormones  ေတြရွိေနတာေတြ႕ရတယ္။ ဒီ endorphins ေတြက
ဘိန္းေတြလိုပဲ အနာသက္သာေစတယ္။ ဒါေပမဲ့ဘိန္းလို မစြဲဘူး
(addiction)၊ ၄င္းအျပင္  steroids hormones ေတြရဲ့သတၱိေတြကို
ပယ္ေဖ်ာက္ပစ္တယ္။ steroids hormones ေတြကို stress hormones
လို႕ေခၚရတဲ့အေၾကာင္းက လူအပါအ၀င္ သတၱ၀ါတစ္ေကာင္ဟာ
အေရးေပၚအေျခအေန (stress ဥပမာ ရန္သူနဲ႕ေတြ႕ျခင္းစသည္)  နဲ႕
ႀကဳံလာတဲ့အခါမွာ (either fight or flight) ျပန္တိုက္ရင္တိုက္ မတိုက္
ႏုိင္ရင္ ေျပးဖို႕အတြက္ ကိုယ္မွာရွိတဲ့စြမ္းအင္ေတြကို အသံုးခ်ပါတယ္။
အဲ့ဒီ process မွာ အသားေတြ၊ အဆီစတာေတြကို ေျခဖ်က္ျပီး စြမ္းအင္
ထုတ္လုပ္ပါတယ္။ ယခုလို တိုးတက္တဲ့ေခတ္မွာ ျပန္တိုက္လို႔လဲမရ၊
ေျပးလို႔လဲမရတဲ့ အေျခအေနမ်ား ဥပမာ air pollution, noise pollution,
uv rays စတဲ့  stress  မ်ားေၾကာင့္ stress hormones ေတြ ကို
ကိုယ္ခႏၶာက သာမန္ထက္ပိုမို ထုတ္ပါတယ္။ ဒါေၾကာင့္အခုေခတ္ကို
stress era လို႔ေတာင္ေခၚဆိုပါတယ္။ ဒီ stress hormones ေတြေၾကာင့္
က်မတို႕ေတြ ေန႕စဥ္နဲ႔အမွ် senile changes အိုတဲ့လကၡဏာေတြျဖစ္တဲ့
အသားအေရတြဲျခင္း၊ ဆံပင္ျဖဴျခင္းတို႕ ျဖစ္ၾကပါတယ္။ ဒါေပမဲ့ တရား
မွန္မွန္ထိုင္တဲ့သူေတြမွာေတာ့  stress hormones ေတြကို ေျခဖ်က္ေပး
တဲ့ endorphins ေတြထြက္လာတာေၾကာင့္ senile changes ေတြ
သာမန္လူေတြထက္ ေလ်ာ့့့့့တယ္ဆိုတဲ့ အေျဖကို ေတြ႕ရပါတယ္။
ေလ့လာတဲ့သူေတြက တရားထိုင္တဲ့အခ်ိန္နဲ႕ endorphins ေတြထြက္တဲ့
အခ်ိဳး (relation) ကိုလဲ ေလ့လာၾကပါတယ္။ သူတို႕ရဲ့ေတြ႔ရွိခ်က္ကေတာ့
တရားထိုင္တာ ၄၅ မိနစ္ ၾကာမွ endorphins ေတြစထြက္ပါတယ္တဲ့။

ေခတ္ေပၚေဆးပညာ ခြဲစိပ္ကုသျခင္းျဖင့္ အရြယ္တင္ေအာင္ျပဳလုပ္ျခင္းက
ေငြေၾကးအကုန္အက် အလြန္မ်ားတဲ့အျပင္ ငို၍ရီ၍မရေသာမ်က္နာမ်ိဳး
အျပင္ အရုပ္ဆိုးအၾကီးတန္တဲ့မ်က္ႏွာ ကစလို႕ ေသဆံုးသည္အထိ
ေဘးထြက္ဆိုးက်ိဳးေတြ ရနိုင္ပါတယ္။ botox ထိုးျခင္းကလဲ အခ်ိန္
အတိုင္းအတာတစ္ခုထိသာ ျပဳလုပ္နိုင္ပါတယ္။ ( botox ထိုးလွ်င္
တစ္ခါနဲ႔တစ္ခါ အာနိသင္ေတြ နည္းလာပါတယ္။) ဒါေၾကာင့္ ပိုက္ဆံလဲ
မကုန္၊ ေဘးထြက္ဆိုးက်ိဳးလည္းမရွိတဲ့အျပင္ ကုသိုလ္လဲရတဲ့
တရားထိုင္ျခင္းကို ေန႔စဥ္ အနဲဆံုး တစ္နာရီျပဳလုပ္ၾကပါလို႕
နွိုးေစာ္အပ္ပါတယ္။

မိတ္ေဆြအားလံုး ငယ္ရြယ္ႏုပ်ိဳလန္းဆန္းၾကပါေစ။

Posted by ေဒၚစိုး
link -
http://ahchitsone.blogspot.com/2018/06/blog-post.html
see also:
http://www.happy-neuron.com/scientific-news/can-meditation-keep-you-young
http://zenfulspirit.com/2017/06/20/meditation-can-keep-brain-young/
Facebook Link
https://www.facebook.com/permalink.php?story_fbid=2248539412094348&id=100008149329661
=====================
unicode version
အရွယ်တင်စေတဲ့ကုသိုလ်
-----------------------------


မြန်မာဗုဒ္ဓာသာဝင်တိုင်း ရင်းနှီးနေတာက ပုဗ္ဗာရုံကျောင်းအမကြီး
၀ိသာခါ ပါ။ ကျောင်းအမကြီးဟာ သားဆယ်ယောက် သမီးဆယ်ယောက်
မွေးဖွါးခဲ့ပြီး ၄င်းရဲ့သားသမီးတွေကလဲ အယောက် ၂၀ ဆီ ထပ်မံမွေးကြ
တာကြောင့် ၀ိသာခါမှာ မြေး လေးရာ၊ မြစ်ရှစ်ထောင်ရရှိခဲ့ပေမဲ့ များပြား
လှတဲ့ သားသမီးမြေးမြစ်တွေကို လုံလောက်စွာကြွေးမွေးရုံမက အလှူ
လက်နဲ့မပြတ် လှူနိုင်လောက်အောင်ချမ်းသာကြွယ်ဝတဲ့ ရာဇဂြိုလ်မြို့ရဲ့
ထိပ်တန်းသူဌေးကြီး ၅ ယောက်ထဲက တစ်ယောက်သောသူဌေးဖြစ်တဲ့
မေဏ္ဍကသူဌေးရဲ့မြေးဖြစ်ပြီး သူမအတွက် သာကေတမြို့ကိုတောင်
တည်ပေးတယ်ဆိုတာတွေဖတ်ရတော့ ကုသိုလ်ကံကောင်းလိုက်တာလို့
အားကျမိကြမှာပါ။

ဒီထက်ပို အားကျစရာကောင်းတာကတော့ ကျောင်းအမကြီးရဲ့
အသက်နဲ့မလိုက်အောင် ပျိုရွယ်နေခြင်းပါ။ ဘယ်လောက်တောင်မှ
နုပျိုသလဲဆိုရင် ကျောင်းအမကြီးနဲ့ သူမရဲ့မြေးမတွေကို မမြင်ဘူးသူ
တွေက ခွဲခြားမသိနိုင်ပါဘူးတဲ့။ ခွဲခြားနိုင်တဲ့တစ်ခုတည်းသောအချက်
ကတော့ ကျောင်းအမကြီး ဘုရားထံလာရောက်ပြီး ပုဆစ်တုပ်ဝတ်ပြု
ရာက အထမှာတော့ မြေးမတွေလို အမြန်မထနိုင်ပဲ အနည်းငယ်နှေး
ကွေးပါတယ်တဲ့။ မြတ်ဘုရားဟောတော်မူတဲ့ ကံမ္မနိယာမတွေထဲမှာ
လှူဒါန်းပေးကမ်းတဲ့ ကုသိုလ်တွေကြောင့် ချမ်းသာကြွယ်ဝတာ၊
သူတစ်ပါးတို့ကို ဒါနမှုတွေပြုလုပ်ဖြစ်အောင်လှုံ့ဆော်ခဲ့လို့သားသမီး
အခြွေအရံများတာ၊ သီလလုံခြံုခဲ့လို့ အသက်ရှည်တာ ကျန်းမာတာ၊
ဒေါသနည်းပြီး ကရုဏတရားထားလို့ ရုပ်ရည်ချောမောတာ
စတာတွေကို သိထားပေမဲ့။ ဘာကောင်းမှူတွေလုပ်ခဲ့လို့ အရွယ်တင်
နုပျိုတယ်ဆိုတာကိုတော့ မကြားဖူးပါဘူး။ သုတ္တန်တရားတော်တွေထဲမှာ
ချောတဲ့လှတဲ့သူတွေ၊ ပိုင်ဆိုင်မှူတွေ မရေမတွက်နိုင်လောက်အောင်
များပြားတဲ့သူဌေးတွေ (သူကြွယ်ဆိုတာက ၄င်း၏ ပိုင်ဆိုင်မှူကို
ရေတွက်နိုင်တယ်။ ယခုခေတ် သန်းကြွယ်သူဌေးဆိုတာမျိုး)၊
အသက်ရှည်တဲ့သူတွေ၊ ကျန်းမာတဲ့သူတွေရှိပေမဲ့ ကျောင်းအမကြီးလို
ထူးထူးခြားခြား အရွယ်တင်ပါတယ်ဆိုတာ မရှိပါဘူး။

အရွယ်တင်နုပျိုတာကို လူတိုင်းလိုလားကြပါတယ် အထူးသဖြင့် ၊
အလွန်လှချင်သော အမျိုးသမီးတွေက သိချင်ကြပါတယ်။ ဒါပေမဲ့
ဘုရားဟောတရားတော်ထဲမှာ ယခုထက်တိုင်ရှာမတွေ့ခဲ့ပါဘူး။ ဒါဖြစ်ရင်
ကျောင်းအမကြီးကို ချီးကျူးကြရာက စကားဆိုတဲ့အတိုင်း ပြောရင်း
ပြောရင်း ကားလာတာလား ? တကယ်အရွယ်တင်တယ်ဆိုတာ
ဟုတ်ရဲ့လား ?

၂၀၀၀ မတိုင်ခင်က ဆရာတော်ဦးဇော်တိကရဲ့ တရားခွေအကုန်လောက်
နီးပါးကို နာမိပါတယ်။ ဆရာတော်က တရားတော်တွေကို နေ့စဉ်ဘဝနဲ့
ဆက်စပ်ပြီး နေတတ်ထိုင်တတ်အောင် ဟောပြတော်မူပါတယ်။ အဲ့ဒီထဲက
တရားတစ်ပုဒ်မှာ အမေရိကန်က တရားထိုင်သူတွေမှာ လက်တွေ့သိပ္ပံ
နည်းနဲ့စမ်းသပ်တွေ့ရှိမှူတွေကို ထဲ့သွင်းဟောတော်မူပါတယ်။
တရားခေါင်းစဉ်တော့ မမှတ်မိတော့ပါဘူး။ အဲ့ဒီ စမ်းသပ်မှု့မှာ
လူသုံးအုပ်စု ပါ၀င်ပါတယ်။ တစ်အုပ်စုက အမေရိကန်မှာနေထိုင်တဲ့
သာမန်တရားမထိုင်တဲ့သူ၊ နှစ်အုပ်စုက တရားထိုင်တယ်။ ဒါပေမဲ့
ရန်ဖန်ရန်ခါသာထိုင်တယ်။ တတိယအုပ်စုကတော့ တရားအမြဲထိုင်တယ်။
အဲ့ဒီလူတွေရဲ့ ဥဏှေက်ကလာတဲ့ သွေးပြန်ကြောကသွေးကိုယူပြီး
ဓါတ်ခွဲခန်းမှာ battery of available tests တွေကို စစ်ကြတယ်။
အဖြေဘာတွေ့သလဲဆိုတော့။ ပထမ အုပ်စုကသွေးတွေမှာ stress
hormones လို့ခေါ်တဲ့ steroids hormones တွေ သာမန်ထက်များ
နေတယ်။ ဒုတိယအုပ်စုကသွေးတွေမှာ stress hormones တွေ
သာမန်လောက်သာရှိနေတယ်။ တတိယအုပ်စုကသွေးတွေမှာ stress
hormones တွေသာမန်ထက်နည်းနေပြီး။ endorphins လို့ခေါ်တဲ့
(endogenous opioids ) လူ့ကိုယ်တွင်းကထုတ်တဲ့ ဘိန်းနဲ့တူတဲ့
hormones  တွေရှိနေတာတွေ့ရတယ်။ ဒီ endorphins တွေက
ဘိန်းတွေလိုပဲ အနာသက်သာစေတယ်။ ဒါပေမဲ့ဘိန်းလို မစွဲဘူး
(addiction)၊ ၄င်းအပြင်  steroids hormones တွေရဲ့သတ္တိတွေကို
ပယ်ဖျောက်ပစ်တယ်။ steroids hormones တွေကို stress hormones
လို့ခေါ်ရတဲ့အကြောင်းက လူအပါအဝင် သတ္တဝါတစ်ကောင်ဟာ
အရေးပေါ်အခြေအနေ (stress ဥပမာ ရန်သူနဲ့တွေ့ခြင်းစသည်)  နဲ့
ကြုံလာတဲ့အခါမှာ (either fight or flight) ပြန်တိုက်ရင်တိုက် မတိုက်
နိုင်ရင် ပြေးဖို့အတွက် ကိုယ်မှာရှိတဲ့စွမ်းအင်တွေကို အသုံးချပါတယ်။
အဲ့ဒီ process မှာ အသားတွေ၊ အဆီစတာတွေကို ခြေဖျက်ပြီး စွမ်းအင်
ထုတ်လုပ်ပါတယ်။ ယခုလို တိုးတက်တဲ့ခေတ်မှာ ပြန်တိုက်လို့လဲမရ၊
ပြေးလို့လဲမရတဲ့ အခြေအနေများ ဥပမာ air pollution, noise pollution,
uv rays စတဲ့  stress  များကြောင့် stress hormones တွေ ကို
ကိုယ်ခန္ဓာက သာမန်ထက်ပိုမို ထုတ်ပါတယ်။ ဒါကြောင့်အခုခေတ်ကို
stress era လို့တောင်ခေါ်ဆိုပါတယ်။ ဒီ stress hormones တွေကြောင့်
ကျမတို့တွေ နေ့စဉ်နဲ့အမျှ senile changes အိုတဲ့လက္ခဏာတွေဖြစ်တဲ့
အသားအရေတွဲခြင်း၊ ဆံပင်ဖြူခြင်းတို့ ဖြစ်ကြပါတယ်။ ဒါပေမဲ့ တရား
မှန်မှန်ထိုင်တဲ့သူတွေမှာတော့  stress hormones တွေကို ခြေဖျက်ပေး
တဲ့ endorphins တွေထွက်လာတာကြောင့် senile changes တွေ
သာမန်လူတွေထက် လျော့့့့့တယ်ဆိုတဲ့ အဖြေကို တွေ့ရပါတယ်။
လေ့လာတဲ့သူတွေက တရားထိုင်တဲ့အချိန်နဲ့ endorphins တွေထွက်တဲ့
အချိုး (relation) ကိုလဲ လေ့လာကြပါတယ်။ သူတို့ရဲ့တွေ့ရှိချက်ကတော့
တရားထိုင်တာ ၄၅ မိနစ် ကြာမှ endorphins တွေစထွက်ပါတယ်တဲ့။

ခေတ်ပေါ်ဆေးပညာ ခွဲစိပ်ကုသခြင်းဖြင့် အရွယ်တင်အောင်ပြုလုပ်ခြင်းက
ငွေကြေးအကုန်အကျ အလွန်များတဲ့အပြင် ငို၍ရီ၍မရသောမျက်နာမျိုး
အပြင် အရုပ်ဆိုးအကြီးတန်တဲ့မျက်နှာ ကစလို့ သေဆုံးသည်အထိ
ဘေးထွက်ဆိုးကျိုးတွေ ရနိုင်ပါတယ်။ botox ထိုးခြင်းကလဲ အချိန်
အတိုင်းအတာတစ်ခုထိသာ ပြုလုပ်နိုင်ပါတယ်။ ( botox ထိုးလျှင်
တစ်ခါနဲ့တစ်ခါ အာနိသင်တွေ နည်းလာပါတယ်။) ဒါကြောင့် ပိုက်ဆံလဲ
မကုန်၊ ဘေးထွက်ဆိုးကျိုးလည်းမရှိတဲ့အပြင် ကုသိုလ်လဲရတဲ့
တရားထိုင်ခြင်းကို နေ့စဉ် အနဲဆုံး တစ်နာရီပြုလုပ်ကြပါလို့
နှိုးစော်အပ်ပါတယ်။

မိတ်ဆွေအားလုံး ငယ်ရွယ်နုပျိုလန်းဆန်းကြပါစေ။

Posted by ဒေါ်စိုး

No comments:

Post a Comment